မိခင်ဟူသည်မှာ
--------------------
သားငယ် မိုးရေတွေ စိုရွှဲလို့ ပြန်လာသောအခါ -
ဖခင်က - "ထီးဘာလို့ မယူသွားတာလဲ" ဟုမေးသည်။
အစ်မဖြစ်သူက - "မိုးတိတ်တဲ့ အထိ စောင့်ခဲ့ရောပေါ့" ဟု အကြံပေးသည်။
အစ်ကိုကတော့ စိတ်ဆိုးမာန်ဆိုးဖြင့် - "မင်း မိုးရေထဲ ပြန်လာရင် အအေးမိမှာ မသိဘူးလားကွ.. ဟေ" ဟု ဆူပူသည်။
အားလုံးဆီက စကားသံများမှာ ဂရုဏာဒေါသ စွက်နေကြောင်း ပေါ်လွင်လှပါသည်။ အမေကရော..
အမေက သားငယ်၏ ခေါင်းကို မျက်နှာသုတ်ပဝါဖြင့် မြန်မြန် သုတ် ပေးရင်း - "အော် ဒီမိုးကလဲ.. ကလေး အိမ်ပြန်ရောက်မှ ရွာတာ မဟုတ်ဘူး။"
သားငယ် မျက်နှာတွင် အပြုံးတစ်ပွင့် ထင်ဟပ်သွားလေသည်။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။