#လူငယ် နှင့် စီးပွားရေး#
Writer-နောင်နောင်
" လူငယ်တွေဟာ စီးပွားရေးကို စိတ်မဝင်စားဖူး " တဲ့။
ဟုတ်ကဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ မိဘတွေဆီကနေ ဒီလိုစကားတွေကို ခဏခဏ ကြားရမှာပါ။ လူကြီးတွေဟာ လူငယ်တွေရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို ကြည့်ပြီး အထင်အမြင်သေးပြီး ပြောတတ်ကြပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ လူငယ်စီးပွားရေး လုပ်ကိုင်နေသူ တစ်ယောက်အနေနဲ့ ကျွန်တော်ကတော့ လူကြီးတွေကလည်းလူငယ် တွေကို သူတို့တကယ် စိတ်ဝင်စားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ တကယ်ခွင့်ပြု စေချင်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ လူကြီး၊ လူငယ် နဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ မုန့်လုံး စက္ကူကပ်နေသလိုပါပဲ။ ပြဿနာက လူကြီး၊ လူငယ် ကြားမှာ Mutual Trust ဆိုတဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု ပျောက်ဆုံးနေလို့ပါ။ မိဘတွေက သားသမီးတွေကို ( ငယ်သေးတယ်ဆိုပြီး ) မယုံကြည်ရဲပဲ သူတို့လေးတွေ လုပ်ကိုင်ချင်နေတဲ့ လုပ်ငန်းတွေကို လုပ်ခွင့်မပြု၊ လူငယ်တွေကလည်း စိတ်အားထက်သန်စွာနဲ့ ပြောပြတဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ မိဘတွေရဲ့ အသိအမှတ်ပြုမှုက အေးစက်လွန်း၊ မသိကျိုးကျွန်ပြုလွန်း၊ ငြင်းဆန်လွန်းတော့ မိဘတွေအပေါ်မှာထားတဲ့ ယုံကြည်မှုကလည်း ပျောက်ဆုံး သွားတတ်ပါတယ်။
တစ်ချို့လူငယ်ဆို သူတို့ရဲ့ စိတ်ကူးရည်မှန်းချက်တွေဟာ အသိအမှတ် မပြုခံရတာများတော့ နောက်ထပ်ကို စိတ်မကူးဝံ့တော့ပဲ လူငယ်ပီပီ စားမယ်၊လည်မယ်၊သွားမယ်၊ လာမယ် နဲ့နေပြန်တော့လည်း မိဘတွေက ' မိဘအလုပ်ကို စိတ်မဝင်စားဘူး ' ဆိုပြန်တာနဲ့ သံသရာလည်ပြန်ရင်း မိဘ နဲ့ သားသမီး ပဠိပက္ခဟာ မိသားစုတိုင်း နေ့စဉ်ကြုံတွေ့နေရတတ်တဲ့ ပြဿနာတစ်ခု ဖြစ်နေတော့တာပါပဲ။ ဒီလို မိဘ နဲ့ သားသမီးရဲ့ Mutual Trust တွေ ပျောက်ဆုံးသွားရင်း မိသားစုဝင်တွေရဲ့ Productivity တွေ ကျဆင်းသွားတာဟာ တော်တော်ကို နှမြောဖို့ကောင်းပါတယ်။ ဒီလို တစ်မိသားစုချင်းရဲ့ Productivity တွေကျဆင်း နေတာဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရကို ဖြစ်နေတာဆိုတော့ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုရဲ့ Productivity ကိုပါ ထိခိုက်လာတော့ ယနေ့ခေတ်ရဲ့ တကယ့် Hot Issue ဖြစ်နေတာပါပဲ။
အဲဒီတော့ လူကြီးတွေအနေနဲ့ လူငယ်တွေကို ယုံကြည်ဖို့ရာ လိုပါတယ်။ လူငယ်တွေဟာ နိုင်ငံအတွက်ဆို အနာဂါတ်၊ မိသားစုအတွက်ဆို ဦးဆောင်မယ့်သူတွေ အဖြစ်မြင်ပေးဖို့ရာ လိုအပ်ပါတယ်။ လူငယ်တွေ အပေါ်မှာ ရင်းနှီးမြုပ်နှံထားဖို့လိုပါတယ်။
