#Unicode 4.0 with #Zawgyi
ယူနီကုဒ္နဲ႕ ေဇာ္ဂ်ီ ဘယ္ကစ
==================
==================
ယူနီကုဒ္ဆိုတာ ေဖာင့္ မဟုတ္ပါခင္ဗ်ာ။ ကမာၻေပၚမွာ ရွိသမွ် ဘာသာစကား၊ သေကၤတအားလုံးကို စံသတ္မွတ္ၿပီး စနစ္တက် ေနရာခ်ထားေပးတဲ့ စနစ္တစ္ခု ျဖစ္ပါတယ္။ လြယ္လြယ္ေျပာရရင္ေတာ့ ကမာၻေပၚမွာ ရွိသမွ် ဘာသာစကား၊ သေကၤတ အားလုံးကို တစ္လုံးျခင္းစီ ေျမကြက္ရိုက္ သတ္မွတ္ေပးတာပါ။
ကြၽန္ေတာ္တို႔ ျမန္မာစာေတြ၊ ရွမ္းစာေတြ၊ ကရင္စာေတြ စသည္ျဖင့္ အားလုံးအတြက္ ေနရာတစ္ခုစီ သတ္မွတ္ထားပါတယ္။ အဲဒီလို သတ္မွတ္တဲ့ ေနရာမွာလဲ ဗမာ ဘာသာစကားဆိုရင္လဲ ဗမာစာစနစ္စံအတိုင္း၊ ကရင္ဆိုရင္လဲ ကရင္စနစ္ စံအတိုင္း၊ မြန္ဆိုရင္လဲ မြန္စနစ္ စံအတိုင္း သတ္မွတ္ၾကပါတယ္။ ၿပီးရင္ ေနရာေပးပါတယ္။ အဲဒါေတြအားလုံးကလဲ ျပန္ျပင္ ျပန္သတ္မွတ္လို႔ရပါတယ္။ အဲဒီလို ျပန္ျပင္ခ်င္တယ္ ဆိုရင္ေတာ့ စံစနစ္ ျဖစ္တာနဲ႕အညီ လုပ္ထုံးလုပ္နည္းနဲ႕ ျပန္ျပင္နိုင္ပါတယ္။
ကြၽန္ေတာ္တို႔ အရင္က a, b, c, d စတာေတြမွာ တိုက္ရိုက္အစားထိုးတဲ့ Win Font ေတြ သုံးခဲ့ၾကပါတယ္။ အဲဒီလို သုံးလိုက္တဲ့အတြက္ Web လို ေနရာေတြမွာ ျမန္မာ၊ အဂၤလိပ္ ႏွစ္မ်ိဳးေရာေျပာမယ္ဆိုရင္ အခက္အခဲ အမ်ားႀကီး ရွိလာပါတယ္။ a ေတြက သေဝထိုးေတြ ျဖစ္ကုန္ပါလိမ့္မယ္။ အဲဒီအတြက္ Unicode စနစ္တစ္ခု လိုအပ္လာပါတယ္။
ပထမဆုံး ျမန္မာစာ စကားလုံးေတြကို Unicode စနစ္ထဲ ထည့္သြင္းဖို႔ အဆိုျပဳခဲ့သူက Apple လို႔ သိရပါတယ္။ Unicode 1.0 မွာ ပါလာတယ္ ထင္ပါတယ္။ ဒါေပမယ့္ ျမန္မာစာ ေရးလို႔ ရေလာက္ေအာင္ မျပည့္စုံခဲ့ပါဘူး။
အဲဒီကတစ္ဆင့္ Unicode 2.0 မွာ နိုင္ငံျခားသာ တစ္ေယာက္က ထပ္အဆိုျပဳခဲ့ပါတယ္။ ဘယ္သူဆိုတာေတာ့ ကြၽန္ေတာ္ မမွတ္မိေတာ့ပါဘူး။ အဲဒီ 2.0 မွာလဲ ျမန္မာစာ ေရးလို႔ရေအာင္ မျပည့္စုံခဲ့ျပန္ပါဘူး။ ေနာက္ေတာ့ 3.0 အဲဒီက တစ္ဆင့္ 4.0 ကိုေရာက္လာပါတယ္။
Unicode 4.0 မွာေတာ့ ျမန္မာစာ စကားလုံးေတြ အတိုင္းအတာ တစ္ခုအထိ ျပည့္ျပည့္စုံစုံ ပါလာခဲ့ၿပီး ျပႆနာ တစ္ခု အေနနဲ႕ ပင့္၊ ရစ္၊ ဆြဲ၊ ထိုး ပါမလာခဲ့ပါဘူး။ အဆိုျပဳတဲ့ နိုင္ငံျခားသား အေနနဲ႕ ပင့္၊ ရစ္၊ ဆြဲ၊ ထိုးဆိုတာ တစ္ျခား ျမန္မာ အကၡရာကေန ဆင့္ပြား ျဖစ္ေပၚလာတယ္လို႔ ယူဆခဲ့တယ္ ထင္ပါတယ္။ ဒါေပမယ့္ Unicode 4.0 ထြက္လာတဲ့ အခ်ိန္မွာ အင္တာနက္ကလဲ တြင္က်ယ္လာခဲ့ပါၿပီ။ အြန္လိုင္းမွာ ျမန္မာစာစနစ္ သုံးနိုင္ဖို႔ မျဖစ္မေန လိုအပ္လာတဲ့ အေျခအေန ေရာက္လာပါတယ္။
