မိဘ၏ ကိုယ်ရည်ကိုယ်သွေးနှင့် သားသမီး
========================== ====
Personality ကောင်းတဲ့ သူဟာ အိမ်ထောင်ကျရင်လည်း အိမ်ထောင်ဖက် အပေါ် သဘောထားမှန်တယ်။ လွတ်လပ်ခွင့် ပေးတယ်။ လေးစားမှုရှိတယ်။ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးရှိတယ် ။ အိမ်ထောင်ဖက် နှစ်ယောက်လုံး Personality ကောင်းရင် အင်မတန် သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ပြီး တစ်ဦးကို တစ်ဦး အပြန်အလှန် အကျိုးပြုမယ်။ သားသမီး ရတဲ့ အခါမှာလည်း သားသမီးအပေါ် မှန်ကန်တဲ့ စိတ်နဲ့ ချစ်တတ်တယ်။ သားသမီးရဲ့ အရည်အချင်းတွေ အမြင့်မားဆုံး ထွက်အောင် အထောက်အကူ ပေးနိုင်တယ်။ မိဘတွေရဲ့ personality ဟာ သားသမီးတွေ အပေါ် အကျိုးသက်ရောက်မှု အများကြီးရှိတယ်။ ဘယ်လို အရည်အသွေး ရှိတဲ့ သားသမီးတွေ ဖြစ်လာမလဲ ဆိုတာ မိဘတွေရဲ့ Personality ပေါ်မှာ အများကြီးမူတည်တယ်။
နားလည်တတ် စာနာတတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ နားလည်တတ် စာနာတတ်တဲ့ သူတွေပဲ ဖြစ်မှာ ။ မိဘတွေဟာ တည်ငြိမ်အေးချမ်းတဲ့ စရိုက်ရှိရင် သားသမီးတွေဟာ လည်း တည်ငြိမ်အေးချမ်းတဲ့ သူတွေပဲ ဖြစ်မှာ ။ မိဘတွေဟာ ကူညီတတ်တဲ့သူ တစ်ကိုယ်ကောင်းမဆန်တတ်တဲ့သူ အကောင်းမြင်တတ်တဲ့ သူ ခွင့်လွတ်တတ်တဲ့ သူတွေ ဖြစ်ရင် သားသမီးတွေကလည်း ဒီလို ကိုယ်ရည်ကိုယ်သွေး ဖြစ်လာဖို့ပဲ များပါတယ်။
မိဘတွေဟာ နှုတ်ကြမ်း လျှာကြမ်းနဲ့ သည်းမခံ တတ်ကြဘူး ဆိုရင် သားသမီးတွေကလည်း ဒီလို အကျင့်တွေ ရှိနေကြမှာပဲ။ မနာလို ဝန်တိုစိတ် လိမ်ညာကောက်ကျစ်တဲ့ စိတ် တစ်ကိုယ်ကောင်းဆန်တတ်တဲ့ စိတ် အဆိုးမြင်တတ်တဲ့ စိတ်တွေ အားကြီးတဲ့ မိဘဟာ သားသမီးတွေကို အဲဒီ အမွေပဲ ပေးနိုင်လိမ့်မယ်။ ကိုယ့်အိမ်ထောင်ဖက်အပေါ် ယုံကြည်စိတ်ချလို့မရဘူး။ သံသယ စိတ်နဲ့ အမြဲပြောဆို ဆက်ဆံမယ်။ ပူပင်ကြောင့်ကြ နေရမယ်ဆိုရင် သားသမီးတွေဟာ လောကကြီးအပေါ် ယုံကြည် စိတ်ချမှု မရှိတဲ့သူတွေ သံသယ ကြီးသူတွေ ဖြစ်လာဖို့ အလားအလာ များတယ်။ မိဘတွေမှာ ငွေ ရေး ကြေးရေး ကြောင့် ဖြစ်စေ တစ်ခြားအဆင်မပြေမှုတွေကြောင့်  ဖြစ်စေ အမြဲ ပူပူဆူဆူ ဖြစ်နေရင် အဲဒါဟာ သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး အပေါ် ရိုက်ခတ်ဦးမှာပဲ နော်။