Alibaba Company ရဲ့ CEO Jack Ma ကပြောပါတယ် " လူငယ်တွေကို
ရင်းနှီးမြုတ်နှံပါ။ လူငယ်တွေဟာ လူကြီးတွေထက် အလုပ်တွေအများကြီး
ပိုလုပ်နိုင်ပါတယ်။ အခုလို IT ခေတ်မှာဆို လူငယ်တွေဟာ လူကြီးတွေထက်ကို
ပိုတော်ပါတယ် " တဲ့။
အခုလို ကျွန်တော်တို့ ကျောက်ဆည်မြို့မှာဆို လူငယ်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ အများကြီး ပေါ်ထွက်လာတာတွေ့ရတာ တကယ်ကို အားရဖို့ကောင်းပါတယ်။ ဖုန်းဆိုင်တွေ၊ ဖုန်းပြင်တဲ့ဆိုင်တွေ၊ အခွေဆိုင်တွေ၊ ဆိုင်ကယ်ဆိုင်တွေ၊ ဆိုင်ကယ် Work Shop တွေ၊ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ အအေးဆိုင်တွေ၊ ကျားမ အဝတ်အထည်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ၊ ကွန်ပျူတာ သင်တန်းတွေ၊ ကွန်ပျူတာ Software အခွေ အရောင်းဆိုင်တွေ စသည်ဖြင့် လူငယ်တွေ ဦးစီးပြီးလုပ်ကိုင် နိုင်လာကြတာတွေ့ရပါတယ်။ ဒါဟာ ကျောက်ဆည်မြို့ စီးပွားရေးတိုးတက်လာဖို့ အတွက် တကယ်ကို အားရစရာပါ။
ဒါပေမယ့် လူငယ်တွေ အနေနဲ့ တစ်ခုရှိတာက လုပ်ငန်းသစ်တစ်ခုကို လုပ်ကိုင်တဲ့အခါမှာ အပျော်သဘောမျိုးစမ်းပြီး လုပ်မယ်ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ မိမိကိုယ်မိမိသေသေချာချာ ကို စမ်းစစ်ပြီးမှ တကယ်စိတ်ဝင်တစားနဲ့ အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးထားရှိပြီး မှပဲ လုပ်ကိုင်သင့်ပါတယ်။
ဥပမာ သူများတွေစုပြီး ဖုန်းဆိုင်ဖွင့်တာမြင်တော့ ကိုယ်လဲ သူတို့လို ဖုန်းဆိုင်ဖွင့်ချင်ရော။ လူငယ်သူငယ်ချင်းတွေ စုပြီး ဖုန်းဆိုင်ဖွင့်ဖို့ တိုင်ပင်ကြတော့ အားလုံးကလဲ သဘောတူကြရော။ ဒါနဲ့ မိဘတွေကို ဖွင့်ပြောတော့ အဆင်ပြေတဲ့ မိဘတွေက သားသမီးကို အတွေ့အကြုံ ရပါစေ တော့ရယ်လို့ လွယ်လွယ်ကူကူ ခွင့်ပြုပေမယ့်၊ သာမန်နဲ့ မတတ်နိုင်တဲ့ မိဘတွေမှာဆို သားသမီးတွေ တောင်းဆိုတဲ့ အရင်းအနှီးနဲ့ပတ်သတ်ပြီး ပင့်သက်ရှိုက် ရပါတယ်။ မိဘက သိပ်မတတ်နိုင်လို့ ငြင်းပြန်တော့ သားသမီးက စီးပွားရေးကို စိတ်ဝင်တစား လုပ်ကိုင်ချင်တာကို မိဘက မပံ့ပိုးရ ကောင်းလားလို့ ထမင်းမစား အိမ်ပြန်မအိပ် ဆန္ဒပြတတ်တော့ မိဘတွေကပဲ ကွယ်ရာမှာ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျ ရပါတယ်။ ဒါနဲ့ သားသမီးကို စီးပွားရေး မျိုးစေ့လေးလည်းရစေချင်တော့ မျက်စိမှိတ်ရင်း အရင်းအနှီးကလေးထုပ်ပေး ဖြစ်တာပါပဲ။
ဒါနဲ့ လူငယ်ဖုန်းဆိုင်လေး ဆိုပြီး ဝင့်ဝင့်ကြွားကြွားဖြစ်လာပေ မယ့်
Mobile Business Plan ဆိုတာလည်း မချမှတ်တတ်၊ ကိုယ့် Market အကြောင်းကို
မသိ, ကိုယ့် Product ကို နားမလည်, ဘယ် Product က Margin ဘယ်လောက်
မြတ်မှန်း၊ ရှုံးမှန်းမသိ, Marketing Mix ကိုလည်း နားမလည်၊ ဘယ်လို Strategy
သုံးပြီး Channel Segmentation ဘယ်လိုခွဲမယ်ဆိုတာလည်း မသိ၊ ၊ Competitor
