ရည်ရွယ်ချက်တွေ သိပါစေ …
=====================
၁၂ ရက်နေ့က ကမ္ဘာကျော် Apple Event ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ဖြစ်ပါတယ်။ Apple က Watch အတွက် series 3 နဲ့ iPhone အတွက် 8, 8+ , x ဆိုပြီးတော့ မော်ဒယ် ၃ ခု မိတ်ဆက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့ ကြိုက်သူတွေရော … မကြိုက်သူတွေရော အွန်လိုင်းမှာ အမျိုးမျိုးပေါ့၊ မကြာသေးခင်ကပဲ Samsung က S8+ ကို မိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ နည်းပညာသမားမဟုတ်တဲ့ အတွက် နည်းပညာပိုင်းကို မပြောလိုပါဘူး။ အသစ်အသစ်တွေ ထွက်လာတယ်ဆိုတာက ပိုပိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ ဒီဇိုင်း၊ မြန်ဆန်မှု အစရှိတဲ့ပြောင်းလဲမှုတွေ နဲ့ Customer တွေကို သက်ဆိုင်ရာ Brand တစ်ခုစီမှာ ဆက်လက် စွဲငြိနေအောင် Brand အသီးသီးဟာ ကြိုးစားအားထုတ်ကြပါတယ်။
အဲဒီ အသစ်အသစ်သော ပစ္စည်းတွေကို လူတွေက လိုချင်ကြပါတယ် … ကျွန်တော့်ကို အိုင်ဖုန်း X လိုချင်လားလို့ မေးရင် ရိုးသားစွာ ဖြေပါမယ် … လိုချင်ပါတယ် … ဝယ်မလားလို့ မေးရင် မဝယ်ပါဘူး။ ဝယ်မယ့်သူတွေကလည်း ဝယ်ဖို့အတွက် ဟန်ရေး ပြင်နေကြပါပြီ … ထားပါ .. အဓိက ပြောချင်တာက ခုမှ စပါတယ်။
ကျွန်တော်တို့ ဖုန်းတစ်လုံးကို ဘာအတွက် သုံးလဲ … ?
အရင်တုန်းက ဖုန်းက Communication Device တစ်ခု သာဖြစ်ခဲ့ပေမယ့်
ခုတော့ Multimedia Device တစ်ခု ဖြစ်နေပါပြီ။ ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် … ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ ဘာအတွက် သုံးမှာလဲ … အများဆုံး အသုံးပြုတဲ့ ဖန်ရှင်တွေနဲ့ စဉ်းစားကြည့်ရအောင် … (ကျွန်တော် နည်းပညာ ရှုထောင့်က ပြောခြင်း မဟုတ်ပါ လူပြိန်းအတွေး နဲ့ ပြောပြတာပါ)
၁။ လိုင်းဆွဲအား (အင်တာနက်)၊
၂။ ကင်မရာ၊
၃။ ဘက်ထရီ၊
၎။ စွမ်းဆောင်ရည် (လူပြိန်းစကားပြောရင် စက်မဟန်းတာပေါ့ဗျာ)၊
၅။ ဒီဇိုင်း
ဒီအချက်တွေ ကို အဓိက စဉ်းစားကြမယ်လို့ ထင်ပါတယ် … အဲဒီ အချက်တွေဟာ iPhone X, Samsung S8+ မှ မဟုတ်ဘဲ အခြားဖုန်းတွေမှာလည်း သင်တင့်တဲ့ မော်ဒယ်ဆိုရင် ဒီအချက်တွေဟာ အကောင်းဆုံး မဟုတ်တောင် သင့်တင့်တဲ့အနေအထားကို ရနိုင်ပါတယ်။ ဒါဆိုရင် ဘာလို့ iPhone X, Samsung S8+ တွေကို ဝယ်ဖို့ စဉ်းစားနေလဲ (ဝင်ငွေအရမ်းများတဲ့သူတွေကို
ပြောချင်းမဟုတ်ပါ၊ သင့်တင့်တဲ့ ဝင်ငွေပဲ ရှိပြီး လိုချင်နေတဲ့ …
