Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, August 8, 2015

ပရဟိတနှလုံးသား


ပရဟိတနှလုံးသား
----------------------
၂ဝဝ၇ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့... အဲဒီနေ့မှာ အငြိမ်းစားယူစဖြစ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးကိုဖီအာနန်ဟာ တက္ကဆက်ပြည်နယ်က ခြံဝင်းကြီးတစ်ခုထဲမှာ charity dinnerတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပရဟိတညစာစားပွဲက အာဖရိကမှာရှိတဲ့ ဆင်းရဲသားကလေးသူငယ်တွေအတွက် အလှူငွေထည့်ဝင်တဲ့ပွဲဖြစ်တယ်။ ညစာစားပွဲမှာ ဖိတ်ကြားခံရသူတွေက သူကြွယ်ကုန်သည်ကြီးတွေနဲ့ အထင်ကရပုဂ္ဂိုလ်တွေဖြစ်တယ်။ ညစာစားပွဲစတင်ချိန်မှာ အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ယောက်နဲ့ အဲဒီခြံဝင်းဝနားရောက်လာခဲ့ပါတယ်။ ကလေးငယ်ရဲ့လက်ထဲမှာ ကြည်လင်ကောင်းမွန်တဲ့ ကြွေဗူးလေးတစ်လုံးပါတယ်။

ခြံဝင်းထဲ သူတို့နှစ်ယောက်ဝင်မယ်လုပ်တော့ ခြံစောင့်လုံခြုံရေးဝန်ထမ်းအန်ထော်နီက ခြံဝမှာတားပြီး “ကြိုဆိုပါတယ်… ကျေးဇူးပြုပြီးဖိတ်စာထုတ်ပါ.. ကျေးဇူးတင်ပါတယ်”လို့ဆိုတယ်

“ဖိတ်စာဟုတ်လား… တောင်းပန်ပါတယ်.. ကျွန်မတို့ကို ဖိတ်မထားပါဘူး။ သမီးလေးလာမယ်ဆိုလို့ ကျွန်မအဖော်လိုက်ခဲ့တာပါ”လို့ အမျိုးသမီးက ကလေးငယ်ရဲ့ခေါင်းကိုပွတ်သပ်ရင်း အန်ထော်နီကိုပြောပါတယ်။

“တောင်းပန်ပါတယ်… ဝန်ထမ်းတွေကလွဲလို့ ဖိတ်စာမပါတဲ့လူ ဝင်ခွင့်မရှိပါဘူး” လို့ အန်ထော်နီက ပြန်ဖြေတယ်။

“ဘာဖြစ်လို့လဲ.. အထဲမှာ ပရဟိတညစာစားပွဲကျင်းပနေတာ မဟုတ်လား။ ကျွန်မတို့က စေတနာနဲ့လာခဲ့တာပါ။ ဒါလည်း မရဘူးလား၊ ဒီသနားစရာလူစီလေးက ဒီနေရာမှာ အာဖရိက,က ကလေးငယ်တွေအတွက် အလှူခံပွဲတစ်ခုလုပ်မယ်လို့ တီဗွီမှာကြည့်ခဲ့ရလို့ သူလည်း အဲဒီသနားစရာကလေးငယ်တွေအတွက် တစ်ခုခုလုပ်ပေးချင်ခဲ့တယ်။ သူ့စုဗူးထဲက ငွေတွေအားလုံးကိုလှူမယ်လို့ဆုံးဖြတ်ပြီး လာခဲ့တာပါ။ ကျွန်မ မဝင်ရလည်း ရပါတယ်.. သူ့ကို တကယ်ပဲဝင်ခွင့်မပေးဘူးလား”

“ဟုတ်ပါတယ်.. အထဲမှာ အလှူပွဲတစ်ခုပြုလုပ်တော့မှာပါ။ ဒီပွဲမှာပါဝင်တဲ့သူတွေက အရေးပါတဲ့လူတွေဖြစ်တယ်။ အာဖရိက,က ကလေးငယ်တွေအတွက် သူတို့ရက်ရက်ရောရော ပေးကမ်းကြတော့မယ်။ ချစ်မေတ္တာစိတ်နဲ့ ခင်ဗျားတို့ ဒီကိုရောက်လာခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် ဒီပွဲထဲ ခင်ဗျားတို့ဝင်ဖို့မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်”

“ဦးဦး…. ပရဟိတဆိုတာ ငွေကြေးမဟုတ်ဘူး.. နှလုံးသားဖြစ်တယ်ဆိုတာ ဟုတ်ပါသလား” စကားတစ်ခွန်းမှဝင်မပြောခဲ့တဲ့ လူစီရဲ့စကားကြောင့် အန်ထော်နီတစ်ချက်တွေဝေသွားပါတယ်။

