Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 27, 2015

(၁၆)ကြိမ်ကြိုးပမ်းခြင်းရဲ့ရလဒ်



(၁၆)ကြိမ်ကြိုးပမ်းခြင်းရဲ့ရလဒ်
-------------------------------------
(၁၈၆၃)ခုနှစ် ဆောင်းရာသီမနက်တစ်ခုမှာ Verneတစ်ယောက် မနက်စာစားပြီး စာတိုက်ကိုသွားဖို့ ပြင်ဆင်နေခဲ့တယ်။ အဲဒီအချိန်မှာ တံခါးဝကဘဲလ် ရုတ်တရက်မြည်လာခဲ့တယ်။ Verne တံခါးဖွင့်ကြည့်တော့ စာပို့လုလင်တစ်ဦးကို တွေ့လိုက်တယ်။ စာပို့လုလင်က သူ့လက်ထဲပါဆယ်ထုပ်တစ်ထုပ် ကမ်းပေးလိုက်တယ်။ ပါဆယ်ထုပ်ကိုယူပြီး မလိုလားအပ်တဲ့အတွေးတစ်မျိုး Verneရင်ထဲ ရောက်လာခဲ့တယ်။ သူပထမဆုံးရေးတဲ့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုကို အနယ်နယ်အရပ်ရပ်က စာအုပ်တိုက်ကိုပို့ခဲ့ပေမယ့် ပြန်ပို့ခံရတဲ့ပါဆယ်တွေ (၁၄)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်တယ်။

လှုပ်ရှားနေတဲ့စိတ်နဲ့ ပါဆယ်ထုပ်ကို သူဖွင့်ကြည့်လိုက်တယ်။ ပါဆယ်ထုပ်ထဲမှာက "Mr.Verne ခင်ဗျားရဲ့စာမူကိုဖတ်ပြီးနောက် ကျွန်တော်တို့ရဲ့စာအုပ်တိုက်နဲ့ မကိုက်ညီတဲ့အတွက် ပြန်ပို့လိုက်ပါတယ်" လို့ရေးထားတယ်။ ဒီလိုစာမူပယ်တဲ့စာတွေ လက်ခံရရှိတိုင်း Verne ရင်တွေနာကျင်ခဲ့ရတယ်။ ဒီတစ်ကြိမ်က (၁၅)ကြိမ်ရှိခဲ့ပြီဖြစ်တယ်။

အရင်အခေါက်တွေထက် Verneစိတ်ဓာတ်ကျမိတယ်။ စာအုပ်တိုက်က "လူကြီးမင်း"တွေက သူ့လို နာမည်မရှိတဲ့စာရေးဆရာကို အကြည့်ထဲ ထည့်မထားကြဘူး။ Verneတွေးရင်းဒေါသဖြစ်မိပြီး နောက်ဘယ်တော့မှ စာမရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

စာမူထုပ်ကိုယူပြီး မီးရှို့ပစ်ဖို့ မီးဖိုဘေးနား သူလျှောက်သွားခဲ့တယ်။ အဲဒီအချိန်မှာ Verneရဲ့ဇနီးရောက်လာပြီး သူ့လက်ထဲကစာမူကို ဆွဲလုပြီး ရင်ခွင်ထဲတင်းတင်းပွေ့ထားလိုက်တယ်။ ဒေါသမပြယ်သေးတဲ့ Verneက ဘယ်သူတားတား၊ ဘယ်လိုပြောပြော စာမူကိုပြန်လုယူပြီး မီးရှို့ပစ်ဖို့ပဲသိခဲ့တယ်။ ဇနီးက Verneကို "ချစ်ရတဲ့ Verne...စိတ်အားမငယ်ပါနဲ့။ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ပါ။ ဒီတစ်ခေါက် ကံကောင်းနိုင်ပါတယ်" လို့ ဂရုစိုက်အားပေးစကားပြောမှ လက်ထဲကစာမူကို Verne ဖြည်းဖြည်းချင်း ချလိုက်တယ်။ တအောင့်ကြာလောက် သူငြိမ်သက်သွားမိပြီး ဇနီးအားပေးသလို စာမူထုပ်ကိုပိုက်ပြီး (၁၆)ကြိမ်မြောက်ကံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီတစ်ကြိမ်မှာ သူ့စာမူအရွေးခံခဲ့ရပါတယ်။ အရွေးခံရတဲ့အပြင် ထုတ်လုပ်သူက သူနဲ့အနှစ်(၂ဝ) စာအုပ်ထုတ်ဝေဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ သူရဲ့ပထမဆုံး စိတ်ကူးယဉ်သိပ္ပံစာအုပ်က သူ့ကို ပြင်သစ်ကမ္ဘာကျော်စာရေးဆရာ Jules Verneအဖြစ် လူသိများစေခဲ့တဲ့ Five Weeks in a Balloon (Cinq semaines en ballon)ပဲဖြစ်ပါတယ်။

ကျွန်တော်တို့မှာ အောင်မြင်ချိန်ရှိသလို ကျရှုံးချိန်လည်းရှိတတ်ကြတယ်။ အရာအားလုံးကို ကြိုတင်မခန့်မှန်းနိုင်ပေမယ့် ကျရှုံးချိန်မှာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ဖို့ အခွင့်အရေး မပေးနိုင်ခဲ့ရတာလဲ။ ဒီတစ်ကြိမ်ရဲ့ကြိုးစားမှုက အောင်မြင်မှုတွေကိုယ့်ဆီကို ဦးတည်ကောင်းဦးတည်နေပါလိမ့်မယ်။

အောင်မြင်ဖို့က လက်လျော့တာလောက် မလွယ်ကူခဲ့ဘူး။ စကားတစ်ခွန်း၊ သက်ပြင်းတစ်ချက်နဲ့ အနှစ်နှစ်အလလကြိုးစားခဲ့တဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အလွယ်တကူ လက်လျော့စွန့်ပစ်နိုင်ပေမယ့် အောင်မြင်ဖို့ကျတော့ ကိုယ့်အသိဉာဏ်၊ စိတ်ဓာတ်၊ ခံနိုင်ရည်အားကို ရင့်ကျက်လာတဲ့အထိ အကြိမ်ကြိမ်အစမ်းသပ်ခံပြီးမှ ရရှိလာတာဖြစ်ပါတယ်။

-------

နိုင်းနိုင်းစနေ (Sunday, February 14, 2010)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။