အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတသစ် ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့် အကြောင်း
ဒေါ်နယ်ဂျွန်ထရမ့်ကို ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆို အသက် ၇၀ ရှိပါပြီ။ သူဟာ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်သံထုတ်လုပ်သူ နဲ့ နိုင်ငံရေးသမားဆိုပြီး ဖော်ပြကြပါတယ်။ သူဟာ The Trump Organization ရဲ့ ဥက္ကဌလဲဖြစ်ပြီး သူ့ရဲ့ အိမ်ခြံမြေလုပ်ငန်း နဲ့ တခြား စီးပွားရေးလုပ်ငန်းတွေရဲ့ ပင်မ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကတော့ ရုံးခန်းတာဝါ၊ ဟိုတယ်၊ ကာစီနိုရုံတွေနဲ့ တခြား ကုန်အမှတ်တံဆိပ်ပစ္စည်းတွေထု တ်လုပ်ဖြန့်ချီခြင်းကို ကမ္ဘာအနှံ့ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
သူဟာ အိမ်ထောင်သုံးကြိမ် ကျဖူးပြီး လက်ရှိဇနီး Melina Knauss နဲ့ ၂၀၀၅
ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူ့မှာ သားသမီး ငါးယောက်ရှိပါတယ်
(ယောင်္ကျားလေး သုံးယောက်၊ မိန်းကလေး ၂ ယောက်ပါ)။
နယူးယောက်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ထရမ့်ဟာ New York Military Academy မှာ ကျောင်းတက်ခဲ့ပြီး Wharton School of the University of Pennsylvaniain ကနေ ၁၉၆၈ ခုနှစ်မှာ B.A ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ သူ့ဖခင် Fred Trump က သူ့ရဲ့ အိမ်ခြံမြေကုမ္ပဏီ ကိုလက်လွှဲကိုင်တွယ်ခွင့်ပေး ခဲ့ပြီး သူက နောက်ပိုင်းမှာ The Trump Organization ဆိုပြီး နာမည်ပြောင်းခဲ့တာဖြစ်ပါတယ် ။
သူဟာ ၂၀၀၀ ခုနှစ်မှာ Refrom Party (အမေရိကန်နိုင်ငံမှာ ၁၉၉၅ ခုနှစ်ကမှ
စတင်တည်ထောင်ခဲ့တဲ့ပါတီ - စီးပွားရှင်) ရဲ့ သမ္မတလောင်း
အမည်စာရင်းတင်သွင်းခံခဲ့ရပေ မယ့်
မဲပေးမှုမလုပ်ခင်မှာပဲ ပြန်နုတ်ထွက်သွားခဲ့ပါတယ်။ Forbes
ကရွေးချယ်သတ်မှတ်တဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ
ထရမ့်ရဲ့အဆင့်က ၃၂၄ ဖြစ်ပြီး အမေရိကန်ရဲ့ အချမ်းသာဆုံး စာရင်းမှာတော့ အဆင့်
၁၅၆ ဖြစ်ပါတယ်။ သူ့ရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၃.၇ ဘီလီယံ ဖြစ်ပါတယ်။
၂၀၁၅ ဇွန်လမှာတော့ ထရမ့်ဟာ ရီဘာပလီကန် ပါတီဝင်အဖြစ် အမေရိကန်သမ္မရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာခဲ့ပြီး ပါတီရဲ့ အမည်စာရင်းတင်သွင်းသူတွေထဲမှာ
အလျင်အမြန်ပဲ လူကြိုက်များလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မေလမှာတော့ သူ့ရဲ့
ရီဘက်ပလီကန် သမ္မတလောင်း ပြိုင်ဖက်တွေက သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို
ရပ်နားခဲ့ပြီး ထရမ့်ဟာ ၂၀၁၆ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ရီဘက်ပလီကန်
အစည်းအဝေးမှာ ပါတီရဲ့ တရားဝင် သမ္မတလောင်းအမည်စာရင်းသွင်းသူ ဖြစ်လာပါတယ်။ သူ့ရဲ့ အင်တာဗျူးတွေ၊ တွစ်တာနဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ ပြောဆိုခဲ့မှုတွေဟာ အငြင်းပွားဖွယ်များစွာ ရှိခဲ့ပါတယ်။
ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုတွေထဲမှာ အဓိကပြောကြားခဲ့တာတွေကတော့
အမေရိကန် - တရုတ် ကုန်သွယ်ရေးကို ပြန်ညှိနှိုင်းဖို့၊
အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ပါဝင်တဲ့ မြောက်အမေရိက လွတ်လပ်သောကုန်သွယ်မှု (NAFTA) နဲ့ Trans-Pacific Partnership ( အမေရိကန်၊ သြစတေးလျ၊ ဂျပန်၊ ဘရူနိုင်း၊ ပီရူး၊ စင်္ကာပူ၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကှဆီကို၊ မလေးရှား၊ ချီလီ၊ ကနေဒါ စတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ ပစိဖိတ်ဒေသ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု သဘောတူညီချက်) တို့လို သီးခြား ကုန်သွယ်မှု သဘောတူညီချက်တွေအပေါ် ဆန့်ကျင်ကန့်ကွက်တာတွေ၊
