Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 21, 2016

ရန်ဖြစ်နေကြတဲ့နိုင်ငံ

 
 
ရန်ဖြစ်နေကြတဲ့နိုင်ငံ

*******************

မြန်မာနိုင်ငံဟာ ကမ္ဘာမှာအဆင်းရဲဆုံးစာရင်းဝင်နေတာ
ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေခြင်းဟာ
အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး။
ဆင်းရဲစေသော အလုပ်တွေကို မြန်မာနိုင်ငံသားများစွာက လုပ်နေကြခြင်းနဲ့ နိမ့်ကျစေသောအတွေးအခေါ်များကို မြန်မာနိုင်ငံသားများစွာက တွေးနေကြခြင်းကြောင့်
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နေပြီး ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေခြင်းဖြစ်ပါတယ်။
ဆင်းရဲသင့်လို့ ဆင်းရဲနေတာဖြစ်ပြီး နိမ့်ကျသင့်လို့ နိမ့်ကျနေတာဖြစ်တယ်။

မြန်မာနိုင်ငံသားအများစုဟာ
ဆင်းရဲခြင်းကိုဖြစ်စေသော အပျော်အပါးကိုမက်တယ်။
ဆင်းရဲခြင်းကိုဖြစ်စေသော အသောက်အစားကိုမက်တယ်။
ဆင်းရဲခြင်းကိုဖြစ်စေသော လောင်းကစားကိုမက်တယ်။
ပြည်သူတွေက ဆင်းရဲစေတဲ့ ကိစ္စတွေကိုနှစ်သက်သလို
ပြည်သူတွေကို ပိုပြီးဆင်းရဲစေတဲ့
အထူးကုဆေးခန်းတွေနဲ့ ဘော်ဒါဆောင်တွေရှိတယ်။
အသောက်အစားမက်သူများသလို အရက်ဆိုင်တွေလဲများတယ်။
လောင်းကစားမက်သူများသလို ဒိုင်လဲများတယ်။

မြန်မာနိုင်ငံသားအများစုဟာ တစ်ယောက်နဲ့တစ်ယောက်မတည့်ဘူး။
အားတာနဲ့ တစ်ခြားသူ မကောင်းကြောင်းပြောကြတယ်။
ဘေးအိမ်နဲ့ ရန်ဖြစ်တယ်။
ညီအစ်ကို မောင်နှမဆိုရင် အမွေလုကြတယ်။
အဆိုတော်အချင်းချင်း ကဗျာဆရာအချင်းချင်း ရန်ဖြစ်ကြတယ်။ ပြည်သူက ရဲ ကိုမယုံကြည်သလို
ရဲက ပြည်သူကို စေတနာ မပါဘူး။
စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် စစ်တိုက်တယ်။
နိုင်ငံဆီက ရတဲ့ပိုက်ဆံနဲ့ လက်နက်ဝယ်ကြပီး
နိုင်ငံသားအချင်းချင်း နိုင်ငံထဲမှာပဲ စစ်ဖြစ်နေကြတယ်။
နောက်ဆုံး နိုင်ငံသားတွေပဲသေတယ်။
နိုင်ငံသားတွေပဲ ဒုက္ခရောက်တယ်။
နိုင်ငံပဲ ပျက်စီးပြီး နိုင်ငံပဲ ဆင်းရဲသွားတယ်။
ကဏ္ဍပေါင်းစုံမှာ စီနီယာက ဂျုနီယာကို လက်တွဲမခေါ်ဘူး။
ဂျုနီယာက နောက်မှလာပြီး
ကိုယ့်ထက်သာသွားမှာကို စိုးရိမ်နေကြတယ်။
တစ်ချိန်က သူကြုံခဲ့ရတဲ့အခက်အခဲတွေကို
ဂျုနီယာကိုလဲ ကြုံစေချင်တယ်။
မကြုံရင်တောင် တမင်ကြုံအောင် လုပ်တယ်။
အဲ့တာဟာ မှန်တယ်လို့ တရားသေယူဆနေတယ်။
ပြိုင်ဘက်ထက် ပိုပြီးသာလွန်အောင် မကြိုးစားပဲ
ပြိုင်ဘက်ကို အင်အားနည်းသွားအောင် လုပ်ကြတယ်။
မနာလိုစိတ် ကြီးကြတယ်။
ကိုယ့်ကိုယ်ကို အရေးပါလွန်းတယ် ထင်ကြတယ်။
အာဏာရသူက အာဏာရပြီဆိုတာနဲ့
အာဏာကို ချက်ချင်းပြတယ်။
ဘာသာတရားရဲ့ အနှစ်အရသာကို မသိကြဘူး
မသိတော့ ဘာသာတရားရဲ့
တရားတွေကို မလိုက်နာကြတော့ဘူး။
ဘာသာတရားကိုဗန်းပြပြီး ကိုယ်ကျိုးရှာသူတွေများလာတယ်။
ဘာသာတရားကိုဗန်းပြပြီး နိုင်ငံရေးလုပ်သူလဲ ပေါ်လာတယ်။
ဘာသာတရားကို ခုတုံးလုပ်ပြီး ရန်တိုက်ကြတယ်။
ကိုယ်ဘာသာအဆုံးအမတောင် ကိုယ့်ဘာသာမသိသူတွေ
ကိုယ်ကိုးကွယ်တဲ့ ဘာသာအဆုံးအမကို ဆန့်ကျင်စွာပြုမှုနေသူတွေက
ဘာသာတရားကို တန်ဖိုးထားတယ်လို့
သူတို့ကိုယ်သူတို့ ထင်နေကြတယ်။
မှားယွင်းသောအတွေးအခေါ်များကို အမှန်ထင်နေကြတယ်။
စာဖတ်တာကို အပိုအလုပ်လို့ထင်နေကြတယ်။
ဗုဒ္ဓဟောတဲ့ မဇ္ဈိမပဋိပဒါဆိုတာ
ချမ်းသာဖို့မလိုဘူးလို့ ဆိုလိုတာထင်ပြီး
စုတ်ပျက်သတ်နေတဲ့ ဘဝတွေမှာပဲ ပျော်ရွှင်နေကြတယ်။
အလှူလုပ်တဲ့လူအများစုဟာ သီချင်းသံပိုကျယ်လေ ကုသိုလ်ပိုရလေလို့ ထင်နေကြတယ်။
ပညာရေးနစ်မှာ ကျောင်းစာကို အလွတ်ကျက်ခိုင်းတယ်။

