ဝေါ့ဒစ္စနေး
(Walt Disney) (၁၉ဝ၁ - ၁၉၆၆)
ချစ်စဖွယ် မစ်ကီးမောက်စ်၊ စိတ်တိုတတ်သော ဒေါ်နယ်ဒပ်စ်၊ နှစ်လိုဖွယ် ပလူတို၊ သိမ်မွေ့သည့် ဘန်ဘီနှင့် များစွာသော အခြားတိရစ္ဆာန်များနှင့်
လူသားဇာတ်ကောင်တို့၏ ဖခင်ကြီးအဖြစ် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော
ပုဂ္ဂိုလ်တို့က သူကို သိရှိထားကြသည်။
သူကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၈ နှစ် နီးပါးပင် ရှိသော်လည်း
သူ့စတူဒီယိုမှ ထွက်သော ဇာတ်ကားများနှင့် သူဖန်တီးခဲ့သော ဒစ္စနေးကမ္ဘာကို
ကမ္ဘာ့လူသား သန်းပေါင်းများစွာက ဆက်လက်ကြည့်ရူ အားပေးနဆဲ ဖြစ်သည်။
သူကား စိတ်ကူးဥာဏ် ကွန့်မြူးရာ၌ မှော်အတတ်ကဲ့သို့ တဘက်ကမ်းခတ်အောင် ကျွမ်းကျင်လှသည့် ကာတွန်းရုပ်ရှင် ၀ိဇ္ဇာကြီးပင် ဖြစ်ပေသည်။
“ကလေးတွေ အနေနဲ့ သူတို့ရဲ့ မိဘတွေကိုပါ ခေါ်လာလို့ရတဲ့ ဇာတ်ကားမျိုးတွေကို ရိုက်ထုတ်ဖို့ပါပဲ” ဟု ဒစ္စနေးက ပြောခဲ့ဘူးသည့်အတိုင်း
ယင်းသို့သော ဇာတ်ကားမျိုးများကို သာလျှင် ရိုက်ထုတ်ခဲ့ခြင်းပင် ဖြစ်သည်။
ဇာတ်ကားများ ရိုက်ထုတ်ခြင်းကြောင့် ရရှိခဲ့သည့် မြောက်မြားလှစွာသော
ငွေကြေးနှင့် ကျော်ကြားမှုတို့က သူ၏ ကြိုးပမ်းချက် မည်မျှအောင်မြင်ကြောင်း
သက်သေအဖြစ် တွေ့ရှိနိုင်ပေသည်။ သို့သော် ဒစ္စနေးသည် မိမိရရှိသည့်
ငွေများကို နောက်ထပ် အသစ်သစ် ရိုက်ကူးသော ဇာတ်ကားများ၌
ပို၍ သုံးစွဲလေ့ ရှိပေသည်။
ဒစ္စနေးသည် ပင်ကိုယ်အားဖြင့် ဟန်ဆောင်မှုကင်းပြီး ဟန်ကြီးပန်ကြီး မလုပ်တတ်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။ နေ့လည်စာကို စတူဒီယိုရှိ စားသောက်ဆိုင်၌ပင်စားသောက်တ တ်ပြီး အသားညှပ် ပေါင်မုန့်လောက်ဖြင့် တင်းတိမ်သည်က များပေသည်။
‘ဝေါ့’ မှာ စိတ်ထိခိုက်လွယ်ခြင်း အသိရခက်ခြင်း၊ ခေါင်းမာခြင်း စသည့်
အခြားအင်္ဂါလက္ခဏာများလည်း ရှိနေပေသည်။
ဝေဖန်ရေးဆရာ တစ်ဦးကမူ ဝေါ့ဒစ္စနေးအား
“၁၉ ရာစု၏ စိတ်လှုပ်ရှားမှုများနှင့် ၂၁ ရာစုနှစ်၏
ဦးနှောက်တို့ ပဋိပက္ခဖြစ်နေသော လူသားတစ်ယောက်” ဟု ဆိုသည်။
ဒစ္စနေးသည် မှော်အတတ်များကို တစ်ဘက်ကမ်းခတ် တတ်ထားဘိအလား
လူသားတို့တွင် ရှိသည့် အသွင်လက္ခဏာများကို ကြွက်များ၊ ဇီးကွက်များ၊ သမင်များ၊ နှံကောင်များသို့ သွတ်သွင်းပေးနိုင်ခဲ့ပေသည်။
အခန်းတံခါးမကြီး၏ လက်ကိုင်ဖုလုံးကို စိုက်ကြည့်ရာမှ ပါးစပ်များ၊
နားရွက်များ တပ်ဆင်လိုက်ခြင်းဖြင့် “အံ့သြဖွယ်ရာ ကမ္ဘာရောက် အဲလစ်” (Alice
in Wonder land) ဟူသော နာမည်ကျော် ကာတွန်းရုပ်ရှင်တွင် ပါဝင်သည့်
