Look before you leap!!!
~~~~~~~~~~~~~~~~~~
၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ဖြစ်ပေါ်နေတဲ့ စင်္ကာပူနိုင်ငံ မှာ နေထိုင်ကုန်ကျစရိတ် (the cost of living in Singapore) ကို တင်ပြပါရစေ။
စင်္ကာပူနိုင်ငံဟာ ရေပတ်လည်ဝန်း
ရံနေတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ နေထိုင်စရိတ်မြင့်မားတဲ့မြို့များစာရင်းမှာ စင်္ကာပူလည်းပါဝင်ပါတယ်။
ဒါဆိုရင် တစ်လ မှာ လူတစ်ကိုယ်စာ ကုန်ကျစရိတ် ဘယ်လောက်ရှိမှာလဲ။
(က) အိမ်ခန်းဌားရမ်းခကုန်ကျစရိတ်
စင်္ကာပူမှာ အိမ်ခန်းဌားရမ်းခကုန်ကျစရိတ်ဟာ အဆောက်အဦးရဲ့တည်နေရာ၊အခန်းရဲ့အမျိုးအစား၊သုံးစွဲရန်ထည့်သွင်းပေးထားသောပစ္စည်းများနဲ့ လူဘယ်နှစ်ယောက်ပေါင်းပြီးနေမလဲပေါ်မှာမူတည်ပါတယ်။ တစ်လကို စင်္ကာပူဒေါ်လာ ၄၅၀ ကနေ ၁၅၀၀ ကြား မှာရှိပါတယ်။
(ခ) ရေဖိုး/မီးဖိုး ကုန်ကျစရိတ်
ရေပျက်တာ၊မီးပျက်တာ မရှိသလောက်ပါပဲ။တစ်လ လူတစ်ကိုယ်စာကုန်ကျစရိတ်က စင်္ကာပူဒေါလာ ၅၀ ကနေ ၁၀၀ ကြားမှာရှိပါတယ်။
(ဂ) အစားအသောက်အတွက်ကုန်ကျစရိတ်
လူတစ်ယောက်စာအတွက် စားသောက်ကုန်ကျစရိတ်က အကြမ်းအားဖြင့် စင်္ကာပူဒေါ်လာ ၃၅၀ ကနေ ၄၅၀ ကြားမှာရှိပါတယ်။
(ဃ) ကားခ/ရထားခ ကုန်ကျစရိတ်
လူတစ်ယောက် မဖြစ်မနေသွားရတဲ့ ခရီးအကွာအဝေး ပေါ်မူတည်ပြီး ပျမ်းမျှ တွက်ချက်ထားတာပါ။တစ်လကို စင်္ကာပူဒေါ်လာ ၃၀ ကနေ ၁၀၀ ကြား ကုန်ကျပါတယ်။
(င) တယ်လီဖုန်းနှင့်အင်တာနက် အသုံးပြုခ
ကိုယ်ရွေးချယ်တဲ့ plan နဲ့ package ပေါ်မူတည်ပြီး ကုန်ကျစရိတ်ရှိပါတယ်။ အကြမ်းတွက်ချက်ပြရရင် တစ်လစင်္ကာပူဒေါ်လာ ၃၀ ကနေ ၅၀ ကြား မှာ အနည်းဆုံးကုန်ကျပါတယ်။စာရေးသူရဲ့မိတ်ဆွေတွေထဲမှာလက်ကိုင်ဖုန်းတောင်မသုံးစွဲတဲ့ စင်္ကာပူနိုင်ငံသားတစ်ချို့ရှိပါတယ်။စာဖတ်သူကော ဖုန်းမရှိပဲနေနိုင်ပါသလား။ ဒါဆိုရင် တစ်လ စင်္ကာပူဒေါ်လာ အနည်ဆုံး ၃၀ ချွေတာနိုင်ပါပြီ။
(စ) အခြားကိုယ်ပိုင်အသုံးစရိတ်
လူတစ်ယောက်အတွက် မဖြစ်မနေသုံးစွဲဖို့လိုတဲ့အခြားလူမှုရေးကုန်ကျစရိတ်များကို ဒီခေါင်းစဉ်အောက်ကနေဖေါ်ပြလိုပါတယ်။တစ်လကို စင်္ကာပူဒေါ်လာ ၁၀၀ ကနေ ၂၀၀ ကြားမှာရှိပါတယ်။
(ဆ) တစ်လ လူတစ်ကိုယ် ပျမ်းမျှကုန်ကျစရိတ်
တစ်လကို လူတစ်ယောက်အတွက် စုစုပေါင်းကုန်ကျစရိတ်က စင်္ကာပူဒေါ်လာ ၁၀၁၀ ကနေ ၂၄၀၀ ကြားမှာရှိပါတယ်။
ဒါကြောင့် ရတဲ့လခ မှ ကုန်ကျစရိတ် ကိုနှုတ်ပြီးရင် ဘယ်လောက် အိမ်ပြန်ပို့မယ် ဒါမှမဟုတ် ဒီမှာစုထားမယ် ဆိုတာကို တွက်ကြည့်ပါ။ မကိုက်ရင် စင်္ကာပူမှာ မိသားစုနဲ့ခွဲပြီး လာရောက် အလုပ်လုပ်နေလဲ အကျိုးသိပ်မဖြစ်လှပါဘူး။
ဒါကြောင့်မို့ စာဖတ်သူအနေနဲ့ မခုန်ခင် ကြိုတင် ကြည့်ဖို့လိုမှာဖြစ်ပါကြောင်း စေတနာဖြင့် အကြံပြုတင်ပြအပ်ပါတယ်။ Look before you leap !!
