Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Thursday, October 12, 2017

၅ မိနစ္ပဲ အခ်ိန္ေလးေပးးျပီး ဖတ္ၾကည့္ဗ်ာ ..( ဘဝအတြက္ တန္ဖိုးရွိလြန္းလို႕ မွ်ေဝတာပါ)


တစ္ခါက ဖခင္ တစ္ဦးသည္ အသက္ (၁၅.၁၆)ႏွစ္ ရွိေနျပီျဖစ္ေသာ သားကို ေယာက္်ားမပီသဟု ထင္ကာ အားမလိုအားမရ ျဖစ္ေနသည္။ သား ကိုေယာက္်ား ပီသေစလို၍ ဆရာ တစ္ဦးထံတြင္ သြားေရာက္ အပ္ႏွံခဲ့သည္။ ဆရာ က
“ခင္ဗ်ားသားကို က်ဳပ္ဆီမွာ အပ္ႏွံထားတဲ့ ၃လ အတြင္းမွာ သူ႔ကို ခင္ဗ်ား လံုး၀ လာမေတြ႔ရဘူး။ သူ႔ကို ၃လ အတြင္းေယာက္်ား ပီသေအာင္ ကြ်န္ေတာ္ ေလ့က်င့္ေပးမယ္” ဟုေျပာခဲ့သည္။
၃လ လြန္ေသာအခါ ဆရာ က ကရာေတးျပိဳင္ပဲြ တစ္ခု က်င္းပေပးျပီး ဖခင္ ျဖစ္သူအား လာေရာက္ ၾကည့္ရွုေစခဲ့သည္။

သားႏွင့္အတူ ယွဥ္ျပိဳင္သူမွာ နည္းျပ ဆရာ ျဖစ္ျပီး ဆရာ က စတင္ တိုက္ခိုက္သည္ႏွင့္ သားမွာ တဘိုင္းဘိုင္း လဲက်ေနေတာ့သည္။ သို႔ေသာ္သူသည္ လဲက်ရမွာ ခ်က္ခ်င္းျပန္ထျပီး ျပန္လည္ တိုက္ခိုက္ရန္ အသင့္အေနအထားကို ျပင္ထားလိုက္သည္။ သို႔ႏွင့္ ၾကိမ္ဖန္မ်ားစြာ လဲက်လိုက္ ျပန္ထလိုက္ႏွင့္ သားျဖစ္သူကို ေတြ႔ေသာအခါ ဆရာ က ဖခင္ အား…
“ခင္ဗ်ားသား ေယာက္်ားပီသဖို႔ လိုေသးလား” ဟု ေမးလိုက္သည္။
ဖခင္က “အရမ္းရွက္ဖို႔ ေကာင္းတယ္။ ကြ်န္ေတာ္ျမင္တဲ့ သူ႔ရဲ႔ ၃လအတြင္း ေလ့က်င့္မႈ ရလဒ္ေတြက တျခားလူ ထိုးလိုက္တိုင္း လဲက်သြားတာပဲ”
“ျပိဳင္ပဲြ တခုရဲ႔ အႏိုင္နဲ႔အရွံဳးကိုပဲ ခင္ဗ်ားျမင္တာ ကြ်န္ေတာ္ ၀မ္းနည္း တယ္ဗ်ာ။
ခင္ဗ်ား  သား လဲက်ျပီး ခ်က္ခ်င္း ျပန္ထလာတဲ့ အင္းအား နဲ႔ စိတ္ဓာတ္ ကို ခင္ဗ်ား မျမင္ခဲ့ဘူး။ ဒါမွ ေယာက္်ား တကယ္ပီသတယ္လို႔ ေခၚတာပါ”
ျပန္ထလာတဲ့ အေရအတြက္ ဟာ လဲက်သြားတဲ့ အေရအတြက္ ထက္
တစ္ၾကိမ္ပိုခဲ့ရင္ ေအာင္ျမင္ျပီ။
(၂)
တစ္ခါက လူတစ္ဦးသ ည္ အိပ္မက္ ထဲတြင္ အိမ္ၾကီးတစ္အိမ္သို႔ ေရာက္လာသည္ဟု မက္ေလသည္။ အိမ္ၾကီး၏ ပထမထပ္တြင္ စားပဲြရွည္တစ္လံုးရွိျပီး စားပဲြ ေပၚတြင္ စားေသာက္ဖြယ္ရာမ်ား တည္ခင္းထားသည္။ စားပဲြ ပတ္ပတ္လည္တြင္