Analysis ကိုလည်း မလုပ်တတ်၊ Effective Promotion ကိုလည်း
ဘယ်လိုလုပ်ရမှန်းမသိ, Customer Servicing ဆိုတာလည်း သေချာ မလုပ်တတ်ဆိုတော့
ဆိုင်ဖွင့်ပြီးသက်တမ်း သုံးလမှာ အကွဲအပြဲဖြစ်ကြရင်း
ဖုန်းဆိုင်ဖွင့်ဖူးတယ်ဆိုတဲ့  စကားကိုပဲ လူငယ်ချင်း အသားယူပြောတတ်ယုံကလွဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာပါဘူး။
အဲဒီတော့ လူငယ်တွေ အနေနဲ့လည်း မိမိလုပ်ကိုင်ချင်တဲ့ လုပ်ငန်းရဲ့ အကြောင်းကို လေ့လာယုံတင်မကပဲ Business Knowledge ပါ နားလည်တတ်ကျွမ်းအောင် အရင်သင်ယူထားဖို့လိုပါတယ်။ ကိုယ့်မှာက မိမိဖွင့်ချင်တဲ့ Business ရဲ့ Trend ကို သေချာ လေ့လာထားပြီးမှသာ မိဘတွေကို အသေချာရှင်းပြ ဆွေးနွေးပြီးမှသာ လုပ်ကိုင်သင့်ပါတယ်။
နို့မို့ဆို ဒီလို ဖုန်းဆိုင်ကို မအောင်မမြင်ဖြစ်အောင် လုပ်ခဲ့ဖူးမှတော့ နောက်ထပ် လုပ်ငန်းတစ်ခုကို မိဘအနေနဲ့ ထပ်ပြီး အရင်းအနှီးထုပ်ဖို့ရာမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက မိမိကိုယ်တိုင်လည်း မအောင်မြင်တဲ့ အတွေ့အကြုံသာရခဲ့တော့ မိမိကိုယ်ကိုယ် ယုံကြည်မှုလဲ ပျောက်ဆုံးသွားတတ်ပါတယ်။ နောက်ဆုံးတစ်ခုက တကယ်အလားအလာရှိတဲ့ လူငယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေဟာ ဒီလို ပေါ်ပင်လုပ်ချင်တဲ့ လူငယ်တွေ ကြောင့် ဆုံးရှုံးသွားရတတ်တာပါပဲ။
အဲဒီတော့ လူငယ်တွေကလည်း စီးပွားရေးကို နားလည်အောင် အရင် လေ့လာသင့်ပြီးမှသာ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော် လုပ်ကိုင် သင့်သလို၊ မိဘတွေကလည်း သားသမီးတွေကို စီးပွားရေး စိတ်ဝင်စားလာအောင် ပံ့ပိုးကူညီရင်း စီးပွားရေး အမွေကို Generation To Generation လက်ဆင့်ကမ်းပေးမယ်ဆိုရင် လူငယ် စီးပွားရေးစွမ်းဆောင်ရှင်တွေ ဒီထက်အများကြီး ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
Writer-နောင်နောင်
-------------------------- -------------------------- ---------
www.eSMEmm.com
www.EntrepreneurSME.com
Writer-နောင်နောင်
" လူငယ်တွေဟာ စီးပွားရေးကို စိတ်မဝင်စားဖူး " တဲ့။
ဟုတ်ကဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ မိဘတွေဆီကနေ ဒီလိုစကားတွေကို ခဏခဏ ကြားရမှာပါ။ လူကြီးတွေဟာ လူငယ်တွေရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို ကြည့်ပြီး အထင်အမြင်သေးပြီး ပြောတတ်ကြပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ လူငယ်စီးပွားရေး လုပ်ကိုင်နေသူ တစ်ယောက်အနေနဲ့ ကျွန်တော်ကတော့ လူကြီးတွေကလည်းလူငယ် တွေကို သူတို့တကယ် စိတ်ဝင်စားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ တကယ်ခွင့်ပြု