လိုချင်တာထက် ရအောင် ဝယ်ဖို့ ကြိုးစားနေတဲ့ သူတွေကို အကြံပြုတာပါ … ဆရာကြီး
လုပ်တာမဟုတ်ပါ)
အထက်မှာ ပြောခဲ့တဲ့ ၅ ချက်က နံပါတ် (၂) က စလိုက်ရအောင်ပါ … ကင်မရာ iPhone X မှာ ကင်မရာဖန်ရှင်တွေ အရမ်းကောင်းလာပါတယ်၊ ဟုတ်ပြီး ဖုန်းနဲ့ဓါတ်ပုံရိုက်မယ် ဆက်ဖီဆွဲမယ် … ပြီးရင် ဘယ်သူက ပိုစတာ ထုတ်မှာလဲ ဓါတ်ပုံထုတ်ပြီး Album နဲ့ သိမ်းထားလဲ ကိုယ့်ရဲ့ ဖုန်း Gallery (သို့) ကွန်ပြူတာမှာ သိမ်းမယ်၊ ပြန်ကြည့်မယ်၊ Facebook ကို တင်ပြီးတော့ သိမ်းမယ်၊ ဘယ်လောက်ကောင်းတဲ့ ဓါတ်ပုံဖြစ်ဖြစ် Resolution ကို Facebook ကတော့ လျော့လိုက်တာပါပဲ။ နောက်တစ်ချက်က မူလဖုန်းရဲ့ ကင်မရာ နဲ့ ရိုက်ပြီးရင်လည်း 360, B612 စတာတွေနဲ့ ပြင်ကြတာပဲ။ ဘက်ထရီခံတာ .. စက်မဟန်းတာတွေက လည်း ကိုယ်က အသုံးများရင် သုံးသလောက် ဘက်ထရီကုန်မယ် … စက်ဟန်းမယ်၊ (ဒါပေမယ့် အိုင်ဖုန်းကတော့ အဲဒီ စက်မဟန်းဘူးဆိုတဲ့ စွမ်းဆောင်ရည်မှာ တော်တော်လေး အဆင်ပြေတယ်ဗျ) ဒါကြောင့် ကိုယ်က ဖုန်းကို ဘာအတွက်သုံးမှာလဲ … ဖုန်းအမြင့်တွေ ဝယ်ပြီးတော့ မသုံးဘူးတဲ့ မသုံးဖြစ်တဲ့ ဖန်ရှင်တွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဝင်ငွေ အများကြီးရှိတယ် ဆိုရင် … သုံးပါ … For show ဆိုရင်တော့ သုံးပါ။
ကျွန်တော် ဖုန်းတစ်လုံး ကို ၂ သိန်းကျော်တာ တစ်ခါမှ ဝယ်မကိုင်ဖူးဘူး၊ ပထမဆုံး Nokia Keypad ပထဆုံးမော်ဒယ် Display မှာ ရောင်စုံတောင်မဟုတ်ဘူး၊ ဝါကျင်ကျင်အရောင်လေးပဲ ပေါ်တယ်၊ နောက် Huawei က လည်း keypad ပဲ ကွဲသွားလို့ထပ်ဝယ်တော့လည်း Samsung Galaxy Ace ထင်ပါတယ်။ အဲဒီတစ်လုံးပျောက်သွားတော့ ထပ်ဝယ်တော့ Huawei P8 Lite ခုနောက်ဆုံးတော့ iPhone 6 ကိုင်နေပါတယ် (ဒါတောင် မနည်းဖြစ်ညစ်ပြီး ဝယ်ထားတာပါ) ။
ကျွန်တော်လည်း ဖုန်းနဲ့ ပတ်သက်ရင် သာမန် user ပါပဲ ဖုန်းဆက်မယ်၊ ဓါတ်ပုံရိုက်မယ်၊ အင်တာနက် သုံးမယ်၊ တစ်ခါတစ်လေ ဂိမ်းကစားမယ် … ဒီလောက်ပါပဲ၊ သီချင်းနားထောင်တာ၊ ဗွီဒီယို ကြည့်တာတောင် မလုပ်ဖြစ်ပါဘူး။ iPhone ကို ကြိုက်တာကတော့ ဟိုအရင်ကတည်းက 3G လောက်ကတည်းက ကျွန်တော့်သူငယ်ချင်း အာကာဆီမှာ ကြည့်ပြီးတော့ ကြိုက်ခဲ့တာပါ၊ သူက 3G က စပြီး 4, 4S, 5, 5S, 6Plus, 7 Plus အထိ ဆက်တိုက် ကိုင်ခဲ့တဲ့သူပါ။ သူက အိုင်တီသမား Professional User … ကျွန်တော်က နည်းပညာနဲ့ ဘာမှ မဆိုင်ဘူး Normal User ဖြစ်တာလည်း ပါတယ်၊ မဝယ်နိုင်တာလည်း