Myanmaalinn added 10 new photos.
ချနိုင်ပါတယ်။ တကယ်တော်တယ်ဆိုရင် ပြောတာပါ။ အဲ့ဒီလိုဟက်ဖို့အတွက် hardware ဟက်ကာတွေမှာ hacking Firmware အချို့ ထည့်ထားတဲ့ Stick ကို အမြဲ ဆောင်ထားရပါတယ်။ တကယ် ပြည့်စုံချင်ရင် Router, နဲ့ အခြားသော ကွန်ပြူတာချိတ်၊ network ချိတ် ပစ္စည်းများကိုပါ ဆောင်သွားရပါတယ်။ အဲ့ဒီလို ဆောင်တဲ့အခါ ကိုယ် ဟက်ချင်တဲ့ နေရာကို ဝင်တော့ အခက်တွေ့ပါတယ်။ စစ်ဆေးတွေ့ရှိခြင်း ပါ။ ဒီတော့ ယင်းကဲ့သို့ မတွေ့နိုင်အောင် ရည်ရွယ်ပြီးတော့ SexyCyborg အမည်ရ ဟက်ကာမလေးက ဒေါက်ဖိနပ်တစ်မျိုးကို ဒီဇိုင်းဆွဲ တီထွင်ပါတယ်။ ယင်းထဲမှာ Hacking လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်း အားလုံးကို အစီစဉ် တကျ ထည့်နိုင်ပါတယ်။
တစ်ဖက်မှာ Router ပါပြီး အခြားတစ်ဖက်မှာလည်း ပစ္စည်း အစုံပါပါမယ်။ သူမဟာ ယင်း ဖိနပ်ရဲ့ 3D Design ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ 3D Printer အသုံးပြုပြီး လူတိုင်း ဖိနပ်လုပ်နိုင်အောင် ဖြစ်ပါတယ်။ 3D Printing ဖိနပ် ဖြစ်ပါတယ်။ သူမအနေနဲ့ hacking လုပ်ချင်တဲ့အခါ အပေါ်မှာ ရင်သားပေါ်ပေါ် ပေါင်သားပေါ်ပေါ် ဝတ်ဆင်ပါတယ်။ အဓိကကတော့ သူမရဲ့ အပေါ်ပိုင်း အလှများနဲ့ အာရုံလွဲဖို့ ဖြစ်ပါတယ်။ အဲ့လိုအချိန်ကျတော့ သူမရဲ့ ဒေါက်ဖိနပ်မှာ ဘာတွေ ပါတယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့ ပါဘူး။
သူမရဲ့ 3D Printing ဖိနပ် ဒီဇိုင်းကို Download ဆွဲသူ များပြီး သူမရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟက်ကာလောကသားမျာက ချီးကျူးထောပနာ ပြုခဲ့ကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။