Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 5, 2016

Tony_Jaa (ကမ္ဘာ့တိုက်ခိုက်စွမ်းရည်အမြင့် ဆုံးမင်သား၅ဦးထဲ အသက်အငယ်ဆုံးအာရှသား (သို့ )တောရွာစပါးခင်းများထဲမှHollywoodကို တက်လာခဲ့တဲ့တိုင်းရင်းသားတဦး


Htet Wa Na added 24 new photos — with John John and 48 others.

#Tony_Jaa (ကမ္ဘာ့တိုက်ခိုက်စွမ်းရည်အမြင့်
ဆုံးမင်သား၅ဦးထဲ အသက်အငယ်ဆုံးအာရှသား
(သို့ )တောရွာစပါးခင်းများထဲမှHollywoodကို
တက်လာခဲ့တဲ့တိုင်းရင်းသားတဦး
………………………………………………………………

" အောင်မြင်မူဆိုလွယ်လွယ်ကူကူ
လုပ်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာ
ကိုကျတော်တို့ယုံကြည်နေသ၍
ရှုံးနိမ့်ခြင်းနဲ့အခက်အခဲတွေဟာ
သေးသွားလိမ့်မယ်။ "
Tonny jaa
ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးမူအနည်းဆုံးလူမျိုးစုထဲ
ကတခု အီစံ။ ထိုင်းနိုင်ငံအစွန်အရှေ့မြောက်အရပ်
မှာရှိတဲ့ စီရင်စုနယ်၂၀ရှိတဲ့လူမျိုးစုတစု။ ဒါပေမယ့်
ဒီလူမျိုးဟာထိုင်းရဲ့ဧရိယာအကြီးဆုံးလူမျိုးစုဖြစ်သ
လိုတိုးတက်တဲ့နေရာတွေကအရမ်းတိုးတက်ပြီး
အစွန်းအဖျားနေရာတွေဟာပညာပင်ကောင်းစွာ
မသင်ရတဲ့အထိခေါင်ကြတယ်။ အချိန်အားဖြင့်
၁၉၇၆ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ ထိုင်းနိုင်ငံ
မှာ အိစံလူမျိုးလေးတယောက်ကိုမွေးဖွားခဲ့ပါ
တယ်။
အီစံပေမယ့် တိုးတက်တဲ့နေရာကတော့
မဟုတ်ဘူး။ ကျန်းမာရေးဆေးပေးခန်းတွေနည်း
စာသင်ကျောင်းတွေနည်းတဲ့နေရာတခုကပါ။သူ
မွေးဖွားခဲ့တဲ့နေရာက စူရင်မြို့နယ် အီစံလူမျိုးစု
ထိုင်းနိုင်ငံပါ။သာမာန်မိသားစုကဖြစ်တဲ့ သူ
ကဦးလေးနဲ့ ရွာထဲကလူကြီးတချို့ကြောင့်ငယ်
စဉ်ထဲက မွေထိုင်းလက်ဝှေ့ကိုသင်ခွင့်ရခဲ့ပြီး၈နှစ်
သားထဲက၄ပေအမြင့်ကအရာဝတ္ထုတွေကိုကန်
နိုင်တဲ့အထိ တော်ခဲ့တဲ့ကလေးတယောက်ပါ။

မြို့ပြနဲ့အလှမ်းဝှေးသလို သူ၉နှစ်သားမှာပြောင်း
ရွေ့ခဲ့ရတဲ့အိမ်တင် ဘန်ကောက်မြို့အစပ်နဲ့၄၀၀
ကီလိုမီတာကျော်ဝေးပါတယ်။ မူလတန်းစတက်
ချိန်ကျောင်းနဲ့ဝေးလို့ အခက်အခဲတွေဖြစ်ခဲ့ပေ
မယ့်ထိုကလေးကရွာကနေကျောင်းကိုနေ့စဉ်
လမ်းလျှောက်ပြီးကျောင်းတက်ခဲ့ပါတယ်။ပညာ
ရေးထက် လက်ဝှေ့ကိုပဲစိတ်ဝင်စားခဲ့တဲ့ဒီကလေး
ဟာမွေထိုင်းစိတ်ဝင်စားတတ်ခဲ့ပါတယ်။ ငယ်စဉ်
ထဲကလေ့ကျင့်သင်ယူခဲ့ပြီး သူအပျော်ဆုံးအချိန်
ကရွာကTVရှိတဲ့အိမ်မှာTVသွားကြည့်ရတဲ့အချိန်
ပေါ့။ ဘရုစ်လီ ဂျက်ကီချမ်း ဂျက်လီ တို့ဟာသူ့
ဘဝရဲ့အရူးသွပ်ဆုံးHeroတွေဖြစ်ခဲ့ပြီး ထိုအချိန်
ထဲကသရုပ်ဆောင်ပညာကိုစိတ်ဝင်စားခဲ့ပါတယ်။
ဒါပေမယ့် ဒီတောသားလေးအဖို့ မင်းသားဖြစ်နိုင်
လောက်တဲ့လမ်းစကအလှမ်းဝေးလွန်းအားကြီးခဲ့
ပါတယ်။ အလယ်တန်းကျောင်းသားဘဝမှာတော့
မြို့နယ်ပေါင်းစုံမွေထိုင်းပြိုင်ပွဲတွေ ထိုင်းဘုရင်မွေး
နေ့အထိမ်းအမှတ်လက်ဝှေ့ပြိုင်ပွဲတွေမှာသူဝင်
ပြိုင်ခဲ့ပါပြီ။ထူးထူးခြားခြားပဲဒီကလေးဟာနှစ်တိုင်း
အံ့အားသင့်စရာထိုးကွက်တွေနဲ့လူပြောများလာခဲ့
တယ်။ သူဒီလိုလက်ဝှေ့ပညာကိုကျွမ်းကျင်လာဖို့
ပြိုင်ပွဲတွေထိုးသတ်ဖို့အထိ ဖခင်ကမထင်ထားခဲ့
သလိုခွင့်လဲမပြုခဲ့ပါဘူး။ ဘာကြောင့်ခုလိုလူသတ်
ကွင်းကြိုးဝိုင်းထဲဒီကလေးရောက်သွားရလဲဆို…
သူ့သူငယ်ချင်းကြောင့်ပါပဲ။ သူနဲ့ငယ်စဉ်ထဲကညီ