လူမ်ား ထိုင္ေနၾကသည္။ သို႔ေသာ္ တစ္စံုတစ္ေယာက္မွ စားပဲြ ေပၚရွိစားစရာမ်ားအား ယူမစားၾကေပ။ အေၾကာင္းမွာ
ထိုလူတုိ႔၏ တစ္ေတာင္ဆစ္မ်ားသည္ ေကြး၍မရေအာင္ က်ိန္စာသင့္ ထားေသာေၾကာင့္ျဖစ္သည္။ စားေကာင္း ေသာက္ဖြယ္မ်ားကို ျမင္သာျမင္ျပီး မစားရ၍ စိတ္ပ်က္ကာ ထိုင္ေနၾကေသာ သူမ်ားျဖစ္သည္။
သို႔ေသာ္ ဒုတိယထပ္တြင္မႈ ပန္းကန္ ခြက္ေယာက္သံမ်ား၊ ရယ္သံမ်ားျဖင့္ စည္ကား ေနသည္ကို သူၾကားလိုက္မိသည္။
ဒုတိယထပ္သို႔ သူ တက္ၾကည့္ေသာအခါ ပထမထပ္နည္းတူ လူမ်ားက တစ္ေတာင္ဆစ္ ေကြးလို႔ မရၾကေပ။ သို႔ေသာ္
အစားအစာမ်ားကို သူတို႔ ျမိန္ယုက္စြာ စားေနၾကသည္။ အေၾကာင္းမွာ ေကြးမရေသာလက္ျဖင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေသာသူကို တစ္ေယာက္ တစ္လွည့္စီ ခြံ႔ေနၾကေသာေၾကာင့္ ျဖစ္သည္။
ကိုင္းကြ်န္းမွီ ကြ်န္းကိုင္းမွီ ဟုေသာ စကားအတိုင္း လူတိုင္းသည္ ပတ္၀န္းက်င္ ကို မမွီခိုဘဲ
တစ္ဦးတည္း ထီးထီးရပ္တည္၍မရပါ။
ကူညီမည့္လက္ကို သင္က အရင္ဆန္႔ထုတ္လွ်င္ သင့္ပတ္ပတ္လည္တြင္
သူငယ္ခ်င္းမ်ား ေပါမ်ားလာမည္ကို သတိျပဳမိလိမ့္မည္။
ဘ၀ဆိုေသာ လမ္းကို  ေလွ်ာက္လွမ္းရာတြင္ စိတ္တူကိုယ္တူ ကူညီေဖးမမည့္
သူငယ္ခ်င္းမ်ားစြာ လိုအပ္လွသည္။
(၃)
တစ္ခါက လူတစ္ဦးသည္ ဘူတာတစ္ခုေရွ႔ အျဖတ္တြင္ ခ်ဳိခ်ဥ္၊ သၾကားလံုးမ်ားေရာင္းေနေသာ ကိုယ္လက္ မသန္စြမ္းေသာ ပ်ံက်ေစ်းသည္ တစ္ဦးကို ေတြ႔ေလသည္။ သူသည္ ထိုလူအား ရာတန္တစ္ရြက္ ခ်ေပးျပီး ျဖတ္ေက်ာ္သြားသည္။
သုိ႔ေသာ္ တစ္ေနရာ အေရာက္တြင္ ေနာက္ေၾကာင္းျပန္လွည့္လာျပီး
“ေဆာရီးဗ်ာ.ခင္ဗ်ားက စီးပြားေရးသမား တစ္ေယာက္ပါ။ ကြ်န္ေတာ္က သူေတာင္းစားထင္လို႔ဗ်ာ ေတာင္းပန္ပါတယ္”
ဟု အားနာစြာ ဆိုသည္။ သို႔ႏွင့္အခ်ိန္မ်ား ကုန္လြန္ျပီး တစ္ေန႔တြင္ သူသည္ ထိုဘူတာသို႔ ေရာက္သြားျပန္သည္။ ဆိုင္တစ္ဆိုင္မွာ သူေဌးက သူအားျပံဳးျပျပီး လက္ျပ ႏုတ္ဆက္ေလသည္။
“ခင္ဗ်ားကို ထပ္တစ္ေခါက္ ျပန္ေတြ႔ဖို႔ ကြ်န္ေတာ္ အရမ္း ေမွ်ာ္လင့္ခဲ့တယ္” မသန္စြမ္းေသာသူက ဆိုသည္။
“ကြ်န္ေတာ္ကို စီးပြားေရးသမား တစ္ေယာက္အျဖင့္ သတ္မွတ္ခဲ့တာ ခင္ဗ်ားဟာ ပထမဦးဆံုးပါ။