ငွေကြေးချမ်းသာကြွယ်ဝပြီး ဥာဏ်ပညာနည်းတဲ့ မိဘတွေဟာ ကိုယ်ကိုတိုင်က ကိုးရိုးကားရား အဝတ်အစားတွေ ဝတ်မယ်။ Night Club တွေမှာ အချိန်ဖြုန်းမယ်။ ပိုက်ဆံဖြုန်းမယ်။ တစ်ဖက်သားအပေါ် မောက်မောက်မာမာ ဆက်ဆံမယ်။မာန်မာန အားကြီးမယ်ဆိုရင်လည်း မိဘရဲ့ ဒီလို ကိုယ်ရည်ကိုယ်သွေးဟာ သားသမီးရဲ့ကိုယ်ရည်ကိုယ်သွေးအပေါ်မှာ ရိုက်ခတ်ဦးမှာပဲ။ ကိုယ့်ကိုကိုယ် ဘယ်လိုသဘောထားမယ် လောကကြီးအပေါ် ဘယ်လို သဘောထားမယ် ဆိုတာ မိဘနဲ့ ပတ်ဝန်းကျင်က အများကြီး ပုံဖော်ပေးတယ်။ ဗီဇကလည်း တစ်စိတ်တစ်ပိုင်း ပါတာပေါ့။ တစ်ချို့သားသမီးတွေကျတော့ မိဘနဲ့ လုံးလုံးမတူပဲ တစ်မူထူးခြားနေကြတာတွေလည်း တွေ့ဖူးပါတယ်။
ဒီလို မိဘရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို သားသမီးက အလိုအလျောက် အမွေဆက်ခံပြီးသား ဖြစ်သွားတယ်။ မွေးလာကတည်းက အတူနေလာပြီး မြင်တွေ့နေတာ ဆိုတော့ မိဘတွေရဲ့ ကိုယ်ရည်ကိုယ်သွေး အကောင်းအဆိုးဟာ သားသမီး အပေါ် အလိုအလျောက် ကူးစက်ပြီးသား ဖြစ်နေတယ်။ ဒါ့ကြောင့် ကိုယ်ကိုတိုင်က ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူ ဖြစ်ပြီး ကိုယ့်ရဲ့ မျိုးဆက်ဖြစ်တဲ့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူ ဖြစ်လာဖို့ အမှတ်တမဲ့ သဘောမထားပဲ ကိုယ့်ကိုယ်ကို လေးလေးနက်နက် တည်ဆောက်ယူသင့်တယ်။ မိဘတွေဟာ သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအတွက် ပထမဆုံး လက်ဦးဆရာပဲ ဖြစ်သင့်တယ်။
ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)
(ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်
သတိဖြင့် နေထိုင်ခြင်း ) စာအုပ်
==========================
Personality ကောင်းတဲ့ သူဟာ အိမ်ထောင်ကျရင်လည်း အိမ်ထောင်ဖက် အပေါ် သဘောထားမှန်တယ်။ လွတ်လပ်ခွင့် ပေးတယ်။ လေးစားမှုရှိတယ်။ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးရှိတယ် ။ အိမ်ထောင်ဖက် နှစ်ယောက်လုံး Personality ကောင်းရင် အင်မတန် သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ပြီး တစ်ဦးကို တစ်ဦး အပြန်အလှန် အကျိုးပြုမယ်။ သားသမီး ရတဲ့ အခါမှာလည်း သားသမီးအပေါ် မှန်ကန်တဲ့ စိတ်နဲ့ ချစ်တတ်တယ်။ သားသမီးရဲ့ အရည်အချင်းတွေ အမြင့်မားဆုံး ထွက်အောင် အထောက်အကူ ပေးနိုင်တယ်။ မိဘတွေရဲ့ personality ဟာ သားသမီးတွေ အပေါ် အကျိုးသက်ရောက်မှု အများကြီးရှိတယ်။ ဘယ်လို အရည်အသွေး ရှိတဲ့ သားသမီးတွေ ဖြစ်လာမလဲ ဆိုတာ မိဘတွေရဲ့ Personality ပေါ်မှာ အများကြီးမူတည်တယ်။
