Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 7, 2015

“တရုတ်နန်းတွင်း ဖြစ်တော့မှာလား”

 
 
“တရုတ်နန်းတွင်း ဖြစ်တော့မှာလား”
============================
ကျော်ကြီး(MDY)

ခုရက်ပိုင်း မန္တလေးနန်းမြို့အတွင်းက ကျုံးနဲ့မြို့ရိုးကြားထဲကမြေကွက်လပ်မှာ တရုတ်မ
တွေအုပ်စုလိုက် ယပ်တောင်တွေနဲ့ ကနေတဲ့ပုံတွေ၊ ကာယလေ့ကျင့်ခန်းလုပ်နေတဲ့
ပုံတွေ အင်တာနက်လူမှုကွန်ယက်တွေ မှာထွက်ပေါ်လာတာတွေ့မြင်ရပါတယ်။
ထိုတရုတ်မများ ကနေတဲ့ပုံတွေကြည့်ပြီး အံ့သြ၀မ်းနည်းမဆုံးဖြစ်မိပါတယ်။ တွေးမိတိုင်း
ရင်ထဲ တဆက်ဆက်နာကျင်ခံစားမိပါတယ်။
မြန်မာ့ယဉ်ကျေးမှု အမျိုးသားအမွေအမွေ
အနှစ်တစ်ခု၊ မန္တလေးမြို့ရဲ့ အထင်ကရ သမိုင်းဝင်နေရာတစ်ခု၊ မန္တလေးမြို့ကိုတည်
သွားခဲ့တဲ့ မင်းတုန်းဘုရင်စံမြန်းတော်မူသွားတဲ့ နန်းတော်ကြီး၊ ကျွန်တော်တို့ မန္တလေး
သားတွေရဲ့ အသည်းနှလုံးဖြစ်တဲ့ နန်းတွင်းထဲကို တရုတ်မတွေက တရုတ်သီချင်း
တွေဖွင့်က၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်နေကြတဲ့မြင်ကွင်းဟာ တွေးလေ
တွေလေ အသည်းထိမကဘူး မရိုးထိပါနာမိတယ်ဗျာ။

ကျွန်တော်တို့တွေရဲ့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တခုဖြစ်တဲ့ ဒီနန်းတွင်းကြီးက တရုတ်မတွေဘောင်းဘီဖင်ကြပ်ဝတ်ပြီး ကခုန်စရာ၊ ကိုယ်ကာယလေ့ကျင့်ခန်း
လုပ်စရာ နေရာတစ်ခုဖြစ်သွားပြီလား၊ တရုတ်လက်အောက် ကျရောက်သွားပြီလားလို့
မေးခွန်းထုတ်နေမိပါတယ်။ အခုနောက်ပိုင်း မန္တလေးမြို့မှာ ဧည့်သည်တရုတ်တွေရဲ့ အိမ်ရှင်မြို့ခံတွေအပေါ် မထီမဲ့မြင် စော်ကားတဲ့လုပ်ရပ်တွေပြုလုပ်လာတာ မကြာ
ခဏဖြစ်ပွားနေပါတယ်။ အခုတော့ လူတင်မက ကျွန်တော်တို့ရဲ့ အမျိုးသားယဉ်ကျေးမှု
တွေပါ တဆင့်တက် စော်ကားလာကြပါပြီ။ ဒါဟာမြန်မာတစ်မျိုးသားလုံးကို စော်ကား
လိုက်သလိုပါပဲ။ စဉ်းစားကြည့်ပါ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ် ဂရိတ်ဝေါ
တံတိုင်းကြီးပေါ် ကျွန်တော်တို့ ဒီလိုမျိုးသွားလုပ်လို့ရပါ့မလား။ ထိုင်းနိုင်ငံမှာဆိုရင် သူတို့ဘုရင်မင်းမြတ်နဲ့ပတ်သတ်ပြီး မလေးမစား စော်ကားမှုလုပ်ရင် ကြီးလေးစွာ
ပြစ်ဒဏ်ပေးပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားပုထိုးတွေပေါ်မှာ
န်ုင်ငံခြားသားတွေညစာ စားပွဲတွေလုပ်လို့ မီဒီယာတွေကထောက်ပြခဲ့လို့ ယဉ်ကျေးမှု
ဝန်ကြီးဌာနက အရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့ရပါတယ်။ အခုဒီကိစ္စမှာရော
ယဉ်ကျေးမှုဌာနက ဘယ်လို အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်မလဲဆိုတာ
သိချင်ပါတယ်။

