မျက်ရည်နဲ့ နှုတ်ဆက်သွားတော့မှာလား မြို့ကလေး ရေ …
|| ဆောင်းဝင်းလတ် ||
ကျွန်တော် ကျောင်းသားဘ၀က စက်မှုလက်မှုသင်တန်းတက်ဖို့အတွက် အဆောင်မှာ တခြားကျောင်းသားတွေနဲ့အတူ နေခဲ့ရတယ်။ အဆောင်ရဲ့ပတ်ဝန်းကျင်မှာတော့  ကျောင်းကုန်းဆိုတဲ့ ရွာလေးတစ်ရွာရှိပြီး နေ့လယ်နေ့ခင်းဆိုရင် ကျွဲကျောင်းသား၊ နွားကျောင်းသားတချို့လည်း ဖြတ်သွားဖြတ်လာရှိတတ်ပါတယ်။ ကျွန်တော့်ရဲ့ ခုတင်ဘေးမှာ အဆောင်ပြတင်းပေါက် ရှိပါတယ်။ တစ်မနက်မှာ ပြတင်းပေါက်ပိတ်ခဲ့ဖို့ ကျွန်တော်မေ့ခဲ့တယ်။ ညနေဘက် ကျောင်းကနေအဆောင်ကို ပြန်ရောက်တော့ မနက်တုန်းက ခေါင်းအုံးနဲ့ စောင်ပေါ်မှာ ခေါက်ပြီး သိမ်းထားခဲ့တဲ့ ခြင်ထောင်ကို မတွေ့ရတော့ဘူး။ ဘယ်သူရယ်လို့တော့ အတပ်မပြောနိုင်ပေမယ့် အဆောင်ရဲ့ပတ်ဝန်းကျင်မှာ ဖြတ်သွားဖြတ်လာ ရှိတတ်ကြတဲ့သူတွေထဲက တစ်ယောက်ယောက်ဟာ ခြင်ထောင်ကို လိုချင်တာနဲ့ ပြတင်းပေါက်က လက်လျှိုပြီး ယူသွားတာဖြစ်ပါလိမ့်မယ်။
ညကျတော့ တစ်ဆောင်တည်းအတူနေကြတဲ့ သင်တန်းသားတွေထဲက ချင်းတိုင်းရင်း သားကြီး ဂျေခိုဆလန်းက သူ့မှာရှိတဲ့ ခြင်ထောင်အကောင်း အပိုကိုပေးပါတယ်။ သူ့ကျေးဇူးကြောင့် ခြင်ကိုက်မခံရဘဲအိပ်ခဲ့ရတယ် ။ ဘယ်တော့မှ မမေ့ပါဘူး။ သူ့ဇာတိဟာ ချင်းပြည်နယ်ထဲက “ဟားခါး” ဆိုတဲ့ မြို့ကလေးပါပဲ။ ဟိုးအဝေးကြီးကနေပြီး ကျွန်တော်တို့မြေပြန့်ဒေသမှာ ကျောင်းလာတက်ရရှာတာပါ။ စိတ်သဘောထား ဖြူစင်ကောင်းမွန်လှပါတယ်။ သူ့ ဇာတိချက်ကြွေမွေးရပ်မြေ ဟားခါးမြို့ကလေး ဟာ ချင်းပြည်နယ်ထဲက ဖလမ်းမြို့နဲ့ မတူပီ မြို့ရဲ့ကြားမှာရှိပါတယ်။ ဖလမ်းမြို့က ၄၃ မိုင် ဝေးပြီး မတူပီမြို့နဲ့ဆို ပိုပြီးဝေးပါတယ်။ အကွာအဝေး ၁၀၈ မိုင်ဝေးပါတယ်။
သမိုင်းကြောင်းအရဆိုရင် ဟားခါးမြို့ကလေးဟာ ခရစ်နှစ် ၁၄၀၀ လောက်က တည်းကစပြီး ရွာတည်ခဲ့ရာက တစ်စထက်တစ်စ မြို့ပြအသွင် တိုးတက်လာခဲ့ရတဲ့ မြို့ကလေးပါ။ ရှေးတုန်းက ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ ခွာရိုလို့ခေါ်တဲ့ရွာရဲ့အနား မှာ “ဇိုတလန်း” ဆိုတဲ့ ရွာကြီးတစ်ရွာရှိခဲ့ပါတယ်။ အဲဒီရွာကြီးက “ခင်လောက်”နဲ့ “ဇာထန်” ဆွေမျိုးစုတွေဟာ တောင်ဘက်ပိုင်းကိုဆင်းလာခဲ့ ကြတယ်။ ဟားခါးနဲ့ဖလမ်းကို နောက်ပိုင်းမှာ ဖောက်ထားတဲ့ မော်တော်ကားလမ်းအောက်ဘက် ဟားခါး မြို့ရဲ့ သုံးမိုင်လောက်ဝေးတဲ့နေရာမှာ ရွာတစ်ရွာကို တည်ထောင်လိုက်ကြတယ်။ “ဖိုင်လင်း ဇောလ်ရွာ” လို့ခေါ်ပါတယ်။
