Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 13, 2015

" ချစ်စရာ အလွဲလေးများ "

 
လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်တဲ့အခါ၊ အဲသည့်လူဟာ ဘာအပြစ်အနာမှ မရှိဘူးဆိုရင်၊
အဲ့သည့် အတ္ထုပ္ပတ္တိကို ရေးတဲ့သူဟာ လိမ်ညာထိမ်ချန်ရေးတတ်တဲ့ လူလိမ်ရင်သော်လည်း ဖြစ်ရမယ်။ ဒါမှမဟုတ် ထိုအတ္ထုပ္ပတ္တိရှင်ဟာ လူလွန်မသားသော်လည်း ဖြစ်ရမယ်။
လောကကြီးမှာ လူသားစင်စစ် ဧကန်ဖြစ်ပါလျှင် မည်သူမဆို ဘဝမှာ အလွဲများ၊ အမှားများ၊ ပြစ်ချက်များ၊အနာအဆာများ ရှိကိုရှိပါတယ်။

မြန်မာပြည်က ပုဂ္ဂိုလ်များသာမက၊ လူမျိုးခြားများကပါ ရေးသားထားသော ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ အတို၊ အရှည်များကို လက်လှမ်းမီသလောက် ဖတ်ကြည့်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း လူသားစင်စစ် ဧကန်ဖြစ်တဲ့အတွက် အလွဲများ၊ အမှားများ၊ ပြစ်ချက်များ ရှိနေခဲ့ပါတယ်။
သူရဲ့ အလွဲများ၊ ပြစ်ချက်များ၊ အနာအဆာများဟာ လွဲပင်လွဲသော်ငြားသော်လည်း ခွင့်လွှတ်လို့ရတဲ့ အလွဲများ၊ ချစ်စရာကောင်းတဲ့ အလွဲများလို့ပဲ မြင်မိပါတယ်။
ဒါကြောင့်လည်း အများသိပြီးသား အရိုင်းဆန်သောအလွဲများ၊ ရယ်ချင်စရာအလွဲများထဲမှ လူသိမများသေးဘူးလို့ ယူဆရတဲ့ အလွဲလေးတချို့ကို အခုလို ထုတ်နှုတ်မိပါတော့တယ်။

" ချစ်စရာ အလွဲလေးများ "
အောင်ဆန်းလေးက(၃)နှစ်သား
စကားက သိပ်မပွားတော့
" အ" များ သွားမလား၊
မိဘများက စိုးရိမ်ခိုက်
သူမကြိုက်တာတွေ့တော့
ဆင်းရဲသားဘက်က ရှေ့နေလိုက်တဲ့စကား
ပြောချလိုက်ပုံများ.........
" အမရာ ရှိမှ ပေးနိုင်မှာပေါ့ဗျ " တဲ့၊
ကြွေးတောင်းသူ မိခင်ဘက်က မပါဘဲ
ဆင်းရဲသူကို စာနာတဲ့ အလွဲ
ဒါဟာ သူ့ဗီဇပဲ။

လူပျိုပေါက်ရွယ် မောင်အောင်ဆန်း
အပျိုဖြန်းရှိတဲ့အိမ်မှာ တည်းတော့
အရှက်ကဲပြီး ညရေးအပေါ့မသွားရဲ
အိပ်မက်ထဲရောက်မှ ပေါက်ချ
အိပ်ယာနဲ့အိမ်သာ လွဲတော့
ရွဲရွဲစိုလေရောပေါ့။

တက္ကသိုလ်ကျောင်းသားဘဝ
Wuthering Heightsကို မဖတ်ဖူးဘဲ
ကြားဖူးနားဝနဲ့ စာကိုစီ
သဒ္ဓါပီတဲ့ သူ့အစွမ်းကြောင့်
ချီးကျူးရ ဘိလပ်ကပါမောက္ခ၊
ဦးသောဘိတကျောင်းက မထွက်
စိန်ပေါလ်က ထွက်သလား မှတ်ရတယ်
သို့ပေမယ့်
ဇါတ်လိုက်အမည်မယ် စာလုံးပေါင်းရယ် လွဲနေတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီးအရေး
လမ်းစားရိတ်ပေးပါ အမ
မိခင်ထံ လက်ဖြန့်အတောင်းတဲ့ အလွဲ၊
" ပေးလည်း မပေးဘူး၊ သဘောလည်း မတူဘူး" လို့
အဆူသာခံရ ပိုက်ဆံက မရ။
" ကိုယ်စထွင်တဲ့ ဒီလမ်း
မသွားလျှင် မဖြစ်၊ မလုပ်ဘဲ မနေနိုင်
မပေးလည်း နေပါ
မန္တလေးအရောက် လမ်းလျှောက်မယ် "
အိပ်ယာလိပ်ထမ်း အိမ်ကမြန်းပေါ့၊
မိခင်ကြီးရဲ့ နှလုံးသားကမ္ဗလာ မြကျောက်ဖျာ
တင်းကာမနေသာတော့
" ဟဲ့.ဘယ်သူဘယ်ဝါ မီအောင်လိုက်ပြီး ဒီငွေပေးစမ်း
အောင်ဆန်းကို ဘူတာပို့ပြီးမှ ပြန်ခဲ့ " လို့ မှာရတဲ့ ဖြစ်ရပ်
ပြောစမှတ်တွင် နတ်မောက်တခွင်။