ဇာတ်ကောင်တစ်ကောင်ကို ဖန်ဆင်းယူခဲ့ပေသည်။
ယင်းကဲ့သို့ ဒစ္စနေး၌ မဖြစ်မနေကြိုးစား အားထုတ်တတ်သော ကြီးမားသည့် ဇွဲရှိခြင်းမှာငယ်စဉ်မှ စ၍ ကျင့်သားရလာသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ဒစ္စနေး၏ ဖခင်ဖြစ်သူ အိုင်ရစ်နှင့် ကနေဒါသွေးပါသော အီလီယာဒစ္စနေးနှင့် ဂျာမန်နှင့် အမေရိကန် အဆက်အနွယ်ဖြစ်သော ဖလော်ရာကောလ် ဒစ္စနေး တို့၌
သားသမီး ငါးယောက်ရှိခဲ့လေရာ၊ ယင်း သားသမီးများကို ကျွေးမွေးပြုစုရာ၌
အကြပ်အတည်းများနှင့် ကြုံတွေ့ရလေသည်။
၁၉ဝ၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ ဝေါ့ဒစ္စနေးကို မီးရူးသန့်စင် ဖွားမြင်ခဲ့သည်။ လက်သမား တန်ဆာပလာဆိုင်ကလည်း ဟန်မကျသဖြင့် ဒစ္စနေးတို့ မိသားစုသည် အမေရိကန် အနောက်အလယ်ပိုင်း နယ်တစ်နယ်ဖြစ်သော
မစ်ဆိုးရီးနယ်သို့ ပြောင်းရွေ့လျက် လယ်ယာလုပ်ကိုင် စားသောက်ပြန်သည်။
အသက် (၇) နှစ် ရှိပြီဖြစ်သော ဝေါ့ဒစ္စနေးသည် ဤဒေသ၌ ပန်းချီအဖြစ်
ပထမဆုံး ငွေအသပြာကို ရရှိခဲ့သည်။
ဆရာဝန်ကြီးတစ်ဦး၏ မြင်းကို ပုံတူရေးဆွဲပေးခြင်းပင် ဖြစ်သည်။ ထိုမြင်းရုပ် ရေးဆွဲခအတွက် ဆရာဝန်ကြီးက ဝေါ့ဒစ္စနေးအား ၂၅ ဆင့်ပေးပြီး သူ့လက်ရာကိုလည်း ချီးကျူးခဲ့သည်။ အနှီမြင်းရုပ်မှာ နောင်သောအခါ၌ တစ်ဦးတည်းသော အနုပညာရှင်၏ ဦးနှောက်ထဲမှ ခုန်ပေါက်ပြေးထွက်လာကြသောနှ စ်သက်ဖွယ်ရာ သတ္တ၀ါ တစ်ခု၏ ရှေ့ပြေးတမန် ကလေးပင် ဖြစ်သည်။
ဝေါ့ဒ် ၁၉ နှစ်သားအရွယ်၌ သူတို့၏ မိသားစုသည် ကန်းဆတ်စီးတီးမြို့သို့ ပြောင်းရွှေ့ပြန်သည်။ ထိုမြို့၌ ဝေါ့ဒစ္စနေး၏ ဖခင်သည် သတင်းစာပို့လုပ်ငန်းကို ရရှိလေသည်။ ထို့ကြောင့် ဒစ္စနေးသည် အာရုဏ်မတက်မီ အိပ်ရာမှ ထလျက် ကျောင်းမသွားမီ သတင်းစာများကို အပြီး လိုက်လံပို့ပေးရလေသည်။ ထို့နောက် ညနေကျောင်းပြန်ချိန်၌လည်း ညနေထုတ် သတင်းစာများကို လိုက်လံ၍ ပို့ပေးရပြန်သည်။
ကျောင်းတက်နေစဉ် အတွင်းပန်းချီကျောင်း၌လည်း ညနေပိုင်း သင်တန်းများကိုတစ်နှစ်ကြာမျှတက်ရောက်သင်ကြားလေသည်။
ထို့နောက် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့ ပေရာမိမိ၏ အသက်ကိုလိမ်၍ စစ်ထဲသို့
ဝင်ခဲ့လေသည်။ စစ်တပ်က ဝေါ့ဒစ္စနေးအား သူနာတင်ကားမောင်းသမားအဖြစ်
လက်ခံခဲ့ပြီးနောက် ပြင်သစ်သို့ ပို့လိုက်လေသည်။
စစ်ကြီးပြီးချိန်၌ ဒစ္စနေးသည် ကန်းဆတ်စ်စီးတီးမြို့ ရုပ်ပြောင်ကာတွန်းရေး ဆရာအဖြစ်ဖြင့် အလုပ်ရရှိလေသည်။ သူ၏ အလုပ်မှာ ရုပ်ရှင်ရုံများ၌ အနားပေးချိန်တွင် ပြသရန်အတွက် ရုပ်ပြောင်ကြော်ငြာများ ရေးဆွဲပေးရခြင်းပင် ဖြစ်သည်။