ၾကည့္..အခုဆိုရင္ ကြ်န္ေတာ္ဟာ ကိုယ္ပိုင္ဆိုင္ေလး တစ္ဆိုင္ ပိုင္ဆိုင္ႏိုင္ခဲ့ျပီ”
လူတစ္ဦးကို အကဲခတ္ရာတြင္ မိမိၾကည့္ေသာ ရွုေထာင့္ကိုလိုက္၍
ထိုလူ၏ ပံုသ႑ာန္မွာ အမ်ဳိးမ်ဳိး ကဲြျပားႏိုင္သည္။တစ္ဦးအေပၚတစ္ဦး ေလးစားစိတ္၊ ေမတၲာစိတ္မ်ား ထားလွ်င္ေနာက္ဆက္တဲြ၏ ရလဒ္မွာ ေကာင္းက်ဳိးမ်ားပင္ျဖစ္နိုင္သည္။
(၄)
တစ္ခါက ဆရာ တစ္ဦးသည္ စာရြက္ျဖဴေပၚတြင္ အမဲစက္ တစ္စက္ခ်ျပီး ေက်ာင္းသားမ်ားအား ဘာျမင္ၾကသလဲ ဟုေမးသည္။
ေက်ာင္းသားမ်ားက “အမဲစက္ကိုျမင္တယ္ ဆရာ” ဟု ျပန္ေျဖၾကသည္။ ဆရာက ထပ္ေမးေသာ္လည္း အေျဖမွာ အမဲစက္သာျဖစ္သည္။
ဆရာက တအံတၾသျဖင့္ “အျဖဴထည္ၾကီး တစ္ခုလံုးကို မျမင္ၾကဘဲ ဘာလို႔ ဒီအမဲစက္ကိုမွ ျမင္ၾကရသလဲ” ဟုေျပာသည္။
လူတိုင္းတြင္ အားနည္းခ်က္ ကိုယ္စီ ရွိၾကသည္။
သို႔ေသာ္ တစ္ခါတရံ ကြ်န္ေတာ္တို႔သည္ သူတစ္ပါး၏ အားနည္ခ်က္ (အမဲစက္)ကိုသာ ျမင္ျပီး
သူတို႔၏ နဂိုရွိရင္း အားသာခ်က္(အျဖဴထည္) မ်ားကို လွ်စ္လွ်ဴရွုမိတတ္ၾကသည္။
(၅)
ရြာတစ္ရြာတြင္ တန္ခိုးၾကီးေသာ ဘုရား တစ္ဆူရွိသည္။ ဆုေတာင္းတိုင္းျပည့္သည္ဟုဆို၏။ တစ္ခါက ေျခတစ္ဘက္က်ဳိးေနေသာ လူတစ္ဦးသည္ ထိုရြာသို႔ ေရာက္ရွိလာသည္။ ရြာသားမ်ားက“သနားစရာပါလား ေျခေထာက္တစ္ဘက္ျပန္ရဖို႔ လာဆုေတာင္းတယ္ ထင္တယ္”ဟု တီးတိုး ေ၀ဖန္ၾကသည္။ ထိုလူၾကားေသာ္ “ဘုရားမွာေနာက္ထပ္ေျခအသစ္ရဖို႔
ကြ်န္ေတာ္ လာဆုေတာင္းတာ မဟုတ္ပါဘူး။ ေျခေထာက္တစ္ဘက္ မရွိေတာ့တဲ့ ေနာက္ပိုင္းဘ၀ကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတာ ကူညီလမ္း ညႊန္နိုင္ဖို႔ လာဆုေတာင္းတာပါ”
ျဖစ္ပ်က္တတ္ေသာ ေလာကဓံတရားကို လက္ခံတတ္ရန္ျဖစ္သည္။
ဆံုးရွံုးသြားေသာအရာကို မေတာင့္တေနဘဲ ရွိတာေလးႏွင့္ သင့္တင့္ေနတတ္ရန္ျဖစ္သည္။
(၆)
(၁၇)ရာစုက ျဖစ္သည္။ ဒိန္းမတ္ႏွင့္ ဆြီဒင္တို႔ စစ္ျဖစ္ၾကရာ ထိုစစ္ပဲြတြင္ ဒိန္းမတ္နိုင္ေလသည္။ စစ္ပဲြျပီးဆံုးေသာ္ အနားယူခ်ိန္တြင္ ဒိန္းမတ္စစ္သည္ တစ္ဦးက ေရဘူးကိုထုတ္ျပီး ေရေသာက္ရန္လုပ္ေနစဥ္ ရုတ္တရက္ ညည္းညဴသံတစ္ခုကို
