ကျော်ဟိန်း(မင်းသား)
မွေးသက္ကရာဇ် ၁၄.၇.၁၉၄၇
အမည်ရင်း ကျော်ဌေး
မိဘအမည် ဦးဂျွန်မောင်စိန် + ဒေါ်ချိုချို
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ရန်ကုန်မြို့
ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း အောင်
အလုပ်အကိုင် ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊
ထင်ပေါ်ကျော်ကြားမှု ပီပြင်စွာ သရုပ်ဆောင်နိုင်မှု
ကျော်ဟိန်းသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင်
အနုပညာကြေး အမြင့်ဆုံးရရှိသော သက်တမ်းရင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံ၌ အနုပညာလောကတွင် အထင်ရှားဆုံး၊ အချမ်းသာဆုံး မင်းသားဖြစ်သည်။
ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း)အထိ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီဂိုဏ်းဝင် တစ်ဦးဖြစ်သည်။
၁၉၇၀-ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ၀င်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် `အကာကအချစ်၊ အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေ၀င်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွေလည်းမွှေး´ဇာတ်ကားများဖြ င့် အကယ်ဒမီ လေးကြိမ်ရရှိခဲ့သည်။ `မွန်းတည့်ချိန်တွင် နေ၀င်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။
၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန်သို့မဟုတ်စိန် ဖြစ်သည်။ ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။
နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သော ကြော်ငြာဒီဇိုင်းများ
ဝတ္ထုတို၊ ၀တ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း အရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်သည်။
၂၀၀၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ကျော်ဟိန်းသည် ရုပ်ရှင်လောကက အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးသည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ဘုန်းကြီးဝတ်အနေဖြင့် စာပေများရေးသောအခါ ကလောင်နာမည် ဦးကိတ္တိသာရ(ခေတ္တ ၃၁-ဘုံ) ဟုဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ ကြိုးတန်း ဖြစ်သည်။
သီဆို၍ ထုတ်ခဲ့သော စီးရီးများ
မျက်ရည်ငှက်များနားစေသတည်း
အဓိပ္ပါယ်ရှိသောလူ
တစ်ကိုယ်တော်လေလွင့်ခြင်း
ထာဝရရှင်သန်နေမယ်
ဝီရရသ
စင်ပေါ်ကသီချင်းများ
“The Next” VCD Karaoke သီချင်းခွေ
“Nov: 11th” VCD Karaoke သီချင်းခွေ
ရေးသားသော စာပေ
ပြာ အက်ဆေး
စိတ်ဓားပြ ကွယ်လွန်သူ ဒွေးရဲ့ အမှတ်တရစာ
`ကျော်ဟိန်းများ´(ကျော်ဟိန်း၏
နှစ်ပေါင်း ၄၀ သမိုင်း) စာအုပ်ကို Faces မီဒီယာမှ ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၆
ရက်နေ့တွင် ဖြန့်ချိပြီး တစ်အုပ်လျှင် ကျပ် ၁၁၅၀၀ ဖြင့် ရောင်းချခဲ့သည်။
သရုပ်ဆောင်ကျမ်း (ရေးသားသူ-ကျော်ဟိန်း)
ဝတ္ထုတိုပေါင်းချုပ် (ကျော်ဟိန်းရေးခဲ့သော ဝတ္ထုတိုများ စုစည်းမှု)
“လုံးဝအဖြူ” ရုပ်ပြဇာတ်လမ်းစာအုပ်(ပ+ဒု) ကျော်ဟိန်းအကြောင်း
ရေးသားသူ - တင်မောင်လှိုင်
မွေးသက္ကရာဇ် ၁၄.၇.၁၉၄၇
အမည်ရင်း ကျော်ဌေး
မိဘအမည် ဦးဂျွန်မောင်စိန် + ဒေါ်ချိုချို
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ရန်ကုန်မြို့
ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း အောင်
အလုပ်အကိုင် ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊
ထင်ပေါ်ကျော်ကြားမှု ပီပြင်စွာ သရုပ်ဆောင်နိုင်မှု
ကျော်ဟိန်းသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင်
ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း)အထိ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီဂိုဏ်းဝင် တစ်ဦးဖြစ်သည်။
၁၉၇၀-ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ၀င်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် `အကာကအချစ်၊ အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေ၀င်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွေလည်းမွှေး´ဇာတ်ကားများဖြ
၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန်သို့မဟုတ်စိန် ဖြစ်သည်။ ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။
နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သော ကြော်ငြာဒီဇိုင်းများ
ဝတ္ထုတို၊ ၀တ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း
၂၀၀၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ကျော်ဟိန်းသည် ရုပ်ရှင်လောကက အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးသည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ဘုန်းကြီးဝတ်အနေဖြင့် စာပေများရေးသောအခါ ကလောင်နာမည် ဦးကိတ္တိသာရ(ခေတ္တ ၃၁-ဘုံ) ဟုဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ ကြိုးတန်း ဖြစ်သည်။
သီဆို၍ ထုတ်ခဲ့သော စီးရီးများ
မျက်ရည်ငှက်များနားစေသတည်း
အဓိပ္ပါယ်ရှိသောလူ
တစ်ကိုယ်တော်လေလွင့်ခြင်း
ထာဝရရှင်သန်နေမယ်
ဝီရရသ
စင်ပေါ်ကသီချင်းများ
“The Next” VCD Karaoke သီချင်းခွေ
“Nov: 11th” VCD Karaoke သီချင်းခွေ
ရေးသားသော စာပေ
ပြာ အက်ဆေး
စိတ်ဓားပြ ကွယ်လွန်သူ ဒွေးရဲ့ အမှတ်တရစာ
`ကျော်ဟိန်းများ´(ကျော်ဟိန်
သရုပ်ဆောင်ကျမ်း (ရေးသားသူ-ကျော်ဟိန်း)
ဝတ္ထုတိုပေါင်းချုပ် (ကျော်ဟိန်းရေးခဲ့သော ဝတ္ထုတိုများ စုစည်းမှု)
“လုံးဝအဖြူ” ရုပ်ပြဇာတ်လမ်းစာအုပ်(ပ+ဒု)
ရေးသားသူ - တင်မောင်လှိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။