Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 1, 2014

ချင်းတောင်ဆီသို့...အတွေးအက်ဆေး

ချင်းတောင်ဆီသို့...အတွေးအက်ဆေး
.
.
ညလို့ ပြောလိုက်ရင် တချို့က ကြယ်တွေနဲ့ လကွေးလေးဖြန့်ကျဲထားတဲ့ မဟူရာ ကတ္တီပါကို တန်းမြင် မယ်။ နီယွန်မီးတွေနဲ့ လမ်းတွေ၊ ညရဲ့ရှုခင်းတွေ မြင်လာမယ်၊ စိတ်အာရုံမှာ။ ၀င်ရိုးစွန်းဒေသအကြောင်း ပြောဖြစ်ရင် ရေခဲတေ၊ွ ပိုလာဝက်ဝံတွေ၊ ခွေးတွေဆွဲတဲံ့ စွတ်ဖားလှည်းတွေ၊ အက်စကီးမိုးတွေ ပီးတော့ ပင်ဂွန်းတွေ ..။ မရောက်ဖူးသည့်တိုင် စိတ်သိလေးနဲ့ မှန်းပြီး ပုံဖော်ခံစားကြရတယ်။ 

.

ချင်းတောင်၊ ဟုတ်တယ် ချင်းတောင်လို့ဆိုလိုက်ရင် ကျွန်မအာရုံမှာ လေးဖက်လေးတန် ကာဆီးထားတဲ့ အပြာရောင်တောင် မြင့်မြင့် မှိုင်းမှိုင်းကြီးတွေ မြင်လာတယ်။ တောင်ကြောတွေမှာ တိမ်မျှင်ဖြူဖြူတွေ ရစ်သိုင်းနေမယ်။ အေးစိမ့်စိမ့်လေ တစ်ချက် ပါးပြင်ကို ပွတ်သပ်သွားသလို ခံစားရမယ်။ အရွက်ချွန်ချွန် ထင်းရှုးမြင့်မြင့်တွေ ညီညီညာညာလေး ပေါက်လို့၊ အပင်အောက်မှာ ဘာမြေသားမှ မမြင်ရဘဲ ထင်းရှူးရွက်ခြောက်ညိုညိုတွေ က ကောဇောခင်းထားသလို။
.

တောင်စောင်းတွေ မှာ ခြေကုပ်ယူလို့။
ယိုင်နဲ့မသွားရအောင် ခပ်တင်းတင်းလေး ဆောက်ထားတဲ့ ချစ်စရာ သက်ကယ်မိုး ၀ါးကပ်တဲ နိမ့်နိမ့်လေးတွေ။ တူမီးသေနတ်ဆွဲ၊ ဓါးပလိုင်းကို စလွယ်သိုင်း၊ ညစ်ထေးထေး ဂျက်ကက်အဟောင်းကို ထပ်ဝတ်၊ ပီးတော့ သပ်ထားတဲ့ ၀ါးကြိုးမျှင်အစည်းနဲ့ တောင်ယာသွားနေတဲ့ ကျားကျားလျားလျား ချင်းအမျိုးသားကြီးတွေ။ မျက်နှာမှာ ပါးရဲထိုး၊ တဘက်ကိုခေါင်းပေါင်းပြီး ခြင်းတောင်းကိုယ်စီ၊ ဒေသလုပ် ဆေးတံဆေးအိုး ခဲလို့ ဟေးလားဝါးလား ဆိုတာလည်းမတွေ့ရ သွားသုတ်သုတ်လာသုတ်သုတ် စားသုတ်သုတ်နဲ့ ဘ၀ဆိုတာကို နပ်မှန်ဖို့က လွဲပြီး လောဘမတက် ရောင့်ရဲကျေနပ်နေကြတဲ့ သူတွေ..။ ဒါတွေက ကျွန်မမျက်စိအာရုံမှာ ကျွန်မဒေသ ချင်းတောင်ဆိုတာကို ပုံဖော်ဖြစ်မိတဲ့ ကိုယ်ပိုင်ပန်းချီကားတစ်ချပ်..။

.
ဒီဒေသကို ကျွန်မစွန့်ခွာချင်ခဲ့ဖူးတယ်။ တောင်တွေရဲ့ အပြင်ကိုရောက်သွားရင် လောကကြီးက သိပ်လှနေမှာပဲလို့ တွေးခဲ့ဖူးတယ်။ ငယ်ငယ်တုန်းကပေါ့။ ဒါပေမယ့် အေးချမ်းခြင်းဆိုတဲ့ ချစ်စရာ အငွေ့အသက်လေးဟာ တောင်တန်းတွေက ရောင့်ရဲတတ်တဲ့ ဘ၀တွေမှာပဲ ပိုပြီးရှိနေခဲ့တာ။ဒါကိုအခုမှ ခံစားနားလည်လာရတာ။ 