အဲဒီကနေ ပြောင်းရွှေ့ကြပြန်တယ်။ “မွာလ် ဇုန်”လို့ခေါ်တဲ့ရွာကို တည်ကြပြန်တယ်။ ကြာကြာမနေကြဘဲ အခု ဟားခါးမြို့ရှိတဲ့နေရာကို ပြောင်းလာကြရင်း လူဦးရေလည်း တိုးပွားလာခဲ့တယ်။ ဟားခါးရွာကို စပြီးတည်ထောင်ခဲ့တဲ့ ဆွေမျိုးစုတွေရဲ့ အစဉ်အလာကလည်း ကြီး မားခဲ့ပါတယ်။ ၁၈၈၉ နဲ့ ၁၈၉၀ ပြည့်နှစ်တွေ မှာ အင်္ဂလိပ်အစိုးရက ချင်းတောင်တန်းဒေသကို လာပြီး သိမ်းပိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ဟား ခါးရွာကို စပြီးတည်ထောင်ခဲ့သူတွေရဲ့ အရှိန် အ၀ါကတော့ လျော့ကျမသွားခဲ့ဘဲ အရှေ့ဘက် ဒေသဆိုရင် ယောနယ်၊ အနောက်ဘက်ဒေသဆိုရင် တောင်တန်းပြာလို့ခေါ်တဲ့ လူရှေ “လူ ရှိုင်း” တောင်တန်းဒေသအထိ ပြီးတော့ တောင်ဘက်ဒေသဆိုရင် ရခိုင်ရိုးမဘက်အထိ အရှိန်အ၀ါရှိနေခဲ့သေးတယ်လို့  သိရပါတယ်။
အင်္ဂလိပ်စစ်တပ်က ဗိုလ်ချုပ်ဆိုင်မွန်ခေါင်းေ ဆာင်တဲ့ အင်္ဂလိပ်ဝန်ထမ်းတပ်ဟာ ယောနယ်မှာရှိတဲ့ ကံရွာဆိုတဲ့ရွာကနေပြီး ချင်းပြည်နယ် ဟားခါးကို ချီတက်လာခဲ့ကြတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့ ၁၈၉၀ ပြည့်နှစ်မှာ ဟားခါးမြို့ကို သိမ်းပိုက်ခဲ့ကြတယ်။ သူတို့ဟာ ချီတက်လာရင်း လမ်းမှာ ပစ္စည်းတွေတင်ဖို့ မြင်းတွေကိုမသုံးဘဲ မြည်းတွေကို အသုံးပြုခဲ့ကြတယ်။ သူတို့ချီတက်လာတဲ့ ရက်ပေါင်းဟာ ၇၇ ရက်ကြာခဲ့တယ်။ အဲဒီရက်တွေထဲမှာပဲ အင်္ဂလိပ်စစ်တပ်ဟာ စစ်ပစ်္စည်းတွေကို မြည်းတွေနဲ့ သယ်ဆောင်နိုင်ဖို့အတွက်လည်း လမ်းဖောက်ခဲ့ကြသေးတယ်။
သူတို့ဖောက်ခဲ့ကြတဲ့လမ်းရဲ့ အရှည်ဟာ ၆၄ မိုင်ရှိခဲ့တယ်။ အင်္ဂလိပ်စစ်တပ်ဟာ သူတို့ ချီတက်လာခဲ့တဲ့ ဦးတည်ချက် “ဟားခါး”မြို့ကို သိမ်းပိုက်ပြီးတဲ့အခါမှာ ဂေါ်ရခါးတပ်ရင်းတစ်ရင်းက တပ်ခွဲတစ်ခွဲကို မြို့အစောင့်ထားလိုက်ကြတယ်။ အင်္ဂလိပ်ဝန်ထမ်းတပ်ကတော့ ဟားခါးမြို့မှာ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အဆောက်အအုံတွေ တည်ဆောက်ကြတယ်။ ဆေးရုံကို တည်ဆောက်ကြတယ်။ အင်္ဂလိပ်အစိုးရအုပ် ချုပ်ရေးယန္တရားကို တဖြည်းဖြည်းချင်း အကောင်အထည်ဖော်တာပဲဖြစ်တယ်။ ပုံစံချလိုက်တာပဲ ဖြစ်တယ်။
