Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 30, 2015

မြန်မာ ဘီယာ အရှုပ်တော်ပုံ


မြန်မာ ဘီယာ အရှုပ်တော်ပုံ

Singapore အခြေစိုက် Tiger Beer ကို ထုတ်လုပ်တဲ့ Asia Pacific Brewery Limited APBL နဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက် UMEHL တို့ (၅၅% - ၄၅%) ပူးတွဲ ဖက်စပ်၍ Myanmar Brewery Limited MBL ကို တည်ထောင်ပြီး စတင်ထုတ်လုပ် ခဲ့တဲ့ "မြန်မာ ဘီယာ" ပြသနာ ကိစ္စက လူသိ မများပဲ ပြီးစီးသွားပါတယ်။

မပြီးသေးတာကတော့ Aftermath နောက်ဆက် တွဲ ပြသနာ တွေပါ။

စကားမစပ် ကျွန်တော် သုတေသန အလုပ်ကို ပထမဦးဆုံး စလုပ်ချိန်မှာ စပြီး သုတေသန လုပ်ရတာ မြန်မာ ဘီယာဗျ။ 

APBL ရဲ့ အလုပ်အပ်မှုနဲ့ အခြား အေဂျင်စီ တစ်ခုနဲ့ ပေါင်းပြီး မြန်မာနိုင်ငံမှာ မြန်မာ band beer ထုတ်လုပ် ရောင်းချဖို့ Market Research ဆင်း Brand Testing, Taste Testing တွေ လုပ် ပေးခဲ့ရပါတယ်။

အရေးကြီးဆုံး ဖြစ်တဲ့ ဘီယာ အရသာ ကို စနစ်တကျ သုတေသနလုပ် ရွေးချယ်ပေး ခဲ့တာ ကိုယ်တွေပါဝင်တဲ့ သုတေသနအဖွဲ့ပါ။

(ဘီယာ အရသာ စမ်းဖို့ Central Location Test CLT လုပ်တော့ လူလိုနေတာနဲ့ ကိုယ့်ဟာကိုယ် volunteer လုပ်ပြီး အရသာ ဝင်စမ်းလိုက်တာ ငါးရက် ဆက်တိုက် grin emoticon အဲဒီမှာ ဘီယာ စစွဲ တာပဲ)

ပြောရင်း ဘေးရောက် ကုန်ပြီ ဘဝကလဲ စုံခဲ့ တာကိုး

APBL နဲ့ Tiger Beer ကို ဟော်လန် အခြေစိုက် Heineken Beer က ၅၅% ရှယ်ယာဝယ်ပြီး ထိမ်းချုပ်လိုက်တာကို ကြားလိုက်ပေမဲ့

မြန်မာဘီယာ ရှယ်ယာ ၅၅% ကို APBL ကနေ အချိုရေ ထုတ်တဲ့ Fraster & Neave F&N ဆီ ဘယ်လိုရောက် သွားလဲ မသိလိုက်ဘူးဗျ။

မြန်မာဘီယာ ပြသနာ စဖြစ်တာက အဲဒီ F&N ကို ၂၀၁၃ မှာ ထိုင်းက ဘီလီယံနာ သူဌေး ချယ်ယွန် ဆိုတဲ့ ပုဂ္ဂိုလ်က ဝယ်လိုက်တာက နေ အစပြု တယ်။

အဲဒီမှာ ဦးပိုင်က ထိုင်းလက်ထဲ ရှယ်ယာ မရောက် စေချင်တော့ F&N ဟာ စာချုပ် ဖောက်ဖျက်တယ် (မြန်မာ ဘီယာ စာချုပ်မှာ အခြားလူကို ရှယ်ယာ လွှဲပြောင်းခွင့် မရှိ) ဆိုပြီး စကာင်္ပူ တရားရုံးမှာ တရားစွဲ တယ်။ မြန်မာဘီယာ ရဲ့ အရပ်ရပ် တန်ဘိုး ကို ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဘိုးသင့်ပြီး F&N ပိုင်တဲ့ ၅၅% ကို ဒေါ်လာ ၂၄၆ သန်းပေး ပြန်လည် ဝယ်ယူခွင့် တောင်းတယ်။

