၂၀၁၆ အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲ နှင့် ထရန့်ပေးသောသင်ခန်းစာ
ကျွန်ုပ်သည် အားလပ်ချိန်များသောနယ်ဆေးရုံတို့၏ထုံးစံအတိုင်း တစ်နေ့ခင်းလုံးဘာမှမယ်မယ်ရရ လုပ်စရာမရှိရာ ယခုနှစ်အမေရိကန်သမ္မတလောင်းေ ရွးချယ်ပွဲ အကြောင်းအဓိကလွှင့်သော Fox News ကိုသာတစ်လျောက်လုံးထိုင်ကြည့်နေမိတော့သည်။ အမေရိကန်ရွေးကောက်ပွဲသည် ကျွန်တော်တို့နိုင်ငံအပေါ်၊က မ္ဘာ့နိုင်ငံရေးအပေါ်များစွာအ ကျိုးသက်ရောက်မှုရှိနိုင်မည် မဟုတ်လား။ ဒီနှစ်ကလည်း ပိုကြည့်ကောင်းလှသည်မှာ Grand Old Party (GOP) ဟုခေါ်သော လင်ကွန်းတို့၏ရီပတ်ပလစ်ကန်ပါတီကြီးတွင် နိုင်ငံရေးသမားမဟုတ်သူ ဒေါ်နယ်ထရန့်က ဝါရင့်နိုင်ငံရေးသမားများ၊ြ ပည်နယ်အုပ်ချုပ်ရေးမှုးများကိုဖြတ်ကျော်ကာအောင်ပွဲခံလျက်ရှိသည်။
လက်ရှိအချိန်တွင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ဘင်ဂါလီအရေးကိုအကြောင်းပြု ပီး များစွာဖိအားပေးလျက်ရှိသော် လည်း လက်ရှိကျင်းပနေသောအမေရိကန် သမ္မတလောင်းရွေးကောက်ပွဲများ တွင်မူ
ဒေါ်နယ်ထရန့်ကတော့ သူအာဏာရသည့်အခါတွင် (၁၁) သန်းသောတရားမဝင်
ရောက်ရှိနေထိုင်သူများကို နှင်ထုတ်မည် (Deportation) ဟု၎င်း၊ မွတ်စလင်များ၏
အမေရိကန်ပြည်ဝင်ခွင့်ကို တိကျသောစုံစမ်းစစ်ဆေးမှုများ မပြီးမခြင်း
ကန့်သတ်ပိတ်ပင်ထားမည်ဟု ၄င်း၊ မက္ကဆီကို နှင့် အမေရိကန်နယ်ခြားတွင်
တံတိုင်းကြီးတည်ဆောက်ပြီး ကုန်ကျစရိတ်ကို မက္ကဆီကိုမှ ကျခံစေရမည်ဟု၎င်း၊
နိုင်ငံအတွင်းလက်ရှိဖြစ်နေေ သာအကြမ်းဖက်မှုများသည် အစ္စလာမ် အယူသည်းအစွန်းရောက်ဝါဒီများ ကြောင့်ဟု ၄င်း ၊ပြောင်ပြောင်တင်းတင်း လူမျိုးရေးခွဲခြားမှုဆန်သော အသုံးအနှုန်းပေါင်းများစွာသုံး၍ ပြိုင်ပွဲမပီးခင်မှာပင် ရီပတ်ပလစ်ကန်ပါတီကြီး၏ သမ္မတလောင်း အဖြစ်အောင်ပွဲခံလျက်ရှိလေသည်။
ဤသို့ဖြစ်လျှင် အမေရိကန်လူမျိုး(ထရန့်ကိုထောက်ခံသူ သန်းပေါင်းများစွာသော အမေရိကန်များ) တို့၏လူသားချင်းစာနာစိတ်ဘယ် ရောက်ရှိသွားပါသနည်း။ လူမျိုးရေးခွဲခြားမှုတိုက်ဖျ က်ရေးဝါဒများဘယ်ချောင်ထိုးလိုက်ကြပါသနည်း။ ပညာတက် အမေရိကန်လူမျိုးများစွာတို့ သည်
အဘယ့်ကြောင့် ထရန့်၏ ဖြစ်နိုင်ခြေနည်းသော ကလေးဆန်ဆန် အပြောများတွင်
ပျော်ကျသွားရပါသနည်း။ အမေရိကန် အင်အားကြီး မီဒီယာများ က
ဟစ်တလာနှင့်ပင်နှိုင်းယှဉ်ကာ ထရန့်ဆန့်ကျင်ရေးများ တရပ်စပ်လုပ်နေရင်းပင် သူကအောင်ပွဲဆက်တိုက်ခံနေရသည်မှာ အဘယ့်ကြောင့်နည်း။