ထိုအချိန်က ရုပ်ပြောင်များကို လှုပ်ရှားအသံသွင်းခြင်းမှာ အသစ်အဆန်း တစ်ခုဟု ဆိုရုံသာ ဆိုနိုင်သေးသည်။ပြောင်ပြောင်မြောက်မြောက် မဖြစ်သေးပေ။
သို့သော် ဝေါ့ဒစ္စနေးသည် ဤတီထွင်မှု၏ အလားအလာကို ကောင်းစွာဖြင့်ထားပေသည်။ ထို့ကြောင့် ကားဂိုဒေါင်တစ်ခုကိုဌားရမ်း လျက်၊ ပန်းချီစတူဒီယို အဖြစ်ဖြင့် အသုံးပြုခဲ့လေသည်။
ဤကားဂိုဒေါင်၌ ဝေါ့ဒစ္စနေးသည် သူ၏ နာမည်ကျော် ကြွက်ဇာတ်လိုက် ကလေးများကိုတွေ့ရှိခဲ့ခြင်း ပင် ဖြစ်သည်။ ပန်းချီဆရာလေး ဝေါ့ဒစ္စနေးသည် ကြွက်များကို အလွန်ချစ်၏ကြွက်ကလေးများမှာ မျက်လုံးကလေး ကြောင်တောင်တောင်နှင့် ကြည့်တတ်ပြီး လှစ်ခနဲ၊ လှစ်ခနဲ နေအောင် ပြေးလွှားနိုင်သည်ကို သူ သဘောအကျဆုံးပင်ဖြစ်၏။
ထို့နောက် ဒစ္စနေးသည် ဟော်လီဝုဒ်သို့ သွားရောက်၍ သူ၏ ဥာဏ်စွမ်းကို တစ်ပွဲတစ်လမ်း အကဲစမ်းလိုစိတ် ပေါ်ပေါက်လာသဖြင့်၁၉၂၇ ခုနှစ်၌ ဟော်လီဝုဒ် ရုပ်ရှင်မြို့တော်ဆီသို့ ခြေဦးလှည့်ခဲ့လေသည်။ ဟော်လီဝုဒ်သို့ ဝေါ့ဒစ္စနေး ရောက်လာသောအချိန်၌ သူနှင့်အတူ ဒေါ်လာ ၄ဝ ၊ဝတ်စုံအဟောင်းတစ်ခု ၊ ဆွယ်တာတစ်ထည်နှင့် ပန်းချီကိရိယာ အချို့သာလျှင် ပါလာခဲ့လေသည်။
ဝေါ့ဒစ္စနေး မလုပ်လျှင်သာ နေမည်။လုပ်မိပါကလည်းအားလုံး စိတ်တိုင်းကျဖြစ်လာမှကျေနပ် သူဖြစ်ရာငွေအားကောင်းကောင်း ဖြင့် ရိုက်ထုတ်နိုင်ပါက
ပို၍ ကောင်းမွန်လာမည်ဟု ယုံကြည်ထားပေးသည်။
ဝေါ့ဒစ္စနေးသည်ကာလီဖိုးနီးယားသို့ပြန်လာခဲ့ရာလမ်းခရီး၌
ဇာတ်ကောင်သစ် တစ်ခု တီထွင်ရန် စဉ်းစားလာခဲ့လေသည်။ ထိုအခိုက် မိမိ
ကင်းဆတ်စ်စီးတီးတွင် နေခဲ့စဉ်က ကားဂိုဒေါင်ထဲမှ ကြွက်ကလေးကို သွား၍
သတိရမိလေသည်။
ဝေါ့ဒစ္စနေးက မိမိ၏ ဇာတ်ကောင်အား ‘မော့တီးမား’ (Mortimer) ဟုပင်
အမည်ပေးမည်ဟု ကြံစည်ခဲ့သော်လည်း ယင်းအမည်မှာ ထည်ဝါခန့်ငြားလွန်းသည်ဟု သူ၏ ဇနီးကဆိုသဖြင့် ‘မစ်ကီး’ (Micky) ဟု ပြောင်းလဲခေါ်ဝေါ်ရန် သဘောတူခဲ့သည်။
ဤသို့ဖြင့် မစ်ကီးမောက် ဟု ပြောင်းလဲ ခေါ်ဝေါ်ရန် သဘောတူခဲ့သည်။
ဤသို့ဖြင့် မစ်ကီးမောက်စ် (Mickey Mouse) ဟူသော ကြွက်ဇာတ်ကောင်
တစ်ဦး စိတ်ကူးယဉ်ကမ္ဘာ၌ ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။
ရုပ်ရှင်လုပ်ငန်း၌ အသံသွင်းဇာတ်ကားများ ခေတ်စားလာပြီဖြစ်ရာ၊
ကြွက်ဇာတ်ကား၌ အသံသွင်းနိုင်ရန်အတွက် မိမိတို့နေထိုင်သော အိမ်များကိုပင် ပေါင်နှံ၍ ၁၉၂၈ ခုနှစ်၌ ‘စတိင်းဘုတ်ဝီလီ’ (Steam-boat Willie) ဟူသော