ထိုင်းသူဌေးက ရှယ်ယာ မလွှဲပြောင်းရေးကို ပြန်ဖိုက်ပေမဲ့ မြန်မာ ဘက်က ချုပ်ထားတဲ့ စာချုပ်က ကောင်းလွန်း ခိုင်မာ လွန်းတော့ F&N တရားရှုံးသွားတယ်

(စကား မစပ် အဲဒီစာချုပ်ကို ရေးပေးခဲ့တာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မေတ္တာရိပ်မွန် ကင်ဆာ ဖောင်ဒေးရှင်း နဲ့ U Hla Tun & Associate တို့ရဲ့ ဥက္ကဌ RA ဦးလှထွန်းပါ ခင်ဗျာ။ ဆရာကြီး ဦးလှထွန်း ကျေးဇူးကြီးပါပေတယ်။ လက်ရှိ မြန်မာပြည် Chartered Accountant လောက မှာ သူလို လူတော်မျိုး မမြင်မိ သေးပါဘူး။ သူ့လက်ထက်က ချုပ်ပေးခဲ့တဲ့ နိုင်ငံတော် အဆင့် စာချုပ် မှန်သမျှ မြန်မာ အသာချည်းပဲ။ နောက်ပိုင်း ချုပ်ကြတဲ့ စာချုပ် တွေကတော့ သိတဲ့ အတိုင်းပဲ)

ပြောရင်း ဘေးတွေက ရောက်ကုန် ဗဟုသုတရ တယ် သဘောထားပါ ခင်ဗျာ။ အမှတ် မှားနေရင် လဲ ပြင်ပေးပါ။

F&N က တရားရှုံးပေမဲ့ ရှယ်ယာ တန်ဘိုးသင့် ရာမှာ ပြသနာတက်ပါတယ်။ သူတို့က ဒေါ်လာ သန်း ၅၀၀ ကို နည်းတယ် ကွန်ပလိမ့်တက်ပြီး နိုင်ငံတကာ ပညာရှင်တွေ ခေါ် တန်ဘိုး ဖြတ်ခိုင်း လိုက်တော့

ကျွန်တော်တို့ မြန်မာဘီယာ ဟာ အရပ်ရပ် တန်ဘိုး ဒေါ်လာ တစ်ဘီလီယံ တန်ပါတယ်တဲ့ ဗျာတို့ရေ။ မြန်မာပြည်မှာ တန်ဘိုး အရှိဆုံး မြန်မာပြည်ဖြစ် အမှတ်တံဆိပ် ကြီးပါဗျာ။

အဲဒီတော့ ထိုင်းသူဌေးက ၅၅% ဖြစ်တဲ့ ဒေါ်လာ သန်း ၅၅၀ တောင်းပါလေရော။ ဒီကိစ္စ အခြေ အတင် ဖြစ်။ ဦးပိုင်ကလဲ အဲဒီလောက် မပေးနိုင် ဖြစ်နေတုံး

ဂျပန် အခြေစိုက် KIRIN ဘီယာ ကုမ္ပဏီကြီးက ဝင်ရောက်လာပြီး F&N ကို ဒေါ်လာ သန်း ၅၆၀ ပေး မြန်မာဘီယာ ရှယ်ယာ ၅၅% ကို ဝယ်ယူ သိမ်းပိုက် လိုက်ကြောင်းပါ။

ဒီကိစ္စ အစအဆုံး သုံးနှစ်နီးပါး ကြာ တရား တဘောင် ဖြစ်ပြီးမှ

ကျွန်တော်တို့ မြန်မာဘီယာရဲ့ ရှယ်ယာ အများစု ဟာ မြန်မာတွေ လက်ထဲ ပြန်မရောက် ထိုင်းလက် ထဲလဲမရောက်ပဲ ဂျပန်လက်ထဲ ရောက်သွား ကြောင်းပါ ဗျာတို့ရေ။