တခြားသူနာပြု ဆေးတိုက်လျှင် မသောက်
မခင်ကြည်တိုက်မှ သောက်မတဲ့၊
တခြားသူနာပြု ထမင်းကျွေးလျှင် မစား
မခင်ကြည် ကျွေးမှ စားမတဲ့၊
ဆေးရုံရောက် ကိုအောင်ဆန်းရဲ့
ခပ်ကြမ်းကြမ်း မိန်းမပိုးခန်း
တလွဲကြီး လွဲနေပေမယ့်
သူလိုချင်တဲ့ ဆရာမ
မလွဲမသွေတော့ ရခဲ့ပါ့။

လူကသာ ခြူးတပြားမကပ်တာ
ထူးခြားတဲ့ သူမေတ္တာက
လက်ထပ်လက်စွပ်မှာ စိန်ပါမှာတဲ့
ခပ်မွဲမွဲ ဗိုလ်ချုပ်ကို
ဆရာမနဲ့ မလွဲအောင်ကြံ
ရဲဘော်တသိုက်မှာ ဖန်ရရှာတယ်
သဒ္ဓါက ပိုတာ ဆရာမကိုပဲ အသဲစွဲလို့ပါ။

ဘီအိုင်အေ အစည်းအဝေးအတွက်
မိန့်ခွန်းပြောဖို့ အသွား၊
" ညီလေးရာ ငါ့ဖိနပ်ကျပ်နေတယ်
ဘာပြုလို့တုန်းကွယ်" တဲ့
ဂျပန်စစ်ဝတ်စုံကြီး စတိုင်ပါပါဝတ်ပြီး
ဖိနပ်ကတော့ ဗယ်ညာဗြောင်းပြန်စီး
ဗိုလ်မင်းခေါင်မှ ပြင်မပေးလျှင်
စင်ပေါ်ကို ဒီအတိုင်းတက်မယ့် အလွဲ
အဲ့ဒါ ဒို့ဗိုလ်ချုပ်ပဲ။

သူ့ဘဝမှာ သူမရှိခဲ့၊
သူ့ဘဝမှာ သူ့နိုင်ငံသာ ရှိခဲ့တယ်၊
သူ့ဘဝမှာ သူ့မိသားစု မရှိခဲ့၊
သူ့ဘဝမှာ သူ့ပြည်သူသာ ရှိခဲ့တယ်၊
ဘယ်လိုပဲ လွဲလွဲ
ချစ်စရာကောင်းတဲ့ ဒီအလွဲလေးများက
ပြည်သူ့အတွက်သာ စိတ်ဝင်စားကြောင်း
သက်သေကောင်းတွေပေါ့။

နောက်ဆုံးအချိန် သူပြိုလဲတော့
ကျည်ဆံမိုးနဲ့ယမ်းငွေ့တွေကြား
သွေးကွက်တွေနဲ့သူ့ကို ဆွဲအထူ
သူ့ကိုယ်သူ မကာကွယ်ဘဲ၊
ခပ်လွဲလွဲ မှာလိုက်ပုံများ
" ထွန်းလှရယ် ငါက ရပါသေးတယ်ကွာ
လူကြီးတွေကို ကြည့်ပါ " တဲ့၊
မချိစရာ ဒီစကား
ဘယ်အချိန်ကြားကြား
မလေးစားဘဲ မနေနိုင်
နှစ်တစ်ရာမက နှစ်တစ်ထောင်တိုင်ပါစေ
ချစ်သော ဗိုလ်ချုပ်ရဲ့မြတ်ဂုဏ်သတင်းတွေ။

နန္ဒာ
2015.02.13
(ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။