အင်တာနက်သုံးပြီး အမုန်းပွားသူတွေကို ပြင်တင်ဝေဖန်ထားတဲ့ LAMB OF GOD တို့ရဲ့  သီချင်းတပုဒ်
-------------------------- -------------------------- -------------------------- ---------
အသစ်ထုတ်တဲ့ Revolver မဂ္ဂဇင်းထဲမှာ LAMB OF GOD တီးဝိုင်းရဲ့  အဆိုတော်ရန်ဒီက သီချင်းအသစ်တပုဒ်ဖြစ်တဲ့ "Delusion Pandemic" ကမ္ဘာလုံးနှံ့ယုံမှားလွန်းခြ င်းကူးစက်ရောဂါ ဆိုတဲ့ သီချင်းထဲမှာ လူတွေဟာ အင်တာနက်ပေါ်မှာ တယောက်နဲ့တယောက် မသိပဲ တိုက်ခိုက်ပြောဆိုနေကျတဲ့ အခြေအနေတရပ်ဟာ ခေတ်ပေါ်ယဉ်ကျေးမှုတခုလိုဖြစ် နေပြီဆိုတာကို ထင်ဟပ်ထားတဲ့အကြောင်း ခုလိုပြောပြသွားပါတယ်။ " ငါက ခေတ်နောက်ပြန်ဆွဲနေတဲ့ ကောင်တကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြောစရာတစ်ခုက ခေတ်ပေါ်နည်းပညာဟာ လူတွေရဲ့ လောကကြီးကိုမြင်တဲ့ အမြင်တွေကိုတော့ ပြောင်းလဲပေးနေတယ်လို့ မယုံကြည်ပါဘူး။ ဖောက်ပြန်ပြီး မူမမှန်တဲ့အယူအဆမျိုးတွေပေါ့ ။ ဘဝနဲ့ပတ်သက်ပြီး သာမန်ပါလို့ လူတွေလက်ခံထားကျတဲ့ဟာ တွေဟာ ခုအချိန်အခါမှာ ငါ့စိတ်ထဲမှာ အတော်လေးကို ပေါက်ကွဲစေတယ်။ အင်တာနက်ပေါ်မှာ ခင်များအနေနဲ့ လူမသိသူမသိ ပေါက်ကရပြောလို့ ရနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို တွေးကြည့်ကြည့်မယ်ဆိုရင် ဒါမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကသာဆို ဘယ်တော့မှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး "
ပြောချင်တာက ရယ်စရာ ကောင်းချင်ကောင်းနေလိမ့်မယ် ၊ ဂျက်စတင်ဘီဘာရဲ့  စင်ကယ်သီချင်းတပုဒ်ဆိုပါစို့ ။ သူ့ဂီတသံဟာ ဘာလည်းဆိုတာ ငါသေချာမသိပါဘူး။ ဒါပေမယ့် သေချာတာကတော့ မကောင်းဘူးလိုပဲ၊ ဘဝနဲ့ပတ်သက်ပြီးပြောင်းလဲသွားစေတဲ့ အကြောင်းအရာမျိုးတွေ သူမရေးပါဘူး။ တကယ်လို့များ 'I hate Justin Bieber' ဒါမှမဟုတ် 'Kill Justin Bieber' ဆိုတဲ့ ဟာမျိုးကို ဂိုးဂဲလ်မှာ ရှာကြည့်လိုက်၊ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထောင်သောင်းမကတွေ့ ရပြီးတော့ ကွန့်မန့်တချို့ မှာဆို ဘယ်သူမှန်း မသိတဲ့သူတွေ ရေးထားတာတွေလည်း ပါတယ်။ တချို့ ဆို ၁၄ နှစ်လောက်ပဲ ရှိသေးတဲ့ ချာတိတ်တွေ ပါပါလိမ့်မယ်။ သူတို့ရေးထားတဲ့ ကွန်မန့်တွေမှာ များသောအားဖြင့် ပေါက်ကရတွေများတယ်။ ဒီကောင်သေသင့်နေဘီ ဝိုင်းဗျင်းသင့်တယ် စသဖြင့် အဲတာမျိုးတွေပေါ့။ အများသုံးတဲ့ ဖိုရမ်တခုမှပြောနေကျတာဖြစ်ြ ပီး ထင်ရာမြင်ရာ လက်လွတ်စပယ်ပြောဆိုကျတာတွေဟာ ထမင်းစားရေသောက်လိုဖြစ်နေကျ ဘီ။ ဟုတ်တယ် ဂျက်စတင်ဘီဘာဟာ ဆိုးတာဖြစ်ကောင်းဖြစ်နိုင်တ ယ်။ ဒါပေမယ့် သူ့လုပ်ရပ်တွေက သေဖို့လောက်ထိ ထိုက်တန်လို့လား? သူလည်း ကနေဒါက ပေါ့စတားတယောက်ပဲလေ။ ငါသာ ကလေးဘဝတုံးက ဒါမျိုးတစုံတယောက်နဲ့ ပြဿနာတက်မယ်ဆို ဒီကောင့်ရှေ့ သွား မျက်နှာချင်းဆိုင်ထိုးပြီးေ ဖြရှင်းလိုက်လိမ့်မယ်။ ခုချိန်မှာ ဒီလို မဟုတ်တန်းတရားတွေ ပြောဆိုနေကျတာကို ဖတ်မိတာကိုက ငါ့အနေနဲ့ အတော်မိုက်မဲသလို ခံစားမိတယ်။ အတော်လေးကို ဒေါသဖြစ်စရာတွေပါ။
နောက်ပုံစံတမျိုးကတော့ အွန်လိုင်းပေါ်မှာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အုံလိုက်ကျင်းလိုက် ဝိုင်းအနိုင်ကျင့်တယ် ပြောရမလားပဲ။ လူတွေဟာ ခုဆို ဘယ်လောက်ထိတောင် တုံးသွားလည်းဆိုလို့ရှိရင် သန်းနဲ့ချီပြီးရှိတဲ့ မတူညီတဲ့ သတင်းဌာနတွေကရေးကျတဲ့ အကြောင်းအရာတခုကို မြင်မိပြီးတော့ သေချာမဆန်းစစ်ပဲ အမှန်လို့ယူဆလိုက်ကျတာပါပဲ။ ငါ အဖမ်းခံရတုန်းကဆိုပါစို့ ၊ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတော်တော်များများက Czech သတင်းဆိုဒ်တွေကနေတဆင့် အွန်လိုင်းပေါ်ရောက်လာခဲ့ပါတ ယ်။ ပြီးတော့ ဂိုးဂဲလ်ထရန်စလိတ်ခေါ်တဲ့ ဘာသာပြန်တဲ့ဟာကနေ ဘာသာပြန်ပစ်လိုက်ကျတယ်။ ကွန်ပြူတာပရိုဂရမ်တွေနဲ့ ဘာသာပြန်ထားတာကြောင့် မူလစကားလုံးတွေမှာရှိတဲ့ အရေးပါတဲ့ အချက်အလက်တွေဟာ ဆိုလိုရင်း မရောက်ပဲ လုံးဝပျောက်ဆုံးကုန်တယ်။ တခါ အဲကနေ ရလာတဲ့ သတင်းတွေကို လူတွေကထပ်ပြီး ချဲ့ ကားကျတယ်။ ပြီးတော့ သူတို့ဟာ အဲဒီအကြောင်းအရာတွေကို အဖြစ်မှန်အနေနဲ့ စတင်လက်ခံလိုက်ကျတယ်။ ပြဿနာက အဲ့ဒါပါပဲ။
"Delusion Pandemic" ဆိုတဲ့ ၉ ပုဒ်မြောက်သီချင်းက LAMB OF GOD တို့ရဲ့  ၇ ချပ်မြောက် အယ်လ်ဘမ်အသစ်ဖြစ်တဲ့ VII: Sturm Und Drang ထဲကဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဂျူလိုင်လက ထွက်ရှိထားခဲ့တာဖြစ်ပါတယ်။ အင်တာနက်သုံးစွဲပြီး အကြောင်းရာကိစ္စရပ်တွေကို အသေချာ ဝေဖန်ပိုင်းခြား မဆန်းစစ်ပဲ အမုန်းပွားသူတွေရဲ့  ဖြစ်ရပ်တွေကို ခေတ်နဲ့လျော်ညီစွာ ထင်ဟပ်စေတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။
ခင်သောမင်သော စကော်ပီယံများ \m/
သီချင်းနဲ့စာသားတွေကိုတော့ ကွန့်မန့်အောက်က ယူကျူ့ လင့်မှာ ခံစားနိုင်ပါတယ်။
ref: blabbermouth
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။