စလုံး
Jasmine Zu ၏ အမြင်သက်သက်ပါ။ ယဉ်ကျေးစွာ သဘောထားကွဲလွဲနိုင်ပါသည်။
အိမ်နီးချင်းဖြစ်တဲ့ စင်ကာပူရဲ့ တိုးတက်မှုတွေကို ဗမာတွေတော်တော်ကြိုက်ကြတယ် ပေါ့နော်။ မြန်မာပြည်ကိုစင်ကာပူလိုဖြစ်အောင်လုပ်ပေးမယ်ဆို သိပ်ကြိုက်ကြတယ်။ မြန်မာလူမျိုးတွေစင်ကာပူကလူတွေလို mindset မျိုးရှိကျပြီလား??
အရင်ဆုံးအလုပ်ချိန်ကစပြောမယ်နော်
မနက်အလုပ်သွားချိန်မြင်လိုက်ရတဲ့နေရောင်ဟာညနေပြန်ချိန်မြင်ရရင်
အဲ့ဒါအကောင်ပဲ အိမ်စောစောပြန်ရတဲ့အကောင်၊ အလုပ်ချိန်များပါတယ်
အလုပ်များပါတယ် 3 ယောက်လိုတဲ့နေရာမှာ 2 ယောက်ပဲခိုင်းပါတယ်။မြန်မာပြည်မှာ
ရုံးချိန်နောက်ကျမှရောက်မယ် ပြန်ရင်စောစောပြန်မယ် 3 ယောက်လိုတဲ့နေရာ 5
ယောက်ပေးထားရင်တောင် အချင်းချင်းခြေထိုးမယ် ခိုကပ်မယ်။ဘယ်မှာလဲ
productivity??
တက္ကသိုလ်တွေမှာ စာကြည့်တိုက်ကြီးတွေအကြီးကြီးတွေနဲ့ deadline အမှီစာပြီးအောင်လုပ်နေရတဲ့ ကျောင်းသားတွေကိုမြင်ရတော့ ဘာကိုမကျေနပ်ဖြစ်မိမှန်းမသိဖြစ်မိတယ်၊ အဲ့ကျောင်းသားလေးတွေဟာ အချိန်လုပြီး စာလုပ်ပြီးရင် အချိန်ပိုင်းအလုပ်တွေဆီ အချိန်မှီပြေးလုပ်ကြသေးတာပါ၊ မြန်မာပြည်မှာ ကျောင်းတွေကတောထဲမှာ ကျောင်းသားတွေ က ပေါကားတွေထဲကလို ဝေးလားဝါးလား၊ စာကြည့်တိုက်ဆိုတာ သော့ခတ်ထား၊ မိဘပိုက်ဆံထိုင်ဖြုန်း မုန့်ဖိုးမလောက်ရင် စောင့်အောင့်သေးတာ။ အလုပ်လုပ်ပြီးကျောင်းတတ်ရင် အကောင်ပဲ အိမ်ကမတတ်နိုင်တဲ့ကောင်။ အားမကျဘူးနော် လှောင်တာပြောင်တာပါခင်ဗျ တချို့မိဘများလဲအာ့မျိုးပေါင်းနဲ့ဆိုတာမျိုးရှိသေးတာဗျ
စင်ကာပူမှာခြင်မကိုက်ဘူး မြန်မာပြည်မှာခြင်ပေါတယ်၊ဟုတ်တယ် စင်ကာပူမှာ မြူနီစပယ်ရေမြောင်းတွေထဲဘယ်သူမှအမှိုက်မသွန်ဘူး မပစ်ဘူး။ မြန်မာပြည်မယ် စည်ပင်ရေမြောင်းများ သူ့အဘအမွေပေးတဲ့မြေလို့မှတ်ပြီး မြေဖို့ အိမ်ရှေ့အိမ်နောက် အဖှီထုတ်ကျူးထားသူတွေဒုနဲ့ဒေး။မြောင်းရေတွေကမစီး ခြင်တွေအသိုက်ဖွဲ့လိုရတယ်
မိန်းကလေးတွေ အလုပ်ကြောင့် ကျောင်းကြောင့် အချိန်မတော်အိမ်ပြန်လို့ ဘာမှမဖြစ်ဘူး။ ဥပဒေကဘယ်လိုကာကွယ်ပေးနိုင်လဲ အရေးပေါ်ဘယ်ကိုဖုန်းဆက်ရမလဲ အသိပညာရှိကြတယ်။ မိန်းကလေးတစ်ယောက်ထဲ အပိုင်ပဲဆိုပြီး သွားအကဲမစမ်းနဲ့ အချုပ်ထဲတန်းရောက်သွားမယ်။ မြန်မာပြည်မှာ ကိုယ်အိမ်မှာနေတာတောင်ကိုယ်ကြောက်နေရတယ် အရေးပေါ်ဘယ်ကိုဆက်ရမလဲ?? ဖြစ်တော့ရော တရားခံကဘယ်နနှစ်ပြစ်ဒဏ်ကျမလဲ??? ဖြစ်ပါပြီရဲ့ ပတ်ဝန်းကျင်ကလူတွေကူညီမယ်ထင်လား???သူများကိစ္စ ဝင်မပါနဲ့ အမှူပတ်နေမယ်ဆိုတဲ့လူတွေကခပ်များများ
နောက်ဆုံးအတင်းပြောတာ စင်ကာပူမယ် လူတွေအိပ်ချိန်စားချိန်တောင်မနဲလုနေရလို့ သူများအကြောင်းစိတ်ဝင်စားဖို့မပြောနဲ့ ကိုယ်ဘာကိုယ်တောင်ဘာစားပြီးပြီလဲ မနဲစဉ်းစားရတဲ့ဘွ၊ မြန်မာပြည်မှာ ဘေးနားထိုင်နေတဲ့လူထသွားရင် ထသွားတဲ့လူအကြောင်းပြောတယ် ဖြတ်သွားရင် ဖြတ်သွားတဲ့လူအကြောင်းပြောတယ်။ ကိုယ့်ကြီးပွားရာကြီးပွားကြောင်းမပြောဘူး မကြံဘူး။
ကဲ ဘယ့်နှယ့်လဲ??? ကိုယ် mindset တွေဘယ်လောက်အောက်ကျနေပြီလဲ အရင်စဉ်းစား။ နိုင်ငံမှာရှိတဲ့လူငယ် လူရွယ်တွေရဲ့လုပ်အားတွေ ဘယ်လောက်ဆုံးရှုံးနေသလဲ?! ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတွေဘယ်လောက်အောက်ရောက်နေသလဲ?! ပညာရေးနဲ့ တရားဥပဒေစိုးမိုးရေး ဘယ်လောက် ယိုယွင်းနေသလဲ?! အနာဂါတ်ရဲ့ မိခင်တွေဘယ်လောက် အကာအကွယ်မဲ့နေသလဲ?! စဉ်းစားကြည့် !!! ဒါတွေဟာ နိုင်ငံ့ ခေါင်မိုးလဲလိုက်ယုံနဲ့ပြောင်းလဲနိုင်တဲ့အရာတွေလား?? ပြည်သူတွေမှာလဲအပြည့်အဝ တာဝန်ရှိပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။