ဘဝတစ်လျှောက်အောင်မြင်ဖို့ ဆိုရင်
လူတိုင်းအောင်မြင်ချင်ကြတာပါဘဲ။အောင်မြင်တဲ့သူအများစုကိုမေးလေ့ရှိတဲ့မေးခွန်းတွေက ," ခင်ဗြားဒီနေရာကိုရောက်ဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ?ခင်ဗြားဘယ်လိုအဆင့်တွေကိုဖြတ်ကျော်ခဲ့တာလဲ? စတာတွေအများဆုံးပါ။တစ်ချို့ ကတော့ , " ကျွန်တော်ကျောင်းမှာစာအရမ်းတော်တယ်။ပြီးဆေးကျောင်းတတ်တယ်။ပြီးအောင်မြင်လာတယ်။ ကျွန်တော်အင်ဂျင်နီယာဖြစ်လာတယ်" လို့ ဖြေကောင်းဖြေနိုင်မယ့်သူတွေက အလွန်နည်းပါတယ်။အများစုကတော့ " ကြီးကြီးမားမားစီစဉ်တာတော့မရှိဘူးဗြ, တဆင့်ချင်းတတ်သွားတယ်။ပြီးအကောင်းဆုံးကြိုးစားခဲ့တယ်။" လို့ ဘဲဖြေကြပါတယ်။ကျွန်တော်တို့ လုပ်ငန်းတွေမှာဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ?
💰သင့်ရဲ့အမြင်တွေ, သင့်ရဲ့ရည်မှန်းချက်တွေကိုသေချာသိပါ
သင်ဘာဖြစ်ချင်တာလဲ? သင်ဘာကိုလိုချင်တာလဲ? သေချာသိနိုင်အောင်ကြိုးစားပါ။သင်သေချာသိပြီဆိုရင် သင်ဘယ်လိုအခွင့်အရေးတွေရနိုင်မလဲဆိုတာ သိလာလိမ့်မယ်။သင်လမ်းမှန်ပေါ်ရောက်နေလား? လမ်းမှားပေါ်မှာလားဆိုတာသိလာလိမ့်မယ်။
💰အဆက်မပြတ်သင်ယူနေပါ
အောင်မြင်တဲ့သူတွေက အမြဲသင်ယူနေသူတွေဆိုတာမမေ့ပါနဲ့ ။သင့်အလုပ်တွေ, အစည်းအဝေးပွဲတွေ ပြီးတိုင်းစာဖတ်ပါ။ကိုယ်တိုင်လေ့လာပါ။
💰မမျှော်လင့်ထားတဲ့အခွင့်အရေးတွေကိုသိမြင်နိုင်ဖို့ အမြင်ကျယ်ပါ။စိတ်ကိုဖွင့်ထားပါ
အောင်မြင်တဲ့သူတွေက သူတို့ လုပ်ဆောင်တဲ့လုပ်ငန်းတွေဘဲ အခြားလုပ်ငန်းတွေရဲ့ ရရှိနိုင်တဲ့အခွင့်အရေးတွေကိုပိုင်းခြားနိုင်ကြတယ်။သင့်လမ်းကြောင်းကိုအမြဲအာရုံစိုက်ထားပါ။ဒါပေမယ့် ဥမင်လှိုင်ခေါင်းလို အမြင်တစ်ခုထဲမရှိပါစေနဲ့ ။လူတွေဟာ အောင်မြင်မှုကိုလိုချင်ကြတယ်။ဒါပေမယ့်သူတို့ အဆင်သင့်မဖြစ်သေးရင် သူတို့ အရည်အချင်းတွေမပြည့်မှီသေးရင် အခွင့်အရေးတွေကိုလက်လွှတ်လိုက်ကြတယ်။အောင်မြင်မှုရဖို့ ဆိုရင် သင်တကယ်လုပ်နိုင်မလားလို့ မသေချာတဲ့အရာတွေကိုလည်းသဘောတူပြီး တာဝန်ယူလုပ်ဆောင်ရမယ်
💰ဈေးကွက်အပြောင်းအလဲတွေ, စီးပွားရေးအပြောင်းအလဲတွေကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေရမယ်
စိန်ခေါ်မှုတွေ အခက်အခဲတွေကိုကြောက်ရွံ့ နေလို့ မဖြစ်ပါဘူး။အကောင်းဆုံးရင်ဆိုင်ကြရမယ်။စီးပွားရေး ယဉ်ကျေးမှု နည်းပညာအပြောင်းအလဲတွေနဲ့ ရင်းနှီးအောင် မိမိပါ ပြောင်းလဲနိုင်အောင်ကြိုးစားရမယ်
💰သင့်လုပ်ငန်းထဲကသူတွေကော သင့်လုပ်ငန်းပြင်ပကသူတွေနဲ့ ကော အကောင်းဆူံး အခိုင်မာဆူံးဆက်ဆံရေးတည်ဆောက်ပါ
တယောက်အားထက် ၁၀ယောက်အားကပိုသာပါတယ်။ သင်မသိတဲ့အရာတွေ သင်နားမလည်တဲ့အရာတွေကိုအခြားသူတွေကနားလည်ပါတယ်။သိပါတယ်။သူတို့ သင့်ကိုကူညီနိုင်တယ်။အောင်မြင်မှုရဲ့တံခါးချပ်တွေဖြစ်ပါတယ်
💰ဘဝတစ်လျှောက်လုံးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကိုချမှတ်ပါ
သင့်ဘဝတစ်လျှောက်လုံး အာရုံစိုက် လုပ်ဆောင်သွားမယ့်အရာပေါ့
#success
#Toptenteam
လူတိုင်းအောင်မြင်ချင်ကြတာပ

သင်ဘာဖြစ်ချင်တာလဲ? သင်ဘာကိုလိုချင်တာလဲ? သေချာသိနိုင်အောင်ကြိုးစားပ

အောင်မြင်တဲ့သူတွေက အမြဲသင်ယူနေသူတွေဆိုတာမမေ့ပ

အောင်မြင်တဲ့သူတွေက သူတို့ လုပ်ဆောင်တဲ့လုပ်ငန်းတွေဘဲ

စိန်ခေါ်မှုတွေ အခက်အခဲတွေကိုကြောက်ရွံ့ နေလို့ မဖြစ်ပါဘူး။အကောင်းဆုံးရင်

တယောက်အားထက် ၁၀ယောက်အားကပိုသာပါတယ်။ သင်မသိတဲ့အရာတွေ သင်နားမလည်တဲ့အရာတွေကိုအခြာ

သင့်ဘဝတစ်လျှောက်လုံး အာရုံစိုက် လုပ်ဆောင်သွားမယ့်အရာပေါ့
#success
#Toptenteam
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။