ဇာတ်ကားကို နယူးယောက်မြို့တွင် ရုံတင်သောအခါ၌ မစ်ကီးမောက်စ် ကာတွန်းကိုလည်း ပူးတွဲပြသခဲ့ရာ လူကြိုက်အလွန်များခဲ့လေသည်။
ကမ္ဘာကြီးတစ်ခုလုံး စီးပွားအကျပ်အတည်းနှင့် ကြုံတွေ့နေချိန်၌နှလုံးမသာမ ယာ
ဖြစ်နေသူများအား ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့ခြင်းပင် ဖြစ်သည်။
ဒစ္စနေးအဖွဲ့က အနုပညာကျောင်းဆင်းကာ ကြံရည်ဖန်ရည်ကောင်း အရည်အသွေးရှိ
လူငယ်လူရွယ်များအား ခေါ်ယူအသုံးပြုခဲ့သည်။
ထိုစဉ်က ဒစ္စနေးသည် အသက်မှာ ၃ဝ နှစ်ပင် မပြည့်သေးပေ။
နောင်အခါ အချိန်ပြည့်သင်တန်းကျောင်း ဖြစ်လာမည့် သင်တန်းများကို စတူဒီယို
ပန်းချီဆရာများအတွက် တည်ထောင်ဖွင့်လှစ်ခဲ့သည်။
ဒစ္စနေး လိုချင်သည့် အချက်မှာ ပြက်လုံးတိုင်းသည် သက်ဆိုင်ရာ ဇာတ်ကား၏ ဦးတည်ချက်ကို အကျိုးပြုရေးနှင့် စိတ်ကူးစိတ်သန်းသည် တကယ့်ဘ၀ ဖြစ်ရပ်မှန်အပေါ် အခြေခံရေးပင် ဖြစ်သည်။
ကာတွန်းဇာတ်ကားရှည်များ ရိုက်ထုတ်ရန်အတွက် “မနှင်းဖြူနှင့် လူပုကလေး ခုနှစ်ယောက်” (Snow white and the Seven Dwarfs) ခေါ် ကာတွန်း ဇာတ်ကားရှည်ကြီးကို ရိုက်ထုတ်လေသည်။
ယင်းဇာတ်ကားမှာ အနုပညာ လက်ရာအားဖြင့် ပြောင်မြောက်လှပြီး
ဝင်ငွေလဲ သောက်သောက်လဲ ရကာ အထူး “အော်စကာ” ရွှေစင်ရုပ်ဆုတစ်ခုနှင့်ရွှေစ င်ရုပ်ကလေး ခုနှစ်ခုကို ချီးမြှင့်ခံခဲ့ရလေသည်။ စစ်ကြီးပြီးသည့်နောက်
ကာတွန်းဇာတ်ကားများ ရိုက်ထုတ်ရာ၌ သဘာဝကို အခြေခံသောစွန့်စားခန်း ဇာတ်ကားများကိုပါ ရိုက်ကူးခဲ့လေသည်။
ဝေါ့ဒစ္စနေးသည် ရိုးသားနှိမ့်ချတတ်သူ ပီပီ ဟန်ကြီးပန်ကြီးဖြင့် နေလိုသူလည်း မဟုတ်ပေ။ ဒစ္စနေးတွင် မိမိဖာသာ ကိုယ်ပိုင်အရှိန်ယူ လှုပ်ရှားမှု အလွန်နည်းသည်။
တနင်္ဂနွေနေ့များတွင် သမီးငယ်လေးများနှင့် အတူတကွ သွားရောက်လည်ပတ်လေ့ရှိသော အပန်းဖြေဥယာဉ်များ အဘယ်ကြောင့် စုတ်ချာပြီး လူများစိတ်မ၀င်စားကြသည့် အကြောင်းကို ဒစ္စနေး တွေးမိပြီး သူငယ်စဉ်ဘ၀က ပွဲလမ်းသဘင် အခမ်းအနားများပါရှိသည့် အမေရိကန် ကျေးလက်မြို့လေးတစ်မြို့ကို တည်ဆောက်ရန် ဒစ္စနေး ကြံစည်ကာ“ဒစ္စနေးလ်ကမ္ဘာ”ကို တောင်ပိုင်း ကာလီဖိုးနီးယားနယ်၌တည်ဆောက် ခဲ့သည်။
ထို့ပြင် ပုံစံတူသောဒစ္စနေးလ်ကမ္ဘာတစ်ကိုလည်း ဖလော်ဒါရီနယ်အလယ်ပိုင်း၌
၁၉၆၇ခုနှစ်မေလတွင်တည်ဆောက်ခဲ့ပြန်သည်။ ဖလော်ဒါရီ ပျော်ရွှင် ရိပ်မြုံသည် ဧက၂၅ဝဝကျော်ကျယ်ဝန်း၍၁၃ဆကြိးမားသည်။ ထို့  နောက် ပြင်သစ်နိုင်ငံ၊ဂျပန်၊ဟောင် ကောင် တို့ တွင်လည်းဒစ္စနေးလ်ဥယျာဉ်များကို ထပ်မံတည်ဆောက်ခဲ့ပြန်သည်။