ဒီနန်းတွင်းထဲဆိုတာ ကိုယ့်ပြည်သူတွေဝင်ရောက်လေ့လာ လည်ပတ်မယ်
ဆိုရင်တောင် လုံခြုံရေးအကြောင်းပြပြီး မှတ်ပုံတင်ပြရ၊ လိုင်စင်ပြရ စစ်ဆေး
မေးမြန်းတာခံရပြီးမှ ခဲရာခဲဆစ်ဝင်ရတဲ့နေရာတစ်ခုပါ။ ဒီလိုဝင်ထွက်ဖို့ခက်ခဲတဲ့
နန်းတွင်းထဲကို တရုတ်တွေက မနက်တိုင်းဝင်ပြီးလေ့ကျင့်ခန်းလုပ် ကနေကြတာဟာ ဘယ်သူတွေခွင့်ပြုတာလဲဆိုတာ မေးနေဖို့လိုမယ်မထင်ပါဘူး။ ပုံထဲမှာ သူတို့ ကခုန်ဖို့အတွက် သေသေချာချာ ကွန်ကရစ်ခင်းပြင်ဆင်ထားတာတွေ့ရမှာပါ။
ရန်ကုန်မှာနေတဲ့ ကျွန်တော့်မိတ်ဆွေကြီး စာရေးဆရာ ကိုမာဂျေပြောဖူးတာလေး
သွားသတိရမိတယ်။ ရန်ကုန်မှာ မနက်မနက် တရုတ်တွေရဲ့ အကအဖွဲ့တွေ၊
လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့တွေကြောင့် ပြည်သူ့ရင်ပြင်က တရုတ်ရင်ပြင်ဖြစ်သွားပြီ၊ ကန်တော်ကြီးကလည်း တရုတ်ကန်တော်ကြီးဖြစ်သွားပြီတဲ့ ဟုတ်ကဲ့ ကျွန်တော်တို့ မန္တလေးနန်းတွင်းကြီးကလည်း တရုတ်နန်းတွင်းကြီးဖြစ်သွားပါပြီ ကိုမာဂျေရေ . .

မန္တလေးကို တရုတ်တွေလွမ်းမိုးသိမ်းပိုက်ခံနေရတာနဲ့ ပတ်သတ်ပြီး ကျွန်တော်
အပါအ၀င် စာရေးဆရာတော်တော်များများက နှစ်ပေါင်းများစွာ ကတည်းက
ထောက်ပြ ပြောဆို ရေသားခဲ့ကြပါတယ်။ ဒါပေမယ့်အရာမထင်ခဲ့ပါဘူး။ ရေးရလွန်း
လို့ လက်ကမီးခိုးသာထွက်သွားမယ် အုပ်ချုပ်သူလူကြီးမင်းများကတော့ ရေးတယူ
ဆောင်ရွက်ခဲ့မှု လုံးဝမရှိခဲ့ပါဘူး။ ကျောက်ရုပ်သာခေါင်းညိတ်အောင်ပြောရရင်ပြော
ရပါမယ် မန္တလေးအုပ်ချုပ်သူလူကြီးမင်းများကတော့ မမှုရေးချမမှုပါပဲ။ မှန်တာပြောရရင်တော့ ခေတ်အဆက်ဆက် မန္တလေးမြို့ကိုအုပ်ချုပ်ခဲ့တဲ့ လူကြီးမင်း
များဟာ မြို့နေလူထုနဲ့ မီဒီယာသမားများကို ဂရုမစိုက်ခဲ့ လူရာကိုမသွင်းခဲ့တာပါ။
၆၂ လမ်းပေါ်မှာရှိတဲ့ မင်းတုန်းမင်းတည်ခဲ့တဲ့ မနော်ရမ္မံဥယျာဉ်ကြီးကို အပိုင်းပိုင်း
ဖျက်ဆီးနေကြတာ နဲ့ပတ်သတ်ပြီးလုံးဝ မလုပ်သင့်ကြောင်း ကျွန်တော်ဆောင်းပါး
ရေးသားပြောဆိုခဲ့ပေမယ့် ဂရုစိုက်မှုလုံးဝမရှိခဲ့ပါဘူး။

