Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 30, 2015

“ ပို့ကုန်တွေ မဟုတ်ပါ ”


“ ပို့ကုန်တွေ မဟုတ်ပါ ”
================

ကုန်လွန်ခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာ လှိုင်သာယာက ဒေါ်ဝတုတ် (အမည်လွှဲ) တစ်ယောက် အိမ်ဦးခန်းက ဘုရားစင်ရှေ့ အကြိမ်တစ်ရာမက ဆုတောင်းခဲ့ရဖူးပါတယ်။ နေ့စဉ်လိုလို ရင်ထဲကသောကအပူမီးကို ရိုးရာ ယုံကြည်မှုဖြစ်တဲ့ ဗေဒင်၊ ယတြာတွေနဲ့ ငြှိမ်းသက်နိုင်ဖို့ အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့ရဖူးပါတယ်။

နှစ်ပတ်အကြာလောက်မှာတော့ ဒေါ်ဝတုတ် မျှော်လင့်နေတဲ့ သတင်းစကားကို သက်ဆိုင်ရာက သယ်ဆောင်လာခဲ့ပါတယ်။

““ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိတဲ့ သမီးကိုပြန်တွေ့ဖို့ ဗေဒင်တို့ ယတြာတို့ ချေလိုက်ရတာ အစုံပါပဲ။ အိမ်က ဘုရားစင်ရှေ့မှာ လည်း အကြိမ်ကြိမ်ပါပဲ၊ နောက်တော့ ခင်ဗျားသမီးရောက်နေတယ်။ လာ ခေါ်ပါဆိုမှ ရင်ထဲက အပူမီးကျသွားတော့တယ်”” လို့ ဒေါ်ဝတုတ်က လွန်ခဲ့တဲ့ သီတင်းသုံးပတ်အတွင်း တစ်စုံတစ်ရာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ အသက် ၂၀ အရွယ်ရှိ သမီးဖြစ်သူ မခိုင် (အမည်လွှဲ) အတွက် ပူပင်သောက ရောက်နေရတဲ့အကြောင်း အစပြုပြောလိုက် ပါတယ်။

ဒေါ်ဝတုတ်တို့ မိသားစု ငါးယောက်ထဲမှာ မခိုင်က ဒုတိယမြောက် သမီးဖြစ်ပြီးတော့ မိန်းကလေးဆိုလို့ သူတစ်ယောက်တည်းရှိတဲ့အတွက် စိတ်ပူပင်သောကပိုနေရတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
လွန်ခဲ့တဲ့ ဇွန်လအကုန် ဇူလိုင်လဆန်းပိုင်းလောက်မှာ ဒေါ်ဝတုတ် ရဲ့သမီး မခိုင်တစ်ယောက် လှိုင်သာယာမြို့နယ်အတွင်းက တစ်လ ခုနှစ် သောင်းအလုပ်ကိုစွန့်ကာ ရှမ်းပြည်နယ်အရှေ့မြောက် လားရှိုးမြို့မှာ တစ်လ တစ်သိန်းခွဲရမယ့် ဆေးရွက်ကြီး စိုက်ပျိုးတဲ့အလုပ်နောက် အပေါင်း အဖေါ် တွေနဲ့ လိုက်သွားရာက အဆက်အသွယ် ပြတ်ခဲ့တယ်လို့ သူမက ပြောပါတယ်။