ၾကားေလသည္။ သြားေရာက္ ၾကည့္ရွဴေသာ္ ဒဏ္ရာရထားေသာ ဆီြဒင္ စစ္သည္ တစ္ဦးျဖစ္ျပီး သူ၏ေရဘူးကိုသာ အငမ္းမရ ၾကည့္ေနေလသည္။ ထိုအခါ ဒိန္းမတ္စစ္သည္က ေရဘူးကိုဖြင့္ျပီး ေရတိုက္ရန္အနားသို႔ အကပ္တြင္ ဆီြဒင္စစ္သည္က ဓားထုတ္ျပီး အလစ္တြင္ လုပ္ၾကံေလသည္။ အေရွာင္ျမန္၍သာ သက္သာရာ ရေတာ့သည္။
“ေအာ္ မင္းက ငါ့ကိုလုပ္ၾကံခ်င္ေနတာကိုး… အစက ေရတစ္ဘူးလံုး ေပးမလို႔ပဲ အခုေတာ့ တစ္၀က္ပဲ ခ်န္ေပးခဲ့မယ္” ဟု
ဆိုေလသည္။ ထိုအျဖစ္အပ်က္ကို ဘုရားမင္းျမတ္ က သိေသာ္ ထိုသူအား ဘာေၾကာင့္ ရန္သူ စစ္သည္ အား မသတ္ဘဲေရဘူးတစ္၀က္ေပးကာ ထားခဲ့ရသလဲဟု ေခၚယူေမးျမန္းေလသည္။ ထိုအခါ စစ္သည္ က “ဒဏ္ရာ ရထားေသာ သူကိုအကြ်ႏု္ပ္ မသတ္လိုပါ” ဟု ျပန္ေျဖေလသည္။
ေကြ်းေသာလက္ကို ျပန္ကိုက္ေသာ၊ ေက်းဇူးရွင္ကို ေက်းဇြတ္ေသာ ထိုသူမ်ားကို
ခြင့္လြတ္နိုင္ျခင္းသည္ အမြန္ျမတ္ဆံုးေသာ ခြင့္လြတ္ျခင္းပင္ျဖစ္သည္။
သူငယ္ခ်င္းမ်ား ေပ်ာ္ရႊင္ၾကပါေစ…။
Credit: Free Times

Unicode ဖြင့်ဖတ်ရန်
၅ မိနစ်ပဲ အချိန်လေးပေးးပြီး ဖတ်ကြည့်ဗျာ ..( ဘဝအတွက် တန်ဖိုးရှိလွန်းလို့ မျှဝေတာပါ)
တစ်ခါက ဖခင်တစ်ဦးသည် အသက် (၁၅.၁၆)နှစ် ရှိနေပြီဖြစ်သော သားကို ယောက်ျားမပီသဟု ထင်ကာ အားမလိုအားမရ ဖြစ်နေသည်။ သားကိုယောက်ျား ပီသစေလို၍ ဆရာတစ်ဦးထံတွင် သွားရောက် အပ်နှံခဲ့သည်။ ဆရာက
“ခင်ဗျားသားကို ကျုပ်ဆီမှာ အပ်နှံထားတဲ့ ၃လ အတွင်းမှာ သူ့ကို ခင်ဗျား လုံး၀ လာမတွေ့ရဘူး။ သူ့ကို ၃လ အတွင်းယောက်ျား ပီသအောင် ကျွန်တော် လေ့ကျင့်ပေးမယ်” ဟုပြောခဲ့သည်။
၃လ လွန်သောအခါ ဆရာက ကရာတေးပြိုင်ပွဲ တစ်ခု ကျင်းပပေးပြီး ဖခင်ဖြစ်သူအား လာရောက် ကြည့်ရှုစေခဲ့သည်။
သားနှင့်အတူ ယှဉ်ပြိုင်သူမှာ နည်းပြဆရာဖြစ်ပြီး ဆရာက စတင် တိုက်ခိုက်သည်နှင့် သားမှာ တဘိုင်းဘိုင်း လဲကျနေတော့သည်။ သို့သော်သူသည် လဲကျရမှာ ချက်ချင်းပြန်ထပြီး ပြန်လည် တိုက်ခိုက်ရန် အသင့်အနေအထားကို ပြင်ထားလိုက်သည်။ သို့နှင့် ကြိမ်ဖန်များစွာ လဲကျလိုက် ပြန်ထလိုက်နှင့် သားဖြစ်သူကို တွေ့သောအခါ ဆရာက ဖခင်အား…
