Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 26, 2015

ထာဝရ...ဝိုင်ဝိုင်း


ထာဝရ...ဝိုင်ဝိုင်း

ဝိုင်ဝိုင်း.....
`နေဆယ်စင်း´ဆိုတဲ့ အယ်လ်ဘမ်နဲ့ ပရိသတ်ရှေ့ကို ရောက်လာခဲ့သူပါ။ အဲဒီတုန်းက သူ့ရဲ့အအောင်မြင်ဆုံးသီချင်းက `မေ့မှာပါ´လို့ အမည်ရပါတယ်။ အဲဒီနောက်`ကြိုးမဲ့စွန်´၊`လမင်းနဲ့ပင်လယ်´၊`အချစ်ငှက်´၊`သမင်လည်ပြန် Live´၊ စသဖြင့် အယ်လ်ဘမ်တွေ တစ်ခုပြီးတစ်ခု ထွက်ခဲ့ပြီး ဝိုင်ဝိုင်းဆိုတဲ့ နေရာတစ်ခုဟာလည်း ခိုင်မာသထက် ခိုင်မာလာခဲ့တယ်။

အခု ထွက်လာတာက ဝိုင်ဝိုင်းရဲ့ ခြောက်ခွေမြောက် အယ်လ်ဘမ်ပါ။ တစ်ခွေလုံး Own Tune သီချင်းတွေဖြစ်ပြီး titleက `ထာဝရ´ ဖြစ်ပါတယ်။ ဝိုင်ဝိုင်းရဲ့`ထာဝရ´ ပရိသတ်များအတွက်`ထာဝရ´လို့ ကြော်ငြာခဲ့တာတောင် မှတ်မိနေသေးတယ်။ အခု ပြောမှာက `ထာဝရ´VCD နဲ့ ဝိုင်ဝိုင်းရဲ့ ပတ်သက်ရာတချို့။

`ထာဝရ´VCD နဲ့ ပတ်သက်တဲ့ ဝိုင်ဝိုင်းရဲ့ စိတ်ခံစားမှု။ ပြီးတော့ ဝိုင်ဝိုင်း ဘာတွေထပ်လုပ်နေလဲ ဆိုတာပါ။ မြင်ကွင်းပရိသတ်တွေ သိရအောင် မေးဖြစ်ခဲ့တယ်။

Q- ဝိုင်ဝိုင်းရဲ့`ထာဝရ´VCD နဲ့ ပတ်သက်တဲ့ Set up တချို့။
A- Set up ထွေထွေထူးထူးနဲ့ အကြီးအကျယ်တော့ မလုပ်ထားပါဘူး။ ကိုယ်လက်လှမ်းမီတဲ့ စိတ်ကူးလေးတွေနဲ့တော့ လုပ်ထားပါတယ်။ ဥပမာ`စိတ်ထွက်ပေါက်´၊`တမ်းတ´၊`အိပ်မက်ထဲက အိပ်မက်´နဲ့ `ကျွန်တော့်အဖေ´ထဲမှာပေါ့။

Q- ကိုမောင်သန်းနဲ့ရော ဘာတွေတိုင်ပင်ဖြစ်လဲ။
A- ရိုက်ကူးတဲ့စိတ်ကူး concept နဲ့ Edit ပိုင်း အားလုံးကိုတော့ ကိုမောင်မောင်သန်းက အဓိက တာဝန်ယူပါတယ်။ ကျွန်တော်ကတော့ ကောင်းမယ် ထင်တာလေးတွေကို ပြန်ဆွေးနွေးတာပါ။

Q- Oldies တွေလို ဝတ်ပြီးရိုက်ဖြစ်တဲ့ စိတ်ကူး။
A- ကိုဇဝါရေးတဲ့ `စိတ်ထွက်ပေါက်´ စကားလုံးနဲ့ ကိုက်ညီအောင် ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးဖြစ်အောင်ရိုက်ချင်တဲ့စိတ်ကူးနဲ့ Oldies တွေလို ရိုက်ဖြစ်သွားတယ်။ IC Players တွေကလည်း ကျွန်တော့်ကို ကူညီပေးတယ်။ သူတို့လည်း သဘောကျကြပါတယ်။