စေချင်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ လူကြီး၊ လူငယ် နဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ မုန့်လုံး စက္ကူကပ်နေသလိုပါပဲ။ ပြဿနာက လူကြီး၊ လူငယ် ကြားမှာ Mutual Trust ဆိုတဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု ပျောက်ဆုံးနေလို့ပါ။ မိဘတွေက သားသမီးတွေကို ( ငယ်သေးတယ်ဆိုပြီး ) မယုံကြည်ရဲပဲ သူတို့လေးတွေ လုပ်ကိုင်ချင်နေတဲ့ လုပ်ငန်းတွေကို လုပ်ခွင့်မပြု၊ လူငယ်တွေကလည်း စိတ်အားထက်သန်စွာနဲ့ ပြောပြတဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ မိဘတွေရဲ့ အသိအမှတ်ပြုမှုက အေးစက်လွန်း၊ မသိကျိုးကျွန်ပြုလွန်း၊ ငြင်းဆန်လွန်းတော့ မိဘတွေအပေါ်မှာထားတဲ့ ယုံကြည်မှုကလည်း ပျောက်ဆုံး သွားတတ်ပါတယ်။
တစ်ချို့လူငယ်ဆို သူတို့ရဲ့ စိတ်ကူးရည်မှန်းချက်တွေဟာ အသိအမှတ် မပြုခံရတာများတော့ နောက်ထပ်ကို စိတ်မကူးဝံ့တော့ပဲ လူငယ်ပီပီ စားမယ်၊လည်မယ်၊သွားမယ်၊ လာမယ် နဲ့နေပြန်တော့လည်း မိဘတွေက ' မိဘအလုပ်ကို စိတ်မဝင်စားဘူး ' ဆိုပြန်တာနဲ့ သံသရာလည်ပြန်ရင်း မိဘ နဲ့ သားသမီး ပဠိပက္ခဟာ မိသားစုတိုင်း နေ့စဉ်ကြုံတွေ့နေရတတ်တဲ့ ပြဿနာတစ်ခု ဖြစ်နေတော့တာပါပဲ။ ဒီလို မိဘ နဲ့ သားသမီးရဲ့ Mutual Trust တွေ ပျောက်ဆုံးသွားရင်း မိသားစုဝင်တွေရဲ့ Productivity တွေ ကျဆင်းသွားတာဟာ တော်တော်ကို နှမြောဖို့ကောင်းပါတယ်။ ဒီလို တစ်မိသားစုချင်းရဲ့ Productivity တွေကျဆင်း နေတာဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရကို ဖြစ်နေတာဆိုတော့ နိုင်ငံစီးပွားဖွံ့ဖြိုးတို
အဲဒီတော့ လူကြီးတွေအနေနဲ့ လူငယ်တွေကို ယုံကြည်ဖို့ရာ လိုပါတယ်။ လူငယ်တွေဟာ နိုင်ငံအတွက်ဆို အနာဂါတ်၊ မိသားစုအတွက်ဆို ဦးဆောင်မယ့်သူတွေ အဖြစ်မြင်ပေးဖို့ရာ လိုအပ်ပါတယ်။ လူငယ်တွေ အပေါ်မှာ ရင်းနှီးမြုပ်နှံထားဖို့လိ
အခုလို ကျွန်တော်တို့ ကျောက်ဆည်မြို့မှာဆို လူငယ်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ အများကြီး ပေါ်ထွက်လာတာတွေ့ရတာ တကယ်ကို အားရဖို့ကောင်းပါတယ်။ ဖုန်းဆိုင်တွေ၊ ဖုန်းပြင်တဲ့ဆိုင်တွေ၊ အခွေဆိုင်တွေ၊ ဆိုင်ကယ်ဆိုင်တွေ၊ ဆိုင်ကယ် Work Shop တွေ၊ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ အအေးဆိုင်တွေ၊ ကျားမ အဝတ်အထည်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ၊ ကွန်ပျူတာ သင်တန်းတွေ၊ ကွန်ပျူတာ Software အခွေ အရောင်းဆိုင်တွေ စသည်ဖြင့် လူငယ်တွေ ဦးစီးပြီးလုပ်ကိုင် နိုင်လာကြတာတွေ့ရပါတယ်။ ဒါဟာ ကျောက်ဆည်မြို့ စီးပွားရေးတိုးတက်လာဖို့ အတွက် တကယ်ကို အားရစရာပါ။
