တက်ကျမ်းပုံပြင်တွေရဲ့ အခြားတစ်ဘက်မှာ
-------------------------- --------------------------
သက်ကြီးသူတစ်ဦးက ကျွန်တော်တို့ နားယဉ်နေပြီးသားပုံပြင်နှစ် ပုဒ်ကို ပြောပြပါတယ်။ ဇာတ်သိမ်းကတော့ ထင်မှတ်မထားတဲ့ ဇာတ်သိမ်းမျိုးပေါ့။
ပထမပုံပြင်က စစ်သူကြီးတစ်ဦးဟာ စစ်ရှုံးပြီး ကိုယ်တိုင်လည်းဒဏ်ရာရခဲ့တယ် ။ သူဟာ ဇရပ်ပျက်တစ်ခုမှာ ခိုနားနေခဲ့တယ်။ ရှုံးနိမ့်ခြင်းအနာတရက မိုးသက်လေပြင်းထဲမှာ ပိုနာကျင်ခံစားနေခဲ့ရပါတယ်။ သူ့မျှော်လင့်ချက်တွေလည်း တစ်စစီကွဲအက်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တံစက်မြိတ်အောက်က ပင့်ကူအိမ်ပျက်တစ်ခုပေါ်မှာ ပင့်ကူတစ်ကောင်ဟာ ကြိုးစားပြီး သူ့အိမ်ကိုဖာထေးနေခဲ့ပါတယ်။ ပင့်ကူရဲ့လှုပ်ရှားမှုအားလုံး ကို စစ်သူကြီးက မမှိတ်မသုန်စိုက်ကြည့်နေခဲ့ တယ်။ စစ်တိုက်ခဲ့ရလို့ ပင်ပန်းဒဏ်၊ နွမ်းနယ်ဒဏ်၊ အနာတရဒဏ်ရာတွေကြောင့် စစ်သူကြီးဟာ ပင့်ကူကိုကြည့်နေရင်းက အိပ်ပျော်သွားခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ ပင့်ကူဟာ ပင့်ကူအိမ်ကိုရက်လုပ်ပြီးနေ ခဲ့ပါပြီ။ ကိုယ်ဖွဲ့ထားတဲ့အိမ်မှာပဲ ပင့်ကူဟာ သက်တောင့်သက်သာနားနေရင်း သားကောင်တွေကို စောင့်နေခဲ့ပါတယ်။ ပင့်ကူရဲ့ဇွဲလုံ့လက စစ်သူကြီးကို အားဖြစ်စေခဲ့တယ်။ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ေ တွ ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် စစ်သူကြီးဟာ အင်အားကိုဖွဲ့စည်းပြီး စစ်ပွဲကိုအနိုင်တိုက်နိုင်ခဲ့ပါတယ်။
တကယ်တော့ သူအိပ်မပျော်ခင် သူကြည့်ခဲ့တဲ့ပင့်ကူက မိုးသက်လေပြင်းနောက်ပါပြီး ရေနစ်သေဆုံးသွားခဲ့ပြီဆိုတာ ကို စစ်သူကြီးမသိလိုက်ပါဘူး။ သူနိုးလာတဲ့အချိန် တွေ့လိုက်တဲ့ပင့်ကူက မိုးငြိမ်လေငြိမ်သွားချိန် ပျက်စီးနေတဲ့ပင့်ကူအိမ်ကိုလာဖာထေးတဲ့ နောက်ပင့်ကူတစ်ကောင်ဖြစ်ပါတ ယ်။
ဒုတိယပုံပြင်က စီးပွားရေးမအောင်မြင်တဲ့ လူရွယ်တစ်ယောက်ဟာ စိတ်ပျက်လက်ပျက်နဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နားနေခဲ့ပါတယ်။ ဒီလိုအချိန်မှာ သိပ်မဝေးတဲ့နေရာတစ်နေရာမှာ ကျီးကန်းတစ်ကောင်ကို သူတွေ့လိုက်ပါတယ်။ အဲဒီကျီးကန်းဟာ ပုလင်းတစ်လုံးထဲကရေကို သောက်ရဖို့ ကြိုးစားနေခဲ့ပါတယ်။ ပုလင်းဝကသေးပြီး ရေကလည်းမများတာကြောင့် ကျီးဟာ ရေကိုသောက်လို့မရခဲ့ပါဘူး။ ဒီလိုမြင်ကွင်းကိုတွေ့တော့ လူရွယ်ဟာ သူ့အဖြစ်ကိုပြန်မြင်ပြီး သူဟာ အဲဒီကျီးနဲ့တူတူပါပဲလား.. သူ့စိတ်ကူးအိပ်မက်က ပုလင်းထဲကရေလိုပဲ ကြည့်လိုက်ရင် မြင်နေရပေမယ့် လှမ်းယူဖမ်းဆုပ်လို့မရခဲ့ဘူးလို့ တွေးတယ်။ လူရွယ်ဟာ အဲဒီလိုတွေးပြီး ခေါင်းငိုက်စိုက်နဲ့ အဝေးကိုထွက်သွားခဲ့တယ်။ ကိုယ့်စိတ်ကူးအိပ်မက်ကိုလက် လွှတ်ပြီး သူတစ်ပါးခိုင်းစေသူပဲလုပ်တော့မယ်လို့ သူဆုံးဖြတ်လိုက်တယ်။
တကယ်တော့ သူထွက်သွားပြီးတဲ့နောက် ထက်မြက်တဲ့ကျီးကန်းက ပုလင်းထဲကရေမျက်နှာပြင်မြင့် တက်လာအောင် ကျောက်စရစ်ခဲတွေကောက်ပြီး ပုလင်းထဲထည့်ခဲ့လို့ နောက်ဆုံးမှာရေသောက်လို့ရသွားခဲ့တယ်ဆိုတာကိုတော့ အဲဒီလူရွယ်သိမသွားခဲ့ပါဘူး။
စစ်သူကြီးက ပင့်ကူရဲ့ကံဆိုးမိုးမှောင်ကျခြင်းကနေ ယုံကြည်စိတ်ကိုရရှိခဲ့တယ်။ လူရွယ်က ကျီးကန်းရဲ့ထက်မြက်ခြင်းကနေ လက်လွှတ်ခြင်းနဲ့မျှော်လင့်ချက်မဲ့ခြင်းကို တွေ့ခဲ့တယ်။ စစ်သူကြီးရော လူရွယ်ကပါ ပုံပြင်ရဲ့အဆုံးသတ်ကိုမသိခဲ့ တာမဟုတ်ပါဘူး… ကျွန်တော်တို့ကိုယ်တိုင်လည်း တက်ကျမ်းပုံပြင်ရဲ့အခြားတစ် ဘက်မှာ ဘာရှိနိုင်မလဲဆိုတာကို မသိခဲ့ကြတာပါ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုထောင့်ခံဖို့ ပြင်ပလောကရဲ့အားပေးမှုတွေ၊ စံနမူနာတွေလိုအပ်တယ်လို့ ထင်ခဲ့ကြတယ်။ တကယ်တော့ တကယ့်အင်အားက ကိုယ့်ရင်ထဲကိန်းအောင်းနေတယ်ဆိုတာကို ဒီပုံပြင်နှစ်ပုဒ်က အသိပေးသွားခဲ့ပါတယ်။
တက်ကျမ်းပုံပြင်တွေက လူအများရဲ့စိတ်ကို ကြည်နူးနွေးထွေးစေတယ်၊ စိတ်ခွန်အားဖြစ်စေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ဒီပုံပြင်တွေက ကျွန်တော်တို့ရဲ့ခွန်အားကို နှိုးဆွပေးခြင်းရဲ့တွန်းအားအ စပဲဖြစ်ပါတယ်။ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို အဆုံးအဖြတ်မပေးနိုင်ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူတချို့က အမြဲခွန်အားဖြည့်ပေးနေလည်း ဘာမှဖြစ်မြှောက်မလာတာရှိသလို တချို့က တစ်ခါထိတွေ့ခံစားဖူးရုံနဲ့ မဆုံးတဲ့ရှေ့ဆက်တိုးတက်ခြင်းတွေကို ရခဲ့ကြတယ်။
ဘယ်လိုအားပေးမှုမျိုးက ရင်ထဲ အသည်းထဲကလာတဲ့ စိတ်ကူးအိပ်မက်ရဲ့အင်အားပါတဲ့ကြုံးဝါးသံထက် ဘဝရဲ့ရှေ့ဆက်လှမ်းတဲ့ခြေလမ်းကို တွန်းအားပေးနိုင်ဦးမလဲ။