ကိုလိုခင်ခဲ့လက်ဝှေ့အတူကျင့်ခဲ့တဲ့တရွာထဲသား
ချီလာ ဟာမိခင်ကျန်းမာရေးကြောင့်တရားမဝင်
လက်ဝှေ့ပွဲဝင်ထိုးရင်းငွေရှာရာကခြေထောက်အ
ချိုးခံလိုက်ရမူက သူ့ကိုနာကျည်းစေခဲ့တာပါပဲ။
သူဝင်ပြိုင်တယ် ဖခင်နဲ့အကြီးအကျယ်ပြသနာဖြစ်
တယ်။ ကျောင်းထုတ်လိုက်ပြီးရွာက ဘုန်းတော်
ကြီးသင်ပညာရေးကျောင်းကိုပို့လိုက်တယ်။ဒါပေ
မယ့်မရဘူး ဖခင်ရဲ့လယ်ကွင်းထဲကျောင်းနားရက်
တွေစပါးစိုက်ကူရင်း အားတဲ့အချိန်လက်ဝှေ့ကျင့်
တယ်။ ပြိုင်ပွဲတွေဝင်ပြိုင်ဖို့အဓိကတွန်းအားဖြစ်ခဲ့
တာကလဲ သူတက်တဲ့ကျောင်းကကျောင်းထိုင်ဆ
ရာတော်ကြောင့်ဆိုမမှားဘူး။ လာဘ်စားမူတွေ
များကြီးနိုင်ငယ်ညှင်းတွေများတဲ့ပြိုင်ပွဲတွေကိုအား
မလိုအားမရဖြစ်တတ်တဲ့ဒီဘုန်းကြီးက သူ့ကိုပြိုင်
ပွဲတွေဝင်ပြိုင်ဖို့အားပေးခဲ့တယ်။ သူ့ကိုမွေ
ထိုင်းပညာအကြီးအကျယ်တတ်မြှောက်စေခဲ့တာ
ကလဲ ဒီဘုန်းကြီးကျောင်းကြောင့်ပါပဲ။ ၁၀နှစ်သား
မှာသူဟာ မွေထိုင်းပညာကိုအသေးစိတ်သင်ခဲ့ရ
ပြီး ၁၅နှစ်သားသူအထက်တန်းကျောင်းသားဘဝ
မှာတော့ proတယောက်အဆင့်ထိရောက်ခဲ့ပြီး
အငယ်တန်းကလေးပွဲတွေကနေ အကြီးတန်း
ထိုးသတ်ပွဲတွေအထိဝင်ခဲ့ပါပြီ။ သူဒီဘုန်းကြီး
ကျောင်းကသင်ခဲ့ရတဲ့မွေထိုင်းပညာတွေထဲလူ
၁၀၀၀မှာတယောက်သင်ဖို့ခက်ခဲပြီးအန္တရယ်များ
တဲ့ပညာရပ်၃ခုပါခဲ့တယ်။ ဒါကတော့physical
inmost ပညာရပ်တွေပါပဲ။ ဒီအထဲမှာတချက်အ
ကန်ခံရရုံနဲ့အသက်ပျောက်နိုင်တဲ့Competitio
-nကန်ချက်လဲပါဝင်ခဲ့ပါတယ်။ Competition
Kick တွေဟာမခုခံနိုင်ရင်တန်းသေတတ်တဲ့အ
ထိပြင်းထန်သလိုတော်ရုံလေ့ကျင့်မူနဲ့မရနိုင်တဲ့
မွေထိုင်းနဲ့မြန်မာ့ရိုးရာလက်ဝှေ့ကန်ချက်တွေထဲလဲ
ဲပါဝင်တဲ့ကန်ချက်တွေပါ။ အထက်တန်းကျောင်း
သားဘဝမှာတော့သူဟာ တကယ့်တန်းဝင်
တဲ့လက်ဝှေ့ပွဲတွေကိုထိုးဖို့စိတ်ဝင်စားသွားခဲ့ပါပြီ။
အသက်၁၅နှစ်သာရှိသေးတာကြောင့်ဘုန်းကြီးက
ခွင့်မပြုခဲ့သလို ဖခင်ကလဲကြေကွဲခဲ့ရပါတယ်။ပ
ညာရေးကိုပဲပြီးဆုံးအောင်သင်စေချင်တဲ့အတွက်
သူ့ကိုဖခင်ကချော့တခါခြောက်တလှည့်ပြောခဲ့ရ
တယ်။ ဒီလိုနဲ့တရက် သူတို့ရွာကိုမြို့ကရိုက်ကူးရေး
အဖွဲ့တခုရောက်လာတယ်။ ထိုအချိန်သူတို့ရွာမှာ
လဲလက်ဝှေ့ပွဲကျင်းပနေချိန်ပေါ့။ သူ့ကိုတွေ့သွား
တာကတော့ထိုင်းအက်ရှင်ဒါရိုက်တာကြီး
Panna Rittikraiပါပဲ။ သူအံ့သြသွားတယ်။ဒီ
ကလေးကသူရိုက်ကူးနေကျရုပ်ရှင်ကားတွေထဲ
ကစတန့်မင်းသားတွေထက်တောင်တော်နေသ
လို ဒီကလေးကိုသူမြို့ကိုခေါ်သွားပြီးရုပ်ရှင်ပညာ
သင်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ အဲ့ကလေးက
တော့တခြားသူမဟုတ်ဘူး နောင်တချိန်မှာထိုင်း
နိုင်ငံကနေ ကမ္ဘာ့No.5 အက်ရှင်မင်းသားအဖြစ်
ကမ္ဘာကျော်မင်းသားတဦးဖြစ်လာမယ့် ကျတော်
တို့အားလုံးသိကြတဲ့ ဝမ်းဘတ်လို့ခေါ်တဲ့ Tonny
Jaa ပါပဲ။
" ပထမဆုံးကျတော်တို့ဆုပ်ကိုင်
ခွင့်ရမှာက အိမ်မက်တွေပါ။
ဒီအိမ်မက်တွေကပင်ပန်းလို့
မလုပ်ချင်လို့လွှတ်ချလိုက်မယ်ဆို
ကျတော်တို့ခပ်ညံ့ညံ့လူပဲဖြစ်သွား
လိမ့်မယ်။ "
Tonny jaa
Panna Rittikrai ဟာ Tony Jaaကို
မြို့ပေါ်ခေါ်သွားတော့အထက်တန်းကျောင်းသား
နောက်ဆုံးနှစ်ပဲရှိပါသေးတယ်။ ဖခင်ဖြစ်သူက
မထည့်ချင်ပေမယ့် သားဖြစ်သူဒီလက်ဝှေ့လောက
ထဲမဝင်သွားဖို့ဒီတလမ်းပဲရှိတော့တယ်။ဒါပေမယ့်
Tony ဟာ Panna Rittikraiနဲ့လိုက်သွားခဲ့