ဟားခါးမြို့မှာ အင်္ဂလိပ်အစိုးရခေတ်တုန်းက နယ်ပိုင်ဝန်ထောက်ရုံးရှိလာတ ယ်။ စစ်တပ်က အရာရှိနဲ့ တပ်သားတွေအတွက် စစ်တန်းလျားတွေရှိခဲ့တယ်။ စစ်ဆေးရုံလည်းရှိခဲ့တယ်။ ငွေသွင်းငွေထုတ်လုပ်ငန်းတွေ အတွက် အစိုးရ ငွေတိုက်ခွဲကို တည်ဆောက်တယ်။ ဆက်သွယ်ရေးနဲ့ ကြေးနန်းပို့ဖို့ အလုပ်ကိစ္စတွေအတွက် စာတိုက်ကို တည်ဆောက်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ အစိုးရအဆောက်အအုံတွေလည်း ပိုများလာတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော်အဖြစ်လည်း ဟားခါးမြို့ဟာ ပိုပြီးတော့ ထင်ရှားလာခဲ့တယ်။ အစိုးရဌာနပေါင်းစုံက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အပါအ၀င် ဦးစီးဌာနရုံးတွေရှိလာတယ်။ အစိုးရအထက်တန်း ကျောင်းလည်းရှိလာခဲ့တယ်။
ရှေးတုန်းကတော့ မြို့ရဲ့အကျယ်အ၀န်းဟာ ၃ မိုင်ခွဲလောက်ရှိခဲ့တယ်။ အများစုနေထိုင် ခဲ့ကြတာကတော့ “လိုင်” လို့ခေါ်တဲ့ ချင်းတိုင်း ရင်းသားဖြစ်ပြီး အဓိကလုပ်ငန်းဟာ တောင်ယာလုပ်ငန်းဖြစ်ခဲ့ကြတယ်။ စပါးစိုက်တဲ့သူက စိုက်ကြတယ်။ တချို့ကလည်း ပြောင်းဖူးခင်းတွေကို ဒေသထွက်ကုန်အနေနဲ့ လုပ်ကိုင်ကြတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလို့ခေါ် ရမယ့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖြိုဖျက်လိုက်တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်း ဆောင်တဲ့ တော်လှန်ရေးကောင်စီခေတ်ရောက် လာပြန်တဲ့အခါမှာ ရှေးတုန်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြတဲ့  တောင်ယာစနစ်ကို လှေခါးထစ် စိုက်ပျိုးရေးစနစ်နဲ့ အစားထိုးစမ်းသပ်ခဲ့သေးတယ်။ ဆန်စပါးလည်း စိုက်ကြသလို ပဲအမျိုးမျိုးနဲ့ ဂျုံလည်းစိုက်ကြတယ်။
