တရုတ် ၊ ကုလား စီးပွားလုပ်တဲ့အခါ အချင်းချင်းလက်တွဲခေါ်ကြတယ်။
ပေါက်စီရောင်းတဲ့ တရုတ်တယောက်ရဲ့ ဘေးမှာ နောက်ထပ် တရုတ်ဆယ်ယောက် ပေါက်စီသွားရောင်းလဲ ပထမရောက်နေတဲ့ တရုတ်က ကျေကျေနပ်နပ်လက်ခံတယ်။ အကျိုးဆက်ကတော့ ၊ အဲ့နေရာဟာ ပေါက်စီတန်းဖြစ်သွားပြီး ပေါက်စီကြိုက်နှစ်သက်သူတွေ လာရောက်ရွေးချယ်စားသောက်ကြတဲ့ နေရာဖြစ်သွားတော့တာပါဘဲ။
ပလာတာရောင်းတဲ့ကုလားလဲ ထို့အတူပါဘဲ။ သူတို့ရောက်ပြီး မကြာမီ ကုလားတန်းဖြစ်ပြီး ပလာတာအမျိုးမျိုး ရတဲ့ စားသောက်ဆိုင်ကြီးတွေ ဘေးချင်းယှဉ်ပြီး ပေါ်လာကြတယ်။
မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့ မြန်မာဆိုင်ဘေးမှာ နောက်ထပ်မုန့်ဟင်းခါးဆိုင် ထပ်ဖွင့်လို့ကတော့ ရန်သူတွေဖြစ်ပြီး အပြုတ်တိုက်ကြတော့တာပါဘဲ။
ကျနော်တို့မြန်မာလူမျိုးတွေ ရဲ့ အားနည်းချက်က မြန်မာတယောက်ကြီးပွားသွားတာ မြင်ရမှာကို
သိစိတ်/မသိစိတ်က သိပ်ကြောက်တတ်တာပါဘဲ။ မိတ်ဆွေအချင်းချင်းတောင်
မနာလိုစိတ်ကြီးပြီး အချင်းချင်းလက်တွဲခေါ်ဖို့ အင်မတန်ဝန်လေးတတ်ကြတယ်။
အရက်အတူသောက် တဲ့အခါ ၊ ဘိန်းအတူရှူ တဲ့အခါ ၊ ဖဲအတူရိုက် တဲ့အခါ အင်မတန်စည်းလုံးပေမယ့် စီးပွားအတူတူလုပ်ဖို့တော့ အင်မတန်ခက်ခဲတဲ့ လူမျိုးခင်ဗျ။
အာဆီယံ နဲ့ ယှဉ်ပြိုင်ရတော့မယ့် အချိန်မျိုးရောက်လာပါပြီ။ သူများတွေချမ်းသာတာကိုချည်း ၊ ထိုင်ဆဲမနေဘဲ မိမိတို့ရဲ့ စိတ်ဓာတ်လေးတွေကိုပါ ၊ မြန်မြန်ဆန်ဆန်ပြင်သင့်ပြီလို့ထင်တာဘဲ။
Melvin min
ပေါက်စီရောင်းတဲ့ တရုတ်တယောက်ရဲ့ ဘေးမှာ နောက်ထပ် တရုတ်ဆယ်ယောက် ပေါက်စီသွားရောင်းလဲ ပထမရောက်နေတဲ့ တရုတ်က ကျေကျေနပ်နပ်လက်ခံတယ်။ အကျိုးဆက်ကတော့ ၊ အဲ့နေရာဟာ ပေါက်စီတန်းဖြစ်သွားပြီး ပေါက်စီကြိုက်နှစ်သက်သူတွေ လာရောက်ရွေးချယ်စားသောက်ကြတ
ပလာတာရောင်းတဲ့ကုလားလဲ ထို့အတူပါဘဲ။ သူတို့ရောက်ပြီး မကြာမီ ကုလားတန်းဖြစ်ပြီး ပလာတာအမျိုးမျိုး ရတဲ့ စားသောက်ဆိုင်ကြီးတွေ ဘေးချင်းယှဉ်ပြီး ပေါ်လာကြတယ်။
မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့ မြန်မာဆိုင်ဘေးမှာ နောက်ထပ်မုန့်ဟင်းခါးဆိုင် ထပ်ဖွင့်လို့ကတော့ ရန်သူတွေဖြစ်ပြီး အပြုတ်တိုက်ကြတော့တာပါဘဲ။
ကျနော်တို့မြန်မာလူမျိုးတွေ
အရက်အတူသောက် တဲ့အခါ ၊ ဘိန်းအတူရှူ တဲ့အခါ ၊ ဖဲအတူရိုက် တဲ့အခါ အင်မတန်စည်းလုံးပေမယ့် စီးပွားအတူတူလုပ်ဖို့တော့ အင်မတန်ခက်ခဲတဲ့ လူမျိုးခင်ဗျ။
အာဆီယံ နဲ့ ယှဉ်ပြိုင်ရတော့မယ့် အချိန်မျိုးရောက်လာပါပြီ။ သူများတွေချမ်းသာတာကိုချည်း
Melvin min
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။