ပါပါတယ်၊ ခုအချိန်ဝင်ငွေနဲ့ကတော့ iPhone X ကိုလည်း ဝယ်နိုင်ပေမယ့် ဝယ်ဖို့ စိတ်ကူးမရှိပါဘူး။ ဒါကြောင့် Professional User တွေကို မဆိုလိုပါ … ဝင်ငွေပေါတဲ့သူတွေ မဆိုလိုပါ … Normal User တွေ … သာမန် ဝင်ငွေပဲ ရှိတဲ့သူတွေ ဖုန်းကို ဘာကြောင့်သုံးမလဲ ဆိုတာကို စဉ်းစားပါ … ကြိုက်တာက ကြိုက်ပါ လိုချင်တာက လိုချင်ပါ … ဒါပေမယ့် အဲဒါ Need မဟုတ်ပါဘူး ဆိုတလေး အကြံပြုပါရစေ … ။
ကွန်ပျူတာလည်း ဒီလိုပါပဲ ဟိုရက်ကပဲ ဆရာမ တစ်ယောက်က ကွန်ပျူတာ ဝယ်မလို့ လာပြောပါတယ်၊ ကျွန်တော်က i3 လောက် ဝယ်လို့ ပြောပါတယ်၊ သူက i5 ဝယ်ချင်လို့ ပြောပါတယ် … ။ ဒါကြောင့် ကျွန်တော်က ပြောပါတယ် … ကွန်ပျူတာကို ဘာအတွက် သုံးမှာလဲ … မေးပါတယ် … ။ သူက i7 တွေတောင် ထွက်နေပီ ဒါကြောင့် i5 လောက် ဝယ်ချင်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ရည်ရွယ်ချက်တွေ သိပါစေ လို့ ပြောတာပါ။ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ဒီဇိုင်းတွေ ဖန်တီးမယ့် Graphic Designer တွေ … Editing တွေ လုပ်မယ့် Video Editor တွေ မဟုတ်ပါဘူး … ပြောချင်တာက Professional User တွေ မဟုတ်ပါဘူး … စာစီစာရိုက်လုပ်မယ်၊ power point တွေ သုံးမယ်၊ ရုပ်ရှင်ကြည့်မယ်၊ အင်တာနက် သုံးမယ် လောက်ပဲ သုံးတဲ့ Normal User တွေပဲ ဖြစ်ပါတယ်။ ကျွန်တော် ပထမဆုံး သုံးတဲ့ ကွန်ပျူတာ ၂၀၁၁ ခုနှစ်မှာ ဝယ်တယ် … Acer ပါ … Dural Core ပါ … ၂၀၁၅ ကုန်ခါနီးလောက်မှ တော်တော် အဆင်မပြေတော့လို့ လဲလိုက်ပါတယ် Acer ပါပဲ i3 ပါ .. အဲဒီ i3 နဲ့ ပဲ သင်တန်းအတွက် ဒီဇိုင်းတွေ ဆွဲပါတယ်၊ ဗွီဒီယို အတို/ အစ လေးတွေ Edit လုပ်ပါတယ်၊ Photoshop Cs 3 ပဲ သုံးတယ် Cs 5 အထိ အဆင်ပြေတယ်၊ Editing အတွက် Power Director 12 သုံးပါတယ်။ အဆင်ပြေနေတာပါပဲ … ကျွန်တော် Mac Book Air ကို ကြိုက်ပါတယ် … သို့သော် မဝယ်ပါဘူး။
ခင်လှိုင်ပြောသလို ပြောလိုက်မယ် …
အသစ်အသစ်ထွက်တိုင်း ကျွန်တော်လည်း လိုချင်တယ် ..
ဒါပေမယ့် ကျွန်တော် ဘယ်တော့မှ မဝယ်ဘူး
နှမြောလို့ ..
မဖြစ်မနေ ဒီအမျိုးအစား ဝယ်မှ သုံးလို့ရမယ် .. အသုံးတယ့်မယ်ဆိုရင် ဝယ်ရပါမယ် …
(ကျွန်တော်လည်း Brand တွေ ပစ္စည်းအသစ်အသစ်တွေကို ရူးသွပ်ခဲ့ဘူးပါတယ် … အဲဒီအကြောင်းတွေကို နောက်မှ ဆက်ရေးပါဦးမယ် .. )
ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …
မေတ္တာဖြင့်
အောင်ကိုဦး (UMK)
Be the Best!