အဲဒီအတြက္ Unicode 4.0 ကို အေျခခံထားတဲ့ ျမေစတီ၊ ေဇာ္ဂ်ီစတဲ့ ေဖာင့္ေတြ ထြက္လာပါတယ္။ ပင့္၊ ရစ္၊ ဆြဲ၊ ထိုးေတြကို ေပါင္းထည့္ၿပီး အရင္ Win စနစ္မွာ သုံးခဲ့တဲ့ Rendering မလိုတဲ့ ရရစ္ေျခာက္မ်ိဳးစနစ္၊ Reordering မလိုတဲ့ သေဝထိုးေရွ႕မွာထားတဲ့ စနစ္ကို ေပါင္းထည့္ၿပီး သုံးလို႔ရေအာင္ လုပ္ခဲ့ၾကပါတယ္။ ေဇာ္ဂ်ီအေနနဲ႕ အဲဒီအခ်ိန္က စနစ္တစ္ခု မျပည့္စုံေသးတဲ့ အခ်ိန္ ၾကားခံတစ္ခု အေနနဲ႕သာ သုံးၾကမယ္လို႔ ေျပာခဲ့ၾကပါတယ္။ (ဒီေနရာမွာ Rendering ဆိုတာ ဘာလဲ၊ Reordering ဆိုတာ ဘာလဲ နည္းနည္း ရွင္းျပလိုပါတယ္။ ျမန္မာစာစနစ္မွာ ရရစ္က တစ္မ်ိဳးတည္း ရွိပါတယ္။ စာလုံးပုံစံအလိုက္ လိုအပ္သလို ရရစ္ကို အျပတ္၊ အက်ဥ္း၊ အက်ယ္ စသည္ျဖင့္ ပုံစံ ေျပာင္းေပးရေပမယ့္ မွတ္သားတဲ့အခါမွာေတာ့ တစ္ခုတည္းမွတ္သား သိမ္းဆည္းရပါတယ္။ အဲဒီလို လိုသလို ပုံစံ ေျပာင္းေပးတာကို Render လုပ္တယ္လို႔ ေခၚပါတယ္။ Reordering ဆိုတာကေတာ့ ဗ်ည္း၊ ဗ်ည္းတြဲ၊ သရ စသည္ျဖင့္ အစဥ္လိုက္ စီစဥ္ထားတဲ့ ေနရာမွာ ဥပမာ သေဝထိုးလိုဟာက မွတ္သားသိမ္းဆည္းမယ္ဆိုရင္ ဗ်ည္းရဲ႕ ေနာက္မွာပဲ သိမ္းရမွာပါ။ အဲဒီလို ျပန္စီေပးတာကို Reordering လို႔ ေခၚပါတယ္။)
အဲဒီမွာ ေဇာ္ဂ်ီအေနနဲ႕ အြန္လိုင္းတြင္က်ယ္လာတာနဲ႕အညီ က်ယ္က်ယ္ျပန႔္ျပန႔္ သုံးစြဲလာၾကၿပီး အခုအခ်ိန္အထိ တြင္တြင္က်ယ္က်ယ္ ဆက္သုံးေနၾကတဲ့ အဆင့္ကို ေရာက္လာခဲ့ပါတယ္။ အဲဒီေနာက္မွာပဲ Unicode စနစ္ကေတာ့ ရပ္မေနပဲ ဆက္သြားေနခဲ့ပါတယ္။ Unicode 5.0 ထြက္လာတဲ့ အခ်ိန္မွာ ပင့္၊ ရစ္၊ ဆြဲ၊ ထိုးအတြက္ သီးသန႔္ ေနရာေတြ ပါလာခဲ့ပါတယ္။ ေတာ္ေတာ့္ကို ျပည့္စုံတဲ့ အေျခအေနတစ္ခု ျဖစ္လာပါတယ္။ ေနာက္ေတာ့ Unicode 5.1, Unicode 5.2 စတာေတြမွာ ျပည့္စုံသထက္ ျပည့္စုံသြားၿပီး ျမန္မာစာ စနစ္အတြက္ ျပည့္ျပည့္စုံစုံ အေထာက္အပံ့ေပးနိုင္တဲ့ အေနအထား တစ္ခုျဖစ္လာပါတယ္။ အဲဒီအျပင္ တစ္ျခား တိုင္းရင္းသား ဘာသာစကားေတြ အတြက္ပါ ျပည့္စုံတဲ့ သတ္မွတ္ခ်က္ေတြ ျဖစ္လာပါတယ္။ အဲဒီလို ျဖစ္လာတယ္ဆိုတာလဲ ျပည္တြင္းက ပညာရွင္ေတြ ပူးေပါင္း ပါဝင္မႈေၾကာင့္ ျပည့္စုံလာတာ ျဖစ္ပါတယ္။