တကယ်တော့ သမိုင်းကိုမသိ တန်းဖိုးမထားတက်တဲ့ အာဏာပိုင်လူကြီးမင်း
တွေကြောင့် မြန်မာ့ယဉ်ကျေးမှု ခံတပ်ကြီးပြိုလဲခဲ့ရတာပါ။ မင်းတုန်းမင်းတည်ခဲ့တဲ့မြို
့ဟာ မင်တုံးမင်းတွေဖျက်ဆီးခဲ့ကြလို့ အလုံးစုံပျက်စီးကိန်းဆိုက်နေပါပြီ။ အဓိကလက်သည်တရားခံများကတော့ ခေတ်အဆက်ဆက် မန္တလေးမြို့ကို
အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်သူအာဏာပိုင် လူကြီးမင်းများကြောင့်ပဲဖြစ်ပါတယ်။
ဟုတ်သလား မဟုတ်ဘူးလားဆိုတာ ငြင်းနေဖို့လိုမယ်မထင်ပါဘူး။ အခု နန်းတွင်း
ထဲကို တရုတ်မတွေ မနက်တိုင်း ၀င်ကနေကြတာတွေကိုပဲကြည့်ပါ။ ဒါတွေဟာ ဘယ်သူ့ခွင့်ပြုချက်နဲ့လုပ်ခဲ့တာလည်းဆိုတာ တာဝန်အရှိဆုံးဖြစ်တဲ့ မန္တလေးတိုင်း
ဝန်ကြီးချုပ် ဦးရဲ့မြင့်နဲ့ မြို့တော်ဝန် ဦးအောင်မောင်းတို့ကို မေးချင်ပါတယ်။
ယခုကိစ္စကိုလည်း ဘယ်လိုအရေးယူဆောင်ရွက်မှု တွေလုပ်ကြမှာလဲဆိုတာ
သိချင်ပါတယ်။

ခေတ်အဆက်အုပ်ချုပ်သူလူကြီးမင်းများရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲကြည့်ပြီး ဥာဏ်အမျော်မြင်မဲ့စွာလုပ်ဆောင်ခဲ့မှုတွေကြောင့် မန္တလေးမြို့ဟာ တိုင်းတပါးသာ
တရုတ်တွေရဲ့ လွမ်းမိုးဝါးမျိုမှုကိုခံခဲ့ရရုံသာမက ခုတော့ အိမ်ဦးခန်းမှာတက်ပြီး
မစင်စွန့်ကုန်ကြပါပြီ။ တရုတ်တွေဟာ ခေတ်အဆက်ဆက် အာဏာပိုင်လူကြီးတွေ
ကို အိပ်ကပ်ထဲထည့်ပြီး ဘယ်သူ့ကိုမှဂရုမစိုက် ထင်တိုင်းကျဲပြီး လုပ်ချင်ရာ
လုပ်နေကြတာပါ။ ဒါ့အပြင် မြို့နေလူထုအပေါ် မထီမဲ့မြင် စော်ကားမော်ကား
လုပ်ရပ်တွေ လုပ်လာတာကိုပါ တွေ့မြင်နေရပါတယ်။ အရေးယူဆောင်ရွက်ခဲ့မှု
လည်း မရှိသလောက်ပါပဲ။ မန္တလေးမြို့က အာဏာပိုင်များဟာ ပေါက်ဖော်များ
အပေါ်ဘယ်လောက် ဧည့်ဝတ်ကျေသလဲဆိုရင် တရားမ၀င် ဆေးကုသမှုဖြင့်
အမှုဖွင့် အရေးယူထားဆဲ တရုတ်နိုင်ငံသား ၆ဦးကိုတောင် မန္တလေးအပြည်ပြည်
ဆိုင်ရာ လေဆိပ်ကနေ တရုတ်ပြည်သို့ ထွက်ပြေးလွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ကြတဲ့အထိ ကျေးဇူးသိတက်ကြတာပါ။ တရုတ်ကကျေးဇူး
ရှိတယ်လို့ သူတို့လူကြီးမင်းများကလည်း ပြောထားတာကိုး။