ဒေသဟာ တောတောင်တွေ ထူထပ်လွန်းတာကြောင့် အဲဒီစစ်အစိုးရတော်လှန်ရေးကောင် စီခေတ်တုန်းက ကုန်ပစ်္စည်းသယ်တာပိုးတာ၊ လူတွေ ကူးသန်းသွားလာတာ ခက်ခဲလွန်းလှတယ်။ ကုန်းလမ်းခရီးကြမ်းလို့ ဆိုနိုင်တယ်။ ဟားခါးမြို့တွေကိုလည်း လမ်းကြောင်းရှိတယ်။ ပခုက္ကူခရိုင်ထဲက ဂန့်ဂေါနဲ့ မင်းတပ်နယ်ကိုသွားဖို့လည်း တော်လှန်ရေးကောင်စီစစ်အစိုး ရက ကားလမ်းဖောက်ခဲ့တယ်။ အဲဒီတုန်းက ဟားခါးမြို့ကနေပြီး မတူပီမြို့အထိ လမ်းတစ်ဝက် သာသာလောက်ကို ကားနဲ့သွားခဲ့ကြရတယ်။ ဟားခါးမြို့ဟာ “ရွန်း”ဆိုတဲ့တောင်ရဲ့တောင် ခြေမှာရှိတယ်။ တောင်ရဲ့အမြင့်ပေဟာ ၇၄၉၀ ပေမြင့်တယ်။
ထိုင်ထလန်းတောင်ဆိုတာလည်းရှိတယ်။ ဟိုတုန်းက ရွန်း (ရုန်းလို့လည်းအသံထွက်ပြီး ခေါ်ကြတယ်) တောင်ထိပ်ပေါ်တက်ပြီး ပတန် ၀န်းကျင်ရွာတွေကို ကြည့်တဲ့အခါမှာ သစ်သီး မျိုးစုံ ထွက်ကုန်လုပ်ငန်းရှိတဲ့ ဟိုင်ထလန်းကို ဟားခါးမြို့အောက်ဘက်မှာ မြင်တွေ့ကြရမှာ ဖြစ်တယ်။ မြို့နယ်ထဲက အစဉ်အလာကြီးမားတဲ့ ပွဲတော်တွေကတော့ လှုန့်လှာပွဲတော်နဲ့ ထော်ပွဲတော်ပဲဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း မိုးရာသီမရောက်ခင် မေလမှာတော့ လှုန့်လှာပွဲ တော်ကိုကျင်းပကြတယ်။ အသီးအနှံတွေ ခူးဆွတ်ရတာ အများကြီးရတယ်ဆိုတဲ့ ၀မ်းသာတဲ့အထိမ်းအမှတ်နဲ့ ထော်ပွဲတော်ကိုလည်း ကျင်းပကြတယ်။
အသီးအနှံတွေ ရိတ်သိမ်းပြီးတဲ့ နိုဝင်ဘာ ဒီဇင်ဘာလတွေမှာ ကျင်းပကြတယ်။ ပွဲတော်ကျင်းပတဲ့ရက်က သုံးရက်ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေကို ပွဲတော်ကျင်းပတဲ့ရက်ထဲမှာပဲ ရည်စူးပြီး ပူဇော်ကန်တော့ကြတယ်။ လှုန့်လှာနဲ့ ထော်ပွဲ တော်တွေလိုပဲ အခြားပွဲတော်နှစ်ခုကို ကျင်းပကြတာကတော့ “ဘွေ”ပွဲနဲ့ “ခေါင်ကျွဲ”ပွဲတော် တွေပဲဖြစ်တယ်။ စည်စည်ကားကား ပျော်ပျော်ပါးပါးကျင်းပကြတဲ့  ပွဲတော်တွေပါပဲ။
မြန်မာအစိုးရအာဏာပိုင်တွေဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအ တွက် တခြားတိုင်း ပြည်တွေကနေပြီး ကိုယ့်တိုင်းပြည်ရဲ့ဘဏ္ဍာငွေ ပြည်သူလူထုပိုင်ဆိုင်တဲ့ ငွေကြေးတွေနဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ ၀ယ်ခဲ့တယ်။ သင်္ဘောကြီးတွေကို နာမည်ပေးတဲ့နေရာမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ကိုယ်စားပြုတဲ့အနေနဲ့ ပုသိမ်လို့ပေးခဲ့သလို၊ ရခိုင်ပြည်နယ် ကိုယ်စားပြု အမှတ်တရဆိုပြီး သင်္ဘောကြီးတစ် စီးရဲ့နာမည်ကို စစ်တွေလို့ပေးခဲ့တယ်။ အောင်တေဇ၊ ပြည်တော်ညွန့်၊ ပြည်တော်အေးဆိုပြီး နာမည်ပေးခဲ့တဲ့ သင်္ဘောကြီးတွေလည်းရှိခဲ့တယ်။