“ခင်ဗျားသား ယောက်ျားပီသဖို့ လိုသေးလား” ဟု မေးလိုက်သည်။
ဖခင်က “အရမ်းရှက်ဖို့ ကောင်းတယ်။ ကျွန်တော်မြင်တဲ့ သူ့ရဲ့ ၃လအတွင်း လေ့ကျင့်မှု ရလဒ်တွေက တခြားလူ ထိုးလိုက်တိုင်း လဲကျသွားတာပဲ”
“ပြိုင်ပွဲတခုရဲ့ အနိုင်နဲ့အရှုံးကိုပဲ ခင်ဗျားမြင်တာ ကျွန်တော် ဝမ်းနည်း တယ်ဗျာ။
ခင်ဗျားသား လဲကျပြီး ချက်ချင်း ပြန်ထလာတဲ့ အင်းအားနဲ့ စိတ်ဓာတ်ကို ခင်ဗျားမမြင်ခဲ့ဘူး။ ဒါမှ ယောက်ျား တကယ်ပီသတယ်လို့ ခေါ်တာပါ”
ပြန်ထလာတဲ့ အရေအတွက်ဟာ လဲကျသွားတဲ့ အရေအတွက်ထက်
တစ်ကြိမ်ပိုခဲ့ရင် အောင်မြင်ပြီ။
(၂)
တစ်ခါက လူတစ်ဦးသည် အိပ်မက်ထဲတွင် အိမ်ကြီးတစ်အိမ်သို့ ရောက်လာသည်ဟု မက်လေသည်။ အိမ်ကြီး၏ ပထမထပ်တွင် စားပွဲရှည်တစ်လုံးရှိပြီး စားပွဲပေါ်တွင် စားသောက်ဖွယ်ရာများ တည်ခင်းထားသည်။ စားပွဲ ပတ်ပတ်လည်တွင်
လူများ ထိုင်နေကြသည်။ သို့သော် တစ်စုံတစ်ယောက်မှ စားပွဲပေါ်ရှိစားစရာများအား ယူမစားကြပေ။ အကြောင်းမှာ
ထိုလူတို့၏ တစ်တောင်ဆစ်များသည် ကွေး၍မရအောင် ကျိန်စာသင့် ထားသောကြောင့်ဖြစ်သည်။ စားကောင်း သောက်ဖွယ်များကို မြင်သာမြင်ပြီး မစားရ၍ စိတ်ပျက်ကာ ထိုင်နေကြသော သူများဖြစ်သည်။
သို့သော် ဒုတိယထပ်တွင်မှု ပန်းကန် ခွက်ယောက်သံများ၊ ရယ်သံများဖြင့် စည်ကား နေသည်ကို သူကြားလိုက်မိသည်။
ဒုတိယထပ်သို့ သူ တက်ကြည့်သောအခါ ပထမထပ်နည်းတူ လူများက တစ်တောင်ဆစ် ကွေးလို့ မရကြပေ။ သို့သော်
အစားအစာများကို သူတို့ မြိန်ယုက်စွာ စားနေကြသည်။ အကြောင်းမှာ ကွေးမရသောလက်ဖြင့် မျက်နှာချင်းဆိုင်ထိုင်နေသောသူကို တစ်ယောက် တစ်လှည့်စီ ခွံ့နေကြသောကြောင့် ဖြစ်သည်။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဟုသော စကားအတိုင်း လူတိုင်းသည် ပတ်ဝန်းကျင်ကို မမှီခိုဘဲ
တစ်ဦးတည်း ထီးထီးရပ်တည်၍မရပါ။
ကူညီမည့်လက်ကို သင်က အရင်ဆန့်ထုတ်လျှင် သင့်ပတ်ပတ်လည်တွင်
သူငယ်ချင်းများ ပေါများလာမည်ကို သတိပြုမိလိမ့်မည်။
ဘဝဆိုသော လမ်းကို လျှောက်လှမ်းရာတွင် စိတ်တူကိုယ်တူ ကူညီဖေးမမည့်