ပြီးအထက်တန်းအောင်အောင်ချင်းပဲ အီစံပြည်
နယ်ရဲ့နာမည်ကြီးကောလိပ်Maha Sarakham
Collegeမှာ Physicalမေဂျာကိုထပ်မံတက်ခွင့်
ရခဲ့ပါတယ်။ ဒီကျောင်းကအရှေ့တောင်ထိုင်းဒေသ
မှာအကြီးဆုံးဖြစ်ပြီးကျောင်းသားဦးရေ၃သောင်း
ကျော်တက်ရောက်တဲ့ကျောင်းကြီးပါ။ဒီကျောင်း
ကလက်ဝှေ့အသင်းဟာလဲနိုင်ငံဂုဏ်ဆောင်အား
ကစားသမားတွေထွက်ခဲ့ပြီးfighterတွေတော်
တော်များတဲ့ကျောင်းပေါ့။ Tonyဒီကိုစရောက်
ရောက်ချင်းပဲ၁၂ယောက်တယောက်ချပွဲနဲ့ဒီဘဲ
လေးကကျောင်းမှာနာမည်ကြီးသွားတယ်။ ဒီလို
case ကရုပ်ရှင်မင်းသားထဲ IP manကြီးစား
သောက်ဆိုင်မှာအုပ်စုလိုက်နဲ့တယောက်ချပြီး
အုပ်စုလိုက်ဆေးရုံပို့လိုက်ရတဲ့caseတခုပဲရှိ
သေးတယ်။ ဒါကမင်းသားမဖြစ်ခင်ထဲကတကယ်
တတ်တကယ်လေ့ကျင့်ထားခဲ့တဲ့သူတွေဆိုတာ
ကိုပြသမူတခုပါပဲ။ ဒါနဲ့တင်မပြီးဘူး Tonyဟာ
ဒီကောလိပ်ကနေတဆင့်မွေထိုင်းလက်ဝှေ့ပြိုင်
ပွဲကြီးကိုတက်ပြိုင်ခဲ့ပြီး ရှုံးပွဲမရှိ၅အုပ်စုနိုင်ခဲ့သူပါ။
ထူးခြားမူကတော့ Tonyဟာထိုအချိန်ထိထိုင်းစ
ကားကိုသေချာမတတ်သူပါ။ မြန်မာမှာဆိုရှမ်းစ
ကားပဲတတ်ပြီးအများသုံးဗမာစကားမတတ်သလို
ပါပဲ။
"ဆုတောင်းတိုင်းသာအရာရာ
အဆင်ပြေမယ်ဆို ကျတော်
ဆယ်ကျော်သက်ဘဝထဲက
နာမည်ကြီးမင်းသားတယောက်ဖြစ်
နေလောက်ပြီ။ "
Tony Jaa
တချို့BlogsတွေမှာTonnyဟာ
၁၄နှစ်သားထဲကစတန့်သမားတယောက်အဖြစ်
ထိုင်းမှာနာမည်ကြီးခဲ့တယ်လို့ရေးသားမူတွေဖတ်
ွှရတယ်။interviewဖြစ်တဲ့ retroCrush
interviewမှာတော့Tonyဟာ၁၅နှစ်ကျော်မှ
Panna Rittikraiရဲ့ပံ့ပိုးမူနဲ့တချို့ကားလေးတွေ
မှာပဲအစားထိုးစတန့်အဖြစ်ပါခဲ့သူပါ။ကောလိပ်
တက်ရင်းTonyဟာ ၄နှစ်လောက် Pannaရဲ့
သင်ကြားပံ့ပိုးမူနဲ့ မွေထိုးနဲ့သရုပ်ဆောင်ပညာကို
သင်ယူခဲ့ပါတယ်။ ဒီကြားထဲကြိုကြားကြိုစားလူစား
ထိုးစတန့်များသာပါခွင့်ရခဲ့ပြီးအသက်၂၀ကျော်
ထိဘာကားမှမရိုက်ခဲ့ရပါဘူး။ ဒီလိုနဲ့short film
လေးတခုထိုင်းရုပ်သံလိုင်းမှာပြသခဲ့မူကTony
ကိုထိုင်းရုပ်ရှင်လောကကအံ့အားသင့်စေခဲ့တဲ့
အက်ရှင်သရုပ်ဆောင်လေးတဦးဖြစ်သွားခဲ့စေတာ
ပါပဲ။ ဒီshort film ကြောင့်ပဲTony ဟာ၁၉၉၄
ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spirited Killerကားမှာ
စတင်ပါဝင်ခွင့်ရခဲ့တာပါပဲ။ဒီshort filmအတို
လေးကိုကြည့်ရူမိလိုက်သူတွေထဲဒါရိုက်တာကြီး
တယောက်လဲပါဝင်ခဲ့တယ်။ သူကတော့နောင်
တချိန်မှာ Tony ကို Ong Bak ဆိုတဲ့နာမည်
နဲ့ကမ္ဘာကျော်အောင်မြေတောင်မြှောက်ရိုက်ကူး
ပေးလာမယ့် ဝမ်းဘတ် ကားဒါရိုက်တာကြီး Prachya Pinkaew ပါပဲ။ ဒါပေမယ့်သူကတန်း
မခေါ်ခဲ့ပါဘူး။ Tony ဟာရုပ်ရှင်လောကထဲမအူ
မလည်နဲ့ ဗီဒီယိုကားသာသာ ၄ ၅ကားနဲ့၉နှစ်
လောက်တိုင်ပတ်နေခဲ့ပါသေးတယ်။ ရုပ်ကလဲမ
ချောတဲ့အပြင်ဆုံး ထိုင်းရုပ်ရှင်လောကထဲကတန်း
ဝင်မင်းသားတွေလိုသရုပ်ဆောင်ပညာကလဲထင်
သလောက်မရှိတဲ့အတွက် ဘာမွေထိုးပဲတတ်
တတ် သူနေရာမရခဲ့ပါဘူး။
" ကျတော်ဒီလောကထဲစဝင်တော့
သိမ်ငယ်စရာတွေသူများထက်ပို
များတယ်။အထူးသဖြင့်ရုပ်ရည်
အရပ်အမောင်းပေါ့။ ဒါပေမယ့်
ကျတော်ကိုယ့်ကိုယ်ကိုယ်တခါမှ
မသိမ်ငယ်ခဲ့ဘူး။ သိပ်ငယ်မူက
ကျရှုံးမူကိုဦးဆောင်စေတယ်။"
Tony Jaa

#Ong_Bak: #Muay_Thai_Warrior
………………………………………………………
