Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 19, 2016

ခရိုနီ ဇက္ခဲ



Ko Nyo added 2 new photos.

ခရိုနီ ဇက္ခဲ
======
အရပ်ပုပေမယ့် လောဘကြီးတဲ့ ဇက္ခဲကို သူနေထိုင်တဲ့ ယေရိခေါ မြို့လူထုက အတော်လေး အောကြောလန်ကြတယ်။
လူမုန်းများတာက ဇက္ခဲ ချမ်းသာကြွယ်ဝနေလို့ မဟုတ်ဘူး။ ကပ်စေးနဲ နေလို့လည်းမဟုတ်ဖူး။
လူထုချွေးနဲစာ လုပ်အားအပေါ် စိတ်စေတနာမဲ့စွာနဲ့ ခေါင်းပုံဖြတ်တတ်လို့။ မတရား အခွန်ကောက်ခံပြီး မြို့လူထုအပေါ် အကြင်နာကင်းလို့ဖြစ်တယ်။
သူဟာ ရောမခေတ်က အခွန်ခေါင်း ရာထူးခန့်အပ်ခံထားရသူဖြစ်တယ်။ ဒီခေတ်အခေါ်တော့ အကောက်ခွန် အရာရှိချုပ်ပေါ့.။

လွန်ခဲ့တဲ့ နှစ် ၂၀၀၀ကျော်က ယေရိခေါ မြို့ရဲ့ ကျိကျိတက်ချမ်းသာသူ ခရိုနီတစ်ယောက်ပါ။
ဇက္ခဲ က သူ့အပေါ် မြို့လူထုက အမြင်ကပ်နေမှန်းလည်း သိတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူး။ ပိုက်ဆံချမ်းသာရင် ဘာမဆို အနိုင်ယူနိုင်ပြီး ဂုဏ်သိက္ခာရှိတယ်လို့ထင်နေတယ်။
ဒါပေမယ့် အပေါ်ယံကြည့်ရင် အဲလို ဟုတ်သလိုလိုပေမယ့် အတွင်းအနှစ်သာရကတော့..
ဇက္ခဲမှာ ဂုဏ်သိက္ခာ တစိုးတစိလေးမျှ မရှိ။ မြို့လူထုက သူ့ကို ဆေးဖော်ကြောဖက်မလုပ်ချင်ဘူး။ အစိုးရအခွန် အရာရှိမို့ ဗြောင်မဆန့်ကျင်ပေမယ့် ကွယ်ရာမှာမေးငေါ့ငြူစူကြတယ်။ သူ့အပေါ် ဘယ်သူမှ စေတနာ မေတ္တာမရှိဘူး။


