Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 20, 2015

"ဒုက္ခသည်တွေရှိတယ်လို့ ကြားတာနဲ့ အဲဒီ့နေရာကို သွားပါမယ်။ သေရင်တောင်မှ ဒုက္ခသည်တွေ ကြားမှာပဲ သေမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ဝေဠုက HIVပိုးရှိလို့ နောက်ဆုံး အခြေအနေ ဖြစ်တော့မှာမို့လို့ မသေခင် အသက်စွန့်နေတယ်ဆိုပြီး ပြောနေတဲ့သူတွေ ဆေးစစ်ချက် လာကြည့်ကြပါ"



"ဒုက္ခသည်တွေရှိတယ်လို့ ကြားတာနဲ့ အဲဒီ့နေရာကို သွားပါမယ်။ သေရင်တောင်မှ ဒုက္ခသည်တွေ ကြားမှာပဲ သေမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ဝေဠုက HIVပိုးရှိလို့ နောက်ဆုံး အခြေအနေ ဖြစ်တော့မှာမို့လို့ မသေခင် အသက်စွန့်နေတယ်ဆိုပြီး ပြောနေတဲ့သူတွေ ဆေးစစ်ချက် လာကြည့်ကြပါ"

ကယ်ဆယ်ရေး ပရဟိတ လုပ်ငန်းများ တစိုက်မတ်မတ် လုပ်ဆောင်နေသော ဝေဠုကျော်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ယခုလပိုင်းအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် မြန်မာတစ်နိုင်ငံလုံးမှ ပရဟိတ ဆောင်ရွက်သူများစွာ ထွက်ပေါ်လာခဲ့သည်။ ပရဟိတ ဆောင်ရွက်နေသူများထဲတွင် သရုပ်ဆောင် အနုပညာရှင် တစ်ဦး၏ ကယ်ဆယ်ရေး လုပ်ဆောင်မှုများမှာ ပြည်သူများအကြား စိတ်ဝင်စားစရာ ကောင်းနေသလို ယင်း၏လုပ်ဆောင်မှုအား အကာအကွယ်ယူ၍ အလှူငွေ ကောက်ခံမှု အတုယောင်များလည်း ပေါ်ထွက်လာခဲ့ရာ အဆိုပါ ဝေဖန်မှုများနှင့် ပက်သက်၍ ဝေဠုကျော် ဖောင်ဒေးရှင်းမှ သရုပ်ဆောင် ဝေဠုကျော်အား Tomorrow ဂျာနယ်မှ အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Tomorrow - ပထမဆုံးမေးခွန်း အနေနဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း အမည်ခံပြီး အတုအယောင် အလှူခံမှုတွေ ရှိနေတယ်ဆိုတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ - ကျွန်တော် ဘယ်တုန်းကမှ အလှူမခံပါဘူး။ ရေဘေးသင့်ဖြစ်တဲ့ အချိန်မှာ ချက်ချင်းသိန်း ၅၀၀ထည့်ပြီး ကိုယ့်ဘာသာကိုယ် ထွက်သွားခဲ့တာတယ်။ အဲဒီလိုသွားတဲ့ သတင်းကြားတော့ အားလုံးက ၀ိုင်းပြီးလှူဒါန်းချင်ပါတယ်ဆိုလို့ လက်ရှိ ကျွန်တော်သုံးတဲ့ Bank Accountကို လှူဒါန်းခွင့် ပေးလိုက်တယ်။ ကျွန်တော့်ရုံးခန်းက သစ္စာလမ်းမှာ ဖွင့်ထားတာတော့ အမှန်ပါ။ ပြီးတော့ ရုံးခန်းမှာ လာလှူမယ့် သူတွေကိုပေးဖို့ ဖြတ်ပိုင်းကလည်း အမှန်ပါ။ ဒါပေမဲ့ ထပ်ပြီး အခြားအခြားသော ပြဿနာတွေ ဖြစ်ပေါ်လာမှာစိုးလို့ ဒီကနေ့ပဲ ဖွင့်ထားတဲ့ရုံးခန်းကို ရပ်လိုက်ပြီး ဖြတ်ပိုင်းတွေကို သိမ်းလိုက်ပါပြီ။ ဖြတ်ပိုင်းကိုတော့ ဒီ့ထက် Saveဖြစ်တဲ့ ဖြတ်ပိုင်းမျိုး နိုင်ငံခြားကနေမှာပြီး သေသေချာချာ လုပ်ပြီးသွားမှပဲ ပြန်လက်ခံပြီး ပေးသွားပါ့မယ်။ ဒါ့ကြောင့် ထပ်လှူမယ့် အလှူရှင်တွေကိုတော့ ဖြတ်ပိုင်းတော့ လက်ရှိမှာ မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ တရားဝင်ပြောထားတဲ့ Accountမှာတော့ တင်ပေးပါမယ်။ အကယ်၍ လှူထားတဲ့သူတွေ ကိုယ့်နာမည် မတွေ့ရသေးရင် သည်းခံပေးကြပါ။ ကျွန်တော်တို့က ရှေ့တက်ပြီး လုပ်နေရတာမို့လို့ Delayဖြစ်နေတာတွေ ရှိပါတယ်။ တစ်ချိန်မှာ အားလုံး ပြန်တွေ့ပါလိမ့်မယ်။

