Zawgyi ျဖင့္ဖတ္္ရန္
..
ဟင္း မရွိရင္ေတာင္ ဒါနဲ ့ စားလို ့ရပါတယ္
..
ရွမ္းမံုညင္းခ်ဥ္ ၾကိဳက္သူမ်ား မိမိ အိမ္ မွာ
သန္႔ရွင္းလတ္ဆတ္စြာ လုပ္စားလို႔ရပါျပီ။
ပါဝင္ပစၥည္းမ်ား
မုံညင္း
ဂ်ဳးျမစ္
ထမင္းရည္
ဆား
နႏြင္း
ၾကံသကာ
စမုံစပါး (ေလွာ္ေထာင္းထားပါ)
ငရုတ္သီးေျခာက္ (ေထာင္းထားပါ)
ေရွာက္ေကာ ၊ ပါ့ေကာမႈန္႔
နံနံပင္
ျပဳလုပ္နည္း
မုံညင္း ကုိ အရင္ဆုံး ေနပူ ၁ ရက္လွန္းထားပါ ။
ရၿပီဆုိလွ်င္ လက္ ၄ လုံးစာ အရွည္ေလာက္
ဂ်ဳးျမစ္ကို လွီးျဖတ္ပါ ။
ၿပီးလွွ်င္ မုံံညင္း ကုိ လက္ျဖင့္အဝတ္ေလွ်ာ္သလုိ ဇလုံႀကီး ထဲ အားရပါးရ ေခ်ပါ ။ ေရျဖင့္ ၅ ခါခန္႔ အစိမ္းေရေဆး ပစ္ပါ ။
မုံညင္း မ်ားကို ေရစစ္ၿပီး ထမင္းရည္ ၊ ဆား ၊ နႏြင္း ၊ ဂ်ဳးျမစ္ တို႔ကို ထည့္နွယ္ၿပီး အုိး (သုိ႔) ကြၽတ္ကြၽတ္အိတ္ ႀကီးထဲ သိပ္ထားကာ ေနပူတြင္ ၅ ရက္ခန္႔ ထုတ္လွန္းပါ ။
ခ်ဥ္ၿပီဆုိမွ ႀကံသကာ ၊ နံနံ ၊ စမုံစပါး ေလွာ္ေထာင္း ၊ ျငဳပ္သီးေျခာက္ ေထာင္း ၊ ေရွာက္ေကာ ၊ ပါ့ေကာမႈန္႔ ထည့္နွယ္လုိက္ပါ ။
အၾကာႀကီးထား စားမယ္ဆုိလွ်င္ ေနပူလွန္းစရာမလုိပါ ။
Credit: Phyu Phyuhnin
Unicode ျဖင့္ဖတ္ရန္
လူတိုင်းကြိုက်တဲ့
ရှမ်းချဉ် ( သို့) ရှမ်းမုံညှင်းချဉ် လုပ်နည်း
..
ဟင်း မရှိရင်တောင် ဒါနဲ့ စားလို့ရပါတယ်
..
ရှမ်းမုံညင်းချဉ်ကြိုက်သူများ မိမိအိမ်မှာ
သန့်ရှင်းလတ်ဆတ်စွာ လုပ်စားလို့ရပါပြီ။
**Homemade မုံညင်းချဉ်**
ပါဝင်ပစ္စည်းများ
မုံညင်း
ဂျုးမြစ်
ထမင်းရည်
ဆား
နနွင်း
ကြံသကာ
စမုံစပါး (လှော်ထောင်းထားပါ)
ငရုတ်သီးခြောက် (ထောင်းထားပါ)
ရှောက်ကော ၊ ပါ့ကောမှုန့်
နံနံပင်
ပြုလုပ်နည်း
မုံညင်းကို အရင်ဆုံး နေပူ ၁ ရက်လှန်းထားပါ ။
ရပြီဆိုလျှင် လက် ၄ လုံးစာ အရှည်လောက်
ဂျုးမြစ်ကို လှီးဖြတ်ပါ ။
ပြီးလှျှင် မုံံညင်းကို လက်ဖြင့်အဝတ်လျှော်သလို ဇလုံကြီးထဲ အားရပါးရ ချေပါ ။ ရေဖြင့် ၅ ခါခန့် အစိမ်းရေဆေး ပစ်ပါ ။
မုံညင်းများကို ရေစစ်ပြီး ထမင်းရည် ၊ ဆား ၊ နနွင်း ၊ ဂျုးမြစ် တို့ကို ထည့်နှယ်ပြီး အိုး (သို့) ကျွတ်ကျွတ်အိတ်ကြီးထဲ သိပ်ထားကာ နေပူတွင် ၅ ရက်ခန့် ထုတ်လှန်းပါ ။
ချဉ်ပြီဆိုမှ ကြံသကာ ၊ နံနံ ၊ စမုံစပါး လှော်ထောင်း ၊ ငြုပ်သီးခြောက်ထောင်း ၊ ရှောက်ကော ၊ ပါ့ကောမှုန့် ထည့်နှယ်လိုက်ပါ ။
အကြာကြီးထား စားမယ်ဆိုလျှင် နေပူလှန်းစရာမလိုပါ ။
Credit: Phyu Phyuhnin
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။