ကလေးကို စနောက်ခြင်းအန္တရာယ်
=========================
ကလေးလေးတွေ ၁ နစ်ကျော်ဝန်းကျင်လောက် ရောက်ပြီဆို မပီကလာပီကလာ စကားလေးတွေ စပြောတတ်လာပြီ။ လူကြီးတွေ သင်ပေးသမျှ လိုက်လုပ်တတ်လာပြီ။ ဒီအချိန်မှာ လူကြီးတွေ ဒီလူသေးသေးလေးကို အရမ်းစချင်နောက်ချင် လာကြတယ်။ လူကြီးတွေဖက်ကတော့ ချစ်လို့စ တယ်ဆိုတာ လူတိုင်းသိတာပေါ့နော်။ ဒါပေမဲ့ ဒီလိုစနောက်ချင်းရဲ့အကျိုးဆ က်က ဘာလဲဆို တာကိုတော့ သိဖို့အရမ်းလိုအပ်တာကြောင့် ဒီ Post လေးကိုမျှဝေပေးပါရစေ။
ကျွန်မ child brain development အခန်းမှာ ရေးခဲ့သလိုပါပဲ ကလေးတွေမှာ right brain အရင်ဖွံ့ဖြိုးတဲ့အတွက် Emotion ဆိုတဲ့စိတ်ခံစား ချက်တွေဟာ အရင်ဆုံး သိသိသာသာဖွံ့ဖြိုးလာ ပါတယ်။ ဒီဖွံ့ဖြိုးမှုထဲမှာ Negative Emotion နဲ့ Positive Emotion ဆိုတဲ့ စိတ်ခံစားချက်ပုံစံနှစ် မျိုးလုံးဖွံ့ဖြိုးလာပါတယ်။
Negative Emotion
-------------------------
1. Regret (နောင်တရခြင်း)
2. Hate (မုန်းတီးစိတ်ဖြစ်ခြင်း မိမိကိုယ်မိမိ သို့
အခြားသူများအပေါ်)
3. Fear (ကြောက်ရွံ့ခြင်း)
4. Anger (ဒေါသဖြစ်ခြင်း)
5. Shame (ရှက်ရွံ့သိမ်ငယ်ခြင်း)
6. Guilt (အပြစ်ရှိတယ်လို့ခံစားနေရခြ င်း)
7. Sadnness (၀မ်းနဲခြင်း)
Positive Emotion
-----------------------
1. Love (ချစ်တတ်ခြင်း မိမိကိုယ်မိမိ သို့
အခြားသူများအပေါ်)
2. Joy (ပျော်ရွှင်တတ်ခြင်း)
3. Pride (ဂုဏ်ယူစိတ်ရှိခြင်း)
4. Empathy (ကိုယ်ချင်းစာတတ်ခြင်း)
5. Hope (အကောင်းဖက်ကိုမျှော်လင့်တတ်ခြင်း)
6. Happiness (ပျော်ရွှင်ခြင်း)
ကလေးတွေမှာ ငယ်စဉ်ကထဲကစပြီး Positive Emotion တွေဖွံ့ဖြိုးပြီး Negative Emotion တွေ လျော့နည်းနိုင်သမျှလျော့နည်းဖို့ ပြုစုပျိုး ထောင်ရမှာ လူကြီးတွေရဲ့တာဝန်ပဲဖြစ်ပါတ ယ်။
ဒီနေရာမှာ ကလေးကိုစနောက်တတ်ကြတဲ့ အလေ့အထဟာ ကလေးတွေမှာ PE ဖွံ့ဖြိုးဖို့ အနှောင့်အယှက်ဖြစ်ယုံမျှမကဘဲ
NE ဖွံ့ဖြိုးဖို့ကို သာအားပေးရာရောက်နေပါတယ်။ ကလေးတွေ ရဲ့ NE ထဲမှာ
အဆိုးဆုံး emotion တစ်ခုဖြစ်တဲ့ Anger ဟာ စနောက်ခြင်းကြောင့်အများဆုံးဖြစ် ပေါ်လာတတ်တဲ့ emotion တစ်ခုပါ။ ကလေးတွေမှာ ဟိုမုန်းအပြောင်းအလဲကြောင့် Anger ၀င်တတ်တဲ့အလေ့အထရှိပါတယ်။ ဒီအချိန်မှာ သူတို့ကိုစနောက်လိုက်ရင် Anger ရဲ့ degree ဟာပိုပြီးကြီးထွားလာတတ်ပါတ ယ်။ အထူးသဖြင့် ကလေးမကြိုက်တဲ့အပြုအမူမျိုး နဲ့ စနောက်ခြင်း၊ ကလေးကို ဒေါသဖြစ်ချင်ဟန် ဆောင်ပြီး စနောက်ခြင်း၊ ကလေးကို ထိုးကြိတ် ရန်မူမလိုဟန်ဆောင်ပြီးစခြင်း၊ ကလေးငိုအောင် စခြင်း၊ ကလေးကို ရန်ပြန်လိုအောင်စခြင်း စတဲ့ ပုံစံတွေဟာ ကလေးရဲ့ Anger ကကိုပိုပြီးကြီး ထွားလာစေပါတယ်။
Anger ကြီးထွားလာတဲ့ကလေးတွေမှာ Con-centration အာရုံစူးစိုက်နိုင်စွမ်းတွေ ကျလာ
တတ်ပြီး အလွယ်တကူ စိတ်မရှည်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း တွေဖြစ်လာတတ်ပါ
တယ်။ အဲ့ဒီအကျိုးဆက်ကတော့ ကလေးရဲ့ social ပိုင်းဆိုင်ရာတွေကို
ထိခိုက်လာသလို ကလေးရဲ့ သင်ယူရေးပိုင်းဆိုင်ရာတွေမှာပါ ထိခိုက်လာနိုင်တဲ့ဆိုးကျိုး တွေရှိပါတယ်။
ကလေးတွေကို မလေးမစားဆက်ဆံခြင်း၊ ကလေးရဲ့ အိပ်ချိန်စားချိန်တွေကို အချိန်မှန် မထားပေးခြင်း၊ ကလေးအပေါ်မှာ နိုင်ထက်စီးနင်း အပြုအမူမျိုးတွေနဲ့ ဆက်ဆံခြင်း၊ ကလေးကို ဆုံးမတဲ့နေရာမှာ ကြမ်းတမ်းခက်ထန်တဲ့စကား လုံးတွေနဲ့ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ စနောက်ခြင်း၊ သရော်လှောင် ပြောင်ခြင်း၊ အလွန်အမင်းအလိုလိုက်ခြင်း၊ မလို လားအပ်ဘဲမြှောက်ပင့်လွန်းခြ င်း
စတဲ့အပြုအမူ တွေဟာ ကလေးမှာ NE တွေဖြစ်လာဖို့ပံ့ပိုးပေး ရာရောက်ပါတယ်။ NE
ဖွံ့ဖြိုးပြီးသွားတဲ့ကလေး တစ်ယောက်အတွက် PE ပြန်ဖွံ့ဖြိုးဖို့ဆိုတာ
အရမ်းကိုခက်ခဲပြီး အချိန်ပြန်ယူရတတ်ပါတယ်။ NE ရဲ့နောက်ထပ်ဆိုးကျိုးတစ်ခု ကတော့ Left brain ရဲ့ အသုံးအ၀င်ဆုံးအပိုင်းဖြစ်တဲ့  ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်းဖွံ့ဖြိုးမှုကို ပါ တားဆီးပိတ်ပင်လိုက်ခြင်းပြဲ ဖစ်ပါတယ်။ ဒါကြောင့် NE ဖွံ့ဖြိုးပြီးသွားတဲ့ကလေးတွေဟာ အရမိးတစ်ဇွတ်ထိုးဆန်တဲ့အပြုအမူတွေကို ပြုမူ တတ်ကြပါတယ်။ အကျိုးသင့်အကြောင်းသင့် ပြောဆိုဆွေးနွေးတဲ့အခါမျိုး မှာ
လက်ခံနိုင်စွမ်း တွေနဲပါးသွားတတ်ပါတယ်။ ကလေးတွေမှာ NE
ဖက်အပိုင်းများနေပြီလို့ သိသိချင်း NE မဖွံ့ဖြိုးမီ
အချိန်မှီပြင်ပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။
ဒါကြောင့်ကလေးတွေမှာ NE တွေလျော့နည်းပြီး PE တွေဖွံ့ဖြိုးလာဖို့ဆိုရင် NE ဖွံ့ဖြိုးမှုဖြစ်ပေါ်စေ နိုင်တဲ့ပတ်ဝန်းကျင်ကို ရှောင်ရှားပြီး သူတို့လေး တွေကို ဆက်ဆံတဲ့အခါမှာ လေးစားစိတ်နဲ့ ကိုယ်ချင်းစာ တရားထားပြီး မှန်ကန်နည်းလမ်း ကျတဲ့ ဆုံးမသွန်သင်မှုနဲ့ ပျိုးထောင်ပေးကြပါ လို့တိုက်တွန်းလိုက်ပါရစေရှ င်။
မေတ္တာဖြင့်
Su Yie Kyaw(YTTC)
=========================
