Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 20, 2015

လက်ရှိပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ဖြစ်လာသည့် ဦးဌေးဦး အကြောင်း


လက်ရှိပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ဖြစ်လာသည့်
ဦးဌေးဦး အကြောင်း
=============================

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးဟာ ပြည်ခိုင်ဖြိုးအကြီးအကဲ ဦးရွှေမန်းနှင့် စစ်တပ်အတွင်း တာဝန် ထမ်းဆောင်ခဲ့စဉ်တုန်းက အကြိတ်အခဲများ ရှိခဲ့ကြောင်းနှင့် သူလည်းဘဲ သမ္မတအဖြစ် စိတ်ကူးယဉ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း နတခတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိတစ်ဦးက စည်းလုံးခြင်းရဲ့အင်အားထံ သတင်းပေးပို့ခဲ့ပါတယ်။
လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌဖြစ်ပြီး ယခင်က ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် ဌေးဦးဟာ အပတ်စဉ် OTS – 43 ဗိုလ်လောင်းကျောင်းဆင်း အရာရှိတစ်ဦး ဖြစ်ပါတယ်။
OTS - 43 ကျောင်းဆင်းအရာရှိများဟာ ဘွဲ့ရအပတ်စဉ်ဖြစ်ပြီး ရန်ကုန် - မန္တလေး ရှိ ဝိဇ္ဇာ - သိပံ္ပ တက္ကသိုလ်များမှ ဘွဲ့ရ ကျောင်းသားလူငယ်များ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) သို့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းဆင်းချိန်ဟာ ၁၉၇၂ ခုနှစ် ဝန်းကျင်ကဖြစ်ပြီး တပ်မတော် ပြန်တမ်းဝင်အရာရှိ (ကြည်း) နံပါတ် BC. No (12000) ကျော်ပြီးကာစ DSA – 13 နောက်မှ ကပ်လိုက်လာတဲ့ အပတ်စဉ် ဖြစ်ပါတယ်။ ထိုခေတ်ကာလက ဗိုလ်လောင်း ၁၅၀ ကျော် ရှိတာမို့ အများဆုံး အပတ်စဉ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဌေးဦးဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့ ဇာတိဖြစ်ပါတယ်။ သူဟာ ဟောပြော ကောင်းသူဖြစ်ကာ မဆလပါတီရဲ့ သဘောတရားရေးရာ ကေဒါသင်တန်းများမှာ အမှတ်ကောင်း ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
မိခင်တပ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းမှာ စတင် တာဝန် ထမ်းဆောင်ခဲ့ကာ ရတခ (G-3) စစ်ဦးစီးမှူး (တတိယတန်း) ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ခလရ (၃၃) တန့်ယန်း (ရမခ) မှာ တပ်ခွဲမှူး (ဗိုလ်မှူး)၊ ခမရ (၁၀၂) တပ်ရင်းမှူး၊ တပ်မ (၉၉) တပ်မမှူး အဖြစ် ရာထူးအဆင့်ဆင့် တိုးလာကာ ဧရာဝတီတိုင်း နတခတိုင်းမှူး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
တပ်မ (၉၉) တပ်မမှူးနှင့် ရတခတိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဥာဏ်လင်းရဲ့ အနီးကပ်တပည့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၂ - ၂၀၀၃ ခုနှစ် နတခတိုင်းမှူး ဖြစ်ကာစမှာတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် တိုင်းမှူးတာဝန် လွှဲပြောင်း လက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဖူးစာဆုံသူကတော့ မဆလခေတ် ဗိုလ်မှူးကြီး ခင်ကျော်ညို၊ ဒေါက်တာမြနှောင်းညိုရဲ့ ညီမအရင်း ဒေါ်နီနီနှင့် အကြောင်းပါခဲ့ပြီးတော့ သားသမီး မရရှိကြောင်း သိရပါတယ်။
နတခတိုင်းမှူးတွေဟာ အဆက်ဆက် “ခေ” သူများ မဟုတ်ကြောင်း တွေ့ရှိရပါတယ်။ နတခတိုင်းမှူးများ ဖြစ်ခဲ့ကြတဲ့ ဦးသန်းရွှေ၊ ဦးမြင့်အောင်၊ ဦးတင်လှ၊ ဦးညွှန့်တင်နဲ့ ဦးရွှေမန်းတို့ အားလုံးဟာ တပ်မတော်သမိုင်းမှာ သူ့နေရာနှင့်သူ “ဇောင်း” ထက်ခဲ့သူကြများ ဖြစ်ကြပါတယ်။
ယခင်က ထိပ်တန်းနေရာများကို ရတခ၊ ရပခနှင့် ရကတ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများကသာ တက်ရန် လျာထားခဲ့ပေမဲ့ နောက်ပိုင်းမှာ နတခတိုင်းဟာလည်း နောင်မှာ ထိပ်ပိုင်းရာထူး ပေးမဲ့သူကို လျာထားတဲ့ တိုင်းအဖြစ် ထပ်တိုး သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။