အဲဒီလိုနဲ႕ ေဇာ္ဂ်ီနဲ႕ ယူနီကုဒ္ ဆိုတဲ့ တိုက္ပြဲေတြ အဆက္မျပတ္ ျဖစ္ေပၚလာၾကၿပီး ေက်ာင္းေတာ္က ရန္စေတြအရေရာ၊ စကားအေျပာအဆို မတတ္သူေတြ အရေရာ၊ ေခါင္းေရွာင္သူေတြ အရေရာ၊ လက္ေရွာင္သြားၾကသူေတြ အရေရာ မၿပီးဆုံးနိုင္တဲ့ ဇာတ္လမ္းရွည္ႀကီး ျဖစ္ေပၚလာပါေတာ့တယ္။ တကယ္ေတာ့ ေဇာ္ဂ်ီဆိုတာလဲ Unicode 4.0 ကို အေျခခံထားၿပီး လိုအပ္ခ်က္အရ ေပၚလာခဲ့တာပဲ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ သူသာ မေပၚလာခဲ့ရင္ အြန္လိုင္းလို ေနရာေတြမွာ ျမန္မာစာစနစ္ ဒီေလာက္အထိ တြင္က်ယ္လာမွာ မဟုတ္ပါဘူး။ ေဇာ္ဂ်ီနဲ႕ ယူနီကုဒ္ တိုက္ပြဲေတြရဲ႕ အဓိက အေၾကာင္းအရင္းခံ တစ္ခုမွာ တစ္ဖက္နဲ႕ တစ္ဖက္ အသိအမွတ္ မျပဳၾကတာလဲ အဓိကက်တဲ့ အခ်က္တစ္ခုထဲမွာ ပါဝင္ေနပါတယ္။ ေဇာ္ဂ်ီဖက္က လူေတြကလဲ ငါတို႔က အဆင္မေျပေသးခင္မွာ အားလုံး အဆင္ေျပေအာင္ လုပ္ေပးခဲ့ၾကတယ္။ အဲဒါကို ေသာက္ေကာင္း မေျပာဘူးဆိုၿပီး ေပလယ်ကံ ျပဳေနၾကပါတယ္။ ယူနီကုဒ္စနစ္ကို ေျပာင္းေစခ်င္သူ အခ်ိဳ႕ကလဲ ေဇာ္ဂ်ီကို ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ ေျပာၾကၿပီး ယူနီကုဒ္ မသုံးသူေတြကို လူစဥ္မမွီသူေတြလို ေသာက္သုံးမက်သဴေတြလို ေျပာဆို ပစ္တင္ေမာင္းမဲၾကပါတယ္။ အဲဒီမွာ ႏွစ္ဖက္ ကြဲသထက္ကြဲၿပီး ေဆြးေႏြးပြဲေတြမွာ လက္ေရွာင္ရတဲ့ ေတာ့ပစ္တစ္ခု ျဖစ္လာခဲ့ပါတယ္။ (အဲဒီအထဲမွာ ရင္နာစရာ အေကာင္းဆုံး အခ်က္တစ္ခုကေတာ့ တကယ့္ အေျပာင္းအလဲကို ေဖာ္ေဆာင္နိုင္စြမ္းရွိတဲ့ developer ေတြ ေက်ာခိုင္းသြားၾကတာပါ။ ကြၽန္ေတာ္ မွတ္မွတ္ရရ ကိုမတ္(ခ္)ေခၚ ကိုစိုးမင္း၊ (Zawgyi 2009 ထင္ပါတယ္၊ အဲဒါကို တည္ေဆာက္ခဲ့ပါတယ္) ေနာက္ ကိုေစတန္ စသည္ျဖင့္ပါ။ ကိုေစတန္ကေတာ့ ဘာမွဝင္မေျပာေပးမယ့္ သူတတ္နိုင္တဲ့ဖက္က ဝင္လုပ္ေပးေနပါေသးတယ္။ ဥပမာ - Rabbit Converter လိုမ်ိဳး)
ကဲ ... ဒီေလာက္ဆို ေဇာ္ဂ်ီ၊ Unicode ဇာတ္ေရလည္ၾကၿပီ ထင္ပါတယ္။ ေဇာ္ဂ်ီကိုယ္တိုင္ Unicode 4.0 အေပၚမွာ အေျခတည္ၿပီး တည္ေဆာက္ခဲ့တာ ျဖစ္သလို ယူနီကုဒ္၊ ယူနီကုဒ္လို ေျပာေနတဲ့ ေဖာင့္ေတြကလဲ အဲဒီ Unicode စနစ္ ျပည့္စုံသြားတဲ့အေပၚမွာ ဆက္လက္ တည္ေဆာက္ထားၾကတာ ျဖစ္ပါတယ္။ တကယ္ေတာ့ အားလုံးက