=====================
၁၂ ရက်နေ့က ကမ္ဘာကျော် Apple Event ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ဖြစ်ပါတယ်။ Apple က Watch အတွက် series 3 နဲ့ iPhone အတွက် 8, 8+ , x ဆိုပြီးတော့ မော်ဒယ် ၃ ခု မိတ်ဆက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့ ကြိုက်သူတွေရော … မကြိုက်သူတွေရော အွန်လိုင်းမှာ အမျိုးမျိုးပေါ့၊ မကြာသေးခင်ကပဲ Samsung က S8+ ကို မိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ နည်းပညာသမားမဟုတ်တဲ့ အတွက် နည်းပညာပိုင်းကို မပြောလိုပါဘူး။ အသစ်အသစ်တွေ ထွက်လာတယ်ဆိုတာက ပိုပိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ ဒီဇိုင်း၊ မြန်ဆန်မှု အစရှိတဲ့ပြောင်းလဲမှုတွေ နဲ့ Customer တွေကို သက်ဆိုင်ရာ Brand တစ်ခုစီမှာ ဆက်လက် စွဲငြိနေအောင် Brand အသီးသီးဟာ ကြိုးစားအားထုတ်ကြပါတယ်။
အဲဒီ အသစ်အသစ်သော ပစ္စည်းတွေကို လူတွေက လိုချင်ကြပါတယ် … ကျွန်တော့်ကို အိုင်ဖုန်း X လိုချင်လားလို့ မေးရင် ရိုးသားစွာ ဖြေပါမယ် … လိုချင်ပါတယ် … ဝယ်မလားလို့ မေးရင် မဝယ်ပါဘူး။ ဝယ်မယ့်သူတွေကလည်း ဝယ်ဖို့အတွက် ဟန်ရေး ပြင်နေကြပါပြီ … ထားပါ .. အဓိက ပြောချင်တာက ခုမှ စပါတယ်။
ကျွန်တော်တို့ ဖုန်းတစ်လုံးကို ဘာအတွက် သုံးလဲ … ?
အရင်တုန်းက ဖုန်းက Communication Device တစ်ခု သာဖြစ်ခဲ့ပေမယ့်
ခုတော့ Multimedia Device တစ်ခု ဖြစ်နေပါပြီ။ ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် … ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ ဘာအတွက် သုံးမှာလဲ … အများဆုံး အသုံးပြုတဲ့ ဖန်ရှင်တွေနဲ့ စဉ်းစားကြည့်ရအောင် … (ကျွန်တော် နည်းပညာ ရှုထောင့်က ပြောခြင်း မဟုတ်ပါ လူပြိန်းအတွေး နဲ့ ပြောပြတာပါ)
၁။ လိုင်းဆွဲအား (အင်တာနက်)၊
၂။ ကင်မရာ၊
၃။ ဘက်ထရီ၊
၎။ စွမ်းဆောင်ရည် (လူပြိန်းစကားပြောရင် စက်မဟန်းတာပေါ့ဗျာ)၊
၅။ ဒီဇိုင်း
ဒီအချက်တွေ ကို အဓိက စဉ်းစားကြမယ်လို့ ထင်ပါတယ် … အဲဒီ အချက်တွေဟာ iPhone X, Samsung S8+ မှ မဟုတ်ဘဲ အခြားဖုန်းတွေမှာလည်း သင်တင့်တဲ့ မော်ဒယ်ဆိုရင် ဒီအချက်တွေဟာ အကောင်းဆုံး မဟုတ်တောင် သင့်တင့်တဲ့အနေအထားကို ရနိုင်ပါတယ်။ ဒါဆိုရင် ဘာလို့ iPhone X, Samsung S8+ တွေကို ဝယ်ဖို့ စဉ်းစားနေလဲ (ဝင်ငွေအရမ်းများတဲ့သူတွေကိ