ရုပ်ရှင်ဇာတ်ကားတို၊ဇာတ်ကား ရှည်စုစုပေါင်း ၇ဝဝ ကျော်ရိုက်ကူးထုတ်လုပ်ခဲ့သော ဝေါ့ဒ်သည် ရုပ်ရှင်အကယ် ဒမီအော်စကာဆုပေါင်း ၃ဝ၊ ရုပ်မြင်သံကြား အကယ်ဒမီဆု ၄ ဆုနှင့်နိုင်ငံပေါင်းစုံမျချီ့းမြှင့်သော
ဂုဏ်ထူး ဆောင်ဆုတံဆိပ်စုစုပေါင်း ၈ဝဝ ကျော်တို့ ကိုလည်းရရှိခဲ့သည်။
အမေရိကန်သစ်တောအသင်းမှ ချိးမြှင့်ခဲ့သည့် ”ထူးချွန်သောအမှုထမ်းကောင်း တံဆိပ်” လည်းပါဝင်လေသည်။
ဝေါ့ဒ်အား လျှို့ ဝှက်သော နည်းကောင်းတစ်ခုရှိမည်ဟု ထင်ကာ တစုံတစ် ယောက်က သူ့ အားမေးမြန်းရာ
“ကျနော်ကြိုက်တာကျနော်လုပ်လို့ ဖြစ်ပါလိမ့်မယ်
ဘဝရဲ့ မသာယာလှတဲ့အပိုင်း၊ မကောင်းတဲ့အပိုင်းတွေ ကို
စိတ်မဝင်စားသလို၊ကောင်းတဲ့အ ပိုင်းတွေကိုလည်း စိတ်ဝင်စားကြလိပ်မယ်လို့ ကျနော်ယူဆခဲ့တဲ့အတိုင်း တိရစ္ဆာန်လေးတွေကိုရွေးပြိးတ င်ဆက်နိုင်ခဲ့လို့ ပါပဲ”
နှစ်ပေါင်းများစွာ့ စိးရက်သောက်ခဲ့သောကြောင့် အဆုတ်ကင်ဆာရောဂါဖြင့်
၁၉၆၆ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင်ကွယ်လွန်ခဲ့သည်။ ဝေါ့ဒ်ဒစ္စနေးလ် ကုမ္ပဏီမှ သူ့  စိတ်ကူး၊သူ့ ဖန်တီးမှုအဝဝကို ဆက်လက် အကောင်ထည်ဖေါ်လျက်ရှိရာ ထာဝရ ဆက်လက် ရှင်သန်နေပါဦးမည်
သန်းဝင်းလှိုင်
(Walt Disney) (၁၉ဝ၁ - ၁၉၆၆)
ချစ်စဖွယ် မစ်ကီးမောက်စ်၊ စိတ်တိုတတ်သော ဒေါ်နယ်ဒပ်စ်၊ နှစ်လိုဖွယ် ပလူတို၊ သိမ်မွေ့သည့် ဘန်ဘီနှင့် များစွာသော အခြားတိရစ္ဆာန်များနှင့်
လူသားဇာတ်ကောင်တို့၏ ဖခင်ကြီးအဖြစ် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော
ပုဂ္ဂိုလ်တို့က သူကို သိရှိထားကြသည်။
သူကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၈ နှစ် နီးပါးပင် ရှိသော်လည်း
သူ့စတူဒီယိုမှ ထွက်သော ဇာတ်ကားများနှင့် သူဖန်တီးခဲ့သော ဒစ္စနေးကမ္ဘာကို
ကမ္ဘာ့လူသား သန်းပေါင်းများစွာက ဆက်လက်ကြည့်ရူ အားပေးနဆဲ ဖြစ်သည်။
သူကား စိတ်ကူးဥာဏ် ကွန့်မြူးရာ၌ မှော်အတတ်ကဲ့သို့ တဘက်ကမ်းခတ်အောင် ကျွမ်းကျင်လှသည့် ကာတွန်းရုပ်ရှင် ၀ိဇ္ဇာကြီးပင် ဖြစ်ပေသည်။
“ကလေးတွေ အနေနဲ့ သူတို့ရဲ့ မိဘတွေကိုပါ ခေါ်လာလို့ရတဲ့ ဇာတ်ကားမျိုးတွေကို ရိုက်ထုတ်ဖို့ပါပဲ” ဟု ဒစ္စနေးက ပြောခဲ့ဘူးသည့်အတိုင်း
ယင်းသို့သော ဇာတ်ကားမျိုးများကို သာလျှင် ရိုက်ထုတ်ခဲ့ခြင်းပင် ဖြစ်သည်။
ဇာတ်ကားများ ရိုက်ထုတ်ခြင်းကြောင့် ရရှိခဲ့သည့် မြောက်မြားလှစွာသော
ငွေကြေးနှင့် ကျော်ကြားမှုတို့က သူ၏ ကြိုးပမ်းချက် မည်မျှအောင်မြင်ကြောင်း
သက်သေအဖြစ် တွေ့ရှိနိုင်ပေသည်။ သို့သော် ဒစ္စနေးသည် မိမိရရှိသည့်