ဤအချက်ကို အလေးအနက်စဉ်းစားကြည့်သောအခါ
၁) အမေရိကန်ပြည်သူများသည် ထရန့်ကဆွယ်တိုင်း ဒုတိယကမ္ဘာစစ်က ဂျာမန်လူမျိုးတို့ဟစ်တလာနော က်ပါသလို ပါသွားရအောင်လည်း ခေတ်က မျက်စိပိတ်နားပိတ်ခေတ်မဟုတ်သလို၊သူတို့ကလည်း စာမတက်ပေမတက်မျက်ကန်းမျိုးချစ်များမဟုတ်ကြ။
၂) အမေရိကန်သမိုင်းကိုပြန်ကြည့် လျှင်လည်း အစဉ်အဆက်ပင်ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်ခဲ့ကြသည်ဖြစ်ရာ လူမျိုးရေးခွဲခြားလိုသောစိတ်တစ်ခုတည်းကြောင့်လည်း ထရန့်ကိုမဲပေးခဲ့ကြမည်မဟုတ် နိုင်။
သို့ဆိုလျှင် အစွန်းဘက်တော်တော်ရောက်နေသောထရန့်ကို
မဲပုံအောပေးဖို့ရာ အကြောင်းအရင်းခံမှာ ၄င်းတို့၏စိတ်တွင်
နိုင်ငံသားတို့၏လုံခြုံမှု (Sense of Security) အားနည်းလာသည်ဟုခံစားရခြင်းေ ကြာင့်ဟုသာမြင်မိသည်။
၉/ ၁၁ မှအစပြု၍ အမေရိကန်တဝန်း အကြမ်းဘက်မှုများ မကြာခဏဖြစ်ပွားလာခဲ့သည်။ ကျောင်းများ၊လေယာဉ်ကွင်းများ၊ေ ဆးရုံ အစသဖြင့် အရေးကြီးနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် အခါ မလုံခြုံသည့်ခံစားမှုကိုခံစားလာကြရသည်။
အဆိုးဆုံးမှာ "တံတိုင်းကြီးတွေဆောက်ရမှာမ ဟုတ် ၊တံတားတွေထိုးပေးရမှာ" ဟုပုပ်ရဟန်းမင်းကြီး၏ လေသံအတိုင်း နိုင်ငံရေးစကားအလှတွေသုံးတက်သော ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးတာဝန် ယူစဉ်ကာလအတွင်း လစ်ဗျားနိုင်ငံ ဘန်ဂါဇီ ရှိအမေရိကန်သံရုံး အကြမ်းဖက်တိုက်ခိုက်ခံရခြင်းကလည်း အမေရိကန်ပြည်သူတကို့ ထရန့်၏ဆွယ်လုံးများနောက် ပါသွားစေခဲ့သလား။
အမေရိကန်ရွေးကောက်ပွဲအကြိုကာလများတွင်ဖြစ်ပွားခဲ့သော ကမ္ဘာတဝှမ်းအကြမ်းဖက်မှုဖြစ်စ ဉ်များကလည်း ထရန့်အတွက်လောင်စာကောင်းကော င်းဖြစ်ခဲ့ပုံရပါသည်။
က) ဥရောပ၏ ယဉ်ကျေးမှု၊ အနုပညာအသည်
းနှလုံးဖြစ်သော ပါရီ သည်အကြမ်းဖက်သမားတို့၏ပစ်မှ တ်ဖြစ်ခဲ့သည်။
ခ) တစ်ဆက်တည်းမှာပင် ဥရောပ၏လူ့အခွင့်အရေးဆိုင်ရာ ဋ္ဌာနချုပ်ဖြစ်သော ဥရောပသမဂ္ဂ ရုံးစိုက်ရာနှင့်အလွန်နီးကပ်စွာ ဘရပ်ဆဲလေဆိပ် (အတိအကျဆိုလျင်အမေရိကန်လြေေ ကာင်းတို့၏ဆိုက်ရောက်ရာ) တွင်ဗုံးကွဲသည့်အခါအားလုံးထိပ်ထိပ်ပြာပြာဖြစ်ကုန်ကြရသည်။