Q- `တမ်းတ´သီချင်းကို ဒီရေတောမှာ ရိုက်တာက ပြန်မရနိုင်တော့တဲ့ ငယ်ဘဝကို ပြချင်တာဆို။ အဲဒါလေး ရှင်းပြပါဦး။
A- အဲဒီမှာ ကျွန်တော် ကိုင်ထားတဲ့ စကားလုံးတွေဖြစ်တဲ့ `ကခဂဃ´ တို့ဟာ ငယ်စဉ်ကလေးဘဝရဲ့ Image ကို ပေးချင်တာပေါ့။ နောက်ပြီး`0´`✔´`´တို့ဟာလည်း လူ့ဘဝမှာ ဖြတ်သန်းရတဲ့အချိန်မှာ ကြုံရတဲ့ဟာတွေပါ။ ရိုက်ကွင်းကိုတော့ ကိုမောင်မောင်သန်းက ရှာပေးတာပေါ့။ ရေတွေ မြစ်တွေပါတော့ ကျွန်တော့်အတွက် ဟန်ကျပါတယ်။ ငယ်ငယ်တုန်းက ဧရာဝတီမြစ်ကမ်း မြစ်ကြီးနားမြို့မှာ ရေကစား၊ ငါးဖမ်း၊ ထင်းသယ်တဲ့ ကျွန်တော့်ရဲ့ ငယ်ဘဝနဲ့လည်း တိုက်ဆိုင်ပါတယ်။ အဲဒါကြောင့် ကလေးငယ်လေး ရေကစားနေတဲ့ပုံကို ရိုက်ထားတယ်။ ကျောင်းသားဘဝကိုလည်း ပါစေချင်တဲ့အတွက် ကျွန်တော့်တူလေးတွေကို ခေါ်ရိုက်ထားတာပါ။

Q-Foregin မှာရိုက်လာတဲ့ ကဒ်တွေက ပရိသတ်ကို Taste အသစ်တစ်ခု ပေးချင်တာမျိုးလား။
A- ဟုတ်ပါတယ်ခင်ဗျ။

Q- `ကန့်သတ်ချက်များ´ကို ဒါရိုက်တာ ဝိုင်းနဲ့ ရိုက်ဖြစ်သွားတာက။
A- ဒါရိုက်တာဝိုင်းနဲ့ ကျွန်တော်က `သမင်လည်ပြန်´မှာ ကတည်းက အလုပ်အတူတူ လုပ်ဖူးပါတယ်။ မိတ်ဆွေဟောင်းတွေပါ။ ဒါရိုက်တာ ဝိုင်းက ကြိုးစားတယ်။ တိကျတယ်။ သီချင်းကို ပိုပြီး Deep ဖြစ်အောင်ရိုက်တယ်။ ကျွန်တော် သဘောကျတယ်။ ဒီသီချင်းလေး (ကန့်သတ်ချက်များ)ကလည်း သူနဲ့ လိုက်မယ်ထင်လို့ အကူအညီ တောင်းဖြစ်တာပါ။ သူလည်း မေတ္တာနဲ့ ကူညီပြီး ရိုက်ပေးပါတယ်။

Q- `ထာဝရ´Audio ထွက်ပြီးမှ ဆိုရတဲ့ Show တွေမှာ ဝိုင်ဝိုင်းရဲ့ ပရိသတ်တွေက ဘယ်သီချင်းတွေကို အတောင်းများလဲ။
A- `စိတ်ထွက်ပေါက်´၊`တမ်းတ´။

Q- ဝိုင်ဝိုင်းရဲ့ တစ်သီးပုဂ္ဂလခံစားချက်အရဆိုရင် Audio နဲ့ VCD မှာ ဘယ်ဟာကို ပိုပြီးနှစ်သက်သလဲ။
A- ကျွန်တော်က သီချင်းဆိုတဲ့သူဆိုတော့ Audio ကို ပိုနှစ်သက်ပါတယ်။ VCD ရိုက်လိုက်တဲ့အခါ သီချင်းကို ပိုပေါ်လွင်စေရင်လည်း နှစ်သက်ပါတယ်။

Q- ကိုယ်ပိုင်သံစဉ် လုပ်ရတဲ့ Feeling။
A- ပိုလွတ်လပ်တယ်။

Q- `ထာဝရ´ရဲ့ result အပေါ် ဝိုင်ဝိုင်းအနေနဲ့ ကျေနပ်အားရမှုရှိလား။ (ဘယ်လောက်အတိုင်းအတာလဲ)။
A- ကျေနပ်ပါတယ်။ result ထွက်လာတော့ ကိုယ်လုပ်ခဲ့တာတွေရဲ့ အားသာချက် အားနည်းချက်တွေကို တွေ့ရတာပေါ့။ နောက်တစ်ခါလုပ်ရင် အားသာချက်တွေကို ဆက်သုံးမယ်။ အားနည်းချက်တွေကို တတ်နိုင်သလောက်ရှောင်မယ်။