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection
~~~~~~~~~~~~~~~~~~
၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ဖြစ်ပေါ်နေတဲ့ စင်္ကာပူနိုင်ငံ မှာ နေထိုင်ကုန်ကျစရိတ် (the cost of living in Singapore) ကို တင်ပြပါရစေ။
စင်္ကာပူနိုင်ငံဟာ ရေပတ်လည်ဝန်း
ရံနေတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပ
ဒါဆိုရင် တစ်လ မှာ လူတစ်ကိုယ်စာ ကုန်ကျစရိတ် ဘယ်လောက်ရှိမှာလဲ။
(က) အိမ်ခန်းဌားရမ်းခကုန်ကျစရိတ
စင်္ကာပူမှာ အိမ်ခန်းဌားရမ်းခကုန်ကျစရိတ
(ခ) ရေဖိုး/မီးဖိုး ကုန်ကျစရိတ်
ရေပျက်တာ၊မီးပျက်တာ မရှိသလောက်ပါပဲ။တစ်လ လူတစ်ကိုယ်စာကုန်ကျစရိတ်က စင်္ကာပူဒေါလာ ၅၀ ကနေ ၁၀၀ ကြားမှာရှိပါတယ်။
(ဂ) အစားအသောက်အတွက်ကုန်ကျစရိတ်
လူတစ်ယောက်စာအတွက် စားသောက်ကုန်ကျစရိတ်က အကြမ်းအားဖြင့် စင်္ကာပူဒေါ်လာ ၃၅၀ ကနေ ၄၅၀ ကြားမှာရှိပါတယ်။
(ဃ) ကားခ/ရထားခ ကုန်ကျစရိတ်
လူတစ်ယောက် မဖြစ်မနေသွားရတဲ့ ခရီးအကွာအဝေး ပေါ်မူတည်ပြီး ပျမ်းမျှ တွက်ချက်ထားတာပါ။တစ်လကို စင်္ကာပူဒေါ်လာ ၃၀ ကနေ ၁၀၀ ကြား ကုန်ကျပါတယ်။
(င) တယ်လီဖုန်းနှင့်အင်တာနက် အသုံးပြုခ
ကိုယ်ရွေးချယ်တဲ့ plan နဲ့ package ပေါ်မူတည်ပြီး ကုန်ကျစရိတ်ရှိပါတယ်။ အကြမ်းတွက်ချက်ပြရရင် တစ်လစင်္ကာပူဒေါ်လာ ၃၀ ကနေ ၅၀ ကြား မှာ အနည်းဆုံးကုန်ကျပါတယ်။စာရေး
(စ) အခြားကိုယ်ပိုင်အသုံးစရိတ်
လူတစ်ယောက်အတွက် မဖြစ်မနေသုံးစွဲဖို့လိုတဲ့အ
(ဆ) တစ်လ လူတစ်ကိုယ် ပျမ်းမျှကုန်ကျစရိတ်
တစ်လကို လူတစ်ယောက်အတွက် စုစုပေါင်းကုန်ကျစရိတ်က စင်္ကာပူဒေါ်လာ ၁၀၁၀ ကနေ ၂၄၀၀ ကြားမှာရှိပါတယ်။
ဒါကြောင့် ရတဲ့လခ မှ ကုန်ကျစရိတ် ကိုနှုတ်ပြီးရင် ဘယ်လောက် အိမ်ပြန်ပို့မယ် ဒါမှမဟုတ် ဒီမှာစုထားမယ် ဆိုတာကို တွက်ကြည့်ပါ။ မကိုက်ရင် စင်္ကာပူမှာ မိသားစုနဲ့ခွဲပြီး လာရောက် အလုပ်လုပ်နေလဲ အကျိုးသိပ်မဖြစ်လှပါဘူး။
ဒါကြောင့်မို့ စာဖတ်သူအနေနဲ့ မခုန်ခင် ကြိုတင် ကြည့်ဖို့လိုမှာဖြစ်ပါကြောင
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။