တစ္လမ္းတည္း သြားၾကတာပါ။ ေဇာ္ဂ်ီကလဲ ေဇာ္ဂ်ီအေလွ်ာက္ ျမန္မာစာစနစ္ကို အက်ိဳးျပဳခဲ့ပါတယ္။ ယူနီကုဒ္စနစ္ဟာလဲ ျမန္မာစာစနစ္ကို အမ်ားႀကီး အက်ိဳးျပဳခဲ့တာပါပဲ။ အဲဒီလို ေဆာ္ၾကကစ္ၾက၊ ကေလးေတြကို ရန္ျဖစ္ၾက၊ ႏွပ္ပစ္ၾက၊ ေပလယ်ကံျပဳၾက လုပ္ေနၾကတာေတြကို ရပ္တန္းက ရပ္သင့္ၿပီလို႔ ကြၽန္ေတာ္ ျမင္ပါတယ္။
အခုေနာက္ပိုင္း Development လိုအပ္ခ်က္ေတြအရ ျမန္မာစာစနစ္တစ္ခုတည္းသာ ရွိဖို႔ လိုတဲ့ အေနအထားဟာ တစ္ျဖည္းျဖည္းနဲ႕ ႀကီးမားလာပါၿပီ။ အဲဒီအတြက္ အေျပာင္းအလဲ တစ္ခုကို မျဖစ္မေန လုပ္ကို လုပ္ရပါေတာ့မယ္။ ေဇာ္ဂ်ီကလဲ Unicode 4.0 မွာ ရပ္မေနနဲ႕ တိုးတက္လာတဲ့ စနစ္နဲ႕ အညီ ေျပာင္းလဲ အဆင့္ျမႇင့္တင္ဖို႔ လိုပါတယ္။ Unicode အေနနဲ႕လဲ ထုထည္ အင္မတန္မ်ားတဲ့ ေဇာ္ဂ်ီအသုံးျပဳသူေတြကို လြယ္လြယ္ကူကူ ကူးေျပာင္းနိုင္ေအာင္ ကူညီသင့္ပါတယ္။ ဒါေပမယ့္ အဲဒီလို အေျခအေနဆိုတာ ေစာင့္ေနလို႔ မရပါဘူး။ ကိုယ္တိုင္ ဝင္ပါမွ ျဖစ္မွာပါ။ ကြၽန္ေတာ္တို႔ Developer ေတြ အေနနဲ႕ ကိုယ္တည္ေဆာက္တဲ့ Web App, Mobile App ေတြမွာ
(၁) ေဇာ္ဂ်ီနဲ႕ ယူနီကုဒ္ ေပါင္းကူးကို မျဖစ္မေန ထည့္သြင္းေပးၾကပါ။
(၂) ယူနီကုဒ္စနစ္ကို မိတ္ဆက္ေပးၾကပါ။
(၃) ေဇာ္ဂ်ီအေထာက္အပံ့ကို ဆက္လက္ ထည့္သြင္းထားေပမယ့္ ေနာက္တစ္ခ်ိန္မွာ ဆက္သုံးရမွာက ဒီထက္ပိုေကာင္းတဲ့ စနစ္ဆိုတာကို အသိေပးၾကပါ။
(၄) အသုံးျပဳသူေတြ အေနနဲ႕ ေဇာ္ဂ်ီ၊ ယူနီကုဒ္ဆိုတာကို မသိေတာ့ပဲ ျမန္မာစာစနစ္တစ္ခုတည္း အျဖစ္သိသြားတဲ့ အဆင့္အထိ ေရာက္ေအာင္ လုပ္ၾကပါ။
(၂) ယူနီကုဒ္စနစ္ကို မိတ္ဆက္ေပးၾကပါ။
(၃) ေဇာ္ဂ်ီအေထာက္အပံ့ကို ဆက္လက္ ထည့္သြင္းထားေပမယ့္ ေနာက္တစ္ခ်ိန္မွာ ဆက္သုံးရမွာက ဒီထက္ပိုေကာင္းတဲ့ စနစ္ဆိုတာကို အသိေပးၾကပါ။
(၄) အသုံးျပဳသူေတြ အေနနဲ႕ ေဇာ္ဂ်ီ၊ ယူနီကုဒ္ဆိုတာကို မသိေတာ့ပဲ ျမန္မာစာစနစ္တစ္ခုတည္း အျဖစ္သိသြားတဲ့ အဆင့္အထိ ေရာက္ေအာင္ လုပ္ၾကပါ။
အဲဒီလို လုပ္ၾကမယ္ဆိုရင္ အခ်ိန္အတိုင္းအတာ တစ္ခုအတြင္း မွန္ကန္တဲ့ အေျပာင္းအလဲ ျဖစ္သြားမယ္လို႔ ယုံၾကည္ပါတယ္။
#Unicode 5.x
ယူနီကုဒ်နဲ့ ဇော်ဂျီ ဘယ်ကစ
=====================
=====================