ဒါပေမယ့် လူငယ်တွေ အနေနဲ့ တစ်ခုရှိတာက လုပ်ငန်းသစ်တစ်ခုကို လုပ်ကိုင်တဲ့အခါမှာ အပျော်သဘောမျိုးစမ်းပြီး လုပ်မယ်ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ မိမိကိုယ်မိမိသေသေချာချာ ကို စမ်းစစ်ပြီးမှ တကယ်စိတ်ဝင်တစားနဲ့ အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးထားရှိပြီး
ဥပမာ သူများတွေစုပြီး ဖုန်းဆိုင်ဖွင့်တာမြင်တော့ ကိုယ်လဲ သူတို့လို ဖုန်းဆိုင်ဖွင့်ချင်ရော။ လူငယ်သူငယ်ချင်းတွေ စုပြီး ဖုန်းဆိုင်ဖွင့်ဖို့ တိုင်ပင်ကြတော့ အားလုံးကလဲ သဘောတူကြရော။ ဒါနဲ့ မိဘတွေကို ဖွင့်ပြောတော့ အဆင်ပြေတဲ့ မိဘတွေက သားသမီးကို အတွေ့အကြုံ ရပါစေ တော့ရယ်လို့ လွယ်လွယ်ကူကူ ခွင့်ပြုပေမယ့်၊ သာမန်နဲ့ မတတ်နိုင်တဲ့ မိဘတွေမှာဆို သားသမီးတွေ တောင်းဆိုတဲ့ အရင်းအနှီးနဲ့ပတ်သတ်ပြီး ပင့်သက်ရှိုက် ရပါတယ်။ မိဘက သိပ်မတတ်နိုင်လို့ ငြင်းပြန်တော့ သားသမီးက စီးပွားရေးကို စိတ်ဝင်တစား လုပ်ကိုင်ချင်တာကို မိဘက မပံ့ပိုးရ ကောင်းလားလို့ ထမင်းမစား အိမ်ပြန်မအိပ် ဆန္ဒပြတတ်တော့ မိဘတွေကပဲ ကွယ်ရာမှာ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျ ရပါတယ်။ ဒါနဲ့ သားသမီးကို စီးပွားရေး မျိုးစေ့လေးလည်းရစေချင်တော့
ဒါနဲ့ လူငယ်ဖုန်းဆိုင်လေး ဆိုပြီး ဝင့်ဝင့်ကြွားကြွားဖြစ်လာပေ
အဲဒီတော့ လူငယ်တွေ အနေနဲ့လည်း မိမိလုပ်ကိုင်ချင်တဲ့ လုပ်ငန်းရဲ့ အကြောင်းကို လေ့လာယုံတင်မကပဲ Business Knowledge ပါ နားလည်တတ်ကျွမ်းအောင် အရင်သင်ယူထားဖို့လိုပါတယ်။ ကိုယ့်မှာက မိမိဖွင့်ချင်တဲ့ Business ရဲ့ Trend ကို သေချာ လေ့လာထားပြီးမှသာ မိဘတွေကို အသေချာရှင်းပြ ဆွေးနွေးပြီးမှသာ လုပ်ကိုင်သင့်ပါတယ်။
နို့မို့ဆို ဒီလို ဖုန်းဆိုင်ကို မအောင်မမြင်ဖြစ်အောင် လုပ်ခဲ့ဖူးမှတော့ နောက်ထပ် လုပ်ငန်းတစ်ခုကို မိဘအနေနဲ့ ထပ်ပြီး အရင်းအနှီးထုပ်ဖို့ရာမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက မိမိကိုယ်တိုင်လည်း မအောင်မြင်တဲ့ အတွေ့အကြုံသာရခဲ့တော့ မိမိကိုယ်ကိုယ် ယုံကြည်မှုလဲ ပျောက်ဆုံးသွားတတ်ပါတယ်။ နောက်ဆုံးတစ်ခုက တကယ်အလားအလာရှိတဲ့ လူငယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေဟာ ဒီလို ပေါ်ပင်လုပ်ချင်တဲ့ လူငယ်တွေ ကြောင့် ဆုံးရှုံးသွားရတတ်တာပါပဲ။
အဲဒီတော့ လူငယ်တွေကလည်း စီးပွားရေးကို နားလည်အောင် အရင် လေ့လာသင့်ပြီးမှသာ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော် လုပ်ကိုင် သင့်သလို၊ မိဘတွေကလည်း သားသမီးတွေကို စီးပွားရေး စိတ်ဝင်စားလာအောင် ပံ့ပိုးကူညီရင်း စီးပွားရေး အမွေကို Generation To Generation လက်ဆင့်ကမ်းပေးမယ်ဆိုရင် လူငယ် စီးပွားရေးစွမ်းဆောင်ရှင်တေ
Writer-နောင်နောင်
--------------------------
www.eSMEmm.com
www.EntrepreneurSME.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။