၂နှစ်လောက်အချိန်ယူခဲ့ပြီးပြင်
ဆင်ရိုက်ကူးခဲ့တဲ့ထိုင်းကားတကား။ ကျတော်တို့
အလယ်တန်းအရွယ်မှာ တရုတ်ဆို ဂျက်ကီချမ်း
ဂျက်လီ Hollywood ဆို အာနိုး ရမ်ဘိုစသဖြင့်
ပဲနိုင်ငံခြားရုပ်ရှင်ကိုရင်းနှီးခဲ့တယ်။ ဒီအထဲမှာ
ထိုင်းရုပ်ရှင်ကားတွေပါဖို့ထား ကိုယ်တွေနိုင်ငံနဲ့
ရုပ်ရှင်လောကထဲထိုင်းကားတွေဟာသိပ်မစီးဝင်
စိတ်ဝင်စားစရာသိပ်မပေးနိုင်သေးဘူး။Tonyက
လဲ Nuk leng klong yao ကားရိုက်ပြီး၂နှစ်
လောက်ဘာကားမှမရိုက်ရချိန်။ Nuk leng
klong yaoကလဲသာမာန်ဗီဒီယိုကားသာသာ
ဆိုတော့သူမင်းသားထဲအောက်တန်းကမင်းသား
အဆင့်ပဲရှိသေးတယ်။ BaaRam-eweထုတ်
လုပ်ရေးကဒီဝမ်းဘတ်ကားကို ၂၀၀၂ခုနှစ်စထဲက
တခြားအက်ရှင်မင်းသားတဦးနဲ့၂ပတ်လောက်
ရိုက်ခဲ့သေးတယ်။မင်းသားဖြစ်သူထိခိုက်ဒဏ်ရာ
ရပြီးနောက်ပိုင်းအက်ရှင်စတန့်ခန်းတွေကပိုဆိုး
လာမှာကြောင့် ဒီကားကိုBreakခဲ့တယ်။ဒီကား
ကမွေထိုင်းကို ကမ္ဘာတခွင်Promoteလုပ်ချင်
တဲ့ BaaRam-ewe ထုတ်လုပ်ရေးရဲ့အရင်းအ
နှီးဒေါ်လာတသန်းထိရင်းမယ့်ကားဖြစ်နေတယ်။
ဒီကားReviewအကြောင်းမပြောခင် မွေထိုင်း
ကဘာလဲဆိုတာကိုသေချာသိသင့်တယ်။
#မွေထိုင်း (သို့)
#မြန်မာ့ရိုးရာလက်ဝှေ့ကိုမှီငြမ်းခဲ့သောပညာရပ်
မြန်မာဆို မြန်မာချင်းတောင်တချို့က
အထင်သေးပြီးနိုင်ငံခြားပညာရပ်တွေကိုလေးစား
တတ်ကြတာအားလုံးအသိပေါ့။ဥပမာ ကိုရီးယား
ရုပ်ရှင်။ မြန်မာအဖြူအမည်းခေတ်ရဲ့ရုပ်ရှင်လော
ကကအထင်ကြီးစရာဆိုတာကိုမေ့နေတဲ့အထိပဲ။
ဥပမာ မြန်မာကမင်းသမီးတွေHollywoodထိ
တက်ရိုက်ခဲ့တဲ့သမိုင်း။ မင်းသမီးကြီးဝင်းမင်းသန်း
ဟာ Hollywood ရဲ့သမိုင်းဝင်ကားကြီးဖြစ်တဲ့
The Purple Plain ကားမှာBrenda နဲ့တွဲ
ဖက်သရုပ်ဆောင်ခဲ့သလို သီရိလင်္ကာမှာရိုက်ခဲ့တဲ့
ကားတကားပါ။ ဝင်းမင်းသန်းကလဲပေါ့သေးသေး
တော့မဟုတ်ဘူး။ မြန်မာ့ဂုဏ်ထူးဆောင်အမျိုးသ
မီးကြီးတယောက်ဖြစ်သလို ရဲဘော်၃ကျိတ်ထဲက
ဗိုလ်စင်္ကြာ ရဲ့ဇနီးပါ။ဒါ့အပြင် ဝင်းဦးရဲ့မှုံရွှေရည်
လို ထိုခေတ်အခါကတောင်သိန်း၃၀ကျော်အကုန်
ကျခံရိုက်ပြီး ပြည်ပထိထိုးဖောက်ခဲ့မူတွေကမြန်မာ့
ရုပ်ရှင်ကအာရှမှာတချိန်တခါကအထင်ကရဖြစ်ခဲ့
မူတွေကိုပြသထားပါတယ်။ အခုသာမြန်မာ့ရုပ်ရှင်
ကတနှစ်နေလို့အဆင့်မြင့်မြင့်ကားကောင်းတကား
မထွက်တော့သလို သခိုးအနုပညာဗန်းပြအများစု
ကြောင့် ဈေးပေါင်ကျိုးတဲ့ငါးလိုဖြစ်သွားတာ။ဒီလို
ပဲ မြန်မာ့လက်ဝှေ့ ။ မွေထိုင်းရဲ့တိကျတဲ့သမိုင်း
အချက်အလက်အတိအကျ အမွေအနှစ် ရိုးရာသ
မိုင်း ဘာတခုမှမရှိဘူး။ မြန်မာ့လက်ဝှေ့ကိုမှီပြီး
ဆင့်ပွားခဲ့ခြင်းပဲရှိတယ်။ ဗန်တို ဗန်ရှည်သမိုင်းက
မြန်မာဘုရင်တွေခေတ်ထဲကရှိခဲ့တယ်။ ဘယ်မလဲ
မွေထိုင်းသမိုင်း။ ဗန်တိုအများစုနဲ့ဗန်ရှည်အနည်း
စုကိုအသုံးချထားတဲ့မွေထိုင်းက မြန်မာ့လက်ဝှေ့
ကိုပုံတူယူထားမူတခုပါပဲ။ ဗန်တိုက ဘယ်အနေ
အထားထိမြင့်လဲဆို လက်ရှိခေတ်စားနေတဲ့အာ
ကီဒို တို့ တိုင်ကွမ်တိုတို့ရဲ့ သတ်ပုတ်နည်းထက်
အသေးစိတ်တယ် လေ့ကျင့်အားမြင့်တယ်။ချုပ်
နည်း ချိုးနည်း ကိုင်ပေါက်နည်း အစစအရာရာ
သာတဲ့အသေးစိတ်မူတွေနဲ့Foundationရှိ
တယ်။ ပွဲကျောင်းဆိုတာမြန်မာဘုရင်တွေခေတ်
ထဲက မြန်မာ့ဓလေ့တခု ဘယ်မလဲထိုင်းပွဲကျောင်း
ဘယ်မလဲ မွေထိုင်းအခြေခံရိုးရာသမိုငိး မြန်မာ့