“အဖိတ်ကြားခံရတဲ့သူတွေမှာ ပိုက်ဆံအများကြီးရှိတယ်ဆိုတာကို သမီးသိပါတယ်။ ပိုက်ဆံတွေအများကြီး သူတို့လှူကြလိမ့်မယ်။ သမီးမှာ ပိုက်ဆံအများကြီးမရှိပါဘူး.. ဒါပေမယ့် ဒါဟာလည်း သမီးမှာရှိတဲ့ပိုက်ဆံအကုန်လုံးပါပဲ။ တကယ်လို့ သမီးကိုပေးမဝင်နိုင်ဘူးဆိုရင် ဒီပိုက်ဆံကို ဦးဦးယူပြီး သွားလှူပေးပါ” လူစီက ပြောပြောဆိုဆို အန်ထော်နီကို စုဗူးလေးကမ်းပေးလိုက်တယ်။

ယူရမလား၊ မယူရဘူးလား အန်ထော်နီမသိတော့ပါဘူး။ သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်မှာ “မလိုပါဘူး သမီးလေး… သမီးပြောတာမှန်တယ်… ပရဟိတဆိုတာ ငွေကြေးမဟုတ်ဘူး.. နှလုံးသားဖြစ်တယ်၊ သမီးလေး အထဲကိုဝင်နိုင်ပါတယ်။ မေတ္တာစိတ်ရှိသူတွေအားလုံး ဝင်နိုင်ပါတယ်” လို့ လူစီဘေးမှာရပ်နေတဲ့ မျက်နှာပေါ်မှာအပြုံးနဲ့အဘိုးအိုတစ်ဦးက ရုတ်တရက်ပြောလိုက်ပါတယ်။ ပြီးတော့ အဘိုးအိုဟာ ခါးညွှတ်ပြီး လူစီနဲ့ စကားခဏပြောလိုက်တယ်။ အဲဒီနောက် ခါးပြန်မတ်ပြီး ဖိတ်စာတစ်စောင်ကို အန်ထော်နီစီကမ်းပေးလိုက်ရင်း “သူ့ကို ကျွန်တော်အထဲခေါ်သွားလို့ ရနိုင်မလား”လို့ အန်ထော်နီကို မေးလိုက်တယ်။

အန်ထော်နီက ဖိတ်စာကိုလှမ်းယူပြီး ကြည့်လိုက်တယ်။ အဲဒီနောက် အဘိုးအိုကို ခါးညွှတ်အရိုအသေပြုပြီး “ဟုတ်ကဲ့ ရပါတယ်.. Mr. Warren Buffett” လို့ဆိုတယ်။

အဲဒီည ညစာစားပွဲမှာ မျက်နှာအရဆုံးလူက ညစာစားပွဲကျင်းပတဲ့ ကိုဖီအာနန်လည်းမဟုတ်သလို ဒေါ်လာ ၃သန်းလှူဒါန်းတဲ့ Buffett၊ ဒေါ်လာ ၈သန်းလှူဒါန်းတဲ့ ဘီဂိတ်လ်လည်းမဟုတ်ပါဘူး။ ဒေါ်လာ ၃ဝနဲ့ ၂၅ပြားလှူဒါန်းတဲ့ လူစီလေးပဲဖြစ်ပါတယ်။ လူအများရဲ့နွေးထွေးကြင်နာတဲ့ လက်ခုပ်သံကို သူရခဲ့ပါတယ်။ အဲဒီည ညစာစားပွဲရဲ့ခေါင်းစဉ်ကလည်း “ဟရဟိတဆိုတာ ငွေကြေးမဟုတ်ဘူး.. နှလုံးသားဖြစ်တယ်” လို့ ပြောင်းသွားပါတယ်။

နောက်တစ်နေ့မှာ အမေရိကန်မီဒီယာအများစုက အဲဒီစကားလုံးကိုအသုံးပြုပြီး ညစာစားပွဲအကြောင်းကို သတင်းမှာရေးသားဖော်ပြခဲ့ကြပါတယ်။ သတင်းဖတ်ရှုမိကြတဲ့ အမေရိကန်သာမန်မိသားစုအများကလည်း အာဖရိက,က ဆင်းရဲသားကလေးငယ်တွေအတွက် သူတို့တတ်စွမ်းသလောက် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
---------

မူရင်းလင့်-- http://blog.85nian.net/archives/37031.html

နိုင်းနိုင်းစနေ (Aug. 6. 2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။