ငွေများကို နောက်ထပ် အသစ်သစ် ရိုက်ကူးသော ဇာတ်ကားများ၌
ပို၍ သုံးစွဲလေ့ ရှိပေသည်။
ဒစ္စနေးသည် ပင်ကိုယ်အားဖြင့် ဟန်ဆောင်မှုကင်းပြီး ဟန်ကြီးပန်ကြီး မလုပ်တတ်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။ နေ့လည်စာကို စတူဒီယိုရှိ စားသောက်ဆိုင်၌ပင်စားသောက်တ
‘ဝေါ့’ မှာ စိတ်ထိခိုက်လွယ်ခြင်း အသိရခက်ခြင်း၊ ခေါင်းမာခြင်း စသည့်
အခြားအင်္ဂါလက္ခဏာများလည်း ရှိနေပေသည်။
ဝေဖန်ရေးဆရာ တစ်ဦးကမူ ဝေါ့ဒစ္စနေးအား
“၁၉ ရာစု၏ စိတ်လှုပ်ရှားမှုများနှင့် ၂၁ ရာစုနှစ်၏
ဦးနှောက်တို့ ပဋိပက္ခဖြစ်နေသော လူသားတစ်ယောက်” ဟု ဆိုသည်။
ဒစ္စနေးသည် မှော်အတတ်များကို တစ်ဘက်ကမ်းခတ် တတ်ထားဘိအလား
လူသားတို့တွင် ရှိသည့် အသွင်လက္ခဏာများကို ကြွက်များ၊ ဇီးကွက်များ၊ သမင်များ၊ နှံကောင်များသို့ သွတ်သွင်းပေးနိုင်ခဲ့ပေသည်။
ယင်းကဲ့သို့ ဒစ္စနေး၌ မဖြစ်မနေကြိုးစား အားထုတ်တတ်သော ကြီးမားသည့် ဇွဲရှိခြင်းမှာငယ်စဉ်မှ စ၍ ကျင့်သားရလာသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ဒစ္စနေး၏ ဖခင်ဖြစ်သူ အိုင်ရစ်နှင့် ကနေဒါသွေးပါသော အီလီယာဒစ္စနေးနှင့် ဂျာမန်နှင့် အမေရိကန် အဆက်အနွယ်ဖြစ်သော ဖလော်ရာကောလ် ဒစ္စနေး တို့၌
သားသမီး ငါးယောက်ရှိခဲ့လေရာ၊ ယင်း သားသမီးများကို ကျွေးမွေးပြုစုရာ၌
အကြပ်အတည်းများနှင့် ကြုံတွေ့ရလေသည်။
၁၉ဝ၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ ဝေါ့ဒစ္စနေးကို မီးရူးသန့်စင် ဖွားမြင်ခဲ့သည်။ လက်သမား တန်ဆာပလာဆိုင်ကလည်း ဟန်မကျသဖြင့် ဒစ္စနေးတို့ မိသားစုသည် အမေရိကန် အနောက်အလယ်ပိုင်း နယ်တစ်နယ်ဖြစ်သော
မစ်ဆိုးရီးနယ်သို့ ပြောင်းရွေ့လျက် လယ်ယာလုပ်ကိုင် စားသောက်ပြန်သည်။
အသက် (၇) နှစ် ရှိပြီဖြစ်သော ဝေါ့ဒစ္စနေးသည် ဤဒေသ၌ ပန်းချီအဖြစ်
ပထမဆုံး ငွေအသပြာကို ရရှိခဲ့သည်။
ဆရာဝန်ကြီးတစ်ဦး၏ မြင်းကို ပုံတူရေးဆွဲပေးခြင်းပင် ဖြစ်သည်။ ထိုမြင်းရုပ် ရေးဆွဲခအတွက် ဆရာဝန်ကြီးက ဝေါ့ဒစ္စနေးအား ၂၅ ဆင့်ပေးပြီး သူ့လက်ရာကိုလည်း ချီးကျူးခဲ့သည်။ အနှီမြင်းရုပ်မှာ နောင်သောအခါ၌ တစ်ဦးတည်းသော အနုပညာရှင်၏ ဦးနှောက်ထဲမှ ခုန်ပေါက်ပြေးထွက်လာကြသောနှ
ဝေါ့ဒ် ၁၉ နှစ်သားအရွယ်၌ သူတို့၏ မိသားစုသည် ကန်းဆတ်စီးတီးမြို့သို့ ပြောင်းရွှေ့ပြန်သည်။ ထိုမြို့၌ ဝေါ့ဒစ္စနေး၏ ဖခင်သည် သတင်းစာပို့လုပ်ငန်းကို ရရှိလေသည်။ ထို့ကြောင့် ဒစ္စနေးသည် အာရုဏ်မတက်မီ အိပ်ရာမှ ထလျက် ကျောင်းမသွားမီ သတင်းစာများကို အပြီး လိုက်လံပို့ပေးရလေသည်။ ထို့နောက် ညနေကျောင်းပြန်ချိန်၌လည်း ညနေထုတ် သတင်းစာများကို လိုက်လံ၍ ပို့ပေးရပြန်သည်။