အမေရိကန် - မက္ကဆီကို နယ်စပ်တစ်လျောက် တံတိုင်းခတ်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်အြေ ခချမှုတွေကို တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့၊
စစ်မှုထမ်းဟောင်း စောက်ရှောက်မှုတွေအပေါ် ပြန်လည်ပြုပြင်ဖို့၊
Affordable Care Act ကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့နဲ့ 
အခွန်လျော့ကောက်ဖို့ ဆိုတာတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ ပဲရစ်အကြမ်းဖက်မှု ပြီးတဲ့နောက်မှာလည်း ထရမ့်ဟာ မူစလင် ပြောင်းရွေ့အခြေချသူတွေ အမေရိကန် နိုင်ငံထဲ ဝင်ရောက်တာကို တားမြစ်ဖို့ ပြောဆိုခဲ့ပါတယ်။
မူရင်း စီးပွားရှင်
ဒေါ်နယ်ဂျွန်ထရမ့်ကို ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆို အသက် ၇၀ ရှိပါပြီ။ သူဟာ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်သံထုတ်လုပ်သူ နဲ့ နိုင်ငံရေးသမားဆိုပြီး ဖော်ပြကြပါတယ်။ သူဟာ The Trump Organization ရဲ့ ဥက္ကဌလဲဖြစ်ပြီး သူ့ရဲ့ အိမ်ခြံမြေလုပ်ငန်း နဲ့ တခြား စီးပွားရေးလုပ်ငန်းတွေရဲ့ ပင်မ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်
နယူးယောက်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ထရမ့်ဟာ New York Military Academy မှာ ကျောင်းတက်ခဲ့ပြီး Wharton School of the University of Pennsylvaniain ကနေ ၁၉၆၈ ခုနှစ်မှာ B.A ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ သူ့ဖခင် Fred Trump က သူ့ရဲ့ အိမ်ခြံမြေကုမ္ပဏီ ကိုလက်လွှဲကိုင်တွယ်ခွင့်ပေး
၂၀၁၅ ဇွန်လမှာတော့ ထရမ့်ဟာ ရီဘာပလီကန် ပါတီဝင်အဖြစ် အမေရိကန်သမ္မရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာခဲ့ပြီး ပါတီရဲ့ အမည်စာရင်းတင်သွင်းသူတွေထဲမ
ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုတွေထဲမှာ အဓိကပြောကြားခဲ့တာတွေကတော့
အမေရိကန် - တရုတ် ကုန်သွယ်ရေးကို ပြန်ညှိနှိုင်းဖို့၊
အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ပါဝင်တဲ့ မြောက်အမေရိက လွတ်လပ်သောကုန်သွယ်မှု (NAFTA) နဲ့ Trans-Pacific Partnership ( အမေရိကန်၊ သြစတေးလျ၊ ဂျပန်၊ ဘရူနိုင်း၊ ပီရူး၊ စင်္ကာပူ၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကှဆီကို၊ မလေးရှား၊ ချီလီ၊ ကနေဒါ စတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ ပစိဖိတ်ဒေသ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု သဘောတူညီချက်) တို့လို သီးခြား ကုန်သွယ်မှု သဘောတူညီချက်တွေအပေါ် ဆန့်ကျင်ကန့်ကွက်တာတွေ၊
အမေရိကန် - မက္ကဆီကို နယ်စပ်တစ်လျောက် တံတိုင်းခတ်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်အြေ
စစ်မှုထမ်းဟောင်း စောက်ရှောက်မှုတွေအပေါ် ပြန်လည်ပြုပြင်ဖို့၊
Affordable Care Act ကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့နဲ
အခွန်လျော့ကောက်ဖို့ ဆိုတာတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ ပဲရစ်အကြမ်းဖက်မှု ပြီးတဲ့နောက်မှာလည်း ထရမ့်ဟာ မူစလင် ပြောင်းရွေ့အခြေချသူတွေ အမေရိကန် နိုင်ငံထဲ ဝင်ရောက်တာကို တားမြစ်ဖို့ ပြောဆိုခဲ့ပါတယ်။
မူရင်း စီးပွားရှင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။