ဧရာဝတီတိုင်းမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ဌေးဦး အနေနဲ့ တက်ကြွစွာ အားထည့်မည်လို့ စတင် ကြံရွယ် လုပ်ဆောင်ကတည်းက “ထီ” ကနဲဆို ထိပ်ပိုင်းရောက်နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ပြဿနာ တရပ် ဖြစ်ပွားခဲ့ပါတော့တယ်။
ဧရာဝတီတိုင်းဟာ စစ်ဆင်ရေး မရှိဘဲ စပါး အထူးအထွက်တိုးရေးနှင့် နိုင်ငံရဲ့အဓိက စပါးကျီ ဖြစ်တာမို့ အလွန် သတိထားရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်း အတွင်း မြို့နယ်တွေမှာရှိတဲ့ လယ်ဧကတွေကို စိုက်ဧကစစ်တဲ့ အဖွဲ့တွေအား စစ်ဆေးဖို့ ဗိုလ်ချုပ်ဌေးဦးက “တယက” အနေနဲ့ ညွှန်ကြားခဲ့ပါတယ်။
အဲဒီ စာရင်းတွေကို မြေစာရင်း ဦးစီးဌာနနဲ့ စစ်တဲ့အဖွဲ့တွေက Up to Date ပြန်မစစ်ဘဲ တင်ပေးလိုက်ဟန်တူပြီး အစိုးရအဖွဲ့ကို တင်လိုက်ရာမှာ ပြဿနာ စဖြစ်ပါတယ်။ (လယ်/ဆည်) ဝန်ကြီးဖြစ်နေတဲ့ ဦးညွှန့်တင်ဟာ (နတခ) တိုင်းမှူးက လာတာဖြစ်လို့ လယ်ဧက စာရင်းဇယားတွေ ဖေါင်းပွနေကြောင်း ထောက်ပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီမှာတင် ဗိုလ်ချုပ်ဌေးဦးက ယခုလို စာရင်းဖေါင်းပွရတာဟာ အရင်တိုင်းမှူး လက်ထက် (ဦးရွှေမန်း တိုင်းမှူး) တုန်းက စာရင်းဇယားတွေ ဖြစ်တယ်လို့ လွှဲချပါတယ်။
အဲဒီအခါ ဦးရွှေမန်း လက်ထက်တုန်းက (လိမ်ညာတင်ပြတဲ့ သဘောမျိုး) ပိုပြတဲ့ စာရင်းဇယားအဖြစ် ဘူးပေါ်သလို ပေါ်သွားတာကြောင့် ဦးရွှေမန်းအဖို့ ဒေါကန်ကာ အကြီးအကျယ် စိတ်ဆိုးခဲ့ပါတယ်။
ဒါနဲ့ဘဲ ဦးရွှေမန်းရဲ့ ပညာပေး “သမ” မှုကြောင့် ဗိုလ်ချုပ်ဌေးဦးခမျာ ဧရာဝတီတိုင်းက သူ့ဇာတိချက်မြေ (ဟင်္သာတ) မှာ ဖင်ပူအောင် မနေရဘဲ နောက်တဆင့်မြှင့် ရာထူးကိုတောင်မှ အိမ်မက် မက်ခွင့် မရရှာတော့ကာ သမဝါယမ ဝန်ကြီးအဖြစ်နဲ့သာ နှစ်သိမ့်ဆု ပေးခဲ့တာ ခံခဲ့ရပါတယ်။
ဗိုလ်ချုပ်ဌေးဦးရဲ့ အပြောအဆို ညက်ညောမှုနှင့်အလျှောက်ကောင်းမှုကြောင့် ဦးသန်းရွှေဟာ မဟာဂရုဏာ သက်ပြီးတော့ (လယ်/ဆည်) ဝန်ကြီးအဖြစ် ထပ်မပြောင်းရွေ့ပေးခဲ့ပါတယ်။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးအသင်းဟာ အထွေထွေ အတွင်းရေးမှူး ဦးသန်းအောင် တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေရာ ပြည်ခိုင်ဖြိုးအသင်း ထိပ်ပိုင်းမှာ တာဝန်ပေးဖို့ ဦးသန်းရွှေက လူရှာဖွေခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးအသင်းဟာ အရှိန်အဟုန်မြှင့် တိုးချဲ့လာတာကြောင့် စစ်တပ်မှ မည်သည့်ဗိုလ်ချုပ်ကမှ ဂွင်မကောင်းတာမို့ လုပ်ချင်စိတ်မရှိလို့ ဦးဌေးဦးနဲ့ ဦးအောင်သောင်းတို့ကိုသာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးများအဖြစ် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အဲဒီချိန်ကစပြီး ဦးဌေးဦးက ဘယ်သူမှ မသွားချင်တဲ့ ပြည်ခိုင်ဖြိုးအသင်းမှာ အားထည့်ပြီး လုပ်ပြခဲ့ရာက ပြည်ခိုင်ဖြိုးပါတီဟာ သူ့လက်သူ့ခြေ ဖြစ်နေပါတယ်။
ပြည်ခိုင်ဖြိုးကို မူလက လူမှုရေး အသင်းအဖွဲ့လို့ ဆိုထားရာက ပါတီအဖြစ် ရုတ်တရက် ပြောင်းလိုက်တော့မှ ဗိုလ်ချုပ်များလည်း အလုအယက် ၀င်ရောက်ကာ ထိုင်ခုံ ရှာဖွေကြပါတော့တယ်။
ဒီလို လုပ်ကိုင်ရာမှာ ဦးသန်းရွှေက ဦးဌေးဦးကို ပြည်ခိုင်ဖြိုးကိစ္စ ခေါ်ခိုင်းတိုင်း မင်းကိုအားကိုးပြီး တာဝန်ပေးချင်တာဆိုကာ နှစ်သိမ့်လေ့ရှိတတ်တာမို့ ဦးဌေးဦးတစ်ယောက်လည်း သမ္မတရောဂါ စိတ်ကူးယဉ်ခဲ့ဖူးကြောင်း တင်ပြလိုက်ရပါတယ်။
ပြီးတော့ ဌေးဦးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဓပြခဲ့ကြတဲ့ သံဃာတော်များကို ရိုက်ပုတ်သတ်ဖြတ်စေခဲ့တဲ့ အဓိကတရားခံတွေထဲက တစ်ဦးဖြစ်ပါတယ်။

#စည်းလုံးခြင်းရဲ့အင်အား

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။