ပြသနာက အခုမှစတာ

ဒီကိစ္စဖြစ်ပြီး ပြည်တွင်းမှာ ဘာဖြစ်လာလဲ ဆိုတော့ နဂိုက Tiger ဘီယာကိုပါ ဆက်လက် ဖြန့်ဖြူးနေတဲ့ MBL ဟာ Tiger Beer ကို ဆက်လက် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခွင့် မရှိတော့ပါဘူး။ Tiger နေရာမှာ Kirin ဂျပန်ဘီယာ ဝင်လာဖို့ များပါတယ်။

ဆိုတော့ ပြည်တွင်း Draught Beer စည်ဘီယာ မားကက်နဲ့ Tiger ပုလင်း မားကက်မှာ Tiger စည်တွေ ပုလင်းတွေ ပြီးသွားပါပြီ။ Tiger ဘီယာ ချစ်သူများ imported Tiger ဘီယာ ဗူးလေးသာ ဆက်သောက်ကြပါတော့။

မပြီးသေးပဲ ပြသနာဆက်တက်နေတာက (အောက်ခြေ မြန်မာ လုပ်ငန်းရှင် တွေဆီ ဘုန်းကြီး အမှု ရွာပါတ် လာတာက) ကုမ္ပဏီက ဒီကိစ္စကို ဆိုင်တွေ ဘားတွေကို မပြော အသိမပေးပဲ စည်ဘီယာ deposit တွေကောက် (တစ်ဆိုင် ငါးသိန်း ဆယ်သိန်း) ဘီယာစည် မချပေးပဲ အရူးကွက် နင်းနေတာပါပဲ။

စည် မပေးနိုင်မှန်း သိရဲ့သားနဲ့ ပိုက်ဆံ ကြိုကောက်။ စည်မချပေး နိုင်ရင် ပိုက်ဆံ ပြန်ပေးဆိုတော့ မပေးနိုင်။ မြန်မာဘီယာ ပုလင်းတွေ အစားထိုး ပေးမယ် ဆိုတယ်။ ကဲ အဲဒါဆိုလဲ မြန်မာဘီယာ ပုလင်းပဲ ပေးတော့ ဆိုတော့လဲ မပေးနိုင် နေ့ရွှေ့ညရွှေ့နဲ့ သပွတ်အူ အရှုပ်ထုပ် တွေ တက်လာတော့မဲ့ ကိန်း မြင်နေ ရပါပြီ။

ကိုယ်တွေကတော့ သူတို့ဟာ သူတို့ ရှယ်ယာကို ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းရောင်း တစ်ထောင် နဲ့ ရောင်းရောင်း ကိုယ့် အလုပ်မဟုတ်။ သူတို့လဲ မရ ကိုယ်လဲ ရတာမဟုတ်။ ကြားထဲက ထိုင်းက အလုပ်မလုပ်ရပဲ အမြတ် တစ်ထမ်းကြီးမ သွားတာ တော့ သိပ်မကြည်ဘူး။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ ကိုယ်မှ မဝယ်နိုင်တာ grin emoticon

ဒါပေမဲ့ ကိုယ်သွားသောက်နေကြ ဆိုင်မှာ သောက်နေကြ စည်ဘီယာ မရလို့ တင်းတယ်။ :((((

ပစ္စည်း မချ ပေးနိုင်တာ ကို သိနေရဲ့သားနဲ့ ဆိုင်ရှင်တွေ ဆီက ငွေကို ကုမ္ပဏီကယူ သွားတာကို မဖြစ်သင့်ဘူး ထင်တယ်။

ဒါကြောင့်မို့ Tiger ဗူးသောက်ပြီး မူးမူးနဲ့ ရေးတယ်

ဒါဗြဲ grin emoticon

Photo credit to original

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။