ကလေးလေးတွေ ၁ နစ်ကျော်ဝန်းကျင်လောက် ရောက်ပြီဆို မပီကလာပီကလာ စကားလေးတွေ စပြောတတ်လာပြီ။ လူကြီးတွေ သင်ပေးသမျှ လိုက်လုပ်တတ်လာပြီ။ ဒီအချိန်မှာ လူကြီးတွေ ဒီလူသေးသေးလေးကို အရမ်းစချင်နောက်ချင် လာကြတယ်။ လူကြီးတွေဖက်ကတော့ ချစ်လို့စ တယ်ဆိုတာ လူတိုင်းသိတာပေါ့နော်။ ဒါပေမဲ့ ဒီလိုစနောက်ချင်းရဲ့အကျိုးဆ
ကျွန်မ child brain development အခန်းမှာ ရေးခဲ့သလိုပါပဲ ကလေးတွေမှာ right brain အရင်ဖွံ့ဖြိုးတဲ့အတွက် Emotion ဆိုတဲ့စိတ်ခံစား ချက်တွေဟာ အရင်ဆုံး သိသိသာသာဖွံ့ဖြိုးလာ ပါတယ်။ ဒီဖွံ့ဖြိုးမှုထဲမှာ Negative Emotion နဲ့ Positive Emotion ဆိုတဲ့ စိတ်ခံစားချက်ပုံစံနှစ် မျိုးလုံးဖွံ့ဖြိုးလာပါတယ်။
Negative Emotion
-------------------------
1. Regret (နောင်တရခြင်း)
2. Hate (မုန်းတီးစိတ်ဖြစ်ခြင်း မိမိကိုယ်မိမိ သို့
အခြားသူများအပေါ်)
3. Fear (ကြောက်ရွံ့ခြင်း)
4. Anger (ဒေါသဖြစ်ခြင်း)
5. Shame (ရှက်ရွံ့သိမ်ငယ်ခြင်း)
6. Guilt (အပြစ်ရှိတယ်လို့ခံစားနေရခြ
7. Sadnness (၀မ်းနဲခြင်း)
Positive Emotion
-----------------------
1. Love (ချစ်တတ်ခြင်း မိမိကိုယ်မိမိ သို့
အခြားသူများအပေါ်)
2. Joy (ပျော်ရွှင်တတ်ခြင်း)
3. Pride (ဂုဏ်ယူစိတ်ရှိခြင်း)
4. Empathy (ကိုယ်ချင်းစာတတ်ခြင်း)
5. Hope (အကောင်းဖက်ကိုမျှော်လင့်တတ
6. Happiness (ပျော်ရွှင်ခြင်း)
ကလေးတွေမှာ ငယ်စဉ်ကထဲကစပြီး Positive Emotion တွေဖွံ့ဖြိုးပြီး Negative Emotion တွေ လျော့နည်းနိုင်သမျှလျော့နည်
ဒီနေရာမှာ ကလေးကိုစနောက်တတ်ကြတဲ့ အလေ့အထဟာ ကလေးတွေမှာ PE ဖွံ့ဖြိုးဖို့ အနှောင့်အယှက်ဖြစ်ယုံမျှမကဘ
Anger ကြီးထွားလာတဲ့ကလေးတွေမှာ Con-centration အာရုံစူးစိုက်နိုင်စွမ်းတွေ
ကလေးတွေကို မလေးမစားဆက်ဆံခြင်း၊ ကလေးရဲ့ အိပ်ချိန်စားချိန်တွေကို အချိန်မှန် မထားပေးခြင်း၊ ကလေးအပေါ်မှာ နိုင်ထက်စီးနင်း အပြုအမူမျိုးတွေနဲ့ ဆက်ဆံခြင်း၊ ကလေးကို ဆုံးမတဲ့နေရာမှာ ကြမ်းတမ်းခက်ထန်တဲ့စကား လုံးတွေနဲ့ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ စနောက်ခြင်း၊ သရော်လှောင် ပြောင်ခြင်း၊ အလွန်အမင်းအလိုလိုက်ခြင်း၊ မလို လားအပ်ဘဲမြှောက်ပင့်လွန်းခြ
ဒါကြောင့်ကလေးတွေမှာ NE တွေလျော့နည်းပြီး PE တွေဖွံ့ဖြိုးလာဖို့ဆိုရင် NE ဖွံ့ဖြိုးမှုဖြစ်ပေါ်စေ နိုင်တဲ့ပတ်ဝန်းကျင်ကို ရှောင်ရှားပြီး သူတို့လေး တွေကို ဆက်ဆံတဲ့အခါမှာ လေးစားစိတ်နဲ့ ကိုယ်ချင်းစာ တရားထားပြီး မှန်ကန်နည်းလမ်း ကျတဲ့ ဆုံးမသွန်သင်မှုနဲ့ ပျိုးထောင်ပေးကြပါ လို့တိုက်တွန်းလိုက်ပါရစေရှ
မေတ္တာဖြင့်
Su Yie Kyaw(YTTC)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။