အလုပ်အကိုင်ရှားပါးလွန်းတဲ့ နိုင်ငံ အတွင်းမှာ ဘွဲ့ရပညာတတ်တွေတောင် တစ်လ တစ်သိန်းခွဲ အလုပ်တစ်ခုရဖို့ အခြားပညာရပ်တွေ၊ ဒီဂီရီတွေ လိုအပ် နေတဲ့အချိန်မှာ အတန်းပညာမပြည့်စုံတဲ့ အရွယ်ငယ်မိန်းကလေးတွေအတွက် ပိုလို့ခက်ခဲကာ ရရာ အလုပ်ကို ငြင်းခွင့် မရှိ၊ ၀င်ရောက် လုပ်ကိုင်နေကြရပါတယ်။
အလုပ်အကိုင်ရှားပါးလာတဲ့အခါ မှာ ငွေရနိုင်တဲ့အလုပ်နောက်ကိုလိုက် ရင်း မနုဿမုဆိုးတွေရဲ့ သားကောင် ဖြစ်မှန်းမသိဖြစ်ခဲ့ရတာတွေ အများ အပြားရှိနေပါတယ်။ အဲဒီအထဲမှာ ဒေါ်ဝတုတ်ရဲ့သမီး တစ်ယောက်လည်း လစာကောင်းနောက်ကိုလိုက်ရင်း မနုဿမုဆိုးတို့ရဲ့ သားကောင်ဖြစ်ခဲ့ ရပါတယ်။
““အလုပ်ကောင်းတယ်၊ လာရှိုးဘက်မှာ ဆေးရွက်ကြီးစိုက်ပျိုးတဲ့ အလုပ်လုပ်ရမယ်ဆိုပြီးတော့ သွားလိုက်တာပဲ။ နောက်မှ တရုတ်မှာ ရောင်းစားခံရတယ်ဆိုတာ သိရတယ်”” လို့ ဒေါ်ဝတုတ်က ဆိုပါတယ်။

အတန်းပညာမပြည့်စုံခဲ့တဲ့အရွယ် ငယ်ငယ်မခိုင်တစ်ယောက် တရုတ်နိုင်ငံ ရွှေလီနယ်စပ်မြို့ကို ပတ်စပို့မပါ၊ ဗီဇာမလိုဘဲ ရောက်သွား ခဲ့ပါတယ်။

““သူတို့ခေါ်တဲ့ လားရှိုးတော့ရောက်တယ်၊ အဲဒီကနေတစ်ဆင့် လူ တစ်ယောက် ၅၀၀ ကျပ်ပေးရတဲ့ ခိုးပေါက်ကနေ တရုတ်ဘက်ကို စက် လှေနဲ့ရောက်သွားတာ””လို့ မခိုင်က ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေ လားရှိုးမြို့ကိုရောက်ပြီး၊ အဲဒီကတဆင့် မူဆယ်ကမ်းနား ခိုးပေါက်လို့ခေါ်တဲ့ ကမ်းနားကနေ စက် လှေစီးကာတရုတ်နိုင်ငံ ရွှေလီနယ်စပ်မြို့ကိုရောက်ခဲ့ရတယ်လို့ မခိုင်က လူကုန်ကူးမနုဿမုဆိုးတွေရဲ့ လစာငါးမျှားချိပ်ဟပ်မိပြီး သူတို့နဲ့အတူ အခြားအမျိုးသမီးငယ်တွေနဲ့ တရုတ်နိုင်ငံရောက်သွားရတဲ့အကြောင်း ကို ပြောပါတယ်။

““စက်လှေခ တစ်ယောက် တစ်ထောင်ကျပ်ပေးရတယ်၊ စက်လှေ မောင်းတဲ့သူတွေက တရုတ် မဟုတ်ဘူး၊ စက်လှေပေါ်မှလာ ကျွန်မတို့လို မိန်းကလေးနှစ်ယောက်ပါတာက တစ်အုပ်စု၊ တခြားကျွန်မတို့လို အုပ်စု တွေက လဲရှိတယ်၊ စက်လှေနဲ့ မကူးခင် ဒီဘက်မှာ လူစုထားတာလား မသိဘူး၊ မိန်းကလေးငယ်ငယ်လေးတွေအများကြီးပဲ၊ ကမ်းကပ်တော့ တရုတ်တွေက သူ့လူနဲ့သူလာခေါ်ကြတယ်၊ ကျွန်မတို့ကို တရုတ် လင်မယား နှစ်ယောက်လာခေါ်တာ”” လို့ မခိုင်က ပြောပါတယ်။
ရန်ကုန်ကနေ သူတို့ကို ခေါ်လာတဲ့ သူနှစ်ယောက်က တရုတ် လင်မယားလက်ထဲ သူတို့ထည့်ပြီး တစ်ယောက်အတွက် တရုတ်ငွေ ယွမ် ၈၀၀၀ ယူကာ နောက်တစ်နေ့မနက်ပြန်သွားကြတယ်လို့ သူမက ပြော ပါတယ်။