အောင်တေဇသင်္ဘောက ခရီးသည်တွေ ပို့ဆောင်ရင်း ပင်လယ်ထဲမှာ နစ်ခဲ့တယ်။ ပြည်တော်ညွန့်နဲ့ ပြည်တော်အေး နှစ်စီးရှိတာမှာ ပြည်တော်အေးသင်္ဘောကြီးကို ဗိုလ်ချုပ်ကြီးနေ၀င်း စစ်အစိုးရလက်ထက်ကျတော့ ရေတပ်ကို လွှဲပြောင်းပေးခဲ့တယ်။ သင်္ဘောကြီးတွေကို နာမည်ပေးတဲ့ထဲမှာ ပဲခူးဆိုတာလည်း ပါတယ်။ မွန်ပြည်နယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မော်လမြိုင်ဆိုတဲ့ သင်္ဘောလည်းရှိတယ်။ ကချင် ပြည်နယ်ကို ဂုဏ်ပြုပြီး ကချင်ပြည်နယ်ရဲ့မြို့တော် “မြစ်ကြီးနား” နာမည်ပေးထားတဲ့ ပင်လယ်ကူးသင်္ဘောကြီးလည်းရှိခဲ့တယ်။ ရှမ်းပြည်နယ်ကိုယ်စားပြု နာမည်ပေးခဲ့တဲ့သင်္ဘောကတော့ “တောင်ကြီး” သင်္ဘောပါ။
ပင်းယခေတ်နဲ့ အင်းဝခေတ်ကို ရည်စူးပြီး ပင်းယနဲ့ အင်းဝလို့ပေးခဲ့တဲ့ သင်္ဘောကြီးတွေ လည်းရှိခဲ့တယ်။ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ “ဟားခါး”ကို ဂုဏ်ပြုပြီး “ဟားခါး”ဆိုတဲ့ ကြယ်ငါးပွင့်ကုမ်္ပဏီပိုင် သင်္ဘောကြီးလည်း ရှိခဲ့တယ်။ စစ်အာဏာရှင်တွေရဲ့ တော်လှန်ရေး ကောင်စီစစ်အစိုးရလက်ထက်မှာ လုပ်ငန်းတွေ အားလုံး ပြည်သူပိုင်လုပ်တဲ့ဥပဒေကို ၂၉-၁၀ -၆၃ နေ့မှာ ပြဋ္ဌာန်းလိုက်တယ်။ ၇-၂-၆၉ နေ့မှာတော့ ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ပုသိမ်မြို့နဲ့ စစ်တွေမြို့တွေမှာရှိတဲ့ သင်္ဘောကုမ်္ပဏီ ၂၄ ခုကို ပြည်သူပိုင်သိမ်းပစ်လိုက်ပါ တယ်။
သင်္ဘောလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းလိုက် ပေမယ့်လည်း သင်္ဘောတွေရဲ့ နာမည်ကတော့ ရှိနေတုန်းပါပဲ။ “ဟားခါး” ဆိုတဲ့ သင်္ဘောနာ မည်လည်း ရှိနေတုန်းပါပဲ။ ဒီလို သမိုင်းဝင်ထင် ရှားလှတဲ့ “ဟားခါး”။ ချင်းပြည်နယ်ရဲ့ အသည်းနှလုံးလို့ ဆိုရမယ့် “ဟားခါး” မြို့တော်ဟာ စစ်အစိုးရပေါင်းစုံတို့ရဲ့ အမွေခံ၊ ဒီမိုကရေစီအတု အယောင်သမား အစိုးရသစ်များ အုပ်ချုပ်နေတဲ့ အခု ၂၀၁၅ ခုနှစ်ရဲ့ ဇူလိုင်လထဲမှာပဲ သ ဘာဝဘေးအန်္တရာယ်ဆိုးကြီးနဲ့ ကြုံတွေ့လိုက်ရရှာပါပြီ။