လက်ဝှေ့သမိုင်းကအထင်ကြီးစရာတွေချည်းပါ။
Ong Bak က ပွဲကျောင်းသမားတဦးကိုအထိုင်
ယူပြီး ဇာတ်အိမ်တည်ထားတာပါ။ ဒါမြန်မာတွေဆီ
ကခိုးချတာဆို မှားမလား, မမှားပေမယ့်မြန်မာအ
များစုကဒါမျိုးကိုစောတကမတတ်တတ်တဲ့ဓလေ့
ကဟိုးအရင်ထဲကပေါ့။ အခုသာမြန်မာကမင်းသား
တချို့ ဒီOngBak ကိုပြန်ခိုးရိုက်တယ်။ တကယ်
ကထိုင်းကရှက်ရမှာမဟုတ်ပဲ မြန်မာကရှက်ရမှာ
ဘာကြောင့်ဆို ကိုယ့်ပညာကိုကိုယ်ပြန်ခိုးရိုက်
လိုက်တယ်။ ဥပမာ_ကိုယ့်အိမ်ကဘုရားစင်ကို
ကိုယ်ပြန်ခိုးပြီး အိမ်ရှေ့နတ်ကွန်းလုပ်လိုက်သလို
ပဲ။ ၂ခါပြန်သေသင့်တယ်။ ပွဲကျောင်း ရှမ်းသိုင်း
ဗန်တို ဗန်ရှည် သိုင်းပြောင်းပြန် ဘာတရုတ်
ဘာထိုင်းမှမရှိဘူး။ မြန်မာ့အမွေတွေ ခိုးရိုက်စရာ
လဲမလိုဘူး။ ကိုယ့်ဟာကိုယ်ရိုက်ပြီး အခုတရုတ်
သိုင်း မွေထိုင်း တွေကိုတောက်ချလိုက်လို့ရတယ်။
နည်းပညာတွေ ဘာတွေတော့မဖောသင့်ဘူး။ဒါ
က ကိုယ်ခံပညာ နည်းပညာနဲ့လိမ်ရိုက်လို့ရတဲ့
အရာမဟုတ်ဘူး။ တကယ်ချပြမယ့်ရုပ်ရှင်ကား
တွေသာရှိလာရင် ဒါတွေကထိုင်းအတွက်ရှက်စ
ရာသူ့အလိုလိုဖြစ်သွားလိမ့်မယ်။ ဒါကမွေထိုင်းကို
စော်ကားခြင်းမဟုတ်ပါ။ ထိုင်းကကိုယ့်ပညာရပ်
ကိုမှီထားတာတောင် သူတို့နိုင်ငံကိုကမ္ဘာသိစေဖို့
ကြိုးစားအသုံးချပြသွားတယ်။ ဒါလေးစားစရာအ
ချက်တခုပဲ။ အချုပ်အနေနဲ့ပြောချင်တာက ကျ
တော်တို့ ခိုးစရာမလိုပါဘူး။ ကိုယ့်ဆီမှာသုံးမကုန်
ပြမကုန်တဲ့ အမွေအနှစ်ပညာရပ်တွေအများကြီး
ရှိပါတယ်။

ဒါရိုက်တာ Prachya Pinkaewကဒီကား
ကိုသူတချိန်ကတွေ့ထားတဲ့ကောင်လေးတဦးကို
ပြန်သတိရသွားတယ်။ သူကတော့Tonyပါပဲ။
Tony ဟာဝမ်းဘတ်ကိုရိုက်ဖို့ပြင်ဆင်မူများစွာ
လုပ်ခဲ့ရသလို ဒီကားဟာထိုင်းရုပ်ရှင်ကိုကမ္ဘာထိ
တိုးဖို့စတင်လုပ်လာတဲ့ လက်နက်ကြီးတခုပါပဲ။
အစိုးရကလဲ ဒီဝမ်းဘတ်ကိုရိုက်ရာမှာတချို့သ
ဘောတူညီမူတွေကို ဖွင့်ပေးခဲ့တယ်။ထူးခြားမူက
ဒီကားကိုထိုင်းဘုရင်ရဲ့သမီးသီရိဒုံကိုယ်တိုင်အား
ပေးခဲ့တာပါပဲ။ ရိုက်ကြတယ်။ Tonyခါးရိုးအက်
တယ်။နားတယ် ပြန်ရိုက်တယ်။ လက်တွေကွဲ
ဇာတ်ရံတွေ မတော်တဆထိပြီးကျိုးပဲ့တယ်။ဒီနေ
ရာမှာမြန်မာကလူကြမ်းတွေကိုပြန်တွေးမိပြီးလေး
စားမိလေရဲ့။ မင်းသားသိန်း၇၀ လူကြမ်း၂သိန်းပဲ
ရတဲ့မြန်မာလူကြမ်းတွေခဗျာ မတော်တဆမူ
ကျိုးပဲ့မူတွေအတွက်အာမခံချက်မရှိ ဂုဏ်ပြုမယ့်
ပရိတ်သတ်မရှိ အမုန်းပဲပြန်ရတာတောင်သူတို့
အနုပညာကိုချစ်တဲ့စိတ်က အလေးပြုစရာပါပဲ။
ခဗျားတို့တော့မသိဘူး ကျုပ်ဘဝရဲ့မြန်မာရုပ်ရှင်
လောကမှာ No.1အလေးစားဆုံးပုဂ္ဂိုလ်တွေက
ဗီလိန် နဲ့ လူကြမ်းကြီးတွေပါပဲ။ စိုင်းအောင်တင့်
ခင်စိုးပိုင် ကမ္ဘာရှား ကိုကိုဦး တကယ့်အသည်း
ရောကျောက်ကပ်ပါ စွဲတဲ့idolတွေပေါ့ဗျာ။ဒီ
ဝမ်းဘတ်ကားမှာလဲ ဒီလိုပဲ မင်းသားနဲ့အပြိုင်ချ
ရတဲ့လူကြမ်းတွေအဖို့ ကျိုးပဲ့မူတွေများခဲ့တယ်။
ခေါင်းကွဲတယ် ဆေးသိပ်ပြီးခေါင်းစည်းနဲ့ပြန်ချ
ကြတယ်။ ဒါရိုက်တာကနားပါပြောတာတောင်
ကိုယ့်နိုင်ငံကိုကမ္ဘာသိစေဖို့ယုံကြည်မူတခုထဲနဲ့
ဒီကားကိုအသေအကြေရိုက်ကူးခဲ့ကြတယ်။
ဝမ်းဘတ် ဇာတ်အိမ်တော့ပြောစရာလိုတော့မယ်
မထင်ဘူး ဘုရားခိုးမူတွေ မှောင်ခိုဂိုဏ်းတွေကို
ပွဲကျောင်းသားဆန်ဆန်တောသားတဦးကချေ
မှုန်းတဲ့ကားပေါ့ဗျာ။ တော်လှန်ရေးဆန်တယ်
စည်းလုံးမူတွေပြထားတယ် ကြက်သီးထစရာမျိုး
