Kumudra added 2 new photos.
ဘန်ကောက်ဗုံးခွဲမှုက ပုဂ္ဂိုလ်ရေးလက်စားချေမှုလို့ ထိုင်းရဲချုပ်ပြော
++++++++++++++
ဘန်ကောက်၊ သြဂုတ် ၃၀။ ။
++++++++++++++
ဘန်ကောက်၊ သြဂုတ် ၃၀။ ။
ဘန်ကောက်ဗုံးခွဲမှုဟာ နိုင်ငံတကာအကြမ်းဖက်လုပ်ရပ်တစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးလက်စားချေမှု ဖြစ်တယ်လို့ ရဲချုပ် ဆွန်ယော့ ပွန်ပန်မြောင်က ပြောပါတယ်။ မြို့လယ်ခေါင် ဧရာဝဏ်ဗုံးခွဲမှုမှာ အဓိကသံသယရှိသူ တစ်ဦးကို ထိုင်းရဲက ဖမ်းဆီးပြီးနောက် ပြုလုပ်တဲ့ စနေနေ့ညနေ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ဗုံးခွဲရတဲ့ ရည်ရွယ်ချက်က သူ့မိသားစုနဲ့ မိတ်ဆွေတွေအတွက် ပုဂ္ဂိုလ်ရေးလက်စားချေဖို့ဖြစ်တယ်လို့ ဆွန်ယော့က ပြောပေမယ့် အသေးစိတ်ပြောကြားခြင်းတော့ မရှိပါဘူး။
ထိုင်းရဲတပ်ဖွဲ့ဟာ သြဂုတ် ၁၇ ဗုံးကွဲမှုမှာ အိတ်ထားခဲ့သူရဲ့ပုံပန်းသဏ္ဍာန်နဲ့ တူညီတဲ့ နိုင်ငံခြားသားတစ်ယောက်ကို စနေနေ့ (သြဂုတ် ၂၉)က ဖမ်းဆီးရမိခဲ့ကြောင်း ပြောပါတယ်။ မြို့တော်ဆင်ခြေဖုံးတစ်ခုမှာရှိတဲ့ တိုက်အဟောင်းတစ်ခုကို ရဲက ဝင်ရောက်စီးနင်းတဲ့အခါ ပတ်စပို့အတု အများအပြားနဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေကို တွေ့ရှိရပြီး အဲသည်ပစ္စည်းတွေဟာ ဧရာဝဏ်ဘုရားကျောင်းဗုံးခွဲမှုမှာ အသုံးပြုတဲ့ပစ္စည်းတွေ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီး ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတည်းက ရောက်ရှိခြင်းဖြစ်ပါတယ်။ သူ့ကို တရားမဝင်ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်ရှိမှုနဲ့ စစ်စခန်းတစ်ခုမှာ ထိန်းသိမ်းထားပြီး ပတ်စပို့တွေဟာ အတုဖြစ်ကြောင်း သူကဝန်ခံပါတယ်။
နောက်ထပ် တရားခံဖြစ်နိုင်သူတွေကိုဆက်လက်ရှာဖွေနေပြီး သက်သေအထောက်အထားတွေအရ သံသယရှိသူဟာ ဒုတိယဗုံးပေါက်ကွဲမှုမှာလည်း ပါဝင်ပတ်သက်နေတယ်ဆိုတာကို ပြနေတယ်လို့ အမျိုးသားရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ်သာဗွန်သီရိက ပြောပါတယ်။
အခုဖမ်းဆီးထားသူဟာ အဓိကသံသယရှိသူဖြစ်တဲ့ ဆံပင်ပွပွ၊ ရှပ်အဝါရောင်ဝတ်ထားပြီး ဗုံးပေါက်ကွဲတဲ့နေရာမှာ ကျောပိုးအိတ်ကို ချတဲ့ လူငယ်တစ်ယောက်နဲ့ ဆင်တူတယ်လို့ ပရာဝတ်က ပြောပါတယ်။
သြဂုတ်လ ၁၇ ရက်မှာ ဧရာဝဏ်ဘုရားကျောင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အခုထိ ဗုံးဖောက်ခွဲမှုက ဘယ်သူ့လက်ချက်ဆိုတာ ထုတ်ဖော်ပြောကြားသူ မရှိသေးဘဲ လုပ်နိုင်စွမ်းနဲ့ ရည်ရွယ်ချက်အရ ထိုင်းတောင်ပိုင်း မလေးလူမျိုးခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လား၊ စစ်အစိုးရကို ဆန့်ကျင်သူတွေရဲ့ လက်ချက်လား၊ နိုင်ငံတကာအကြမ်းဖက်သူတွေရဲ့ လုပ်ရပ်လား၊ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံဆီ ပြည်နှင်ဒဏ်ခံရတဲ့ ဝီဂါမွတ်ဆလင်ထောက်ခံသူတွေရဲ့ လုပ်ရပ်လား ဆိုတာကို အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။
Ref: Reuters, Bangkokpost, Aug 29th
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။