ကျောင်းတက်နေစဉ် အတွင်းပန်းချီကျောင်း၌လည်း ညနေပိုင်း သင်တန်းများကိုတစ်နှစ်ကြာမှ
စစ်ကြီးပြီးချိန်၌ ဒစ္စနေးသည် ကန်းဆတ်စ်စီးတီးမြို့ ရုပ်ပြောင်ကာတွန်းရေး ဆရာအဖြစ်ဖြင့် အလုပ်ရရှိလေသည်။ သူ၏ အလုပ်မှာ ရုပ်ရှင်ရုံများ၌ အနားပေးချိန်တွင် ပြသရန်အတွက် ရုပ်ပြောင်ကြော်ငြာများ ရေးဆွဲပေးရခြင်းပင် ဖြစ်သည်။
ထိုအချိန်က ရုပ်ပြောင်များကို လှုပ်ရှားအသံသွင်းခြင်းမှာ အသစ်အဆန်း တစ်ခုဟု ဆိုရုံသာ ဆိုနိုင်သေးသည်။ပြောင်ပြောင
သို့သော် ဝေါ့ဒစ္စနေးသည် ဤတီထွင်မှု၏ အလားအလာကို ကောင်းစွာဖြင့်ထားပေသည်။ ထို့ကြောင့် ကားဂိုဒေါင်တစ်ခုကိုဌားရမ်း
ဤကားဂိုဒေါင်၌ ဝေါ့ဒစ္စနေးသည် သူ၏ နာမည်ကျော် ကြွက်ဇာတ်လိုက် ကလေးများကိုတွေ့ရှိခဲ့ခြင်း
ထို့နောက် ဒစ္စနေးသည် ဟော်လီဝုဒ်သို့ သွားရောက်၍ သူ၏ ဥာဏ်စွမ်းကို တစ်ပွဲတစ်လမ်း အကဲစမ်းလိုစိတ် ပေါ်ပေါက်လာသဖြင့်၁၉၂၇ ခုနှစ်၌ ဟော်လီဝုဒ် ရုပ်ရှင်မြို့တော်ဆီသို့ ခြေဦးလှည့်ခဲ့လေသည်။ ဟော်လီဝုဒ်သို့ ဝေါ့ဒစ္စနေး ရောက်လာသောအချိန်၌ သူနှင့်အတူ ဒေါ်လာ ၄ဝ ၊ဝတ်စုံအဟောင်းတစ်ခု ၊ ဆွယ်တာတစ်ထည်နှင့် ပန်းချီကိရိယာ အချို့သာလျှင် ပါလာခဲ့လေသည်။
ဝေါ့ဒစ္စနေး မလုပ်လျှင်သာ နေမည်။လုပ်မိပါကလည်းအားလုံး
ပို၍ ကောင်းမွန်လာမည်ဟု ယုံကြည်ထားပေးသည်။
ဝေါ့ဒစ္စနေးသည်ကာလီဖိုးနီးယာ
ဝေါ့ဒစ္စနေးက မိမိ၏ ဇာတ်ကောင်အား ‘မော့တီးမား’ (Mortimer) ဟုပင်
အမည်ပေးမည်ဟု ကြံစည်ခဲ့သော်လည်း ယင်းအမည်မှာ ထည်ဝါခန့်ငြားလွန်းသည်ဟု သူ၏ ဇနီးကဆိုသဖြင့် ‘မစ်ကီး’ (Micky) ဟု ပြောင်းလဲခေါ်ဝေါ်ရန် သဘောတူခဲ့သည်။
ဤသို့ဖြင့် မစ်ကီးမောက် ဟု ပြောင်းလဲ ခေါ်ဝေါ်ရန် သဘောတူခဲ့သည်။
ဤသို့ဖြင့် မစ်ကီးမောက်စ် (Mickey Mouse) ဟူသော ကြွက်ဇာတ်ကောင်
တစ်ဦး စိတ်ကူးယဉ်ကမ္ဘာ၌ ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။
ရုပ်ရှင်လုပ်ငန်း၌ အသံသွင်းဇာတ်ကားများ ခေတ်စားလာပြီဖြစ်ရာ၊
ကြွက်ဇာတ်ကား၌ အသံသွင်းနိုင်ရန်အတွက် မိမိတို့နေထိုင်သော အိမ်များကိုပင် ပေါင်နှံ၍ ၁၉၂၈ ခုနှစ်၌ ‘စတိင်းဘုတ်ဝီလီ’ (Steam-boat Willie) ဟူသော
ဇာတ်ကားကို နယူးယောက်မြို့တွင် ရုံတင်သောအခါ၌ မစ်ကီးမောက်စ် ကာတွန်းကိုလည်း ပူးတွဲပြသခဲ့ရာ လူကြိုက်အလွန်များခဲ့လေသည်။
ကမ္ဘာကြီးတစ်ခုလုံး စီးပွားအကျပ်အတည်းနှင့် ကြုံတွေ့နေချိန်၌နှလုံးမသာမ