သီပေါမင်းပါတော်မူတာကနေ သူ့ကျွန်ဖြစ်ဘ၀ရောက်ခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံ
ခုတော့ မြန်မာနိုင်ငံရဲ့ကျွန်းသစ်၊ ရေနံ၊သဘာဝဓာတ်ငွေ့ ကျောက်သံပတ္တမြားစတဲ့
မြေပေါ်မြေအောက် သဘာဝသံယံဇာတတွေအပါအ၀င် နောက်ဆုံး မြန်မာ
မိန်းမပျိုလေးတွေ တရုတ်နိုင်ငံကိုပါတော်မှုပြီး ခေတ်သစ်ကိုလိုနီ တရုတ်ရဲ့ လက်အောက်ခံကျွန်ဘ၀ ရောက်မှန်းမသိရောက်နေရပါပြီ။အဲဒါတွေထက်
အရေးကြီးတာကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဘာသာစကားတွေ
ပါတော်မှုခဲ့ရင်တော့ လူမျိုးပါပျောက်သွားမယ်ဆိုတာ သိထားဖို့လိုပါတယ်။
ကျွန်တော်တို့တွေ အရှိတရားကို မြင်အောင်ကြည့်ကြပါ။ အမျိုးဘာသာထိန်းသိမ်း
စောင့်ရှောက်ရေးဆိုပြီး တလွဲဆံပင်ကောင်းနေလို့မရပါဘူး။

ယနေ့ထိကျွန်တော် စဉ်းစားမရဖြစ်နေတာတစ်ခုက အမျိုးဘာသာ ထိမ်းသိမ်း
စောင့်ရှောက်ရေးဆိုပြီး တစ်နိုင်ငံလုံးကို ရှေ့ဆုံးက အင်တိုက်အားတိုက်ဆောင်၇ွက်
နေတဲ့ ဆရာတော်တစ်ပါး နေထိုင်သတင်းသုံးနေတဲ့ မန္တလေးမြို့မှာ တရုတ်တွေ
လွမ်းမိုးဝါမျိုနေတာ၊ ခုလိုအမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကိုပါ စော်ကားမော်ကား
လုပ်ရပ်တွေလုပ်ခွင့်ရနေတာ ဘာကြောင့်လဲဆိုတာ ပါပဲ။ ထိုဆရာတော်နဲ့ သူရဲ့
အဖွဲ့စည်းမှလည်း ၀င်ရောက် ပြောဆိုဝေဖန်တားမြစ်မှု လုံးဝမတွေ့ရတာကလဲ ထူးဆန်းလို့နေပါတယ်။ အမျိုးဘာသာထိမ်းသိမ်းစောင့်ရှောက်ရေးလုပ်တဲ့အထဲမှာ တရုတ်မပါတာလားတော့ မပြောတက်ပါ။ ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ပုံက
အမျိုးဘာသာ ထိမ်းသိမ်းစောင့်ရှောက်ရေးဆိုပြီးလုပ်နေတာက တရုတ်လက်အောက်
ခံဘ၀ ရောက်နေတာကို မသိဘဲ ကုလားနိုင်ငံဖြစ်မှာကို တွေးပူနေတဲ့ဘ၀ ဖြစ်နေ
ပါတယ်။