ချစ်စိတ်တွေပါတယ်။ US UK ထိအကုန်ထိုး
ဖောက်တယ်။ Hollywoodအက်ရှင်းမင်းသား
တွေပြာပါလေရော။ ထိုင်းရှောင်လင်ကားတွေပြာ
ပါလေရော။ ဟောင်ကောင်မှာတလတိတိရုံမချ
ရဘူး ဒုတိယ တတိယအကြိမ်ထိပြန်ပြခဲ့ရတယ်။
ဒီကားက ဟောင်ကောင်ရုပ်ရှင်လောကမှာပထမ
ဆုံး No.1အောင်မြင်သွားတဲ့ထိုင်းရဲ့ပထမဆုံး
ကားပါ။ Bollywood'ထိပြခွင့်ရတယ်။ ဂျပန်
ကာဝါဆာကီရုပ်ရှင်ပြပွဲမှာ ဒီကားကVoting
တစ် ဖြစ်ခဲ့တယ်။ မြန်မာ အဟဲ ထိုအချိန်ကဗီဒီယို
ရုံတွေလျံသွားတဲ့ထိုင်းကားပေါ့ဗျာ။ ဒါတင်မက
ဘူး 20th Century Fox ကပါဒီဝမ်းဘတ်ကို
Promote လုပ်ခဲ့တယ်။ ပထမအပတ်ပြသမူ
၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၁ကနေ ၂၈ရက်နေ့
မှာတင်ဒီကားကအရင်းကြေသွားတယ်။ ဒီဝမ်း
ဘတ်က ထိုင်းရုပ်ရှင် Generation တွေအ
တွက်လမ်းစဖွင့်လိုက်တဲ့ကားပါပဲ။
" ကြောက်စရာတွေကို ကြောက်နေတတ်
ရင် ကျတော်တို့ဘယ်တော့မှရှေ့ရောက်
မှာမဟုတ်ဘူး။ ကြိုတွေးထားမူတွေကို
ရင်ဆိုင်လိုက်ခြင်းက ပိုသက်တောင့်သက်
သာရှိလာလိမ့်မယ်။ "
Tony Jaa
Ong Bak ကားအပြီးမှာတော့Tony
ကို ဝမ်းဘတ်လို့တကမ္ဘာလုံးသိသွားခဲ့ပါပြီ။ရုပ်မ
ချောဘူး အရပ် ၅ပေ၆ ဗလမရှိတဲ့အညာသားအ
သားမဲလေး ဒါပေမယ့် No.1 Actor အဖြစ်လူ
ငယ်ထဲထိုင်းမှာသူနေရာတန်းရသွားတယ်။တ
ကားပြီးတကားထွက်လာတယ်။ ဝမ်းဘတ်၂မ
လာခင်သူ့ကိုနောက်တကြိမ် ကမ္ဘာကျော်ဦးမယ့်
ကားတကားထပ်ထွက်လာတယ်။ အဲ့ဒါကတော့
Tom-Yum-Goongပါပဲ။ သူ့ကျေးဇူးရှင်ဒါရိုက်
တာ Prachya Pinkaewကပဲရိုက်ခဲ့တဲ့၅သန်း
ပဲရင်းပြီး ၂၈သန်းနီးပါးပြန်ရခဲ့တဲ့ကားပါ။ဝမ်းဘတ်
၁ ထက်ပိုအောင်မြင်တဲ့ ဆင်တွေစီးပြီးစပယ်ရှယ်
ဝုန်းဒိုင်းကြဲထားတဲ့ မာဖလာနဲ့ကိုရုပ်ဆိုးကားပေါ့
ဗျာ။ လန်ထွက်သလားတော့မမေးနဲ့ ခုန်ချတဲ့အ
ခန်းတွေကြိုးမသုံးဘူး စတန့်ခန်းတွေလူစားမထိုး
ဘူး။ Tonyကိုယ်တိုင်ဒီကားမှာစတန့်နည်းပြအ
ဖြစ်ပါဝင်ကူညီပြီး လူကြမ်းတွေကိုကူညီပေးခဲ့
တယ်။ အမှတ်တရတခုကရိုက်ဖို့Rehersalလုပ်
တုန်းကအကောင်း တကယ်လဲရိုက်ရောသူအထိုး
ခံရလို့ နှာခေါင်းရိုးပြုတ်သွားတယ်။ ဒူးလေးပွန်း
လက်လေးထိမှာစိုးလို့ လူစားထိုးတဲ့မင်းသားထဲ
မပါတဲ့အပြင် တကယ်အလုပ်ခံအထိုးခံရတဲ့မင်း
သားပေါ့ဗျာ။ သူ့ကားတွေကြည့်ရင်း တခါတလေ
သူ့သတင်းလေးတွေတက်လာရင်ဖတ်ဖြတ်တယ်။
လခွီးထဲမှ နာမည်ကသာမင်းသား ဒီကောင့်အ
လုပ်ကလဲမစားသာပါလားပေါ့။ လက်ဝှေ့ပွဲတောင်
တပွဲထိုးပြီးနားလို့ရတယ် ဒင်းကတကားလုံးအ
ထိုးခံရ အခန့်မသင့်လို့စတန့်လုပ်ရင်လဲသေမယ့်
စတန့်တွေခြင်းလုပ်ရ မင်းသားရောဟုတ်သေးရဲ့
လားပေါ့လေ။ ဒီကားမရိုက်ခင် Tonyဟာဆိုင်
ကယ်စတန့် အလွတ်ခုန်စတန့်တွေကိုထပ်မံသင်
ယူခဲ့သေးတယ်လို့သိရတယ်။ နောက်တကားက
ရှေ့ကမအောင်မြင်ခဲ့တဲ့ The Bodyguard ရဲ့
အဆက် 2 ။ ဒီကားမှာTony ကသူ့ရွာဘာသာစ
ကား အီစံဘာသာနဲ့ပြောဖို့ဒါရိုက်တာကိုတောင်း
ဆိုခဲ့တယ်။ ဒီကားလဲအောင်မြင်တယ်။ဒီကားအ
ပြီးမှာတော့ Tony ကိုဒါရိုက်တာ Panna
Rittikraiက ကမ်းလှမ်းမူတခုလုပ်ခဲ့ပါတော့
တယ်။ ဒါကတော့ ဝမ်းဘတ် 2 ကို မင်းကိုယ်
တိုင်ဒါရိုက်တာလုပ်ရိုက်ဆိုပြီးပြောလိုက်တယ်။
Tony ငြင်းခဲ့တယ်။ သူဒီလိုကားကိုဒါရိုက်တာ
လုပ်ရအောင် အဆင့်မရှိဘူးပေါ့။ ဒါပေမယ့်ဆရာ
