သတ္တိရှင် ပါရှန်အမျိုးသမီးတဦးရဲ့ လေးစားလောက်တဲ့သေတမ်းစာ...
အီရန်မှာ ပြီးခဲ့တဲ့တပတ်စနေနေ့က ရေဟာနီ ဂျေဘာရီဆိုတဲ့ အသက် (၂၆) နှစ်အရွယ်အမျိုးသမီးတဦးကို ကြိုးပေးကွပ်မျက်လိုက်ပါတယ် ။ သူကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ အီးရန်ထောက်လှမ်းရေးဌာနဝန်ထ မ်းဟောင်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ဆရာဝန်ကိုသတ်ဖြတ်မှုနဲ့ သေဒဏ်ပေးခဲ့တာဖြစ်တယ်။ မော်တေဇာဆာဘာနီဆိုတဲ့ အဖိုးကြီးက သူ့ရုံးခန်းကိုအလုပ်ကိစ္စ အကြောင်းပြခေါ်ပြီး အဓမ္မကျင့်ဖိုးကြိုးစားလို့ ပြန်လည်ခုခံသတ်ဖြတ်ခဲ့တာလို့ ဆိုတယ်။ ဒါပေမယ် တရားရုံးကတော့ ဒါဟာတမင်ကြိုတင်ကြံစည်သတ်ဖြ တ်မှုဖြစ်တယ်လို့ ဆုံးဖြတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မေတ္တာရပ်ခံနေတဲ့ကြားက ခုလိုသေဒဏ်ပေးကွပ်မျက်ခဲ့တာ ဖြစ်တယ်။
အခင်းဖြစ်ပွားစဉ်က ၂၀၀၇ တုန်းက ရေဟာနီ ဂျေဘာရီဟာ အသက် ၁၉နှစ်သာရှိပါသေးတယ်။ သူကိုသေဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကြီးနဲ့ ကမ္ဘာတဝှန်းက လူသန်းပေါင်း၈ဏန်းက လက်မှတ်ထိုးအရေးဆို မေတ္တာရပ်ခံခဲ့ကြတယ်။
သူကိုကြိုးပေးမကွပ်မျက်မှီ သောကြာနေ့မှာ သူအမေနဲ့ပေးတွေ့စဉ်မှာ အလွန်လေးစားစရာကောင်းတဲ့ မှာတမ်းစာနှစ်ခုပြောခဲ့ ချန်ထားခဲ့ပါတယ်။ တစောင်ကသူ့ကို အဓမ္မကျင်ဖို့ကြိုးစားခဲ့တဲ့ မုဒိမ်းကောင် သက်ကျားအိုနဲ့ သူ့တို့ရဲ့ ဖောက်ပြန်သူရေပေါ်ဆီအသိုင်းအ ဝိုင်းကိုရည်ညွန်းပြီး၊ နောက်မှာတမ်းကတော့ သူမိခင်နဲ့ သူကိုကူညီစာနာခဲ့ကြတဲ့ လူသားအားလုံအပေါ်ရည်ညွန်းပါတ ယ်။
.
သူမိခင်နဲ့ သူကိုကူညီစာနာခဲ့ကြတဲ့ လူသားအားလုံအပေါ်ရည်ညွန်းတဲ့ မှာတမ်းစာမှာတော့ "ကျွန်မကိုယ်ကျထက်တောင်ပြို ပီး တွယ်တာရတဲ့ ကြင်နာမှုတွေနဲ့အမေရယ်၊ ကျမရဲ့ကိုယ်ခန္ဓာကြီးဟာဒီလို ပဲ မြေအောက်မှာ အလဟဿ.....ပုပ်သိုးဆွေးမြေ့သွားမှာကိုကျမ မလိုလားပါဘူး။ ကျမကိုကြိုးပေးကွပ်မျက်ပြီး တာနဲ့ ကျမရဲ့ အသဲနှလုံး၊ ကျောက်ကပ်၊ မျက်လုံး၊ အရိုးနဲ့ ကျမရဲ့ကိုယ်ခန္ဓာက အသုံးဝင်သမျှ အစိတ်အပိုင်းအားလုံးကို တခြားအစားထိုးကုသဖို့လိုအပ် နေသူ အားလုံးကို ကျမရဲ့လက်ဆောင်အဖြစ် ပေးလျူပေးဖို့တောင်းပန်ပါတယ်။ (မွတ်ဆလင်တို့ရဲ့ ယုံကြည်မှုအရ ကွယ်လွန်သူတွေအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးပြည့်ပြည့်စုံစုံနဲ့ သင်္ဂြိုလ်ဖို့ တမလွန်အတွက်အလွန်ရေးကြီးပါတ ယ်) ဒီလက်ဆောင်အတွက် သူတို့ဟာကျမအတွက်ပန်းခွေတခု ပေးစရာမလို၊ ဆုတောင်းပေးစရာလဲမလို နောက်ဆုံးကျမရဲ့နံမည်ကိုတော င် သိစရာမလိုပါဘူး။ ကျမနှလုံးသားထဲကစကားကိုအမှန်အတိုင်းပြောရရင် အမေလဲကျမအတွက် အုဌ်ဂူလေးဆောက်ပြီး ကျမအတွက်လာလာပူးဆွေးမနေစေလိုပါ၊ ဝမ်းနည်းမှုအမှတ်နဲ့ အဝတ်နက်တောင်မဝတ်စေလိုပါ။ ကျမရဲ့ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေ ကို မေ့ဖျောက်ဖို့ကြိုးစားရင်း ကျမရဲ့ဝိညာဉ်ကိုသယ်ဆောင်သွားမဲ့ လေပြေညှင်းလေးတခုကိုသာ ဆောင်ယူလာစေချင်ပါတယ်။
.
.......................... ......................Aung Moe Win
အီရန်မှာ ပြီးခဲ့တဲ့တပတ်စနေနေ့က ရေဟာနီ ဂျေဘာရီဆိုတဲ့ အသက် (၂၆) နှစ်အရွယ်အမျိုးသမီးတဦးကို
အခင်းဖြစ်ပွားစဉ်က ၂၀၀၇ တုန်းက ရေဟာနီ ဂျေဘာရီဟာ အသက် ၁၉နှစ်သာရှိပါသေးတယ်။ သူကိုသေဒဏ်ကနေလွတ်ငြိမ်းချမ
သူကိုကြိုးပေးမကွပ်မျက်မှီ သောကြာနေ့မှာ သူအမေနဲ့ပေးတွေ့စဉ်မှာ အလွန်လေးစားစရာကောင်းတဲ့ မှာတမ်းစာနှစ်ခုပြောခဲ့ ချန်ထားခဲ့ပါတယ်။ တစောင်ကသူ့ကို အဓမ္မကျင်ဖို့ကြိုးစားခဲ့တဲ့
.
သူမိခင်နဲ့ သူကိုကူညီစာနာခဲ့ကြတဲ့ လူသားအားလုံအပေါ်ရည်ညွန်းတဲ့
.
..........................
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။