ကျွန်တော်အခုလိုပြောနေတာတွေက တရုတ်ဆန့်ကျင်ရေး တရုတ်မုန်းတီးရေး လုပ်နေ
တာမဟုတ်ပါဘူး။ ကိုယ့်အမျိုးသားယဉ်ကျေးမှု၊ ကိုယ့်အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတာပါ။ ထိုအတူတရုတ်နိုင်ငံသားအပါအ၀င် ဘယ်နိုင်ငံသား
မဆို မိမိနေထိုင်တဲ့ နိုင်ငံရဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကားစတဲ့ ယဉ်ကျေးမှု
စံနှုန်းတွေကို လေးစားတန်ဖိုးထားမှုရှိဖို့ လိုအပ်ပါလိမ့်မယ်လို့ သတိပေးပြောကြား
ချင်ပါတယ်။

နိဂုံးချုပ်ပြောချင်တာက ကျွန်တော်တို့မန္တလေးသားမြို့ခံတွေဟာ ဒေသစွဲ ဇာတိစွဲ
ကြီးသူတွေ ကိုယ့်မြို့အပေါ်အရမ်းချစ်ခင်မြတ်နိုးသူတွေလို့ အခြားဒေသကလူတွေ
ကပြောကြပါတယ်။ မှန်ပါတယ်။ ပြောချင်တာက ချစ်နေရုံ လွမ်းနေယုံ နဲ့မပြီးဘူး
ဆိုတာပါပဲ။ စကားလုံးတွေနဲ့ပဲ မြို့ကိုကာကွယ်လို့မရပါဘူး။ ချစ်တဲ့စိတ် လွမ်းတဲ့စိတ်
တွေကို အင်အားအဖြစ်ပြောင်းလဲပစ်ရပါမယ်။

မန္တလေးမြို့ မကျဆုံးရေး မန္တလေးအစစ်ပြန်ဖြစ်ရေး အတွက် မန္တလေးသားများတင်
မဟုတ်ဘူး အာလုံးမှာတာဝန်ရှိပါတယ်။ သီပေါမင်းပါတော်မူချင်းကို မြန်မာပြည်ကျွန်ဖြစ်ချင်းလို့သတ်မှတ်ရင် မန္တလေးမြို့ကျဆုံးချင်းဟာာလည်း မြန်မာပြည်ကျဆုံးခြင်းလို့ပြောလို့ရပါတယ်။
ဒါ့ကြောင့် မန္တလေးမြိုကယ်တင်ချင်းဟာလည်း မြန်မာပြည်ကယ်တင်ချင်းပဲလို
မှတ်ယူပြီး အားလုံးညီညီညွတ်ညွတ် စုပေါင်းလုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်။ မန္တလေးမြို့ဆိုတာ ပြာပုံဘ၀အကြိမ်ကြီမ်ကျရောက်ခဲ့ပေမယ့် မန္တလေးသားတွေရဲ့
ညီညွတ်မှုအားနဲ့ အကြိမ်ကြိမ်ရုန်းထနိုင်ခဲ့ကြပါတယ်။ မန္တလေးအနာဂတ်ကို ကျွန်တော်တို့မန္တလေးတွေထုဆစ်ကြရပါမယ်။ မန္တလေးမြို့ကို
မန္တလေးသားတွေပဲပိုင်ရပါမယ် . . . .

ကျော်ကြီး(MDY)
Tomorrow သတင်းဂျာနယ်အမှတ်-၄၉ ပါဆောင်းပါး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။