ဂ) အချိန်ကိုက်ပင် ဆီးရီးယားနိုင်ငံပျက်လေရာ သုံးသန်းကျော်သောဒုက္ခသည်များကလည်း မြေထဲပင်လယ်ကိုအရဲစွန့်ဖြတ် ကာ ဥရောပကိုအလုံးအရင်းဝင်ကြပြန်သည်။ အစပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဖြ င့် ဥရောပနိုင်ငံများက အတိုင်းအတာတစ်ခုအထိကြိုဆိုေ ဖးမခဲ့ကြသည်မှာ ဂျာမဏီသည်အများဆုံးလက်ခံပီး ၊ ဂျာမန်အဓိပတိ အိန်ဂျလာ မာကယ်ကို သူရဲကောင်းသဖွယ်ဝိုင်းမြောက်ပေးခဲ့ကြသေးသည်။ နောက်ပိုင်း ဒုက္ခသည်များနှင့်အရောရောအနှောနှောပါလာနိုင်သော အကြမ်းဖက်များအန္တရာယ်ကို စိုးရိမ်စပြုလာရသောအခါတွင၊် နှစ်သစ်ကူးပွဲတော်အတွင်း အုပ်စုဖွဲ့လိင်အကြမ်းဖက်မှုများဖြစ်လာသောအခါများတွင် နယ်စည်းမခြားသော ဥရောပလည်းမရှုနိုင်မကယ်နိုင် ဖြစ်လာရတော့သည်။ ယခင်ကစည်းသာရှိသောဥရောပနယ်ြ ခားတွင် သံဆူးကြိုးများ ၊ရဲတပ်ဖွဲ့များ၊လုံခြုံရေးများကိုမြင်တွေ့လာရပြီး ဒုက္ခသည်များထပ်မံလက်ခံရန် ငြင်းဆန်လာကြတော့သည်။
လူဝင်မှုကြီးကြပ်ရေး အရေးပေါ်အခြေအနေ (Immigration Crisis) အဖြစ်ထုတ်ဖော်ပြောဆိုလာရတော့ သည်။ လူသားချင်းစာနာရေးစံနှုန်းများ ကျိုးပျက်သွားကြသောအခါ ဒုက္ခသည်အရေးကို ဥရောပနိုင်ငံများအကြား ဘောလီဘောပုတ်ထုတ်ကြဖို့ကျိုးစားရင်း ဥရောပသည် ချိနဲ့သွားခဲ့လေသည်။
အမေရိကန်တွင်လည်း ဝင်ရောက်လာသောတရားမဝင်ဒုက္ခသ ည်များလက်ခံရေး မခံရေးနှင့်ပတ်သတ်ပီး ပြည်နယ်များအငြင်းအခုံဖြစ်ြ ကသည်။
ထိုအခြေအနေများကို ဒေါ်နယ်ထရန့်က အကောင်းဆုံးအသုံးချသွားနိုင်ခဲ့သည်။ "ဘာသက်သေအထောက်အထားမှမပါဘဲ အမေရိကန်မြေပေါ်ခြေချမိရုံနှ င့်တော့
သူ့အနေနှင့် နေထိုင်ခွင့်မပေးနိုင်ပါ။ တရားမဝင်နေထိုင်သူများကို
ပြည်နှင်ဒဏ်ပေးမည်" ဟုလုပ်ပစ်လိုက်သောအခါ မဲများသည်သူ့အတွက်သာဖြစ်ခဲ့ တော့သည်။
ခြုံငုံကြည့်လျှင် ထရန့်သည် အမေရိကန်နှင့်တကွ တစ်ကမ္ဘာလုံးတွင်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုပြသနာ၊ ၄င်းနှင့်စပ်နေသော နိုင်ငံတိုင်း၏ လူဝင်မှုပြသနာအားနည်းချက်များအပေါ်
သူ့အတွက်အကောင်းဆုံး အသုံးချသွားနိုင်သည်မှာ ငြင်း၍မရနိုင်ပါ။
တဆက်တည်းမှာပင် လူ့အခွင့်အရေး နှင့် အမျိုးသားလုံခြုံရေး ဟန်ချက်ညီထိန်းညှိ
နိုင်ရေးသည်အရေးကြီးလှကြောင်းဖော်ထုတ်သွားနိုင်ခဲ့သည် ။နိုင်ငံရေးစကားကြွယ်လှသော
သမ္မတ အိုဘားမား၊ဟီလာရီ ကလင်တန်တို့က လူမည်းများ၏မဲရရှိရေးအတွက်
စကားလှလှဖြင့် 'Blacks' lives matter' ဟုလူ မျိုးစုတစ်ခုအခွင့်အရေးအကာအ ကွယ်ပေးရေးဦးတည် ပြောသောအခါ နိုင်ငံရေးသမားအစစ်မဟုတ်သော ထရန့်က အင်မတန်ပါးနပ်စွာပင် All lives matter ဟုချေပသည်ကိုကြည့်လျှင် ၄င်းသည်ခေသူမဟုတ်ကြောင်းသိသာလှပေသည်။
နိဂုံး