ယူနီကုဒ်ဆိုတာ ဖောင့် မဟုတ်ပါခင်ဗျာ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတအားလုံးကို စံသတ်မှတ်ပြီး စနစ်တကျ နေရာချထားပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတ အားလုံးကို တစ်လုံးခြင်းစီ မြေကွက်ရိုက် သတ်မှတ်ပေးတာပါ။
ကျွန်တော်တို့ မြန်မာစာတွေ၊ ရှမ်းစာတွေ၊ ကရင်စာတွေ စသည်ဖြင့် အားလုံးအတွက် နေရာတစ်ခုစီ သတ်မှတ်ထားပါတယ်။ အဲဒီလို သတ်မှတ်တဲ့ နေရာမှာလဲ ဗမာ ဘာသာစကားဆိုရင်လဲ ဗမာစာစနစ်စံအတိုင်း၊ ကရင်ဆိုရင်လဲ ကရင်စနစ် စံအတိုင်း၊ မွန်ဆိုရင်လဲ မွန်စနစ် စံအတိုင်း သတ်မှတ်ကြပါတယ်။ ပြီးရင် နေရာပေးပါတယ်။ အဲဒါတွေအားလုံးကလဲ ပြန်ပြင် ပြန်သတ်မှတ်လို့ရပါတယ်။ အဲဒီလို ပြန်ပြင်ချင်တယ် ဆိုရင်တော့ စံစနစ် ဖြစ်တာနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ ပြန်ပြင်နိုင်ပါတယ်။
ကျွန်တော်တို့ အရင်က a, b, c, d စတာတွေမှာ တိုက်ရိုက်အစားထိုးတဲ့ Win Font တွေ သုံးခဲ့ကြပါတယ်။ အဲဒီလို သုံးလိုက်တဲ့အတွက် Web လို နေရာတွေမှာ မြန်မာ၊ အင်္ဂလိပ် နှစ်မျိုးရောပြောမယ်ဆိုရင် အခက်အခဲ အများကြီး ရှိလာပါတယ်။ a တွေက သဝေထိုးတွေ ဖြစ်ကုန်ပါလိမ့်မယ်။ အဲဒီအတွက် Unicode စနစ်တစ်ခု လိုအပ်လာပါတယ်။
ပထမဆုံး မြန်မာစာ စကားလုံးတွေကို Unicode စနစ်ထဲ ထည့်သွင်းဖို့ အဆိုပြုခဲ့သူက Apple လို့ သိရပါတယ်။ Unicode 1.0 မှာ ပါလာတယ် ထင်ပါတယ်။ ဒါပေမယ့် မြန်မာစာ ရေးလို့ ရလောက်အောင် မပြည့်စုံခဲ့ပါဘူး။
အဲဒီကတစ်ဆင့် Unicode 2.0 မှာ နိုင်ငံခြားသာ တစ်ယောက်က ထပ်အဆိုပြုခဲ့ပါတယ်။ ဘယ်သူဆိုတာတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ အဲဒီ 2.0 မှာလဲ မြန်မာစာ ရေးလို့ရအောင် မပြည့်စုံခဲ့ပြန်ပါဘူး။ နောက်တော့ 3.0 အဲဒီက တစ်ဆင့် 4.0 ကိုရောက်လာပါတယ်။
Unicode 4.0 မှာတော့ မြန်မာစာ စကားလုံးတွေ အတိုင်းအတာ တစ်ခုအထိ ပြည့်ပြည့်စုံစုံ ပါလာခဲ့ပြီး ပြဿနာ တစ်ခု အနေနဲ့ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး ပါမလာခဲ့ပါဘူး။ အဆိုပြုတဲ့ နိုင်ငံခြားသား အနေနဲ့ ပင့်၊ ရစ်၊ ဆွဲ၊ ထိုးဆိုတာ တစ်ခြား မြန်မာ အက္ခရာကနေ ဆင့်ပွား ဖြစ်ပေါ်လာတယ်လို့ ယူဆခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် Unicode 4.0 ထွက်လာတဲ့ အချိန်မှာ အင်တာနက်ကလဲ တွင်ကျယ်လာခဲ့ပါပြီ။ အွန်လိုင်းမှာ မြန်မာစာစနစ် သုံးနိုင်ဖို့ မဖြစ်မနေ လိုအပ်လာတဲ့ အခြေအနေ ရောက်လာပါတယ်။