ဒါကိုဇက္ခဲက ရိပ်မိတယ်။ ဒီတော့ သူ့မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘူး။ အထီးကျန်တယ်၊ အားငယ်တယ်။ ငွေရှိပေမယ့် သြဇာမရှိဘူး။ သူမြို့ထဲကို ဟန်ကိုယ့်ဘို့ အသွင်နဲ့ ခတ်တည်တည် သွားလာနေရပေမယ့် အများရဲ့ မျက်လုံးအကြည့်တွေကို ရင်မဆိုင်ရဲဘူး။ နေရာတိုင်းမှာ ငွေကြေးချမ်းသာကြွယ်ဝမှုက အရေးမပါမှန်း သူသဘောပေါက်နေတယ်။ ပေမမှီ ဒေါက်မမှီတဲ့ သူ့အရပ်အမောင်းလိုပဲ စိတ်ဓာတ်ရေးရာ စံမမှီသူအဖြစ် သူ့ကို လူတွေက ကြဉ်ထားကြပြီ။
ဒီတော့ သူ့စိတ်ထဲ လူတွေနဲ့ အရောတ၀င်၊ ချစ်ချစ်ခင်ခင်နေချင်တယ်။လူတန်းစား အသီးသီးရဲ့ ချစ်ခင်လေးစားမှုကို ခံယူချင်တယ်။ သေချာတာကတော့..လူတွေရဲ့ မေတ္တာကို သူငတ်မွတ်နေတယ်။ ဒါပေမယ့် သူ့မိုင်းဆက် ကိုတော့ သူမပြောင်းနိုင်ဘူး။ ဟန်ကိုယ့်ဘို့ပဲနေ နေတယ်.။
တနေ့မှာ ယေရုရှလင်မြို့ကို ခရီးထွက်လာတဲ့ သခင်ယေရှုက လမ်းကြုံလို့ ဇက္ခဲနေတဲ့ ယေရိခေါမြို့ကို ခဏ၀င်လည်တယ်။
ယေရှုရောက်လာတယ်ဆိုတဲ့ သတင်းကြောင့် ယေရိခေါ မြို့သူမြို့သားတွေ လှုတ်လှုတ်ရွရွ ဖြစ်ကုန်တယ်။ မြို့လည် လမ်းမကြီး ပြည့်လုခမန်း လူအုပ်ကြီးက ယေရှုကို စောင့်ကြိုနေတယ်။ ယေရှု ဆိုတဲ့ပုဂ္ဂိုလ်ကလည်း အဲဒီအချိန် ဘုန်းအရှိန်အ၀ါအတော်ကြီးနေပြီး သူ့ကိုယုံကြည်သူနောက်လိုက်နောက်ပါ အင်အားတွေအတော်များပြားနေပြီ။ သူသွားလေရာမြို့တိုင်းမှာ အံ့သြဘွယ် နမိတ်လက္ခဏာတွေပြသနေပြီး သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သူတိုင်း ကိုယ်တစ်ပိုင်းသေသူတွေ၊ အာရုံငါးပါးချို့တဲ့သူတွေနဲ့ နူနာစွဲကပ်နေသူတွေကအစ ချက်ချင်းပျောက်ကင်းစေတဲ့ အထိ တန်ခိုးလက္ခဏာထင်ရှားနေတယ်။ ယေရှုဟာ ဘုရားရှင်ရဲ့ သားတော်အဖြစ် လူသိများ ကြော်ကြားလာသလို သမ္မာကျမ်းစာ(ဓမ္မဟောင်း)ထဲက နှုတ်ကပတ်တော်တွေကို ပုံဆောင်တဲ့ နမိတ်လက္ခဏာတွေနဲ့ယှဉ်ပြီး ရှင်းလင်းစွာ သက်သေပြ ဟောကြားနိုင်တဲ့ သူ့ရဲ့ ဓမ္မအတွေး အမြင်သစ်တွေကို လူတိုင်းက ခွန်အားရနှစ်ခြိုက်နေကြတယ်။ လူအားလုံးရဲ့ ပါးစပ်ဖျားမှာ ယေရှု၊ ယေရှု လို့ သိနေပြောနေကြပြီ။
လူထုစုဝေးနေတဲ့ မြို့လည် ကိုရောက်တော့ အရပ်ပုပုနဲ့ ဇက္ခဲဟာ ယေရှုကိုယ်တော်ကို မြင်တွေ့လိုစိတ် ပြင်းပြင်းပျပျခံစားရတယ်။ ဒီလောက်နာမည်ကြီးတဲ့ ယေရှုကို သူများမြင်သလို ကိုယ်လည်း မြင်ချင်စိတ် ပေါ်လာတယ်။ ဒါပေမယ့် မွေးရာပါ သူ့ကိုယ်ထည် အရပ်နဲ့တော့ ယေရှုကို မြင်လို့မရနိုင်ဘူး။ ဒါကြောင့် နီးရာသစ်ပင်ပေါ် ပြေးတက်ပြီး ယေရှုကို ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ သစ်ဆုံခွကနေထိုင်ကြည့်နေလိုက်တယ်။
ယေရိခေါမြို့ပိရိဿတ်နဲ့ နှုတ်ဆက်တွေ့ဆုံတရားဟောအပြီး သစ်ပင်ပေါ်ကနေ သူ့ကို စူးစိုက်ကြည့်နေတဲ့ ဇက္ခဲကို မျက်လုံးချင်းဆုံမိသွားတယ်။ နာမည်ဆိုးနဲ့ သတင်းကြော်ကြားနေတဲ့ ဇက္ခဲကို ယေရှု သတိထားမိတယ်။
”ဇက္ခဲ မြန်မြန်ဆင်းလော့ ”လို့ ရုတ်တရက် မိန့်လိုက်တယ်။ ဇက္ခဲဟာ သူ့နာမည်ကိုခေါ်လိုက်တဲ့ ယေရှုကိုကြည့်ရင်း ရုတ်တရက် ရှော့ခ် ဖြစ်သွားတယ်။ အံ့သြတကြီးနဲ့ မှင်သက်သွားတယ်။ ယေရှုက ဆက်ပြောတယ်။
” သင်၏အိမ်မှာ ယနေ့ငါတည်းနေမည်” ဇက္ခဲ သူ့နားကိုသူ မယုံနိုင်အောင်ဖြစ်သွားတယ်။