အထက်မှာ ပြောခဲ့တဲ့ ၅ ချက်က နံပါတ် (၂) က စလိုက်ရအောင်ပါ … ကင်မရာ iPhone X မှာ ကင်မရာဖန်ရှင်တွေ အရမ်းကောင်းလာပါတယ်၊ ဟုတ်ပြီး ဖုန်းနဲ့ဓါတ်ပုံရိုက်မယ် ဆက်ဖီဆွဲမယ် … ပြီးရင် ဘယ်သူက ပိုစတာ ထုတ်မှာလဲ ဓါတ်ပုံထုတ်ပြီး Album နဲ့ သိမ်းထားလဲ ကိုယ့်ရဲ့ ဖုန်း Gallery (သို့) ကွန်ပြူတာမှာ သိမ်းမယ်၊ ပြန်ကြည့်မယ်၊ Facebook ကို တင်ပြီးတော့ သိမ်းမယ်၊ ဘယ်လောက်ကောင်းတဲ့ ဓါတ်ပုံဖြစ်ဖြစ် Resolution ကို Facebook ကတော့ လျော့လိုက်တာပါပဲ။ နောက်တစ်ချက်က မူလဖုန်းရဲ့ ကင်မရာ နဲ့ ရိုက်ပြီးရင်လည်း 360, B612 စတာတွေနဲ့ ပြင်ကြတာပဲ။ ဘက်ထရီခံတာ .. စက်မဟန်းတာတွေက လည်း ကိုယ်က အသုံးများရင် သုံးသလောက် ဘက်ထရီကုန်မယ် … စက်ဟန်းမယ်၊ (ဒါပေမယ့် အိုင်ဖုန်းကတော့ အဲဒီ စက်မဟန်းဘူးဆိုတဲ့ စွမ်းဆောင်ရည်မှာ တော်တော်လေး အဆင်ပြေတယ်ဗျ) ဒါကြောင့် ကိုယ်က ဖုန်းကို ဘာအတွက်သုံးမှာလဲ … ဖုန်းအမြင့်တွေ ဝယ်ပြီးတော့ မသုံးဘူးတဲ့ မသုံးဖြစ်တဲ့ ဖန်ရှင်တွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဝင်ငွေ အများကြီးရှိတယ် ဆိုရင် … သုံးပါ … For show ဆိုရင်တော့ သုံးပါ။
ကျွန်တော် ဖုန်းတစ်လုံး ကို ၂ သိန်းကျော်တာ တစ်ခါမှ ဝယ်မကိုင်ဖူးဘူး၊ ပထမဆုံး Nokia Keypad ပထဆုံးမော်ဒယ် Display မှာ ရောင်စုံတောင်မဟုတ်ဘူး၊ ဝါကျင်ကျင်အရောင်လေးပဲ ပေါ်တယ်၊ နောက် Huawei က လည်း keypad ပဲ ကွဲသွားလို့ထပ်ဝယ်တော့လည်း Samsung Galaxy Ace ထင်ပါတယ်။ အဲဒီတစ်လုံးပျောက်သွားတော့ ထပ်ဝယ်တော့ Huawei P8 Lite ခုနောက်ဆုံးတော့ iPhone 6 ကိုင်နေပါတယ် (ဒါတောင် မနည်းဖြစ်ညစ်ပြီး ဝယ်ထားတာပါ) ။
ကျွန်တော်လည်း ဖုန်းနဲ့ ပတ်သက်ရင် သာမန် user ပါပဲ ဖုန်းဆက်မယ်၊ ဓါတ်ပုံရိုက်မယ်၊ အင်တာနက် သုံးမယ်၊ တစ်ခါတစ်လေ ဂိမ်းကစားမယ် … ဒီလောက်ပါပဲ၊ သီချင်းနားထောင်တာ၊ ဗွီဒီယို ကြည့်တာတောင် မလုပ်ဖြစ်ပါဘူး။ iPhone ကို ကြိုက်တာကတော့ ဟိုအရင်ကတည်းက 3G လောက်ကတည်းက ကျွန်တော့်သူငယ်ချင်း အာကာဆီမှာ ကြည့်ပြီးတော့ ကြိုက်ခဲ့တာပါ၊ သူက 3G က စပြီး 4, 4S, 5, 5S, 6Plus, 7 Plus အထိ ဆက်တိုက် ကိုင်ခဲ့တဲ့သူပါ။ သူက အိုင်တီသမား Professional User … ကျွန်တော်က နည်းပညာနဲ့ ဘာမှ မဆိုင်ဘူး Normal User ဖြစ်တာလည်း ပါတယ်၊ မဝယ်နိုင်တာလည်း ပါပါတယ်၊ ခုအချိန်ဝင်ငွေနဲ့ကတော့ iPhone X ကိုလည်း ဝယ်နိုင်ပေမယ့် ဝယ်ဖို့ စိတ်ကူးမရှိပါဘူး။ ဒါကြောင့် Professional User တွေကို မဆိုလိုပါ … ဝင်ငွေပေါတဲ့သူတွေ မဆိုလိုပါ … Normal User တွေ … သာမန် ဝင်ငွေပဲ ရှိတဲ့သူတွေ ဖုန်းကို ဘာကြောင့်သုံးမလဲ ဆိုတာကို စဉ်းစားပါ … ကြိုက်တာက ကြိုက်ပါ လိုချင်တာက လိုချင်ပါ … ဒါပေမယ့် အဲဒါ Need မဟုတ်ပါဘူး ဆိုတလေး အကြံပြုပါရစေ … ။