Tomorrow - လတ်တလော လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ ကိုဝေဠုကျော်ကို ၀န်ကြီးဌာနက တရားစွဲမယ်ဆိုတဲ့ သတင်းအပေါ်ရော ဘာများ ပြောချင်ပါသလဲ။

ဖြေ - အခုချိန်ထိ ၀န်ကြီးဌာနက တရားစွဲမယ်ဆိုတဲ့ ကိစ္စမျိုး မရှိခဲ့ပါဘူး။ အကယ်၍ လှူတဲ့သူတွေ အားလုံးကို တရားစွဲမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် တက်ပြီးတိုက်ပါမယ်။

Tomorrow - တချို့က ကိုဝေဠုကျော်ကို စတန့်ထွင်ပြီး လုပ်နေတယ်လို့ ပြောနေကြတာနဲ့ အစိုးရ၊ စစ်တပ်လော်ဘီလို့ ပြောနေတဲ့အပေါ်ကိုရော။
ဖြေ - ကျွန်တော့်ကို တချို့က စတန့်ထွင်တယ်လို့ ပြောကြပါတယ်။ စတီးကြိုးနဲ့ ခက်ခဲစွာ သွားခဲ့တာတွေက စတန့်ထွင်တာ မဟုတ်ပါဘူး။ ဒုက္ခသည်တွေရှိလို့ သွားခဲ့တာပါ။ ကျွန်တော်က အလှူမင်္ဂလာပွဲ ဖိတ်လို့ သွားချင်မှ သွားပါမယ်။ နောက်ဆုံး အများဆုံး သွားဖြစ်ရင်တောင်မှ နာရေးပါ။ မွေးနေ့ဖိတ်ရင်တောင်မှ မသွားပါဘူး။ ဘာလို့လဲဆိုတော့ မသေမချင်း မွေးနေ့ဆိုတာ ရှိနေဦးမှာပါ။ ကျွန်တော်ဟာ လိုအပ်တဲ့အလုပ်ကိုပဲ လုပ်တတ်ပါတယ်။ ပြီးတော့ကျွန်တော့်ကို စစ်တပ်လော်ဘီလား၊ နိုင်ငံတော်ရဲ့လူလားလို့ ပြောနေကြသလိုမျိုး ကျွန်တော်က ဘယ်ကမှ မဟုတ်ပါဘူး။ မည်သည့် နိုင်ငံရေးပါတီမှလည်း မလုပ်ပါဘူး။ အမျိုးသား နိုင်ငံရေးကိုပဲ လုပ်ပါတယ်။ ကျွန်တော် မကြိုက်ရင် မကြိုက်ဘူး။ ကြိုက်ရင်ကြိုက်တယ် ဒဲ့ပဲပြောတတ်တယ်။ ဘယ်လူမျိုး၊ အရာရှိမျိုး၊ အကြီးအကဲမျိုးပဲ ဖြစ်ဖြစ် မနိုင်ရင် ခြေသလုံး ဖက်ကိုက်ပါမယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်က ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဒုက္ခသည်မျက်နှာကြည့်ပြီး ဒုက္ခသည်တွေ အတွက်ပဲ ဒူးထောက်ပါ့မယ်။

Tomorrow - ကယ်ဆယ်ရေး လုပ်ဆောင်နေချိန်မှာ တာဝန်ရှိသူတွေရဲ့ တားမြစ်တာမျိုးတွေ၊ ကူညီပံ့ပိုးတာမျိုးတွေ ရှိပါသလား။

ဖြေ - ကယ်ဆယ်ရေး လုပ်နေချိန်မှာ သက်ဆိုင်ရာ တားမြစ်ချက် မရှိခဲ့ပါဘူး။ ကျွန်တော်တို့က သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနဲ့ ဒေသခံ ပရဟိတအဖွဲ့နဲ့ ပေါင်းစပ်ပြီး လုပ်ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတစ်ခုရဲ့ အခြေအနေ အားလုံးကို သူတို့အသိဆုံးမို့လို့ပါ။ ကျွန်တော်တို့က ဒုက္ခရောက်တဲ့နေရာ ရောက်သွားရင် ဧည့်သည်တွေ ဖြစ်သွားရပါတယ်။ ဒေသမှာရှိတဲ့ ကော်မတီတွေနဲ့ ပေါင်းစပ်ပြီး လုပ်တာပါ။

