နမ်းတိုင်းလဲချစ်လို့မဟုတ်
==============
==============
လာမယ့် ရွေးကောက်ပွဲမှာ
NLD အနိုင်မရလျှင် ကိုယ့်ဘဝရဲ့ ရှေ့ဆက် နေရမယ့် လက်ကျန်သက်တမ်း အတွက် မြန်မာ ပတ်စ်ပို့ ကို စွန့်လွှတ်လိုက်တော့မယ်။ ဒီလိုပြောတာ NLD ကို ချစ်လို့တော့မဟုတ်။
NLD အနိုင်မရလျှင် ကိုယ့်ဘဝရဲ့ ရှေ့ဆက် နေရမယ့် လက်ကျန်သက်တမ်း အတွက် မြန်မာ ပတ်စ်ပို့ ကို စွန့်လွှတ်လိုက်တော့မယ်။ ဒီလိုပြောတာ NLD ကို ချစ်လို့တော့မဟုတ်။
NLD မှာ လက်ရှိအမတ်လောင်းတွေ ဘယ်လောက်ဘဲ ဆိုးပါစေ
NLD မှာ ဗဟိုချုပ်ကိုင်မှု ဘယ်လောက်ဘဲ လွဲမှားပါစေ
NLD ကိုဘဲ မဲပေးရမယ့် အချိန်ပါ။
NLD မှာ ဗဟိုချုပ်ကိုင်မှု ဘယ်လောက်ဘဲ လွဲမှားပါစေ
NLD ကိုဘဲ မဲပေးရမယ့် အချိန်ပါ။
လူကို မကြိုက်လို့ မဲမပေးတာတို့ ဗဟိုကို မကြိုက်လို့ မဲမပေးတာတို့ ဟိုဟာဒီဟာ မတွေးတတ်လို့ ဘယ်သူ့ကိုမှ မဲမပေးတာတို့ မဖြစ်သင့်ပါ။
မိမိကိုယ်တိုင် NLD ကို မကြိုက်တောင် တိုင်းပြည်နဲ့ တခြားပြည်သူတွေ နစ်မွန်း နေတာက လွတ်အောင်ဆိုတဲ့ စေတနာလေးနဲ့ လက်ရှိအစိုးရ ဖါယ်ထုတ်ရေး တွက် NLD ကိုဘဲ မဲပေးသင့်ပါတယ်။
ဒီရွေးကောက်ပွဲဟာ မိမိနယ် အတွက် အမတ်ရွေးရမယ့် ပွဲမဟုတ်သေး။ လူရွေးရမယ့် အချိန်အခါမဟုတ်သေး။ NLD ကို ယုံကြည်သင့် မသင့် ချိန်ဆ ရမယ့် အချိန် မဟုတ်သေး။ အခုအချိန်ဟာ လက်ရှိအစိုးရကို ဖါယ်ထုတ်နိုင်ရေး စွမ်းဆောင် ရမယ့် အချိန်။ အဲဒီ့အတွက် စည်းလုံးရမယ့် အချိန်။ တနည်းပြောရင် ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့အတူ ကံကြမ္မာ ပြောင်းလဲယူရမယ့် အချိန်အခါ အခွင့်အရေးပါ။
ဥပဒေ အထက်မှာ အလွှာ တခုရှိနေတဲ့ ဒီလက်ရှိအဆောက်အအုံ ကို NLD ရဲ့ အားနဲ့ ဖြိုချဘို့ကလွဲပြီး တခြား နည်းလမ်း မရှိသေးပါ။ ဒီအချိန်မှာ NLD ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြည်သူဟာ NLD ကို အသုံးချရမယ့် အချိန်ပါ။ NLD ကို သုံးပြီး ခေတ်ပြောင်းအောင် မိမိတို့ အခွင့်အာဏာ ကို ပြန်ထိမ်းရမယ့် အချိန်ပါ။
NLD အာဏာရလာချိန်မှာ NLD ဟာ (တချို့ စိုးရိမ်သလို) မချယ်လှယ်နိုင်ပါဘူး။ ဆန့်ကျင်ဘက် ပါတီနဲ့ စစ်တပ် က NLD ကို အမျိုးမျိုး ထိုးနှက်နေမှာ မို့ ပြည်သူနစ်နာမယ့် အမှားမျိုး NLD လုပ်လို့မရနိုင်ပါဘူး။
NLD နိုင်လျှင် တိုင်းပြည် ကောင်းစားမှာ မသေချာသေးပေမယ့် မိမိတို့ဆုံးရှုံးနေတဲ့ ပြည်သူ့ပါဝါ ကို ပြန်ရလာနိုင်မှာပါ။
လက်ရှိ အစိုးရ အာဏာရပြန်လျှင် ဒါမှမဟုတ် ညွန့်ပေါင်းဖြစ်လျှင်တောင် အမြဲကြုံနေ ကြားနေကျ-
လူကြီးတို့
အဘတို့
VIP တို့
လမ်းကြောင်း တို့ကြောင့်
ဘေးဖါယ် အချန်ခံနေရတဲ့ သာမာန်ပြည်သူ အနှိမ်ခံဘဝမျိုးက အစ
လူကြီးတို့
အဘတို့
VIP တို့
လမ်းကြောင်း တို့ကြောင့်
ဘေးဖါယ် အချန်ခံနေရတဲ့ သာမာန်ပြည်သူ အနှိမ်ခံဘဝမျိုးက အစ
တိုင်းပြည် ကို အတ္တ အကျိုးတွက် စတေးခံနေရတာမျိုး အလယ်
တရုတ် ကုလား တိုင်းတပါး အိမ်နီးချင်းတွေ ဘုရားစင်ပေါ် တက်ထိုင်ခံရတာ အဆုံး
လုံးလုံးမြုပ် ရမယ့် အရေးတွေနဲ့ဘဲ
လူ့ဘဝ ဆုံးရှုံးနေ ပါလိမ့်မယ်။
လူ့ဘဝ ဆုံးရှုံးနေ ပါလိမ့်မယ်။
ဒါ့အပြင် ဒီတခါ သူတို့ အာဏာထပ်ရမယ့် အချိန်မှာ (နမူနာသဘောနှိုင်းပြောရင်)
ကြောင်မကြီး လက်ထဲမှာ ကြွက်ပေါက်လေး မိထားတုန်း သူမဖါသာ ဆော့ရင်း လွတ်ထွက်ပြေးဘူးတဲ့ ကြွက်ပေါက်လေး ကို ပြန်မိသွားတော့ ထပ်အလွတ်မပေးတော့ ဘဲ တိုင်းပြည်နဲ့ပြည်သူကို အရေခွံ နွှာ အဆီကိုစား အသားကိုမျိုတော့မယ့် အဖြစ်မျိုးကို တွေးဆကြည့်ပြီး ခံယူချက်တွေကို နေရာမှန်အောင် အသုံးချသင့်ပါတယ်။

ဒါကြောင့် ဒီအချိန်မှာ NLD ကို မချစ်သူများ ဒီတခါ ဒီတနှစ်တော့ အောင့်ကာနမ်းလိုက်ကြပါ။
-ကိုရန်-
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။