အဲဒီအတွက် Unicode 4.0 ကို အခြေခံထားတဲ့ မြစေတီ၊ ဇော်ဂျီစတဲ့ ဖောင့်တွေ ထွက်လာပါတယ်။ ပင့်၊ ရစ်၊ ဆွဲ၊ ထိုးတွေကို ပေါင်းထည့်ပြီး အရင် Win စနစ်မှာ သုံးခဲ့တဲ့ Rendering မလိုတဲ့ ရရစ်ခြောက်မျိုးစနစ်၊ Reordering မလိုတဲ့ သဝေထိုးရှေ့မှာထားတဲ့ စနစ်ကို ပေါင်းထည့်ပြီး သုံးလို့ရအောင် လုပ်ခဲ့ကြပါတယ်။ ဇော်ဂျီအနေနဲ့ အဲဒီအချိန်က စနစ်တစ်ခု မပြည့်စုံသေးတဲ့ အချိန် ကြားခံတစ်ခု အနေနဲ့သာ သုံးကြမယ်လို့ ပြောခဲ့ကြပါတယ်။ (ဒီနေရာမှာ Rendering ဆိုတာ ဘာလဲ၊ Reordering ဆိုတာ ဘာလဲ နည်းနည်း ရှင်းပြလိုပါတယ်။ မြန်မာစာစနစ်မှာ ရရစ်က တစ်မျိုးတည်း ရှိပါတယ်။ စာလုံးပုံစံအလိုက် လိုအပ်သလို ရရစ်ကို အပြတ်၊ အကျဉ်း၊ အကျယ် စသည်ဖြင့် ပုံစံ ပြောင်းပေးရပေမယ့် မှတ်သားတဲ့အခါမှာတော့ တစ်ခုတည်းမှတ်သား သိမ်းဆည်းရပါတယ်။ အဲဒီလို လိုသလို ပုံစံ ပြောင်းပေးတာကို Render လုပ်တယ်လို့ ခေါ်ပါတယ်။ Reordering ဆိုတာကတော့ ဗျည်း၊ ဗျည်းတွဲ၊ သရ စသည်ဖြင့် အစဉ်လိုက် စီစဉ်ထားတဲ့ နေရာမှာ ဥပမာ သဝေထိုးလိုဟာက မှတ်သားသိမ်းဆည်းမယ်ဆိုရင် ဗျည်းရဲ့ နောက်မှာပဲ သိမ်းရမှာပါ။ အဲဒီလို ပြန်စီပေးတာကို Reordering လို့ ခေါ်ပါတယ်။)
အဲဒီမှာ ဇော်ဂျီအနေနဲ့ အွန်လိုင်းတွင်ကျယ်လာတာနဲ့အညီ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပြီး အခုအချိန်အထိ တွင်တွင်ကျယ်ကျယ် ဆက်သုံးနေကြတဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ Unicode စနစ်ကတော့ ရပ်မနေပဲ ဆက်သွားနေခဲ့ပါတယ်။ Unicode 5.0 ထွက်လာတဲ့ အချိန်မှာ ပင့်၊ ရစ်၊ ဆွဲ၊ ထိုးအတွက် သီးသန့် နေရာတွေ ပါလာခဲ့ပါတယ်။ တော်တော့်ကို ပြည့်စုံတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။ နောက်တော့ Unicode 5.1, Unicode 5.2 စတာတွေမှာ ပြည့်စုံသထက် ပြည့်စုံသွားပြီး မြန်မာစာ စနစ်အတွက် ပြည့်ပြည့်စုံစုံ အထောက်အပံ့ပေးနိုင်တဲ့ အနေအထား တစ်ခုဖြစ်လာပါတယ်။ အဲဒီအပြင် တစ်ခြား တိုင်းရင်းသား ဘာသာစကားတွေ အတွက်ပါ ပြည့်စုံတဲ့ သတ်မှတ်ချက်တွေ ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်လာတယ်ဆိုတာလဲ ပြည်တွင်းက ပညာရှင်တွေ ပူးပေါင်း ပါဝင်မှုကြောင့် ပြည့်စုံလာတာ ဖြစ်ပါတယ်။