Tomorrow - ကူညီကယ်ဆယ်မှု အပိုင်းမှာ သွားလာရ ခက်ခဲတာတွေကို ဘယ်လို ကျော်ဖြတ်ပါသလဲ၊ ပြီးတော့ ဘယ်လောက် အတိုင်းအတာအထိ အကူညီပေးသွားမယ်လို့ ဆုံးဖြတ်ထားပါသလဲ။

ဖြေ - ကျွန်တော်က သင်တန်းတက်ထားပြီး ရဲအကြမ်းဖက်ကို ၀ါသနာပါလို့ တက်ခဲ့တဲ့ အတွက်ကြောင့် အခုလို ခက်ခဲတဲ့နေရာတွေမှာ လုပ်ဆောင်ရတာ တတ်ကျွမ်းနေတာပါ ကျွန်တော်တို့ အဖွဲ့တွေ ကိုလွင်မိုးတို့ရှိတဲ့ ရခိုင်ကို သြဂုတ် ၁၀ရက်နေ့မှာ သွားကြမယ်။ ဒုက္ခသည်တွေ ရှိတယ်လို့ ကြားတာနဲ့ အဲဒီ့နေရာကို သွားပါမယ်။ သေရင်တောင်မှ ဒုက္ခသည်တွေ ကြားမှာပဲ သေမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်သူတွေ ဘာပြောပြော နိုင်သလောက် ကြိုးစားပြီး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ပြည်သူကျွေးတဲ့ ထမင်းကို စားထား ပြီးပါပြီ။ ဒါ့ကြောင့် ပြည်သူတွေကို ပေးဆပ်ဖို့အတွက် အသက်ရှင်ပါ့မယ်။

Tomorrow - ကိုဝေဠုကျော် ကျန်းမာရေး အခြေအနေ မကောင်းဘူးလို့ ပြောနေကြတဲ့သူတွေအပေါ် ဖြေရှင်းချက်လေးသိပါရစေ။

ဖြေ - ကျွန်တော်က ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ အိမ်ပြန်မရောက်တာ ငါးလကျော် ရှိပြီဖြစ်လို့ ပင်ပန်းတဲ့အတွက်ကြောင့်မို့လို့ပါ။ အရေးကြီးတာက အိပ်လို့မရတာ။ လူကအိပ်တယ်လို့ ထင်ပေမယ့် အိပ်မပျော်တဲ့ညတွေက လပေါင်းများစွာ ဖြစ်လာတဲ့ အတွက်ကြောင့် ပိန်သွားတာပါ။ လူတွေပြောနေကြတဲ့ ဝေဠုကျော်က HIVပိုးရှိလို့ နောက်ဆုံး အခြေအနေ ဖြစ်တော့မှာမို့လို့ မသေခင် အသက် စွန့်နေတယ်ဆိုပြီး ပြောနေတဲ့သူတွေအားလုံး ဆေးစစ်ချက်ကို လာကြည့်ကြပါ၊ နောက်ဆုံး သွေးလှူခဲ့တဲ့ သွေးစာရွက်တွေ စံပြဆေးရုံမှာ ရှိပါတယ်။ ခုချိန်မှာ အဲဒါတွေမေ့ထားပြီး ဒုက္ခသည်တွေ အတွက်ပဲ စဉ်းစားသလို လက်ရှိအချိန်ထိလည်း သွေးလှူဖို့လည်း အဆင်သင့်ပါပဲ။

Tomorrow - အခုချိန်အထိ ဝေဠုကျော် ဖောင်ဒေးရှင်းမှာ လာလှူတဲ့ အလှူငွေက တော်တော်များနေပြီလား။