.
ချွေးထွက်တာကို ပင်ပန်းတယ်လို့မခံယူရဘူးတဲ့။ အလုပ်လုပ်တွေလုပ်နေရတဲ့ ဘ၀ကို ကြမ်းတမ်းလိုက်တဲ့ ဘ၀လို့ မခံယူရဘူးတဲ့။ ဒီစိတ်ထားတွေနဲ့ ဒီဒေသမှာ ဘ၀တွေ ဖြစ်လာခဲ့ရတယ်ဆိုပဲ။ ကျွန်မအပါအ၀င်ပေါ့။ ရေကြည်မြက်နုရာ ကိုပြောင်းရွှေ့လာခဲ့ကြတယ်။ ရန်တွေကင်းလွတ်တဲ့နေရာကိုရှာဖွေရင်း ဒီနေရာမှာ ခြေမြဲခဲ့ကြပါတယ် ဆိုတဲ့သမိုင်းတွေကြောင့်ဆိုရင်ဖြင့် ရှင်းရှုင်းလေးပါပဲ။ ဒါဟာရန်တွေကင်းတဲ့ငြိမ်းချမ်းရေးမြေ၊ သာယာဝပြောပေါကြွယ်တဲ့မြေ။ ဆင်းရဲလှပါတယ် ဆိုတဲ့အထောက်အထား ကိုဘိုးဘေးဘီဘင်တွေ ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ဒီဒေသကနေ မစွန့်ခွာပဲ ၇န်စွယ်မှန်သမျှချေမှုန်းပစ်ခဲ့ကြတာ။ ဒါဟာတို့ အမွေဆိုပြီး လက်ဆင့်ကမ်းခဲ့ကြတာ။
.

ကျွန်မတို့သမိုင်းပြောင်းပြန်လှန်နေမိပြီလား။ ကြည့်လေ။ ခုတော့ဖြင့် အဆင်းရဲဆုံးပြည်နယ်ဆိုလား၊ ဆိုရဲ့။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တာချင်းအတူတူ၊ ၂၄ နာရီထဲ အသက်ရှူရတာချင်းအတူ တူ၊ ကျွန်မတို့လူမျိုးတွေ မျက်နှာလေးငယ်ငယ်နဲ့ လူလူချင်းမော့မော့ကြည့်နေရတာပါလား။ မရှိတာတွေများနေပြီ။ မသိတာတွေလည်းများနေခဲ့ပြီ။ ဒါဆိုရင် ရေကြည်မြက်နုရာ ပါ သွားကြပါအုံးတော့မယ်။ လောကမှာ ၀မ်းရေးအပူလောက် ဘ၀ကိုမီးတောက်စေတာ မရှိတော့၊ အဲဒီမီးတောက်တွေထဲ ပါသွားကြပါတော့မယ်။

.
အဲဒီမီးတွေကို ငြိမ်းစေချင်လိုက်တာ။ ရောင့်ရဲတတ်ဖို့ကလည်း သယံဇာတတွေ ကုန်လုနီးနေပီ။ ချောင်းတွေလည်းတဖြည်းဖြည်းခမ်းလာပြီ။ အားထားရမယ့် လူငယ်တွေက ရေကြည်ရာမြက်နုရာမှာ။ မိသားစုတွေ မသိုက်ဝန်းနိုင်တော့ဘူး။ လွမ်းရက်နဲ့ ကွဲပြားကုန်ကြပြီ။ကျန်ခဲ့တာအများစုက အမယ်အို၊ ဇရာအိုတွေ၊ အမျိုးသမီးတွေ၊ ပီးတော့ လူမမယ်လေးတွေ၊ တချို့က တတ်သမျှ ရှိသမျှအားနဲ့ ဘ၀တွေကို ကျားကန်ပေးနေကြတယ်။ ရေမကြည်ရာမှာမြက်မနုနိုင်သေးတော့ ကျွန်မသောက်ခဲ့တဲံ့ တောင်ပေါ်က ရေကြည်တစ်ပေါက် ပြန်တမ်းတမိတော့တာပါပဲ။ ပီးတော့ အဲဒီရေကြည်တွေ ခမ်းမသွားစေချင်ဘူး။
.
ကျွန်မမွေးဖွားခဲ့တဲ့ နေရာကို ဟိုးရှေးရှေးတုန်းကလို ရန်တွေကင်းတဲ့ သုခဘုံလိုပဲ ဖြစ်စေချင်မိပါတယ်။ ပိုပြီးသိလာကြပါစေ။ ပြည့်စုံလာကြပါစေ။ဒီဆန္ဒ က တောင်ပေါ်မှာကျန်ခဲ့တဲ့ ကျွန်မတို့မိဘဆွေမျိုး လူမျိုးတိုင်းအတွက် ညတိုင်းလိုလိုတောင်းဖြစ်တဲ့ တောင်းဆုတစ်ခုပေါ့။ ဘ၀ရဲ့ဆန္ဒများထဲကတစ်ခုပေါ။့သိပ်လှတဲ့ တောင်တန်းတွေပေါ်မှာပဲ ရေတွေကြည်ပြီး
မြက်တွေပြန်နုနေချင်မိတယ်…..။ ။
မြူးမံ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။