ရဲ့မြှောက်ပေးမူကြောင့် ဒီကားကိုသူတို့၂ယောက်
ပေါင်းရိုက်ခဲ့ကြတယ်။ ၁၁လအထိရိုက်ခဲ့ရတယ်။
ဆင်စီးပြီး ခေါင်းစည်းနဲ့ကားပေါ့။ ရှေ့က'1ထက်
၃ဆလောက်ထိခိုက်တယ် ပင်ပန်းကြတယ်။ဒီ
ကြားထဲ Tony ချုပ်လိုက်ရတဲ့ဒဏ်ရာချုပ်ချက်
၁၂ချက်ထိရိုက်ခဲ့တယ်။ ၂၀၀၈ခုနှစ်ကုန်ခါနီးမှ
ရုံတင်ခဲ့ကြတယ်။ ထိုင်းရဲ့ No.1ကားအဖြစ်ယ
နေ့ထိအထင်ကရဖြစ်စေတဲ့ကားပါပဲ။ တကမ္ဘာ
လုံးပြသခဲ့ပြီး ဝမ်းဘတ်ဟာလဲ ကမ္ဘာကျော်မင်း
သားဖြစ်လာခဲ့တယ်။ ၂နှစ်ကြာထပ်ရိုက်ကူးပြီး
3 ကိုတဆက်ထဲထပ်ထုတ်ခဲ့တယ်။ ဝမ်းဘတ်
1.2.3 ဟာဒေါ်လာသန်း၂၀၀နီးပါးအမြတ်ငွေရ
ခဲ့ပါတယ်။ ထို့နောက်မှာတော့ Tonny ဟာအာ
ရှတင်မကပဲ Hollywood ထိတက်ရိုက်လာဖို့
ထိုင်းမင်းသားထဲကပထမဆုံး Hollywood
မင်းသားဖြစ်လာခဲ့ပါတော့တယ်။
ဝမ်းဘတ် 3အပြီးမှာတော့Tom Yum
Goong 2ထပ်မံထွက်ခဲ့ပြီး Hollywoodကား
တွေမှာTonyဟာဟာဝင်တိုးခဲ့ပါတော့တယ်။
A Man Will Rise လိုကား ရုရှားအာနိုးကြီး
Dolph Lundgren နဲ့ထိုင်းလူကုန်ကူးမူကား
F&F 7 စတဲ့နာမည်ကြီးကားတွေမှာTonyဟာ
ထိုင်းလူမျိုးဂုဏ်ကိုဆောင်ခဲ့ပါတယ်။
" ကျတော့်ရဲ့အပင်ပန်းဆုံးအချိန်တွေ
က အက်ရှင်သရုပ်ဆောင်မလုပ်ရပဲနား
နေရတဲ့အားလပ်ရက်တွေပေါ့ဗျာ။ "
Tony Jaa
" အခုချိန်အောင်မြင်နေလို့ပျော်သလား
ဆို အဖေရဲ့လယ်ကွင်းထဲကJaaအ
အဖြစ်နဲ့နေခဲ့ရတဲ့အချိန်တွေလောက်
မပျော်ဘူး ။ အောင်မြင်မူကအပူအပင်
များလှတယ်။ ဒီအပူတွေကိုလျော့စေ
ဖို့ အခုကျတော့်ငယ်ဘဝကလိုဖြစ်ခဲ့တဲ့
ကလေးတွေကို မွေထိုင်းသင်ပေးရင်း
ပဲပျော်စရာရှာနေရတာပေါ့။ "
Tony Jaa
Tony Jaa ရိုက်ခဲ့တဲ့ထိုင်း Hollywood
ကားတကားချင်းစီတော့ပေရှည်မနေတော့ဘူး
ဒီဆယ်စုနှစ်ကျော်အတွင်းကမ္ဘာအထိအောင်မြင်
လာတဲ့သူ့ကားတွေကိုလဲ အားလုံးကြည့်ဖူးပြီးသား
ဖြစ်မှာပါ။ ထိုင်းဟေ့ဆိုတာနဲ့ ပီးမက်မင်းသားလို့
တော့မပြောနဲ့ ဝမ်းဘတ်က No.1ပါ ငွေကြေး
အောင်မြင်မူ ကမ္ဘာထိတိုးမူအရပေါ့။ ဝမ်းဘတ်သာ
လမ်းမဖောက်ခဲ့ဘူးဆို လက်ရှိထိုင်းFancyကား
သရဲကားတွေကလမ်းစတက်ဖို့ရင်လေးစရာပါ။
စီနီယာကောင်းပေါ့ဗျာ။ ၂၀၁၂ခုနှစ် မေလ
မှာတော့ ဒီတောသားဟာ သူမင်းသားမဖြစ်ခင်ထဲ
ကချစ်တဲ့တဲ့ ချစ်သူလေး Piyarat နဲ့လက်ထပ်ခဲ့
ပါတယ်။ သူတို့ RS ကလဲထိုင်းမှာနာမည်ကြီးပ
နှစ်အကြာကြီးတွဲခဲ့ သူအောင်မြင်လာခဲ့တာ
တောင် ဒီမိန်းမကိုပဲသူယူတယ်။ ဒါကရှာရွန်ခန်း
ကြီးနဲ့တူတဲ့အချက်ပေါ့။ Tony ဟာအာရှတင်မ
ကပဲ ကမ္ဘာထိပါဆုတွေလဲရထားသူပါ။ထိုင်းရုပ်
ရှင်ဆု / Online Film Critics Societyဆု
/ Top Awards / Deauville Asian Film
Festival Award နဲ့ တခြားဆုတွေလဲရရှိထား
သူဖြစ်နေပါပြီ။ 360° ကန်ချက်၂ဆင့်ကန်နိုင်
သူ ၆ပေအမြင့်ကပစ္စည်းကိုအလွတ်ကန်နိုင်သူ
Competitation ကန်ချက်ကိုကျွမ်းကျင်သူ
ကမ္ဘာ့ကိုယ်ခံပညာအမြင့်ဆုံးမင်သား၅ဦးထဲပါဝင်
သူ ကမ္ဘာ့ထိခိုက်ဒဏ်ရာအရဆုံးအက်ရှင်းမင်း
သား၃ဦးထဲသူ့ idolကြီးဂျက်ကီချမ်းတို့ ဘရုစ်လီ
တို့နဲ့ပါဝင်ထားသူပါ။ ဒီနေရာမှာတခုပြောစရာရှိ
တယ်။ ဘရုစ်လီ ဂျက်ကီချမ်း တို့ကိုအားကျပြီး
မင်းသားဖြစ်လာတာက Tony Jaa ။သူ့ကိုအား
ကျပြီး မင်းသားဖြစ်လာတာက လက်ရှိအာရှရဲ့
အသက်အငယ်ဆုံး အက်ရှင်မင်းတဦးရှိလာခဲ့
တယ်။ သူကတော့ အင်ဒိုသားလေး Iko Uwais