ဟားခါးမြို့ရဲ့ အထင်ကရ အမြင့်ပေပေါင်း ၇၄၉၀ ပေရှိတဲ့ “ရွန်းတောင် (ရုန်းတောင်)ကြီးဟာ ပြိုကျခဲ့ပါပြီ။ မြေတွေအက်ကွဲပြီး ပြိုကျ လာရာကနေပြီး သြဂုတ်လ ၇ ရက် ၂၀၁၅ နေ့အထိ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်ခြေပေါင်းဟာ ၇၂၅ အိမ်ရှိခဲ့ပါပြီ။ ရွာ ၂ ရွာကတော့ ရွာလုံးကျွတ် ပျက်စီးသွားခဲ့ရပါပြီ။ အရေးပေါ် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၇ ခုမှာ လူ ပေါင်း ၆၀၀၀ ကျော် ရောက်နေကြပါပြီ။ မြေအက်ကွဲပြိုကျ၊ လမ်းတွေပျက်စီးပြီး စားသောက် ကုန်တွေလည်း ဈေးကြီးလာတာ။ ဆန်တစ်အိတ်ကို ငွေတစ်သိန်းအထိပေးပြီး ၀ယ်စားရ သူလည်းရှိရဲ့။
မြို့မှာရှိတဲ့ ရပ်ကွက် ၆ ရပ်ကွက်မှာ မြို့ သစ်ရပ်ကွက်တစ်ခုကလွဲရင် ကျန်တဲ့ရပ်ကွက်တွေ ဆက်ပြီးနေလို့မရလောက်အောင် ဘေးအန္တရာယ်က ရှိနေပါပြီ။ ကြာရင် မြို့တစ်မြို့လုံး မျက်ရည်တွေနဲ့ နှုတ်ဆက်လက်ပြလို့ ပြောင်းရွှေ့သွားကြရတော့မယ့် သမိုင်းဝင် မြို့ကလေး တစ်မြို့ပေါ့။ စစ်အာဏာရှင်တွေက တရုတ်တွေနဲ့ပေါင်းပြီး မုံရွာတစ်ဖက်ကမ်းက လက်ပံတောင်းတောင်ကြီးကို ကြေးနီသိုက်တူးဖို့ဆိုပြီး အကြီးအကျယ် ဖျက်ဆီးဖြိုချပစ်ခဲ့ကြတယ်။ အခုလို ဟားခါးက (ရွန်း)ရုန်းတောင်ကြီး ပြို ကျအက်ကွဲလာတာကျတော့ စစ်မိန့်၊ စစ်အာဏာတွေနဲ့ အမိန့်ပေးပြီး တားဆီးလို့မရနိုင်ကြ တော့ဘူးတဲ့လားဗျာ။
ဆောင်းဝင်းလတ်
The Ladies News Journal
|| ဆောင်းဝင်းလတ် ||
ကျွန်တော် ကျောင်းသားဘ၀က စက်မှုလက်မှုသင်တန်းတက်ဖို့အတ
ညကျတော့ တစ်ဆောင်တည်းအတူနေကြတဲ့ သင်တန်းသားတွေထဲက ချင်းတိုင်းရင်း သားကြီး ဂျေခိုဆလန်းက သူ့မှာရှိတဲ့ ခြင်ထောင်အကောင်း အပိုကိုပေးပါတယ်။ သူ့ကျေးဇူးကြောင့် ခြင်ကိုက်မခံရဘဲအိပ်ခဲ့ရတယ်
သမိုင်းကြောင်းအရဆိုရင် ဟားခါးမြို့ကလေးဟာ ခရစ်နှစ် ၁၄၀၀ လောက်က တည်းကစပြီး ရွာတည်ခဲ့ရာက တစ်စထက်တစ်စ မြို့ပြအသွင် တိုးတက်လာခဲ့ရတဲ့ မြို့ကလေးပါ။ ရှေးတုန်းက ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ ခွာရိုလို့ခေါ်တဲ့ရွာရဲ့အနား