သူငယ်ချင်းများစွာ လိုအပ်လှသည်။
(၃)
တစ်ခါက လူတစ်ဦးသည် ဘူတာတစ်ခုရှေ့ အဖြတ်တွင် ချိုချဉ်၊ သကြားလုံးများရောင်းနေသော ကိုယ်လက် မသန်စွမ်းသော ပျံကျဈေးသည် တစ်ဦးကို တွေ့လေသည်။ သူသည် ထိုလူအား ရာတန်တစ်ရွက် ချပေးပြီး ဖြတ်ကျော်သွားသည်။
သို့သော် တစ်နေရာ အရောက်တွင် နောက်ကြောင်းပြန်လှည့်လာပြီး
“ဆောရီးဗျာ.ခင်ဗျားက စီးပွားရေးသမား တစ်ယောက်ပါ။ ကျွန်တော်က သူတောင်းစားထင်လို့ဗျာ တောင်းပန်ပါတယ်”
ဟု အားနာစွာ ဆိုသည်။ သို့နှင့်အချိန်များ ကုန်လွန်ပြီး တစ်နေ့တွင် သူသည် ထိုဘူတာသို့ ရောက်သွားပြန်သည်။ ဆိုင်တစ်ဆိုင်မှာ သူဌေးက သူအားပြုံးပြပြီး လက်ပြ နုတ်ဆက်လေသည်။
“ခင်ဗျားကို ထပ်တစ်ခေါက် ပြန်တွေ့ဖို့ ကျွန်တော် အရမ်း မျှော်လင့်ခဲ့တယ်” မသန်စွမ်းသောသူက ဆိုသည်။
“ကျွန်တော်ကို စီးပွားရေးသမား တစ်ယောက်အဖြင့် သတ်မှတ်ခဲ့တာ ခင်ဗျားဟာ ပထမဦးဆုံးပါ။
ကြည့်..အခုဆိုရင် ကျွန်တော်ဟာ ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင် ပိုင်ဆိုင်နိုင်ခဲ့ပြီ”
လူတစ်ဦးကို အကဲခတ်ရာတွင် မိမိကြည့်သော ရှုထောင့်ကိုလိုက်၍
ထိုလူ၏ ပုံသဏ္ဍာန်မှာ အမျိုးမျိုး ကွဲပြားနိုင်သည်။တစ်ဦးအပေါ်တစ်ဦး လေးစားစိတ်၊ မေတ္တာစိတ်များ ထားလျှင်နောက်ဆက်တွဲ၏ ရလဒ်မှာ ကောင်းကျိုးများပင်ဖြစ်နိုင်သည်။
(၄)
တစ်ခါက ဆရာတစ်ဦးသည် စာရွက်ဖြူပေါ်တွင် အမဲစက် တစ်စက်ချပြီး ကျောင်းသားများအား ဘာမြင်ကြသလဲ ဟုမေးသည်။
ကျောင်းသားများက “အမဲစက်ကိုမြင်တယ် ဆရာ” ဟု ပြန်ဖြေကြသည်။ ဆရာက ထပ်မေးသော်လည်း အဖြေမှာ အမဲစက်သာဖြစ်သည်။
ဆရာက တအံတသြဖြင့် “အဖြူထည်ကြီး တစ်ခုလုံးကို မမြင်ကြဘဲ ဘာလို့ ဒီအမဲစက်ကိုမှ မြင်ကြရသလဲ” ဟုပြောသည်။
လူတိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိကြသည်။
သို့သော် တစ်ခါတရံ ကျွန်တော်တို့သည် သူတစ်ပါး၏ အားနည်ချက် (အမဲစက်)ကိုသာ မြင်ပြီး
သူတို့၏ နဂိုရှိရင်း အားသာချက်(အဖြူထည်) များကို လျှစ်လျှူရှုမိတတ်ကြသည်။
(၅)