ပါပဲ။ ဝမ်းဘတ်နဲ့တောင်ထင်မှားခံရတဲ့ရုပ်ရည်
(သူကတော့နည်းနည်းချောတယ်။ )ချကွက်တွေ
က ဝမ်းဘတ်ထက်ပိုကြမ်းတယ်။ The Raid
ကားနဲ့အတူ လက်ရှိမှာကမ္ဘာကျော်လာတဲ့မင်း
သားလေးပါ။ သူလဲHollywoodထိတက်လာခဲ့
တာဗျ။ Star Warsလိုကားမှာတောင်ဒီအင်ဒို
သားကပါခဲ့တယ်။ ၆ကားပဲထွက်သေးတယ်။၈
ကားမှာ၎ကားကသာမာန်ကားတွေနဲ့ ၂၀၀၇ခုနှစ်
ကမှရုပ်ရှင်လောကထဲဝင်လာခဲ့သူပါ။ မင်းသား
မဖြစ်ခင် အသေသတ်ပွဲတွေမှာထိုးခဲ့သူ လမ်းမ
ပေါ်ကfighter ကြေးစားလက်ဝှေ့သမားဖြစ်ခဲ့
ရာကနေ Tonyလိုပဲရုပ်ရှင်လောကထဲဝင်လာပြီး
အင်ဒိုနီးရှားရဲ့ ၂၁ရာစုလမ်းဖောက်လာမယ့်မင်း
သားအဖြစ်ထင်ကြေးပေးခံထားရသူပေါ့။(မြန်မာ
မှာလဲဒါမျိုးတကယ်တတ် တကယ်သရုပ်ဆောင်
လာမယ့် Fighterကြီးတယောက်လောဆိုစော
ငမန်းဖြစ်ဖြစ် ထွန်းထွန်းမင်းဖြစ်ဖြစ်မင်းသားတင်
ရိုက်ပြီးလုပ်ပစ်မှနဲ့တူတယ် :P ။ ) သူ့အကြောင်း
ကတော့ နောက်မှပေါ့။ ဒါကအမြည်းသဘောပါ။
Tony Jaa တဖြစ်လဲ ဝမ်းဘတ်ဟာ
လက်ရှိမှာတော့ အားလုံးမျှော်နေကြတဲ့ကား
xXx ကားမှာမင်းသားကြီး Vin Dieselအပြင်
Deepika Padukone / IP Man ကြီး
Donnie Yen နေမာတို့နဲ့အတူ Talonနေရာ
ကနေပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင်ဒီကားရဲ့
အက်ရှင်နည်းပြအကူအဖြစ်လဲ Tonyကပါဝင်ကူ
ညီထားပါတယ်။ Vin Dieselတောင်သူသင်ပေး
နေတယ်ကြားတယ်။ ထိုင်း တရုတ် အိန္ဒိယ ကို
ရီယား ဘရာဇီး ရုရား အစုံအလုံစုပေါင်းပြီးရိုက်
ထားတဲ့ကားပါပဲဗျာ အံ့သြစရာပါ။ဆယ်စုနှစ်တစု
စာလောက်သာမာန်မင်းသားကနေ ယခုဆယ်စု
နှစ်တစုအတွင်း Hollywood'ထိကမ္ဘာကျော်
လာတဲ့ ဒီ ဝမ်းဘတ်ဟာ သူ့နိုင်ငံထိုင်းအတွက်
တော့ အီစံနယ်စွန်ကတိုင်းရင်းသားတွေအတွက်
ပါ တကယ်ဂုဏ်ယူစရာကောင်းတဲ့ ဗုဒ္ဓဘာသာ
တောသားလေး တယောက်ပါပဲဗျာ။
*စာရေးသူသုံးသပ်ချက်
……………………………
* Tony ဟာအီစံ နယ်အစွန်တောရွာတခုက
သာမာန်တောသားလေးပါ။
* Tony ဟာ ဖခင်ရဲ့စပါးခင်းထဲငယ်စဉ်ထဲက
လက်ဝှေ့လေ့ကျင့်ခဲ့သူပါ။
* Tony ဟာ ၁၀နှစ်သားမှာဘုန်းကြီးကျောင်း
ကသင်ကြားပေးမူကြောင့် မွေထိုင်းကိုတဖတ်
ကမ်းတတ်ခဲ့သူပါ။
* Tony ဟာအသက်၂၅နှစ်ထိထိုင်းစကားကို
သေချာမပြောတတ်ပဲအီစံဘာသာစကားပဲတတ်
သူပါ။
* Tony ဟာမွေထိုင်းလက်ဝှေ့မှာရှုံးပွဲမရှိခဲ့သူပါ။
* Tony ဟာလူစားမထိုးတဲ့ထိုင်းရဲ့တယောက်ထဲ
သောအက်ရှင်မင်းသားပါ။
* Tony ဟာ ၂၁ရာစုအာရှရဲ့ Top 10ဝင်မင်း
သားတဦးပါ။
* Tony ဟာOng Bak ၃ကားနဲ့တင်အာရှရဲ့
Top 20 ကားထဲအသင်အငယ်ဆုံးActorဖြစ်
ဝင်ခဲ့သူပါ။
* Tony ဟာ ကမ္ဘာ့အဆင့် No.5 Action
မင်းသားဖြစ်သလို ဒီ၅ဦးထဲအသက်အငယ်ဆုံး
ပါ။
* Tony ဟာ ၂၁ရာစုမင်းသားတွေထဲ ကမ္ဘာ့
No.1 အက်ရှင်မင်းသားပါ။
* Tony ဟာထိုင်းရဲ့ No.1 မင်းသားအဖြစ်
၂၁ရာစုသူ့ကားတွေကစံချိန်ဝင်ခဲ့သူပါ။
* Tony ဟာ လက်ရှိမှာဂျက်ကီချမ်းရဲ့သိုင်းသင်
တန်းကျောင်းမှာနည်းပြအဖြစ်ယာထားခြင်းခံရသူ
ပါ။
* Tony ဟာဗန်ဒိန်းအကြိုက်ဆုံး အာရှလူငယ်
မင်းသားပါ။
* Tony ဟာယနေ့ချိန်ထိ အီစံလူမျိုးစုကိုမမေ့
တဲ့အပြင် ဘုန်းတော်ကြီးသင်ကျောင်းတွေပါလှူ
တန်းပေးနေသူပါ။
ထက်ဝန
Ref : Twitch Film Website
Thia Movie Star : Tony Jaa
Ong Bak : Mookhood Child

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။