အဲဒီကနေ ပြောင်းရွှေ့ကြပြန်တယ်။ “မွာလ် ဇုန်”လို့ခေါ်တဲ့ရွာကို တည်ကြပြန်တယ်။ ကြာကြာမနေကြဘဲ အခု ဟားခါးမြို့ရှိတဲ့နေရာကို ပြောင်းလာကြရင်း လူဦးရေလည်း တိုးပွားလာခဲ့တယ်။ ဟားခါးရွာကို စပြီးတည်ထောင်ခဲ့တဲ့ ဆွေမျိုးစုတွေရဲ့ အစဉ်အလာကလည်း ကြီး မားခဲ့ပါတယ်။ ၁၈၈၉ နဲ့ ၁၈၉၀ ပြည့်နှစ်တွေ မှာ အင်္ဂလိပ်အစိုးရက ချင်းတောင်တန်းဒေသကို လာပြီး သိမ်းပိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ဟား ခါးရွာကို စပြီးတည်ထောင်ခဲ့သူတွေရဲ့ အရှိန် အ၀ါကတော့ လျော့ကျမသွားခဲ့ဘဲ အရှေ့ဘက် ဒေသဆိုရင် ယောနယ်၊ အနောက်ဘက်ဒေသဆိုရင် တောင်တန်းပြာလို့ခေါ်တဲ့ လူရှေ “လူ ရှိုင်း” တောင်တန်းဒေသအထိ ပြီးတော့ တောင်ဘက်ဒေသဆိုရင် ရခိုင်ရိုးမဘက်အထိ အရှိန်အ၀ါရှိနေခဲ့သေးတယ်လို
အင်္ဂလိပ်စစ်တပ်က ဗိုလ်ချုပ်ဆိုင်မွန်ခေါင်းေ
သူတို့ဖောက်ခဲ့ကြတဲ့လမ်းရဲ့
ဟားခါးမြို့မှာ အင်္ဂလိပ်အစိုးရခေတ်တုန်းက နယ်ပိုင်ဝန်ထောက်ရုံးရှိလာတ
ရှေးတုန်းကတော့ မြို့ရဲ့အကျယ်အ၀န်းဟာ ၃ မိုင်ခွဲလောက်ရှိခဲ့တယ်။ အများစုနေထိုင် ခဲ့ကြတာကတော့ “လိုင်” လို့ခေါ်တဲ့ ချင်းတိုင်း ရင်းသားဖြစ်ပြီး အဓိကလုပ်ငန်းဟာ တောင်ယာလုပ်ငန်းဖြစ်ခဲ့ကြတယ
ဒေသဟာ တောတောင်တွေ ထူထပ်လွန်းတာကြောင့် အဲဒီစစ်အစိုးရတော်လှန်ရေးကေ
ထိုင်ထလန်းတောင်ဆိုတာလည်းရှ
အသီးအနှံတွေ ရိတ်သိမ်းပြီးတဲ့ နိုဝင်ဘာ ဒီဇင်ဘာလတွေမှာ ကျင်းပကြတယ်။ ပွဲတော်ကျင်းပတဲ့ရက်က သုံးရက်ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေကို ပွဲတော်ကျင်းပတဲ့ရက်ထဲမှာပဲ
မြန်မာအစိုးရအာဏာပိုင်တွေဟာ
အောင်တေဇသင်္ဘောက ခရီးသည်တွေ ပို့ဆောင်ရင်း ပင်လယ်ထဲမှာ နစ်ခဲ့တယ်။ ပြည်တော်ညွန့်နဲ့ ပြည်တော်အေး နှစ်စီးရှိတာမှာ ပြည်တော်အေးသင်္ဘောကြီးကို ဗိုလ်ချုပ်ကြီးနေ၀င်း စစ်အစိုးရလက်ထက်ကျတော့ ရေတပ်ကို လွှဲပြောင်းပေးခဲ့တယ်။ သင်္ဘောကြီးတွေကို နာမည်ပေးတဲ့ထဲမှာ ပဲခူးဆိုတာလည်း ပါတယ်။ မွန်ပြည်နယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မော်လမြိုင်ဆိုတဲ့ သင်္ဘောလည်းရှိတယ်။ ကချင် ပြည်နယ်ကို ဂုဏ်ပြုပြီး ကချင်ပြည်နယ်ရဲ့မြို့တော် “မြစ်ကြီးနား” နာမည်ပေးထားတဲ့ ပင်လယ်ကူးသင်္ဘောကြီးလည်းရှိခ