ဤမျှ လောက်ရှည်ရှည်ဝေးဝေးရေးရသော အကြောင်းမှာ ဒေါ်နယ်ထရန့်ကို အမွန်းတင်ခန်းဖွင့်ခြင်းမဟု တ်။ ယနေ့ကမ္ဘာနိုင်ငံများလက်ရှိ ကြုံတွေ့နေရသော Illegal Immigration တရားမဝင်လူဝင်မှုပြသနာများသည် ကျွန်တော်တို့နိုင်ငံတွင်လည်းနက်နက်နဲနဲကြုံနေရသည်။ ချမ်းသာသော ဥရောပနိုင်ငံများသည်ပင်ဒုက္ခ သည်သန်းချီကိုမျှယူကြရသောအခါ Immigration Crisis အော်ရလျှင် ၊မြန်မာနိုင်ငံကဲ့သို့ နဂိုကပြသနာပေါင်းများစွာရှိ နေသည့်နိုင်ငံအတွက် သန်းနှင့်ချီသော ဘင်ဂလီတို့ ၏လူဦးရေပေါက်ကွဲမှုအရေး၊ တရားမဝင်ရောက်နေထိုင်ရေးပြသ နာတို့ကိ၊ု အခြားနိုင်ငံကြီးများဖိအား ပေးသောလေသံများကို မိမိတို့နိုင်ငံသားတို့ကို ယ်၌က
သံယောင်လိုက်ကာ ခေါင်းစဉ်ပြောင်း၍ အင်တန်ခြုံ၍ကောင်းသော လူ့အခွင့်အရေး
အရေပေးမခြုံမိကြစေရန်နှင့် မိမိတို့ကို ဖိအားပေးနေသော
အဆိုပါနိုင်ငံများတွင်ပင် ဤပြသနာသည်ကြီးမားစွာရင်ဆိုင်နေရကြောင်း၊အမျိုးသားလုံခြုံရေး (National Security) သည်နိုင်ငံသားအားလုံး၏ အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လ ည်း ဤအရေးကိုကိုင်တွယ်ရာတွင် ပြည်သူတို့၏လူမှုဘဝလုံခြုံရေး အတွက်အလေးအနက်ထားစဉ်းစားရမည့်ပြသနာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Writers Ye Tun Soe
ကျွန်ုပ်သည် အားလပ်ချိန်များသောနယ်ဆေးရု
လက်ရှိအချိန်တွင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ဘင်ဂါလီအရေးကိုအကြောင်းပြု
ဤသို့ဖြစ်လျှင် အမေရိကန်လူမျိုး(ထရန့်ကိုထေ
ဤအချက်ကို အလေးအနက်စဉ်းစားကြည့်သောအခါ
၁) အမေရိကန်ပြည်သူများသည် ထရန့်ကဆွယ်တိုင်း ဒုတိယကမ္ဘာစစ်က ဂျာမန်လူမျိုးတို့ဟစ်တလာနော
၂) အမေရိကန်သမိုင်းကိုပြန်ကြည်
သို့ဆိုလျှင် အစွန်းဘက်တော်တော်ရောက်နေသေ
၉/
အဆိုးဆုံးမှာ "တံတိုင်းကြီးတွေဆောက်ရမှာမ
အမေရိကန်ရွေးကောက်ပွဲအကြိုက
က) ဥရောပ၏ ယဉ်ကျေးမှု၊ အနုပညာအသည်
းနှလုံးဖြစ်သော ပါရီ သည်အကြမ်းဖက်သမားတို့၏ပစ်မှ
ခ) တစ်ဆက်တည်းမှာပင် ဥရောပ၏လူ့အခွင့်အရေးဆိုင်ရာ
ဂ) အချိန်ကိုက်ပင် ဆီးရီးယားနိုင်ငံပျက်လေရာ သုံးသန်းကျော်သောဒုက္ခသည်မျာ
လူဝင်မှုကြီးကြပ်ရေး အရေးပေါ်အခြေအနေ (Immigration Crisis) အဖြစ်ထုတ်ဖော်ပြောဆိုလာရတော
အမေရိကန်တွင်လည်း ဝင်ရောက်လာသောတရားမဝင်ဒုက္ခသ
ထိုအခြေအနေများကို ဒေါ်နယ်ထရန့်က အကောင်းဆုံးအသုံးချသွားနိုင
ခြုံငုံကြည့်လျှင် ထရန့်သည် အမေရိကန်နှင့်တကွ တစ်ကမ္ဘာလုံးတွင်ဖြစ်ပေါ်နေသေ
နိဂုံး
ဤမျှ လောက်ရှည်ရှည်ဝေးဝေးရေးရသော
Writers Ye Tun Soe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။