Q- ဝိုင်ဝိုင်းရဲ့`နေဆယ်စင်း´ကနေ ခု`ထာဝရ´ကြားမှာ ပြောင်းလဲလာတဲ့ အချိုးအကွေ့တွေကို ပရိသတ်က စိတ်ဝင်စားမှာပဲ။ နည်းနည်းပြောပြပါလား။
A- ကျွန်တော် သိပ်မပြောပြတတ်ဘူး။ ကိုယ်တိုင်ပဲ ခံစားကြည့်ပါလားခင်ဗျ။

Q- `အဖေ´သီချင်းကို အခုအချိန်မှာ အရုပ်အနေနဲ့ ပြန်ကြည့်ရတာ ဘယ်လိုနေလဲ။
A- ပထမဆုံး ပြောချင်တာက ကိုကြီးငဲ (အငဲ) ရေးထားသလိုပဲ။ `အဖေနဲ့ ကျွနိတော့်ဘဝ အချိန်များ ထာဝရ အမှတ်တရ´တွေကို အရုပ်တွေနဲ့ VCD မှာ မှတ်သားရတော့ ကျေနပ်မိတယ်။ အဖေရှိစဉ်က ဆုံးမပြောဆိုခဲ့တာတွေကို အမှတ်ရမိတယ်။ လူ့ဘဝဆိုတာ ဒီလိုပါပဲ။ လာသူကလာ၊ သွားသူကသွား။ အတူရှိစဉ်မှာ တန်ဖိုးထားဖို့ လိုပါလားဆိုတာ နားလည်မိတယ်။

Q- `ထာဝရ´အပြီး နောက်တစ်ခွေရော စနေပြီလား။ စနေပြီဆိုရင် ပါဝင်မဲ့ တေးရေးဆရာ List နဲ့ ဖြစ်နိုင်ချေရှိတဲ့ သီချင်းအမျိုးအစားတွေ။
A- စနေပါပြီ။ နီးရင်ပြောပြမယ်လေ။

Q- အခုနောက်ပိုင်း ဘယ်လို Music တွေ တိမ်းညွတ်နေလဲ။ ဝိုင်ဝိုင်း အခုတလော ဘာတွေ နားထောင်ဖြစ်နေလဲ။
A- အခုတလော အင်္ဂလန် Band တွေ တိမ်းညွတ်နေတယ်။

Q- ဝိုင်ဝိုင်းကို ဆက်သွယ်မယ်ဆိုရင်။
A- The Sun Music အမှတ်(၁၂၆)၊ ၄၆ လမ်း(အထက်)၊ ဗိုလ်တထောင်။

Q- ဝိုင်ဝိုင်းရဲ့ အမာခံပရိသတ်တွေကို မြင်ကွင်းကတစ်ဆင့် ပြောချင်တဲ့စကား။
A- ``ကျန်းမာရေး ဂရုစိုက်ပါ´´အားလုံး အဆင်ပြေပါစေ။ ပြီးတော့ Thank You ဗျာ ကိုနှင်းနီ။

ဝိုင်ဝိုင်းနဲ့ အမေးအဖြေကတော့ ဒီလောက်ပါပဲ။ ဒီအင်တာဗျူးနဲ့ ပတ်သက်ပြီး သုံးဖို့ ဓါတ်ပုံနဲ့ အစစအရာရာအတွက် ကျေးဇူးတင်ရမယ့်သူက The Sun Music က မိတ်ဆွေကြီး ကိုမောင်မောင်သန်းပဲ ဖြစ်ပါတယ်။ ဝိုင်ဝိုင်းရဲ့ ပရိသတ်တွေလည်း ဝိုင်ဝိုင်းရဲ့ အဖြေတွေကို ကျေနပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

နှင်းနီ
မြင်ကွင်းမဂ္ဂဇင်း
ဖေဖေါ်ဝါရီ ၂၀၁၀
စာစီကျေးဇူးရှင် Ko Ka Lee

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။