ပင်းယခေတ်နဲ့ အင်းဝခေတ်ကို ရည်စူးပြီး ပင်းယနဲ့ အင်းဝလို့ပေးခဲ့တဲ့ သင်္ဘောကြီးတွေ လည်းရှိခဲ့တယ်။ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ “ဟားခါး”ကို ဂုဏ်ပြုပြီး “ဟားခါး”ဆိုတဲ့ ကြယ်ငါးပွင့်ကုမ်္ပဏီပိုင် သင်္ဘောကြီးလည်း ရှိခဲ့တယ်။ စစ်အာဏာရှင်တွေရဲ့ တော်လှန်ရေး ကောင်စီစစ်အစိုးရလက်ထက်မှာ လုပ်ငန်းတွေ အားလုံး ပြည်သူပိုင်လုပ်တဲ့ဥပဒေကို ၂၉-၁၀ -၆၃ နေ့မှာ ပြဋ္ဌာန်းလိုက်တယ်။ ၇-၂-၆၉ နေ့မှာတော့ ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ပုသိမ်မြို့နဲ့ စစ်တွေမြို့တွေမှာရှိတဲ့ သင်္ဘောကုမ်္ပဏီ ၂၄ ခုကို ပြည်သူပိုင်သိမ်းပစ်လိုက်ပါ
သင်္ဘောလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းလိုက် ပေမယ့်လည်း သင်္ဘောတွေရဲ့ နာမည်ကတော့ ရှိနေတုန်းပါပဲ။ “ဟားခါး” ဆိုတဲ့ သင်္ဘောနာ မည်လည်း ရှိနေတုန်းပါပဲ။ ဒီလို သမိုင်းဝင်ထင် ရှားလှတဲ့ “ဟားခါး”။ ချင်းပြည်နယ်ရဲ့ အသည်းနှလုံးလို့ ဆိုရမယ့် “ဟားခါး” မြို့တော်ဟာ စစ်အစိုးရပေါင်းစုံတို့ရဲ့ အမွေခံ၊ ဒီမိုကရေစီအတု အယောင်သမား အစိုးရသစ်များ အုပ်ချုပ်နေတဲ့ အခု ၂၀၁၅ ခုနှစ်ရဲ့ ဇူလိုင်လထဲမှာပဲ သ ဘာဝဘေးအန်္တရာယ်ဆိုးကြီးနဲ့ ကြုံတွေ့လိုက်ရရှာပါပြီ။
ဟားခါးမြို့ရဲ့ အထင်ကရ အမြင့်ပေပေါင်း ၇၄၉၀ ပေရှိတဲ့ “ရွန်းတောင် (ရုန်းတောင်)ကြီးဟာ ပြိုကျခဲ့ပါပြီ။ မြေတွေအက်ကွဲပြီး ပြိုကျ လာရာကနေပြီး သြဂုတ်လ ၇ ရက် ၂၀၁၅ နေ့အထိ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်ခြေပေါင်းဟာ ၇၂၅ အိမ်ရှိခဲ့ပါပြီ။ ရွာ ၂ ရွာကတော့ ရွာလုံးကျွတ် ပျက်စီးသွားခဲ့ရပါပြီ။ အရေးပေါ် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၇ ခုမှာ လူ ပေါင်း ၆၀၀၀ ကျော် ရောက်နေကြပါပြီ။ မြေအက်ကွဲပြိုကျ၊ လမ်းတွေပျက်စီးပြီး စားသောက် ကုန်တွေလည်း ဈေးကြီးလာတာ။ ဆန်တစ်အိတ်ကို ငွေတစ်သိန်းအထိပေးပြီး ၀ယ်စားရ သူလည်းရှိရဲ့။
မြို့မှာရှိတဲ့ ရပ်ကွက် ၆ ရပ်ကွက်မှာ မြို့ သစ်ရပ်ကွက်တစ်ခုကလွဲရင် ကျန်တဲ့ရပ်ကွက်တွေ ဆက်ပြီးနေလို့မရလောက်အောင် ဘေးအန္တရာယ်က ရှိနေပါပြီ။ ကြာရင် မြို့တစ်မြို့လုံး မျက်ရည်တွေနဲ့ နှုတ်ဆက်လက်ပြလို့ ပြောင်းရွှေ့သွားကြရတော့မယ့်
ဆောင်းဝင်းလတ်
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။