ဒီလောက်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးက သူ့အိမ်မှာတည်းခိုမယ် ဆိုတော့..ဇက္ခဲအချိန်သိပ်မဆွဲတော့။ ချက်ချင်းသစ်ပင်က ကသောကမျောခုန်ဆင်းချပြီး ယေရှုကို ခရီးဦးကြိုပြုလိုက်ပါတယ်.။
ပြဿနာက မြို့လူထုဆီ ရောက်သွားတယ်။ ယေရှု ကြောင်သွားတာလား..၊ဒီလို နာမည်ပျက်ပြီး လူတိုင်းအော့ကြောလန်ဖြစ်နေတဲ့ လူကို ယေရှုဘာကြောင့်ဆက်ဆံရတာလဲ၊ လူဆိုးသူခိုး အိမ်ဝင်ပြီး မစင်ကြယ်တဲ့ ငွေနဲ့ သူလုပ်ကျွေးတာကို စားသောက်ရမလား ဆိုပြီး အပြစ်တင်ဝေဖန်လာတယ်။
ယေရှုကတော့ သူ့ဆုံးဖြတ်ချက်အတိုင်း ဇက္ခဲ အိမ်လိုက်သွားတယ်။ ဇက္ခဲနဲ့ စကားစမြည်ပြောဆိုတယ်။
ဇက္ခဲ သဘောပေါက်သွားပြီ။ သူ့ရင်ထဲက နှစ်ပေါင်းများစွာ ဟာတာတာနဲ့ လိုအပ်နေတဲ့ အရာဟာ ဘာလဲဆိုတာကို နောင်တတရားများနဲ့အတူ သူသိသွားပြီ.။
မေတ္တာတရား၊ ချစ်ခြင်းမေတ္တာတရား၊ အကြင်နာတရား၊ ကိုယ်ချင်းတရား၊ စာနာခြင်းနဲ့ လေးစားချစ်ခင်မှု…ဖော်မပြနိုင်တဲ့ နှလုံးသားထဲက ယိုစီးကျလာတဲ့ ချစ်ခြင်းမေတ္တာတွေ..
ပြီးတော့..လွတ်မြောက်မှု..နှစ်ပေါင်းများစွာ ချုပ်နှောင်ခံရတဲ့အရာတွေကနေ လွတ်မြောက်လာမှု..သူကိုယ်တိုင် မာန်မာနတွေ၊ အတ္တတွေ၊ လောဘတွေ၊ ဒေါသ တွေနဲ့ သူတစ်ပါးကို ချုပ်နှောင်ထားတဲ့ အတ္တကြိုးတွေကို ဖြတ်တောက်မိလိုက်သလို..ကိုယ်တိုင်လည်း အလားတူ ရစ်ပတ်မိနေတဲ့ နှောင်ကြိုးကနေ လွတ်လပ်သွားတဲ့ ပေါ့ပါးတဲ့ လွတ်လပ်မှု၊ ၀မ်းမြောက်မှုနဲ့ ယှဉ်တဲ့ လွတ်မြောက်မှု..
အမြဲတစေ သုံမှုံပြီး မာန်မာနရည်တွေပေကျံနေတဲ့ ဇက္ခဲ ရဲ့မျက်နှာဟာ အခုတော့ ၀မ်းမြောက်မှု၊ တက်ကြွမှု၊ လွတ်မြောက်မှု၊ ကြည်နူးမှုတွေနဲ့ ချက်ချင်း အရောင်ပြောင်းပြီး တောက်ပလာပါတယ်။
“ သခင် ဒီနေ့ကစပြီး ကျွန်ုပ်မှာရှိတဲ့ ဥစ္စာတစ်ဝက်ကို ဆင်းရဲသားတွေကို ပေးဝေလိုက်တော့မယ်“
“ ပြီးတော့..တစုံတစ်ယောက်ရဲ့ ဥစ္စာအနည်းငယ်ကို ကျုန်ပ်ယူမိရင် လေးဆပြန်ပြီး အလျှော်ပေးပါ့မယ် သခင်“
ခရိုနီကြီးဇက္ခဲဟာ တက်ကြွ အားရစွာနဲ့ သူ့ နှလုံးသားအသစ်၊ သဘောထားသစ်ကတဆင့် စိမ့်ထွက်လာတဲ့ ပဋိညာဉ်သစ် ကို ရဲရဲရင့်ရင့်ပဲ ထုတ်ပြန်ကြွေးကြော်လိုက်ပါတယ်..။
။။။။။။။။။။။။။။။
(လူမည်သည်ကား ခရစ်တော်ဍ္ဍ်ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။
ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ။( ၂ကော၅း၁၇)
ကိုညို( အော်စလို)
မှီငြမ်း(ရှင်လုကာ ၁၉း ၁မှ ၁၀)
=========
မှတ်ချက်
ခရိုနီကြီးဇက္ခဲဟာ ယေရှုရဲ့ မေတ္တာတော်နဲ့ ထိတွေ့ခံစားမိပြီး မိုင်းဆက်တခုလုံး ပြောင်းပြန်ပြောင်းလဲ ပစ်လိုက်လို့ တချိန်က သူ့အပေါ် အော့ကြောလန်နေကြတဲ့ ယေရိခေါ မြို့လူထုရဲ့ မေတ္တာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီကနေ့ ကျနော်တို့ နိုင်ငံက ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့
မေတ္တာကြောင့် ဆန်ရှင်တွေ ရုတ်သိမ်းပေးလိုက်လို့ ခေါင်းတထောင်ထောင်ဖြစ်လာတဲ့ စစ်ခရိုနီ၊ သစ်ခရိုနီအပါအ၀င် ခရိုနီအပေါင်းတို့လည်း လောဘ၊မောဟကင်းစင်၍ အမြင်မှန်ရပြီး အမြန်ဆုံး ပြည်သူ့မေတ္တာကို ခံယူနိုင်ကြပါစေ..။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။