ရွာတစ်ရွာတွင် တန်ခိုးကြီးသော ဘုရားတစ်ဆူရှိသည်။ ဆုတောင်းတိုင်းပြည့်သည်ဟုဆို၏။ တစ်ခါက ခြေတစ်ဘက်ကျိုးနေသော လူတစ်ဦးသည် ထိုရွာသို့ ရောက်ရှိလာသည်။ ရွာသားများက“သနားစရာပါလား ခြေထောက်တစ်ဘက်ပြန်ရဖို့ လာဆုတောင်းတယ် ထင်တယ်”ဟု တီးတိုး ဝေဖန်ကြသည်။ ထိုလူကြားသော် “ဘုရားမှာနောက်ထပ်ခြေအသစ်ရဖို့
ကျွန်တော် လာဆုတောင်းတာ မဟုတ်ပါဘူး။ ခြေထောက်တစ်ဘက် မရှိတော့တဲ့ နောက်ပိုင်းဘဝကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကူညီလမ်း ညွှန်နိုင်ဖို့ လာဆုတောင်းတာပါ”
ဖြစ်ပျက်တတ်သော လောကဓံတရားကို လက်ခံတတ်ရန်ဖြစ်သည်။
ဆုံးရှုံးသွားသောအရာကို မတောင့်တနေဘဲ ရှိတာလေးနှင့် သင့်တင့်နေတတ်ရန်ဖြစ်သည်။
(၆)
(၁၇)ရာစုက ဖြစ်သည်။ ဒိန်းမတ်နှင့် ဆွီဒင်တို့ စစ်ဖြစ်ကြရာ ထိုစစ်ပွဲတွင် ဒိန်းမတ်နိုင်လေသည်။ စစ်ပွဲပြီးဆုံးသော် အနားယူချိန်တွင် ဒိန်းမတ်စစ်သည် တစ်ဦးက ရေဘူးကိုထုတ်ပြီး ရေသောက်ရန်လုပ်နေစဉ် ရုတ်တရက် ညည်းညူသံတစ်ခုကို
ကြားလေသည်။ သွားရောက် ကြည့်ရှူသော် ဒဏ်ရာရထားသော ဆွီဒင်စစ်သည်တစ်ဦးဖြစ်ပြီး သူ၏ရေဘူးကိုသာ အငမ်းမရ ကြည့်နေလေသည်။ ထိုအခါ ဒိန်းမတ်စစ်သည်က ရေဘူးကိုဖွင့်ပြီး ရေတိုက်ရန်အနားသို့ အကပ်တွင် ဆွီဒင်စစ်သည်က ဓားထုတ်ပြီး အလစ်တွင် လုပ်ကြံလေသည်။ အရှောင်မြန်၍သာ သက်သာရာ ရတော့သည်။
“အော် မင်းက ငါ့ကိုလုပ်ကြံချင်နေတာကိုး… အစက ရေတစ်ဘူးလုံး ပေးမလို့ပဲ အခုတော့ တစ်ဝက်ပဲ ချန်ပေးခဲ့မယ်” ဟု
ဆိုလေသည်။ ထိုအဖြစ်အပျက်ကို ဘုရားမင်းမြတ်က သိသော် ထိုသူအား ဘာကြောင့် ရန်သူစစ်သည်အား မသတ်ဘဲရေဘူးတစ်ဝက်ပေးကာ ထားခဲ့ရသလဲဟု ခေါ်ယူမေးမြန်းလေသည်။ ထိုအခါ စစ်သည်က “ဒဏ်ရာရထားသော သူကိုအကျွနု်ပ် မသတ်လိုပါ” ဟု ပြန်ဖြေလေသည်။
ကျွေးသောလက်ကို ပြန်ကိုက်သော၊ ကျေးဇူးရှင်ကို ကျေးဇွတ်သော ထိုသူများကို
ခွင့်လွတ်နိုင်ခြင်းသည် အမွန်မြတ်ဆုံးသော ခွင့်လွတ်ခြင်းပင်ဖြစ်သည်။
သူငယ်ချင်းများ ပျော်ရွှင်ကြပါစေ…။
Credit: Free Times
From... http://www.lwinpyin.com

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။