ဖြစ်နေသူများအား ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့ခြင်းပင် ဖြစ်သည်။
ဒစ္စနေးအဖွဲ့က အနုပညာကျောင်းဆင်းကာ ကြံရည်ဖန်ရည်ကောင်း အရည်အသွေးရှိ
လူငယ်လူရွယ်များအား ခေါ်ယူအသုံးပြုခဲ့သည်။
ထိုစဉ်က ဒစ္စနေးသည် အသက်မှာ ၃ဝ နှစ်ပင် မပြည့်သေးပေ။
နောင်အခါ အချိန်ပြည့်သင်တန်းကျောင်း ဖြစ်လာမည့် သင်တန်းများကို စတူဒီယို
ပန်းချီဆရာများအတွက် တည်ထောင်ဖွင့်လှစ်ခဲ့သည်။
ဒစ္စနေး လိုချင်သည့် အချက်မှာ ပြက်လုံးတိုင်းသည် သက်ဆိုင်ရာ ဇာတ်ကား၏ ဦးတည်ချက်ကို အကျိုးပြုရေးနှင့် စိတ်ကူးစိတ်သန်းသည် တကယ့်ဘ၀ ဖြစ်ရပ်မှန်အပေါ် အခြေခံရေးပင် ဖြစ်သည်။
ကာတွန်းဇာတ်ကားရှည်များ ရိုက်ထုတ်ရန်အတွက် “မနှင်းဖြူနှင့် လူပုကလေး ခုနှစ်ယောက်” (Snow white and the Seven Dwarfs) ခေါ် ကာတွန်း ဇာတ်ကားရှည်ကြီးကို ရိုက်ထုတ်လေသည်။
ယင်းဇာတ်ကားမှာ အနုပညာ လက်ရာအားဖြင့် ပြောင်မြောက်လှပြီး
ဝင်ငွေလဲ သောက်သောက်လဲ ရကာ အထူး “အော်စကာ” ရွှေစင်ရုပ်ဆုတစ်ခုနှင့်ရွှေစ
ကာတွန်းဇာတ်ကားများ ရိုက်ထုတ်ရာ၌ သဘာဝကို အခြေခံသောစွန့်စားခန်း ဇာတ်ကားများကိုပါ ရိုက်ကူးခဲ့လေသည်။
ဝေါ့ဒစ္စနေးသည် ရိုးသားနှိမ့်ချတတ်သူ ပီပီ ဟန်ကြီးပန်ကြီးဖြင့် နေလိုသူလည်း မဟုတ်ပေ။ ဒစ္စနေးတွင် မိမိဖာသာ ကိုယ်ပိုင်အရှိန်ယူ လှုပ်ရှားမှု အလွန်နည်းသည်။
တနင်္ဂနွေနေ့များတွင် သမီးငယ်လေးများနှင့် အတူတကွ သွားရောက်လည်ပတ်လေ့ရှိသော အပန်းဖြေဥယာဉ်များ အဘယ်ကြောင့် စုတ်ချာပြီး လူများစိတ်မ၀င်စားကြသည့် အကြောင်းကို ဒစ္စနေး တွေးမိပြီး သူငယ်စဉ်ဘ၀က ပွဲလမ်းသဘင် အခမ်းအနားများပါရှိသည့် အမေရိကန် ကျေးလက်မြို့လေးတစ်မြို့ကို
ထို့ပြင် ပုံစံတူသောဒစ္စနေးလ်ကမ္ဘာတစ်က
၁၉၆၇ခုနှစ်မေလတွင်တည်ဆောက်ခဲ့ပြန်သည်။ ဖလော်ဒါရီ ပျော်ရွှင် ရိပ်မြုံသည် ဧက၂၅ဝဝကျော်ကျယ်ဝန်း၍၁၃ဆကြိ
ရုပ်ရှင်ဇာတ်ကားတို၊ဇာတ်ကား
ဝေါ့ဒ်အား လျှို့ ဝှက်သော နည်းကောင်းတစ်ခုရှိမည်ဟု ထင်ကာ တစုံတစ် ယောက်က သူ့ အားမေးမြန်းရာ
“ကျနော်ကြိုက်တာကျနော်လုပ်လ
ဘဝရဲ့ မသာယာလှတဲ့အပိုင်း၊ မကောင်းတဲ့အပိုင်းတွေ ကို
စိတ်မဝင်စားသလို၊ကောင်းတဲ့အ
နှစ်ပေါင်းများစွာ့ စိးရက်သောက်ခဲ့သောကြောင့် အဆုတ်ကင်ဆာရောဂါဖြင့်
၁၉၆၆ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင်ကွယ်လွန်ခဲ့သည်။ ဝေါ့ဒ်ဒစ္စနေးလ် ကုမ္ပဏီမှ သူ့  စိတ်ကူး၊သူ့ ဖန်တီးမှုအဝဝကို ဆက်လက် အကောင်ထည်ဖေါ်လျက်ရှိရာ ထာဝရ ဆက်လက် ရှင်သန်နေပါဦးမည်
သန်းဝင်းလှိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။