အဲဒီလိုနဲ့ ဇော်ဂျီနဲ့ ယူနီကုဒ် ဆိုတဲ့ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပေါ်လာကြပြီး ကျောင်းတော်က ရန်စတွေအရရော၊ စကားအပြောအဆို မတတ်သူတွေ အရရော၊ ခေါင်းရှောင်သူတွေ အရရော၊ လက်ရှောင်သွားကြသူတွေ အရရော မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းရှည်ကြီး ဖြစ်ပေါ်လာပါတော့တယ်။ တကယ်တော့ ဇော်ဂျီဆိုတာလဲ Unicode 4.0 ကို အခြေခံထားပြီး လိုအပ်ချက်အရ ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူသာ မပေါ်လာခဲ့ရင် အွန်လိုင်းလို နေရာတွေမှာ မြန်မာစာစနစ် ဒီလောက်အထိ တွင်ကျယ်လာမှာ မဟုတ်ပါဘူး။ ဇော်ဂျီနဲ့ ယူနီကုဒ် တိုက်ပွဲတွေရဲ့ အဓိက အကြောင်းအရင်းခံ တစ်ခုမှာ တစ်ဖက်နဲ့ တစ်ဖက် အသိအမှတ် မပြုကြတာလဲ အဓိကကျတဲ့ အချက်တစ်ခုထဲမှာ ပါဝင်နေပါတယ်။ ဇော်ဂျီဖက်က လူတွေကလဲ ငါတို့က အဆင်မပြေသေးခင်မှာ အားလုံး အဆင်ပြေအောင် လုပ်ပေးခဲ့ကြတယ်။ အဲဒါကို သောက်ကောင်း မပြောဘူးဆိုပြီး ပေလယျကံ ပြုနေကြပါတယ်။ ယူနီကုဒ်စနစ်ကို ပြောင်းစေချင်သူ အချို့ကလဲ ဇော်ဂျီကို ချိုးချိုးနှိမ်နှိမ် ပြောကြပြီး ယူနီကုဒ် မသုံးသူတွေကို လူစဉ်မမှီသူတွေလို သောက်သုံးမကျသူတွေလို ပြောဆို ပစ်တင်မောင်းမဲကြပါတယ်။ အဲဒီမှာ နှစ်ဖက် ကွဲသထက်ကွဲပြီး ဆွေးနွေးပွဲတွေမှာ လက်ရှောင်ရတဲ့ တော့ပစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ (အဲဒီအထဲမှာ ရင်နာစရာ အကောင်းဆုံး အချက်တစ်ခုကတော့ တကယ့် အပြောင်းအလဲကို ဖော်ဆောင်နိုင်စွမ်းရှိတဲ့ developer တွေ ကျောခိုင်းသွားကြတာပါ။ ကျွန်တော် မှတ်မှတ်ရရ ကိုမတ်(ခ်)ခေါ် ကိုစိုးမင်း၊ (Zawgyi 2009 ထင်ပါတယ်၊ အဲဒါကို တည်ဆောက်ခဲ့ပါတယ်) နောက် ကိုစေတန် စသည်ဖြင့်ပါ။ ကိုစေတန်ကတော့ ဘာမှဝင်မပြောပေးမယ့် သူတတ်နိုင်တဲ့ဖက်က ဝင်လုပ်ပေးနေပါသေးတယ်။ ဥပမာ - Rabbit Converter လိုမျိုး)
