လူစွမ်းကောင်းမေမေ
===============
ဒုက္ခလမ်းရဲ့လမ်း ခရီးကြမ်းကြမ်းမှာ
မောပန်းနွမ်းနယ် ချင်းများနှင့်အတူ
ချစ်သားချစ်သမီးတို့ရဲ့ ရှေ့ရေးကို ရည်မျှော်မှန်းရင်း
ကြမ်းတမ်းတဲ့ ဘဝခရီးလမ်းမှာ
မျက်လုံးကိုမှိတ် အံကိုကြိတ်ပြီး
မကြောက်မရွံ့ နောက်မတွန့်ပဲ ရှေ့ဆက်လို့
သွားရဲတဲ့မေမေ
ဓနဂုဏ်အတိုင်းထွာနဲ့ ဘဝဘုံ
တတိုင်းကြားမှာ လူတကာက အထင်သေး အမြင်သေးတာကို ရင်မလေးစရာ မတွေးပဲ
ငါ့သားငါ့သမီးရှေ့ရေးအတွက်ဆိုကာ
မထင်သလို မမြင်သလိုနဲ့ သူတပါးအပေါ်
အပစ်းမထားပဲ ဥပေက္ခာ ပြုပြီး သွားရဲတဲ့မေမေ
အမြဲအစဉ် မငတ်ဖို့ စဉ်းစားရင်း
ငရဲပင် မကြောက်ပဲ ခေါင်းပေါ်မှာ
အသက်တချောင်းကိုတင်၍ ရွက်ရောင်း
ရဲတဲ့မေမေ
နေပူကြဲကြဲ မိုးရေထဲလည်း
အမြင်မကြည်တဲ့ လူတချို့ကြားမှာ
တမင်တည်တည်နဲ့ ယူကြမလားလို့
လှည့်ပတ်အော်ရောင်း ရဲတဲ့မေမေ
အမေ့ဘဝ မလှလျှင် နေပါစေ
သာသမီးတို့ ဘဝလှလျှင် အမေကျေနပ်တယ်
အမေ့ခရီးလမ်း ကြမ်းလျှင် နေပါစေ သားသမီးတို့ဘဝ မနွမ်းလျှင် အမေကျေနပ်တယ်
အမေ့သက် သေလျှင် သေပါစေ
သားသမီးတို့အသက် ရှည်လျှင် အမေကျေနပ်တယ်
အမေ့ဘဝရဲ့ အရာရာတိုင်းဟာ
သားသမီးများ အတွက်မို့
မလိုသူ တခြမ်းစောင်းလို့မြင်နေလည်း
အမေဟာ သားသမီး တို့အတွက်
လူစွမ်းကောင်းပါလို့ အမေချစ်တဲ့သားသမီးများ ကိုယ်စား
ကျွန်တော် ကျွဲကျောင်းသားမှ အမေ့ရဲ့
သတ္တိကို ကိုယ်စားပြု၍
လူစွမ်းကောင်း မေမေဆိုတဲ့ ဂုဏ်ပြုစားလေး လက်ဆောင်ပေးပါရစေ
ကမ္ဘာပေါ်ရှိအမေများအားလုံး
ကျန်းမာ ချမ်းသားတော်မူ၍ နှစ်သက်
ဝမ်းသာအောင် လုပ်ဆောင်ပေးနိုင်သော
သားသမီးများကို ပိုင်ဆိုင်နိုင်ကြပါစေ....
🖍လေးစားစွာဖြင့်
ကျွဲကျောင်းသား🖍
Photo..credit
===============
ဒုက္ခလမ်းရဲ့လမ်း ခရီးကြမ်းကြမ်းမှာ
မောပန်းနွမ်းနယ် ချင်းများနှင့်အတူ
ချစ်သားချစ်သမီးတို့ရဲ့ ရှေ့ရေးကို ရည်မျှော်မှန်းရင်း
ကြမ်းတမ်းတဲ့ ဘဝခရီးလမ်းမှာ
မျက်လုံးကိုမှိတ် အံကိုကြိတ်ပြီး
မကြောက်မရွံ့ နောက်မတွန့်ပဲ ရှေ့ဆက်လို့
သွားရဲတဲ့မေမေ
ဓနဂုဏ်အတိုင်းထွာနဲ့ ဘဝဘုံ
တတိုင်းကြားမှာ လူတကာက အထင်သေး အမြင်သေးတာကို ရင်မလေးစရာ မတွေးပဲ
ငါ့သားငါ့သမီးရှေ့ရေးအတွက်ဆ
မထင်သလို မမြင်သလိုနဲ့ သူတပါးအပေါ်
အပစ်းမထားပဲ ဥပေက္ခာ ပြုပြီး သွားရဲတဲ့မေမေ
အမြဲအစဉ် မငတ်ဖို့ စဉ်းစားရင်း
ငရဲပင် မကြောက်ပဲ ခေါင်းပေါ်မှာ
အသက်တချောင်းကိုတင်၍ ရွက်ရောင်း
ရဲတဲ့မေမေ
နေပူကြဲကြဲ မိုးရေထဲလည်း
အမြင်မကြည်တဲ့ လူတချို့ကြားမှာ
တမင်တည်တည်နဲ့ ယူကြမလားလို့
လှည့်ပတ်အော်ရောင်း ရဲတဲ့မေမေ
အမေ့ဘဝ မလှလျှင် နေပါစေ
သာသမီးတို့ ဘဝလှလျှင် အမေကျေနပ်တယ်
အမေ့ခရီးလမ်း ကြမ်းလျှင် နေပါစေ သားသမီးတို့ဘဝ မနွမ်းလျှင် အမေကျေနပ်တယ်
အမေ့သက် သေလျှင် သေပါစေ
သားသမီးတို့အသက် ရှည်လျှင် အမေကျေနပ်တယ်
အမေ့ဘဝရဲ့ အရာရာတိုင်းဟာ
သားသမီးများ အတွက်မို့
မလိုသူ တခြမ်းစောင်းလို့မြင်နေလည်း
အမေဟာ သားသမီး တို့အတွက်
လူစွမ်းကောင်းပါလို့ အမေချစ်တဲ့သားသမီးများ ကိုယ်စား
ကျွန်တော် ကျွဲကျောင်းသားမှ အမေ့ရဲ့
သတ္တိကို ကိုယ်စားပြု၍
လူစွမ်းကောင်း မေမေဆိုတဲ့ ဂုဏ်ပြုစားလေး လက်ဆောင်ပေးပါရစေ
ကမ္ဘာပေါ်ရှိအမေများအားလုံး
ကျန်းမာ ချမ်းသားတော်မူ၍ နှစ်သက်
ဝမ်းသာအောင် လုပ်ဆောင်ပေးနိုင်သော
သားသမီးများကို ပိုင်ဆိုင်နိုင်ကြပါစေ....
🖍လေးစားစွာဖြင့်
ကျွဲကျောင်းသား🖍
Photo..credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။