၂၉/၃၀.၈.၂၀၁၅ အတွက်မလေးရောက် မြန်မာနိုင်ငံသားအားလုံးသတိပြုရန်
********************************************************************************
(အထူး)သတိပေးခြင်း / ဆက်လက်မျှဝေရန်
မလေးရှား (၂၈.၈.၂၀၁၅)
********************************************************************************
(အထူး)သတိပေးခြင်း / ဆက်လက်မျှဝေရန်
မလေးရှား (၂၈.၈.၂၀၁၅)
မလေးရှားရောက်မြန်မာနိုင်ငံသားများအားလုံး သည် မနက်ဖြန် တွင် စတင်မည်ဖြစ်သော ၂ ရက်ကြာမည့် မလေးရှားနိုင်ငံလုံးဆိုင်ရာ လက်ရှိအစိုးရအားဝေဖန်ဆန့်ကျင်သည့် Bersih 4.0 ဆန္ဒပြပွဲ ရက်အတွင်း သတိပြုသွားကြရန် မလေးရှားရောက်မြန်မာများအဖွဲ့မှ အထူးသတိပေးရသည် ။ အောက်ပါအချက်များကို လေ့လာ ပြီး ရှောင်ကျဉ်နိုင်ရန် နှင့် လိုက်နာဆောင်ရွက်ရန် တိုက်တွန်းသည် ။
၁. ယခု နှစ် ဆန္ဒပြပွဲသည် ယခင်နှစ်များတွင် ကျင်းပခဲ့သော Bersih 2.0 , 3.0 တို့ကဲ့သို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ မြန်မာဆိုင်များအနီးတွပင် ထပ်မံပြုလုပ်မည်ဖြစ်သည် ။
၂. ကွာလာလမ်ပူ Time Square , Lowyat , Sogo , Kota Raya , Maybank Tower , Merdaka Square , China Town ၊ ဂျိုဟိုး ၊ ပီနန်း စသော နေရာများတွင်ပင် ယခုနှစ် ပြုလုပ်မည်ဖြစ်သောကြောင့် ထိုနေရာများတွင် သွားလာ ၊ တာဝန်ထမ်းဆောင်းနေသော မြန်မာအားလုံး အထူးသတိပြုသွားလာရန်လိုအပ်သည် ။
၃. ကွာလာလမ်ပူ ဆန္ဒပြသော နေရာများအနီးတွင် ဆန္ဒပြပွဲအချိန်များအတွင်း ကားလမ်းပိတ်ဆို့မှုများဖြစ်လိမ့်မည် ။ ရထားဘူတာ အချီု့ပိတ်ထားလိမ့်မည် ။
၎. ယခု နှစ် ဆန္ဒပြပွဲသည် ယခင်နှစ်များထက် ထူးခြားမှုရှိပါသည် ။ ယခင် တီရှပ်အကျီ အဝါ ဝတ်ဆင်ဆန္ဒပြသော Bersih အဖွဲ့တစ်ဖွဲ့တည်း ဆန္ဒပြခဲ့သောလည်း ***ယခုနှစ်တွင် ထိုအကျီင်္အဝါ ဝတ်ဆင်မည့်သူများကို ပြန်လည်ဆန့်ကျင်မည့် တီရှပ်အနီဝတ် Anti Bersih *** အဖွဲ့များမှ ပါဝင်လာမည်ဖြစ်သောကြောင့် ထိုင်နိုင်ငံတွင် ဖြစ်ခဲ့သော ရှပ်နီ ၊ ရှပ်ဝါ ၂ ဖွဲ့ ကဲ့သို့အလားတူသည့်အတွက် ခိုက်ရန်ဖြစ်ပွား မှုများနိုင်သောကြောင့် သတိထားရန်အထူးလိုအပ်သည် ။ (ရှပ်နီအဖွဲ့ ရက်နောက်ဆုံးကြောင်း ယနေ့ သတင်းထပ်မံရရှိထား)
၅. ဆန္ဒပြပွဲသည် ဆန့်ကျင်ဘက် အဖွဲ့ ၂ ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ ကြားမညပ်စေရန် ၂၉ နှင့် ၃၀ (စနေ ၊ တနင်္ဂနွေ) ၂ ရက်အတွင်း တီရှပ် ဗြောင် အဝါ နှင့် အနီ လုံးဝမဝတ်ဆင်ရန် အထူး (အထူး)သတိပေးတားမြစ်ရသည် ။
မလေးရှားရောက်မြန်မာများ အားလုံးသို့ ယနေ့အသိပေးအကြောင်းကြားသည် မှာ ..... မိမိသွားလိုသောနေရာသို့သွားနိုင်သည် သို့သော် တီရှပ် အဝါ ၊ နှင့် အနီလုံးဝ (လုံးဝ) မဝတ်ဆင်ရန် ထပ်မံသတိပေးသည် ။
ယခု သတိပေးချက်အား မလေးရှားရောက် သူငယ်ချင်း/မိတ်ဆွေများသို့ ဆက်လက် မျှဝေရန် တိုက်တွန်းသည် ။
မလေးရှားရောက်မြန်မာများ Facebook
www.facebook.com/mmrinmy
www.facebook.com/mmrinmy
Phpto : ,ယခင်နှစ်ပြုလုပ်ခဲ့သော Bersih ပုံရိပ်များ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။