By Shwe Eaim Si on Friday, November 30, 2012 at 4:52am ·
By..FOOLWRITER.May 29, '10 10:39 AM for everyone
စီးပွားရေး စနစ်တွေနဲ့ ပတ်သတ်လို့ ကျွန်တော် စာအုပ်တော်တော်များများ ဖတ်ခဲ့ဖူးပါတယ်။ lecture တွေလည်း အများကြီးတက်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော် လက်မခံနိုင်တာတွေရှိတယ်။ အဲတာကတော့ ဘာမဟုတ်တဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေဘဲ။ ဆိုရှယ်လစ် အတွေးအခေါ်တွေကို ကျွန်တော် လက်မခံနိုင်ဖူး။ ဒီနေ့ခေတ်မှာ ဆိုရှယ်လစ်စနစ်က ကျဆုံးသွားပါပြီ။ ဒါပေမယ့် အတွေးအခေါ်တွေကတော့ ကျန်နေဆဲပါဘဲ။ ကျွန်တော့်ဆရာ ဒေါက်တာနေ၀င်းမောင် အပါအ၀င်ပေါ့။
ဆိုရှယ်လစ်စနစ်ကို စပြီး မနှိပ်ကွပ်ခင် ကွန်မြူနစ်စနစ်ကို ပြောဖို့လိုမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုရှယ်လစ်ဆိုတာက ကွန်မြူနစ်ကနေ ဆင်းသက်လာလို့ပါဘဲ။ ကွန်မြူနစ်တစ်ယောက်ဖြစ်ဖို့ အခြေခံသုံးချက်ရှိတယ်။ ထောက်တိုင်ကြီးသုံးခုပေါ့ဗျာ။
၁။ သမိုင်း(History)
ကွန်မြူနစ်တစ်ယောက်ဖြစ်ဖို့ သမိုင်းကို ပြောင်းလဲမြင်နိုင်ဖို့လိုတယ်။ ခေတ်အဆက်ဆက်က သမိုင်းဟာ တစ်ဦးတစ်ယောက်တည်းက ဖန်တီးတယ်လို့ ယူဆခဲ့တယ်။ ဒါပေမယ့် ကွန်မြူနစ်တွေက သမိုင်းဆိုတာ လူထုလှုပ်ရှားမှုလို့ ဆိုတယ်။ သမိုင်းဆိုတာ တစ်ဦးတစ်ယောက်တည်းက ရေးတာ မဟုတ်ဖူး။ လူထူ(အားလုံး)က ရေးတာတဲ့။
၂။အတွေးအခေါ်(philosophy)
ကွန်မြူနစ်အတွေးအခေါ်က Dialectical နဲ့ materialism အပေါ်မှာ အခြေခံတယ်။ Dialectical ကတော့ သူ့ကျင့်စဉ် အဆင့်တွေရှိတယ်။ ဥပမာ- ရေဟာ ၁၀၀ ‘C မှာ ဆူတယ်။ ၉၉ အထိ ရေဟာ မဆူသေးဖူး။ အဲလိုဘဲ နိုင်ငံရေးမှာလည်း ၁ ၊ ၂ ကနေ စလာတာ ၉၉ အထိ ဘာမှ မဖြစ်သေးဖူး။ ဒါပေမယ့် ၁၀၀ ရောက်တဲ့အခါမှာတော့ ဆူတော့တာပါဘဲ။ အဲဒိ ၁၀၀ ကို turning point လို့ခေါ်တယ်။ turning point ကိုရောက်လို့ ရှိရင် အပြောင်းအလဲဖြစ်တယ်လို့ဆိုတယ်။ materialism ကတော့ ရုပ်ဝါဒီပေါ့။ သူက ဘာသာရေးနဲ့ ဆန့်ကျင်တယ်။ လက်တွေ့မြင်တာကို ယုံတယ်။ မမြင်ရင် မယုံဖူး။ ရုပ်ဝါဒီသဘောပေါ့။
၃။စီးပွားရေး(Economics)
ကွန်မြူနစ်စီးပွားရေးကတော့ ကားလ်မာစ် ရဲ့ capital ဆိုတဲ့ အရင်းကျမ်းကြီးကို အခြေခံတယ်။ central system ဗဟိုချုပ်ကိုင်စနစ်နဲ့သွားတယ်။ စီပွားရေးတစ်ခုလုံးကို နိုင်ငံတော်ကသာ ချုပ်ကိုင်ပြီး ပုဂ္ဂလိက မပေးဖူး။ သူတို့က အရင်းရှင်ဆိုရင် သိပ်မုန်းတာ။ ဒါပေမယ့် ခက်တာက မာစ် က အရင်းရှင်တစ်ယောက်ရဲ့ ခေါင်းပုံဖြစ်မှုကို ser+ value နဲ့ သေချာတွက်ပြသွားတယ်။ အဲဒိတော့အားလုံးက ကြောင်တောင်တောင် ဖြစ်သွားတော့တာပေါ့။ တစ်ကယ်တော့ မာစ်က တယ်တော်တဲ့ ပညာရှင်ပါ။ Adom Smith ရဲ့ သီအိုရီမှားကြောင်း သူ သက်သေပြနိုင်ခဲ့တယ်။ ဒါပေမယ့် ခက်တာက သူအသေစောသွားတယ်။ သူက ၁၈၀၀ ခေတ်က ပညာရှင်လေ။ ဒါပေမယ့် ၁၉၀၀ နှစ်တွေရောက်လာတော့ လီနင်တို့ ၊ စတာလင် တို့က သူတို့ရဲ့ စီးပွားရေးအယူအဆတွေ လျှောက်ရေးလိုက်တာ အမှားကြီးမှားတော့တာပါဘဲ။
ကျွန်တော့်အမြင်
ဒါတွေကတော့ ကွန်မြူနစ်သဘောတရားတွေပါ။ ဒီသုံးချက်စလုံးကို လက်ခံရင် အဲဒိလူကို ကွန်မြူနစ်လို့ သတ်မှတ်တယ်။ တစ်ကယ်တော့ နံပါတ် ၁ က မှန်တယ်ဗျ။ သမိုင်းဆိုတာ လူထုလှုပ်ရှားမှုရယ်။ နံပါတ် ၂ ကတော့ တစ်ဝက်မှန်တယ်။ Dialectical ကမှန်တယ်။ materialism က မှားတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ လောကမှာ မျက်စိနဲ့ မမြင်နိုင်တာတွေ အများကြီးရှိတယ်လေ။ နံပါတ် ၃ ကတော့ လုံးလုံးမှားတယ်။ ဆိုရှယ်လစ်ဆိုတဲ့ကောင်တွေက နံပါတ် ၃ ကို လက်ခံတဲ့ကောင်တွေ။ သူတို့က အခြားနှစ်ချက်ကို လက်မခံဖူးရယ်။ ဆိုရှယ်လစ်တွေက လုံးလုံးမှားနေတဲ့ အယူအဆကို လက်ခံတဲ့ တစ်ကယ့် ငပေါတွေပါဘဲ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။