ကဲ ... ဒီလောက်ဆို ဇော်ဂျီ၊ Unicode ဇာတ်ရေလည်ကြပြီ ထင်ပါတယ်။ ဇော်ဂျီကိုယ်တိုင် Unicode 4.0 အပေါ်မှာ အခြေတည်ပြီး တည်ဆောက်ခဲ့တာ ဖြစ်သလို ယူနီကုဒ်၊ ယူနီကုဒ်လို ပြောနေတဲ့ ဖောင့်တွေကလဲ အဲဒီ Unicode စနစ် ပြည့်စုံသွားတဲ့အပေါ်မှာ ဆက်လက် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ တကယ်တော့ အားလုံးက တစ်လမ်းတည်း သွားကြတာပါ။ ဇော်ဂျီကလဲ ဇော်ဂျီအလျှောက် မြန်မာစာစနစ်ကို အကျိုးပြုခဲ့ပါတယ်။ ယူနီကုဒ်စနစ်ဟာလဲ မြန်မာစာစနစ်ကို အများကြီး အကျိုးပြုခဲ့တာပါပဲ။ အဲဒီလို ဆော်ကြကစ်ကြ၊ ကလေးတွေကို ရန်ဖြစ်ကြ၊ နှပ်ပစ်ကြ၊ ပေလယျကံပြုကြ လုပ်နေကြတာတွေကို ရပ်တန်းက ရပ်သင့်ပြီလို့ ကျွန်တော် မြင်ပါတယ်။
အခုနောက်ပိုင်း Development လိုအပ်ချက်တွေအရ မြန်မာစာစနစ်တစ်ခုတည်းသာ ရှိဖို့ လိုတဲ့ အနေအထားဟာ တစ်ဖြည်းဖြည်းနဲ့ ကြီးမားလာပါပြီ။ အဲဒီအတွက် အပြောင်းအလဲ တစ်ခုကို မဖြစ်မနေ လုပ်ကို လုပ်ရပါတော့မယ်။ ဇော်ဂျီကလဲ Unicode 4.0 မှာ ရပ်မနေနဲ့ တိုးတက်လာတဲ့ စနစ်နဲ့ အညီ ပြောင်းလဲ အဆင့်မြှင့်တင်ဖို့ လိုပါတယ်။ Unicode အနေနဲ့လဲ ထုထည် အင်မတန်များတဲ့ ဇော်ဂျီအသုံးပြုသူတွေကို လွယ်လွယ်ကူကူ ကူးပြောင်းနိုင်အောင် ကူညီသင့်ပါတယ်။ ဒါပေမယ့် အဲဒီလို အခြေအနေဆိုတာ စောင့်နေလို့ မရပါဘူး။ ကိုယ်တိုင် ဝင်ပါမှ ဖြစ်မှာပါ။ ကျွန်တော်တို့ Developer တွေ အနေနဲ့ ကိုယ်တည်ဆောက်တဲ့ Web App, Mobile App တွေမှာ
(၁) ဇော်ဂျီနဲ့ ယူနီကုဒ် ပေါင်းကူးကို မဖြစ်မနေ ထည့်သွင်းပေးကြပါ။
(၂) ယူနီကုဒ်စနစ်ကို မိတ်ဆက်ပေးကြပါ။
(၃) ဇော်ဂျီအထောက်အပံ့ကို ဆက်လက် ထည့်သွင်းထားပေမယ့် နောက်တစ်ချိန်မှာ ဆက်သုံးရမှာက ဒီထက်ပိုကောင်းတဲ့ စနစ်ဆိုတာကို အသိပေးကြပါ။
(၄) အသုံးပြုသူတွေ အနေနဲ့ ဇော်ဂျီ၊ ယူနီကုဒ်ဆိုတာကို မသိတော့ပဲ မြန်မာစာစနစ်တစ်ခုတည်း အဖြစ်သိသွားတဲ့ အဆင့်အထိ ရောက်အောင် လုပ်ကြပါ။
(၂) ယူနီကုဒ်စနစ်ကို မိတ်ဆက်ပေးကြပါ။
(၃) ဇော်ဂျီအထောက်အပံ့ကို ဆက်လက် ထည့်သွင်းထားပေမယ့် နောက်တစ်ချိန်မှာ ဆက်သုံးရမှာက ဒီထက်ပိုကောင်းတဲ့ စနစ်ဆိုတာကို အသိပေးကြပါ။
(၄) အသုံးပြုသူတွေ အနေနဲ့ ဇော်ဂျီ၊ ယူနီကုဒ်ဆိုတာကို မသိတော့ပဲ မြန်မာစာစနစ်တစ်ခုတည်း အဖြစ်သိသွားတဲ့ အဆင့်အထိ ရောက်အောင် လုပ်ကြပါ။
အဲဒီလို လုပ်ကြမယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအတွင်း မှန်ကန်တဲ့ အပြောင်းအလဲ ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။