““ကျွန်မသိတာက လားရှိုးကအလုပ်မဟုတ်တော့ဘူး၊ တရုတ်နိုင်ငံ ထဲမှာ လုပ်ရတော့မယ်ပဲထင်နေတာ၊ ကျွန်မထက်အရင် ရောက်နေတဲ့ အစ်မက ငါတို့ကို ရောင်းစားထားတာ၊ နောက်နေ့ကျရင် တရုတ်တွေ လာခေါ်တော့မယ်ပြောမှ ရောင်းစားခံရမှန်း သိတာ”” လို့ သူမက ဆိုပါ တယ်။

အရွယ်ငယ်ငယ် မိန်းကလေးတွေကို အလုပ်ဗန်းပြကာ တရုတ် မယားအဖြစ်ရောင်းစားကြတယ်လို့ မကြာခဏ သတင်းစာတွေထဲမှာ ပါနေတာကို သူမ မလေ့လာမိတဲ့အတွက် ကိုယ်တိုင်ကြုံတွေ့မှ သိလာရ တဲ့အကြောင်း ဆိုပါတယ်။ မိုးလင်းမိုးချုပ် အလုပ်နဲ့လက်နဲ့မပြတ် နေ့စဉ် ၀မ်းရေးအတွက် လုပ်ကိုင်နေကြရတဲ့သူအများစုက သတင်းစာတစ်စောင် ဖတ်နိုင်ဖို့ အချိန်မပေးနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
““ရောက်ပြီး နောက်နေ့မှာ ကျွန်မတို့ကို အ၀တ်အစားအမျိုးမျိုးဝတ်ပြီး၊ ဓာတ်ပုံရိုက်တယ်၊ တော်တော်လေးကြာတော့ ကျွန်မတို့ယူရမယ့် သူတွေ ရဲ့ဓာတ်ပုံလာပြတယ်၊ အကုန်လုံးက အသက်ကြီးကြီးတွေပဲ၊ မယူနိုင်ဘူး၊ အလုပ်လုပ်ဖို့လာတာလို့ ပြောတော့ အိမ်ထဲမှာ တံခါးပိတ်ထားတယ်”” လို့ သူမက ဆိုပါတယ်။

ရိုးသားသောအလုပ်တစ်ခုရဖို့ မျှော်လင့်နေတဲ့ အရွယ်ငယ် မိန်း ကလေးတွေအတွက် မနုဿမုဆိုးတွေရဲ့ သက်ရှိလူသားကိုသက်မဲ့ ပစ်္စည်းတစ်ခုလို လက်လွှဲရောင်းစားခြင်းကို ဦးစွာခံရပြီး၊ ဘာသာစကားမတူ အသက်ကြီးကြီး တရုတ်နိုင်ငံသားတွေနဲ့ အတူနေဖို့ မနုဿလူပွဲစားတို့ရဲ့ ရောင်းချခြင်းကိုလည်း ထပ်ဆင့်ခံကြရပါတယ်။ အလုပ်ကိုသာလုပ်မယ်၊ တရုတ်နိုင်ငံသားတွေကို မယူဘူးလို့ ဇွတ်အတင်း ငြင်းပယ်ရင်တော့ မညှာမတာ ရက်စက်ခြင်းတွေနဲ့ မခံမရပ်နိုင်အောင်နှိပ်စက်တတ်ကြ တယ်လို့ တရုတ်မယားအဖြစ်ရောင်းစားခံရရာမှ လွတ်မြောက်လာသူတွေက ဆိုထားကြပါတယ်။

