" ဖြစ်အောင်လုပ်ပါ "
******************
၁၉၅၇- ခုနှစ်က ကယ်လီဖိုးနီးယားတွင် (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက်ပန်းတိုင် တစ်ခု ချသည်။
အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူဖြစ်သည်။ ပိန်တာရိုးကောင်လေးကသူ့အော် တိုလက်မှတ်လိုချင်
သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ရှိ နေသည်။
သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရ သူဖြစ်သည်။သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင် မစား ရ။အာဟာရ ချို့တဲ့မှုကြောင့်အရိုးပျော့ရောဂါ
ရနေ သည်။ အရိုးပေါ်အရေတင်သည့် သူ့ခြေထောက် ခွင်ခွင် လေးကို
သံမဏိထိန်းတံများဖြင့် ကျားကန်ပေးထား ရ သည်။ လောလောဆည်လည်းပိုက်ဆံမရှိသြ ဖင့်
ဘောပွဲ ၀င်ကြည့်ရန် လက်မှတ်မ၀ယ်နိုင်။ ထို့ကြောင့် ဂျင်(မ) ဘရောင်း
ကစားပြီး ပြန်တက်လာသည့် အချိန် တွေ့ဆုံ ရန် အ၀တ်လဲခန်းနားက စိတ်ရှည်လက်ရှည်
စောင့်မျှော် နေရသည်။
ဂျင်(မ)ဘရောင်း နှင့်တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေသည့်အချိန် ကောင်လေးက ပြောပြ သည်။
" မစ္စတာ ဘရောင်း .... ခင်ဗျားပုံကို ကျွန်တော့်အခန်း နံရံမှာ ချိတ်ထားတယ်ဗျ၊ စံချိန်တွေအားလုံး ခင်ဗျား ချိုးထားတာကျွန်တော်သိတယ်၊ ခင်ဗျားက ကျွန်တော် ကြည်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ "
ဘရောင်း ပြုံးနားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး။
" ကျွန်တော် တစ်နေ့ကျရင် မစ္စတာဘရောင်း တင်ထား တဲ့ စံချိန်တွေအားလုံးကို ချိုးမယ်ဗျ " သူက ရဲရဲဝံ့ဝံ့ ကြေညာသည်။
ဘရောင်း ဖြုံသွားသည်။ " သားနာမည် ဘယ်လိုခေါ် လဲကွ " သူမေးလိုက်မိသည်။
" အိုရင်သယ်ဂျိမ်း(စ) ပါ၊ သူငယ်ချင်းတွေကတော့ အိုဂျေလို့ အတိုကောက် ခေါ်ကြပါတယ် " ကောင်လေး က ပြန်ဖြေသည်။
နောက်ပိုင်းတွင်မူ အိုဂျေဆင်မဆင်ဆိုသော ထိုအရိုးပျော့ နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံး
သမား တစ်ဦးဖြစ်လာခဲ့သည်။ ထိခိုက်ဒဏ်ရာကြောင့်
ဘောလုံးလောကမှ စောစီးစွာနုတ်ထွက်ခဲ့ရသည့်အ ချိန် တွင် ဂျင်(မ)ဘရောင်း တင်ခဲ့သည့်စံချိန်များအနက် သုံးခုမှအပ ကျန်အားလုံးကို သူချိုးနိုင်ခဲ့သည်။
လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုဆွပေး သည့်နေရာတွင် ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်း လောက် အင်အားပြင်းသောအရာမရှိပါ။
ထို့ကြောင့်....ပန်းတိုင်ခိုင်ခိုင်ချပါ၊ ပြီးလျှင် အဲ့သည် အတိုင်း တကယ်ဖြစ်အောင် စွမ်းဆောင်ပါ။
(ဖေမြင့် - နှလုံးသားအာဟာရ)
ခရက်ဒစ် .. ဦးနန္ဒာ သီရိ
#copy #cd
******************
၁၉၅၇- ခုနှစ်က ကယ်လီဖိုးနီးယားတွင် (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက်ပန်းတိုင် တစ်ခု ချသည်။
အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူဖြစ်သည်။ ပိန်တာရိုးကောင်လေးကသူ့အော်
သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ရှိ နေသည်။
သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရ သူဖြစ်သည်။သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင် မစား ရ။အာဟာရ ချို့တဲ့မှုကြောင့်အရိုးပျေ
ဂျင်(မ)ဘရောင်း နှင့်တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေသည့်အချိန် ကောင်လေးက ပြောပြ သည်။
" မစ္စတာ ဘရောင်း .... ခင်ဗျားပုံကို ကျွန်တော့်အခန်း နံရံမှာ ချိတ်ထားတယ်ဗျ၊ စံချိန်တွေအားလုံး ခင်ဗျား ချိုးထားတာကျွန်တော်သိတယ်၊ ခင်ဗျားက ကျွန်တော် ကြည်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ "
ဘရောင်း ပြုံးနားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး။
" ကျွန်တော် တစ်နေ့ကျရင် မစ္စတာဘရောင်း တင်ထား တဲ့ စံချိန်တွေအားလုံးကို ချိုးမယ်ဗျ " သူက ရဲရဲဝံ့ဝံ့ ကြေညာသည်။
ဘရောင်း ဖြုံသွားသည်။ " သားနာမည် ဘယ်လိုခေါ် လဲကွ " သူမေးလိုက်မိသည်။
" အိုရင်သယ်ဂျိမ်း(စ) ပါ၊ သူငယ်ချင်းတွေကတော့ အိုဂျေလို့ အတိုကောက် ခေါ်ကြပါတယ် " ကောင်လေး က ပြန်ဖြေသည်။
နောက်ပိုင်းတွင်မူ အိုဂျေဆင်မဆင်ဆိုသော ထိုအရိုးပျော့ နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံး
သမား တစ်ဦးဖြစ်လာခဲ့သည်။ ထိခိုက်ဒဏ်ရာကြောင့်
ဘောလုံးလောကမှ စောစီးစွာနုတ်ထွက်ခဲ့ရသည့်အ
လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုဆွပေး သည့်နေရာတွင် ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်း လောက် အင်အားပြင်းသောအရာမရှိပါ။
ထို့ကြောင့်....ပန်းတိုင်ခိ
(ဖေမြင့် - နှလုံးသားအာဟာရ)
ခရက်ဒစ် .. ဦးနန္ဒာ သီရိ
#copy #cd
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။