နားလည်တတ် စာနာတတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ နားလည်တတ် စာနာတတ်တဲ့ သူတွေပဲ ဖြစ်မှာ ။ မိဘတွေဟာ တည်ငြိမ်အေးချမ်းတဲ့ စရိုက်ရှိရင် သားသမီးတွေဟာ လည်း တည်ငြိမ်အေးချမ်းတဲ့ သူတွေပဲ ဖြစ်မှာ ။ မိဘတွေဟာ ကူညီတတ်တဲ့သူ တစ်ကိုယ်ကောင်းမဆန်တတ်တဲ့သူ
မိဘတွေဟာ နှုတ်ကြမ်း လျှာကြမ်းနဲ့ သည်းမခံ တတ်ကြဘူး ဆိုရင် သားသမီးတွေကလည်း ဒီလို အကျင့်တွေ ရှိနေကြမှာပဲ။ မနာလို ဝန်တိုစိတ် လိမ်ညာကောက်ကျစ်တဲ့ စိတ် တစ်ကိုယ်ကောင်းဆန်တတ်တဲ့ စိတ် အဆိုးမြင်တတ်တဲ့ စိတ်တွေ အားကြီးတဲ့ မိဘဟာ သားသမီးတွေကို အဲဒီ အမွေပဲ ပေးနိုင်လိမ့်မယ်။ ကိုယ့်အိမ်ထောင်ဖက်အပေါ် ယုံကြည်စိတ်ချလို့မရဘူး။ သံသယ စိတ်နဲ့ အမြဲပြောဆို ဆက်ဆံမယ်။ ပူပင်ကြောင့်ကြ နေရမယ်ဆိုရင် သားသမီးတွေဟာ လောကကြီးအပေါ် ယုံကြည် စိတ်ချမှု မရှိတဲ့သူတွေ သံသယ ကြီးသူတွေ ဖြစ်လာဖို့ အလားအလာ များတယ်။ မိဘတွေမှာ ငွေ ရေး ကြေးရေး ကြောင့် ဖြစ်စေ တစ်ခြားအဆင်မပြေမှုတွေကြောင်
ငွေကြေးချမ်းသာကြွယ်ဝပြီး ဥာဏ်ပညာနည်းတဲ့ မိဘတွေဟာ ကိုယ်ကိုတိုင်က ကိုးရိုးကားရား အဝတ်အစားတွေ ဝတ်မယ်။ Night Club တွေမှာ အချိန်ဖြုန်းမယ်။ ပိုက်ဆံဖြုန်းမယ်။ တစ်ဖက်သားအပေါ် မောက်မောက်မာမာ ဆက်ဆံမယ်။မာန်မာန အားကြီးမယ်ဆိုရင်လည်း မိဘရဲ့ ဒီလို ကိုယ်ရည်ကိုယ်သွေးဟာ သားသမီးရဲ့ကိုယ်ရည်ကိုယ်သွေ
ဒီလို မိဘရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို သားသမီးက အလိုအလျောက် အမွေဆက်ခံပြီးသား ဖြစ်သွားတယ်။ မွေးလာကတည်းက အတူနေလာပြီး မြင်တွေ့နေတာ ဆိုတော့ မိဘတွေရဲ့ ကိုယ်ရည်ကိုယ်သွေး အကောင်းအဆိုးဟာ သားသမီး အပေါ် အလိုအလျောက် ကူးစက်ပြီးသား ဖြစ်နေတယ်။ ဒါ့ကြောင့် ကိုယ်ကိုတိုင်က ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူ ဖြစ်ပြီး ကိုယ့်ရဲ့ မျိုးဆက်ဖြစ်တဲ့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူ ဖြစ်လာဖို့ အမှတ်တမဲ့ သဘောမထားပဲ ကိုယ့်ကိုယ်ကို လေးလေးနက်နက် တည်ဆောက်ယူသင့်တယ်။ မိဘတွေဟာ သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအတွက် ပထမဆုံး လက်ဦးဆရာပဲ ဖြစ်သင့်တယ်။
ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)
(ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်
သတိဖြင့် နေထိုင်ခြင်း ) စာအုပ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။