““ခံမပြောနဲ့၊ ငြိမ်နေလိုက်၊ နောက်မှထွက်ပြေးကြမယ်ပြောတော့ သူပြောသလိုငြိမ်နေလိုက်တယ်၊ တရုတ်လင်မယား နှစ်ယောက်လစ်တဲ့ အချိန် ကျွန်မနဲ့ အခန်းဖော်အစ်မတို့ ထွက်ပြေးလာခဲ့တယ်၊ လမ်းပေါ် ရောက်တော့ ဘယ်သွားလို့ ဘယ်လာ ရမှန်းမသိတော့ဘူး၊ ဈေးတန်းထဲ ဖိနပ်မပါဘဲပြေးနေတော့ ဆန်ရောင်းနေတဲ့ မြန်မာအစ်ကိုကြီးက ကျွန်မ တို့ကိုကယ်ပြီး လွယ်ဂျယ်စခန်းကို ဆိုင်ကယ်နဲ့ပို့ပေးတယ်”” လို့ မခိုင်က အရဲစွန့်ကာ တရုတ်တွေလက်ကလွတ်အောင်ပြေးခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။
လွယ်ဂျယ်လူကုန်ကူးတားဆီးနှိမ်နှင်းရေးအထူးတပ်ဖွဲ့မှတစ်ဆင့် လွယ်ဂျယ်ပြန်လည်ထူထောင်ရေးစခန်း၊ အဲဒီကနေ တစ်ဆင့် ရန်ကုန်က ပြန်လည်ထူထောင်ရေးစခန်းကို ပို့ပေးခဲ့လို့ အိမ်ကိုပြန်ရောက်ခဲ့ရတယ်လို့ သူမကဆိုပါတယ်။

မခိုင်ကို တရုတ်နိုင်ငံမှာ ရောင်းစားခဲ့တဲ့သူနှစ်ယောက်ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၂၄ နဲ့ တာမွေမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ မေ ၂၂ ရက်နေ့မှာလည်း လှိုင်သာယာမြို့နယ်က အသက် ၁၅ နှစ်အရွယ်မိန်းကလေး တစ်ယောက်ကို တရုတ်မယားအဖြစ်ရောင်းစား ခဲ့လို့ လူကုန်ကူးသူ သုံးယောက်ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၅/၃၂ နဲ့ လှိုင်သာယာရဲစခန်းမှာ အမှုဖွင့်အရေးယူထား ပါတယ်။

““ကျွန်တော်တို့မြို့နယ်က လူကုန်ကူးခံရတဲ့သူတွေ အများဆုံးပဲ၊ လှိုင်သာယာမှာက ဆင်းရဲတဲ့သူတွေများတယ်၊ အလုပ်တွေကလည်း လစာနည်းတော့ လစာများများပေးမယ်လို့ မက်လုံးပေးလိုက်ရင် ဘာမှ မစဉ်းစားကြတော့ဘူး လိုက်သွားကြတယ်၊ လူကုန်ကူးတဲ့သူတွေက လှိုင် သာယာကလူတွေကိုပစ်မှတ်ထားကြတယ်”” လို့ လှိုင်သာယာ မြို့နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ကိုဆန်းအောင်က အခြေခံလုပ်ခလစာ နည်းနည်းနဲ့ စားဝတ်နေရေးကို ကျပ်ကျပ်တည်းတည်း ဖြေရှင်းနေရတဲ့ လှိုင်သာယာလိုနေရာမျိုးတွေမှာ မနုဿမုဆိုးတွေရဲ့ စားကျက်တစ်ခုလို ဖြစ်နေရတဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူ တစ်ဝက်ကျော်လောက်က အမျိုး သမီးတွေ ဖြစ်ပြီးတော့ သားမယားအဖြစ် အဓမ်္မ ရောင်းစားခြင်းခံရတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတိုက်ဖျတ်ရေးဆိုင်ရာ ကုလသမဂ်္ဂအဖွဲ့ (ြ့ဦဃ) ကထုတ်ပြန်ထားတဲ့ ၂၀၁၄ လူကုန်ကူးမှုအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
လူကုန်ကူးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဇွန်အထိ လူကုန်ကူးခံရသည့်အမှုပေါင်း ၈၄၅ မှု၊ လူကုန်ကူးခံရသူပေါင်း ၁၈၅၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း လူကုန် ကူးခံရတဲ့ အမှုပေါင်း ၁၁၉ မှု၊ လူကုန်ကူးခံရသူ ပေါင်း ၂၅၉ ဦးထဲမှာ အမျိုးသမီး ၁၅၈ ဦးရှိပြီး၊ တရုတ်မယားအဖြစ်ရောင်းစား ခံရတဲ့ အမှုပေါင်း ၈၁ မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