ကွန်ပျူတာလည်း ဒီလိုပါပဲ ဟိုရက်ကပဲ ဆရာမ တစ်ယောက်က ကွန်ပျူတာ ဝယ်မလို့ လာပြောပါတယ်၊ ကျွန်တော်က i3 လောက် ဝယ်လို့ ပြောပါတယ်၊ သူက i5 ဝယ်ချင်လို့ ပြောပါတယ် … ။ ဒါကြောင့် ကျွန်တော်က ပြောပါတယ် … ကွန်ပျူတာကို ဘာအတွက် သုံးမှာလဲ … မေးပါတယ် … ။ သူက i7 တွေတောင် ထွက်နေပီ ဒါကြောင့် i5 လောက် ဝယ်ချင်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ရည်ရွယ်ချက်တွေ သိပါစေ လို့ ပြောတာပါ။ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ဒီဇိုင်းတွေ ဖန်တီးမယ့် Graphic Designer တွေ … Editing တွေ လုပ်မယ့် Video Editor တွေ မဟုတ်ပါဘူး … ပြောချင်တာက Professional User တွေ မဟုတ်ပါဘူး … စာစီစာရိုက်လုပ်မယ်၊ power point တွေ သုံးမယ်၊ ရုပ်ရှင်ကြည့်မယ်၊ အင်တာနက် သုံးမယ် လောက်ပဲ သုံးတဲ့ Normal User တွေပဲ ဖြစ်ပါတယ်။ ကျွန်တော် ပထမဆုံး သုံးတဲ့ ကွန်ပျူတာ ၂၀၁၁ ခုနှစ်မှာ ဝယ်တယ် … Acer ပါ … Dural Core ပါ … ၂၀၁၅ ကုန်ခါနီးလောက်မှ တော်တော် အဆင်မပြေတော့လို့ လဲလိုက်ပါတယ် Acer ပါပဲ i3 ပါ .. အဲဒီ i3 နဲ့ ပဲ သင်တန်းအတွက် ဒီဇိုင်းတွေ ဆွဲပါတယ်၊ ဗွီဒီယို အတို/ အစ လေးတွေ Edit လုပ်ပါတယ်၊ Photoshop Cs 3 ပဲ သုံးတယ် Cs 5 အထိ အဆင်ပြေတယ်၊ Editing အတွက် Power Director 12 သုံးပါတယ်။ အဆင်ပြေနေတာပါပဲ … ကျွန်တော် Mac Book Air ကို ကြိုက်ပါတယ် … သို့သော် မဝယ်ပါဘူး။
ခင်လှိုင်ပြောသလို ပြောလိုက်မယ် …
အသစ်အသစ်ထွက်တိုင်း ကျွန်တော်လည်း လိုချင်တယ် ..
ဒါပေမယ့် ကျွန်တော် ဘယ်တော့မှ မဝယ်ဘူး
နှမြောလို့ ..
မဖြစ်မနေ ဒီအမျိုးအစား ဝယ်မှ သုံးလို့ရမယ် .. အသုံးတယ့်မယ်ဆိုရင် ဝယ်ရပါမယ် …
(ကျွန်တော်လည်း Brand တွေ ပစ္စည်းအသစ်အသစ်တွေကို ရူးသွပ်ခဲ့ဘူးပါတယ် … အဲဒီအကြောင်းတွေကို နောက်မှ ဆက်ရေးပါဦးမယ် .. )
ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …
မေတ္တာဖြင့်
အောင်ကိုဦး (UMK)
Be the Best!
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။