ဒီကနေ့ခေတ်မှာ တက်ကျမ်းတွေ၊ စိတ်ခွန်အားဖြစ်စေတဲ့စာတွေ ပျံ့နှံ့နေပါတယ်။ လူတော်တော်များများကလည်း တက်ကျမ်းပုံပြင်တွေ၊ အဆိုအမိန့်တွေနဲ့ အသိပေးနှိုးဆော်မှုတွေ၊ ရှေ့ဆက်လမ်းအတွက်တွဲခေါ်မှုတွေ လိုအပ်လာကြတယ်။ တက်ကျမ်းပုံပြင်တွေက ပြင်ပရဲ့အားပေးမှုပါ။ တကယ်တမ်းမှာ ကိုယ့်ရှေ့ဆက်မယ့်လမ်းအတွက် တကယ့်ခွန်အားက ကိုယ့်ရင်ထဲကပဲလာတာဖြစ်တယ်။ အဲဒီခွန်အားက လူ့ဘဝအတွက် ခိုင်မာပြတ်သားခြင်းနဲ့ မဆုတ်မနစ်ကြိုးပမ်းခြင်းတွေ ပဲဖြစ်တယ်။
-------------
မူရင်းလင့် -- http://www.85nian.net/ zhihui/26506.html
နိုင်းနိုင်းစနေ (June. 18. 2015) 10:27 PM
--------------------------
သက်ကြီးသူတစ်ဦးက ကျွန်တော်တို့ နားယဉ်နေပြီးသားပုံပြင်နှစ်
ပထမပုံပြင်က စစ်သူကြီးတစ်ဦးဟာ စစ်ရှုံးပြီး ကိုယ်တိုင်လည်းဒဏ်ရာရခဲ့တယ်
တကယ်တော့ သူအိပ်မပျော်ခင် သူကြည့်ခဲ့တဲ့ပင့်ကူက မိုးသက်လေပြင်းနောက်ပါပြီး ရေနစ်သေဆုံးသွားခဲ့ပြီဆိုတာ
ဒုတိယပုံပြင်က စီးပွားရေးမအောင်မြင်တဲ့ လူရွယ်တစ်ယောက်ဟာ စိတ်ပျက်လက်ပျက်နဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နားနေခဲ့ပါတယ်။ ဒီလိုအချိန်မှာ သိပ်မဝေးတဲ့နေရာတစ်နေရာမှာ ကျီးကန်းတစ်ကောင်ကို သူတွေ့လိုက်ပါတယ်။ အဲဒီကျီးကန်းဟာ ပုလင်းတစ်လုံးထဲကရေကို သောက်ရဖို့ ကြိုးစားနေခဲ့ပါတယ်။ ပုလင်းဝကသေးပြီး ရေကလည်းမများတာကြောင့် ကျီးဟာ ရေကိုသောက်လို့မရခဲ့ပါဘူး။ ဒီလိုမြင်ကွင်းကိုတွေ့တော့ လူရွယ်ဟာ သူ့အဖြစ်ကိုပြန်မြင်ပြီး သူဟာ အဲဒီကျီးနဲ့တူတူပါပဲလား.. သူ့စိတ်ကူးအိပ်မက်က ပုလင်းထဲကရေလိုပဲ ကြည့်လိုက်ရင် မြင်နေရပေမယ့် လှမ်းယူဖမ်းဆုပ်လို့မရခဲ့ဘူ
တကယ်တော့ သူထွက်သွားပြီးတဲ့နောက် ထက်မြက်တဲ့ကျီးကန်းက ပုလင်းထဲကရေမျက်နှာပြင်မြင်
စစ်သူကြီးက ပင့်ကူရဲ့ကံဆိုးမိုးမှောင်က
တက်ကျမ်းပုံပြင်တွေက လူအများရဲ့စိတ်ကို ကြည်နူးနွေးထွေးစေတယ်၊ စိတ်ခွန်အားဖြစ်စေတယ်ဆိုတာက
ဘယ်လိုအားပေးမှုမျိုးက ရင်ထဲ အသည်းထဲကလာတဲ့ စိတ်ကူးအိပ်မက်ရဲ့အင်အားပါတ
ဒီကနေ့ခေတ်မှာ တက်ကျမ်းတွေ၊ စိတ်ခွန်အားဖြစ်စေတဲ့စာတွေ ပျံ့နှံ့နေပါတယ်။ လူတော်တော်များများကလည်း တက်ကျမ်းပုံပြင်တွေ၊ အဆိုအမိန့်တွေနဲ့ အသိပေးနှိုးဆော်မှုတွေ၊ ရှေ့ဆက်လမ်းအတွက်တွဲခေါ်မှုတေ
-------------
မူရင်းလင့် -- http://www.85nian.net/
နိုင်းနိုင်းစနေ (June. 18. 2015) 10:27 PM
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။