လူကုန်ကူးတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ မှာ မည်သူမဆို အမျိုး သမီးများ၊ ကလေးသူငယ်နှင့် လူငယ် များအား လူကုန်ကူးမှုကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက် အထိချမှတ်ရမည့်အပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်လို့ ဖော်ပြထား ပါတယ်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင် အတွင်း အစီရင်ခံစာအရ လူကုန်ကူး အမှုပေါင်း ၇၄ မှုရှိခဲ့ပြီး လူကုန်ကူးခံရသူ ၂၂၅ ဦးရှိကြောင်း သိရသည်။
လူကုန်ကူးခံရသူတွေမှာ စိတ်ပိုင်း ဆိုင်ရာအနေနဲ့ အပြင်းအထန် ချောက် ချားခြင်း၊ ထိတ်လန့်မှုကြောင့် အိပ်မပျော် ခြင်း၊ မှတ်ဥာဏ်ပျောက်ကွယ်ခြင်း၊ စိတ် ကျရောဂါရခြင်း၊ လူ့အသိုက်အ၀န်းကို ကြောက်ရွံ့ခြင်း၊ စိုးရိမ်မှုများပြားခြင်း၊ ဆုံး ဖြတ်နိုင်မှုစွမ်းရည်ကျဆင်းခြင်းတွေရှိ့ နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ကူးစက် ရောဂါများရနိုင်ခြင်း၊ ဒဏ်ရာ အနာ တရများရခြင်းတို့ ဖြစ်နိုင်ကြောင်း ပညာရှင် များက ပြောကြပါတယ်။

လူကုန်ကူးခံရသူတွေကို ပြန်လည် လက်ခံရေး၊ လူမှုအသိုက် အ၀န်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ဖွဲ့ပြီး သက်ဆိုင်ရာက ကူညီမှုတွေပေးနေတာ ရှိပါတယ်။

““အဓိက ကတော့ ဖြစ်ပြီးတဲ့ကိစ်္စတွေကို ဘယ်လောက်အထိ ပြန် သတိရနေလဲ၊ အချိန်တစ်ပတ်လောက်အထိ အရင်ကိစ်္စတွေကို သတိရ နေတာနဲ့ နှစ်ပတ်လောက်အကြာမှာ ပြန်အမှတ်ရနေတာ နည်းလာသလား၊ များလာသလား၊ နည်းလာတယ်ဆိုရင် ဆရာဝန်နဲ့တွေ့ဖို့လိုနေပြီ၊ တဖြည်းဖြည်းနဲ့ ပြန်အမှတ်ရတာ နည်းသွားရင်တော့ ပုံမှန် သြမာေူ ပဲ၊ အဓိကကတော့ သူ့ကို လူတွေနဲ့ စကားများများ ပြောဖို့လိုတယ်၊ ရယ်စရာ ဟာသတို့ ပြော၊ ဒါမှနဂို ပုံမှန်ဖြစ်မယ်”” လို့ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာစိုးမင်းက ပြောသည်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြုံလာခဲ့ရင် စိတ်ပညာရှင်တွေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့လိုမှာ ဖြစ်တယ်လို့ ဒေါက်တာစိုးမင်းက အကြံပြု ပြောပါတယ်။

““အခုဘယ်မှလည်း မသွားချင်တော့ဘူး၊ အလုပ်လဲမလုပ်တော့ဘူး၊ အိမ်ထဲမှာပဲ နေနေတယ်”” လို့ နေအိမ် ကျဉ်းကျဉ်းလေးထဲ မိသားစုနဲ့အတူ နေနေတဲ့ မခိုင်က ပြောပါတယ်။

မပြည့်စုံတဲ့ မိသားစုစားရေးတာဝန်တွေအတွက် သူ့သမီးဖြစ်သူကို နောက်တစ်ခါ ဒီလိုအဖြစ်ဆိုးတွေနဲ့ ထပ်ကြုံမှာစိုးတဲ့အတွက် နေအိမ်က နေအပြင် မထွက်ခိုင်းတော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် ““သူ့ကို တစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေရတယ်၊ သူအိမ်က ထပ် ပျောက်သွားမှာစိုးလို့”” လို့ ဒေါ်ဝတုတ်က ရှုပ်ပွနေတဲ့ ခေါင်းကိုတွင်တွင် ကုပ်ကာ ညည်းညည်းညူညူနဲ့ ဆိုလိုက်ပါတယ်။

မောင်သစ္စာ
Reporter News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။