ဖြေ - အလှူငွေတွေက ဘဏ်ထဲဝင်လာသလို ကျွန်တော့်အထဲလည်း ၀င်နေတယ်။ ဒါပေမဲ့ စာရင်းအားလုံး မချုပ်ရသေးတော့ အကြမ်းဖျဉ်း သိန်း ၃၀၀၀ ပတ်ချာလည် ရှိသွားပါပြီ။ အလှူခံရတဲ့ စာရင်း အတိအကျကို ဖောင်ဒေးရှင်း ၀က်ဘ်ဆိုက်မှာ တင်ပေးပါ့မယ်။ ကျွန်တော်တို့ဆီမှာ လှူဒါန်းသူတွေ အားလုံးရဲ့ ပစ္စည်းနဲ့ငွေကို ပြန်လည်ပြီး တစ်ဆင့်လှူဒါန်း ပေးနေပါတယ်။ ကျွန်တော်တစ်ယောက်တည်း နေရာတိုင်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ် အလုပ်လုပ်နေကြတဲ့ ပရဟိတ အဖွဲ့တွေက ကျွန်တော့်ဆီ ရောက်လာတဲ့ ငွေကြေးပစ္စည်းတွေကို ကျွန်တော်က ပြန်ခွဲဝေချပြီးတော့ နေရာတွေခွဲပြီး လွှတ်ပါမယ်။ တခြားအဖွဲ့တွေလည်း ၀ိုင်းဝန်း လုပ်ဆောင်ပေးကြပါဦးလို့ ပြောချင်ပါတယ်။ အလှူအတွက်ကတော့ ကျွန်တော်တို့ အဓိက နေရာဖြစ်တဲ့ ကျွန်တော့်အိမ်၊ ဟန်ဇာမိုးဝင်းအိမ်နဲ့ ပန်းချီဆရာ စိုးမိုးအိမ်တို့မှာ ဖွင့်ပေးထားပါ့မယ်။

Tomorrow - အခုလို အချိန်မှာ ရေဘေးအတွက် ပရဟိတ လုပ်ဆောင်နေကြတဲ့ အပေါ် အစ်ကိုဘယ်လိုမြင်ပါသလဲ၊

ဖြေ - ပရဟိတ လုပ်နေရတာ မြင်ရတော့ ကောင်းပါတယ်။ ကျွန်တော်တစ်ခု ပြောချင်တာက လက်သင့်ရာတွေ လုပ်မယ့်အစား ကိုယ်လှူမယ့်မြို့မှာရှိတဲ့ မြို့မိမြို့ဖတွေနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ညှိနှိုင်းပေါင်းစပ်ပြီး တစ်ဒေသကို တစ်နေရာစီ တာဝန်ယူပြီး ကိုယ့်အဖွဲ့လေးနဲ့ လုပ်ရင်ကောင်းပါလိမ့်မယ်။ ပရဟိတ လုပ်နေတဲ့သူတွေ အလှူခံတဲ့ အချိန်ကို မစောင့်စေချင်တော့ဘူး။ အခြားသော ပရဟိတ လုပ်မယ့်သူတွေ အထောက်အထား ခိုင်လုံစွာနဲ့ ကျွန်တော့် ဆီလာခဲ့ပါ။ အစ်ကို့ဘက်ကနေ ငွေကြေးနဲ့ပစ္စည်းပါ ချပေးပြီး မရောက်သေးတဲ့ အရပ်တွေကို ညွှန်ပေးပါမယ်။ ခုချိန်မှာ တကယ် လိုအပ်နေတဲ့ အရေးကြီးတဲ့အချိန် ဖြစ်တဲ့အတွက် အလှူခံတဲ့ အချိန်ကို မစောင့်ချင်တော့ဘဲ ကျွန်တော့်ဆီ ၀င်လာတဲ့ အဖွဲ့တွေကို လူစုခွဲပြီး လွှတ်ပေးသွားမယ်။

Tomorrow - နောက်ဆုံးမေးခွန်း အနေနဲ့ အခုလို သဘာဝ ဘေးအန္တရာယ် ဆိုးရွားစွာ ဖြစ်လာတဲ့အပေါ် အကို့အမြင်လေး ပြောပြပေးပါ။

ဖြေ - လတ်တလော ဖြစ်သွားတာက သဘာဝဘေးကြောင့်ပါ။ သဘာဝ ပျက်စီးမှုများစွာ ဖြစ်တဲ့ အထဲမှာ သစ်တောတွေ ပြုန်းတီးတာလည်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သစ်တောတွေ ပြုန်းတီးသွားပါပြီ။ သဘာဝ ပျက်စီးမှုကြောင့် ကျွန်တော်တို့ လုပ်နေသလိုမျိုး သစ်တွေ ခုတ်တဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါ့ကြောင့် သင်တို့လည်း ဘာလုပ်ကြမှာလဲလို့တော့ ပြောချင်ပါတယ်။ တကယ်ပျက်စီးသွားတဲ့ လယ်ယာမြေတွေနဲ့ ပြန်လည်တည်ထောင်ရေး နေရာမှာလည်း နိုင်ငံတော်က သတိတရနဲ့ ပြန်လည်လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့တွေ အကုန်လုံး လုပ်နေကြပြီဆိုတော့ ဒီထက်ပိုပြီး ထိရောက်အောင် လုပ်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။

Tomorrow

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။