အမျိုးသားတွေ မညည်းကြနဲ့
အိမ်ထောင်ဦးစီးတွေများ တနေ့တနေ့ အလုပ်လေးသွားရတာနဲ့
အိမ်ရှင်မတွေအပေါ် မာန်တက်နေတတ်တယ်။
သူတို့က အိမ်မှာ အေးဆေးဆိုပြီး ထင်တတ်တယ်။
တနေ့
ယောက်ျားတယောက် အလုပ်မှာမောတာနဲ့ ဘုရားသခင်ဆီ ဆုတောင်းရော။
" အမျိုးသမီးနဲ့ နေရာလဲချင်တယ် အဖ ဘုရားသခင်"
" ဖြစ်စေရမယ် ငါ့သား"
နောက်နေ့မနက်
သူက မိန်းမဖြစ်နေပြီး သူ့အမျိုးသမီးက ယောကျာ်း ဖြစ်နေတာကို
ဝမ်းသာစွာတွေ့လိုက်ရတယ်။
သူ
မနက်စောစောထ ထမင်းချက်တယ်။
အ၀တ်လျှော်။
မီးပူတိုက်။
ကလေးကျောင်းပို့။ ကြို။
အိမ်သန့်ရှင်းရေး။
လူမှုရေး။
ဆက်တိုက်ပဲ မနားရ။
မောလာရော။
၃ ရက်တောင်မခံနိုင်။
ဘုရားသခင်ဆီမှာ ဆုတောင်းပြန်ရော။
" အဖ။ သားကိုကယ်ပါ။ မိန်းမမဖြစ်ချင်တော့ပါဘူး။ ယောကျာ်းဘ၀ ပြန်ပြောင်း
ပေးပါ"
" အေး။ ဒါပေမယ့် နောက်ထပ် ကိုး လ လောက်စောင့်လိုက်ဦး မနေ့ညက မင်း
ကိုယ်ဝန်ရသွားတယ်လေ"

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။