သစ်သားခွက်ကလေး
~~~~~~~~~~~~~~
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာ နေရတယ် ။
တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ
သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ်။
ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သားချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာ
ပါတယ် ။
စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြ
တယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ
နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ
အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။
အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်
နေခဲ့တယ် ။
တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..
တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေး
နားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူ နဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။
“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနို င်
တော့ဘူး အဖေက ထမင်းစားရင် လည်းအ သံမြည်တယ်
ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့
တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူ ကိုတိုင်ပင်တယ် ။
ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူ
စားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေး
သေးလေးနဲ့ ကျွေးပါတော့တယ် ။
အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ
ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်
ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။
အဲဒီအချိန်ကစလို့
အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်း
စားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ် သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။
ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့
မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေ
တာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘ
တွေကချို သာတဲ့စ ကားနဲ့မေးလိုက်တယ် ။
“ သား ဘာလုပ်နေတာလဲ ဟင် ”
သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ်
ပြီးတော့ ပြောလိုက်တယ် ..။
“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာ
ရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”
အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့
တယ် ။မိဘတွေဟာ သားဖြစ်သူစကား ကိုကြားပြီးအလွန်ပဲ
ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်း
မှ မပြောနိုင်ဘူး တုန် လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်က
နေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့
ထင်းကနဲ မြင်သွားခဲ့ရတယ် ။
အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ
သူတို့ကို ငေးနေ တာတွေ့လိုက်ရပါတော့တယ် ။
သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။
မိဘတွေကို
ချစ်ခင်ကြင်နာယု ယပြီး ကိုယ့်မျိုး ဆက်တွေအတွက်
မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြု
အမှုတွေကို မြင်တယ် .. ကြား တယ် ..လိုက်မှတ်သား
တယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။
တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ ဖခင်
တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက်ဖြစ် လာဦးမှာ
ပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ
သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်
ပါစေ ..။
“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”
( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )
မူရင်း - "The Wooden Bowl"
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာ
တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ
သူ့မြေးလေးတွေရှိတဲ့နေရာမှာ
ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီ
ပါတယ် ။
စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြ
တယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ
နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ
အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။
အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်
နေခဲ့တယ် ။
တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..
တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေး
နားကိုဖိတ်လို့ဖိတ်ကြမ်းပြင
“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနို
တော့ဘူး အဖေက ထမင်းစားရင် လည်းအ သံမြည်တယ်
ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့
တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူ ကိုတိုင်ပင်တယ် ။
ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူ
စားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေး
သေးလေးနဲ့ ကျွေးပါတော့တယ် ။
အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ
ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်
ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။
အဲဒီအချိန်ကစလို့
အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်း
စားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ် သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသ
ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့
မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေ
တာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘ
တွေကချို သာတဲ့စ ကားနဲ့မေးလိုက်တယ် ။
“ သား ဘာလုပ်နေတာလဲ ဟင် ”
သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ်
ပြီးတော့ ပြောလိုက်တယ် ..။
“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာ
ရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”
အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့
တယ် ။မိဘတွေဟာ သားဖြစ်သူစကား ကိုကြားပြီးအလွန်ပဲ
ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ
မှ မပြောနိုင်ဘူး တုန် လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်က
နေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့
ထင်းကနဲ မြင်သွားခဲ့ရတယ် ။
အိမ်ထဲကိုလှမ်းကြည့်လိုက်တေ
သူတို့ကို ငေးနေ တာတွေ့လိုက်ရပါတော့တယ် ။
သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။
မိဘတွေကို
ချစ်ခင်ကြင်နာယု ယပြီး ကိုယ့်မျိုး ဆက်တွေအတွက်
မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြု
အမှုတွေကို မြင်တယ် .. ကြား တယ် ..လိုက်မှတ်သား
တယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။
တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ ဖခင်
တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက်ဖြစ် လာဦးမှာ
ပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ
သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်
ပါစေ ..။
“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”
( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )
မူရင်း - "The Wooden Bowl"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။