စစ်အစိုးရက တက္ကသိုလ်ကို မြို့ပြင်ထုတ်တယ်။
ထန်းရေဆိုင်ဘေးမှာ စာသင်ခန်းပြောင်းဆောက်တယ်။
စစ်သားကို ကျောင်းအုပ်ကြီးလုပ်ခိုင်းတယ်။
ဘွဲ့ရသူကများပြီး အလုပ်ကရှားတော့ ဘွဲ့ရပြီး ဆိုက်ကားနင်းရတယ်။
နိုင်ငံကဆင်းရဲ ပြည်သူကမွဲပေမယ့် မြေဈေးက ကမ္ဘာ့အဆင့်မှီတယ်။
နိုင်ငံသားတွေက မြို့ပြင်ထွက်နေရပြီး နိုင်ငံခြားသားက မြို့လယ်မှာနေကြတယ်။
နိုင်ငံကဆင်းရဲတယ်။ ပြည်သူကမွဲတယ်။ မီတာခနဲ့ ဖုန်းခေါ်ဆိုခ ဈေးကြီးတယ်။
စာမတတ်တဲ့ တောကလူကို ဒဏ်ကြေးပိုတောင်းတယ်။
စာတတ်ပေမယ့် ပညာတတ်သူနည်းတယ်။
စာတတ်သူက ပညာတတ်ဖို့ စာမဖတ်ဘူး။
ပိုဆိုးတာက ပညာတတ်သူတစ်ချို့က ဒါတွေကို မဆိုင်သလိုနေကြတယ်။

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံဟာကမ္ဘာမှာအဆင်းရဲဆုံးစာရင်းဝင်ကာ
ကဏ္ဍပေါင်းစုံမှာလဲ နိမ့်ကျသွားတယ်။
ဒါဟာ အကြောင်းမဲ့ မဟုတ်ဘူး။
အာဏာရသွားသူဟာ သူ့ကိုယ်သူ ဟုတ်လှပြီလို့ထင်နေပြီး
ပြီးတော့မှ စောက်တလွဲတွေကြီးပဲ လုပ်ခြင်း
နိုင်ငံသားအချင်းချင်းက အမြဲလိုလိုရန်ဖြစ်နေကြခြင်း
စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ
အချင်းချင်း ချနေချိန်
ခရိုနီတွေက လုပ်ချင်သလို လုပ်နေကြခြင်းတွေက
ဒီလိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေပါပဲ။
စစ်အစိုးရမှာ တာဝန်ရှိသလို
နိုင်ငံသားတစ်ယောက်စီမှာလဲ တာဝန်ရှိတယ်။
ဘယ်တစ်ယောက်ထဲကြောင့်လို့တော့ အပြစ်တင်နေလို့မရဘူး။
အပေါ်က အချက်တစ်ချက်နဲ့ ငြိတဲ့သူတိုင်း
သူတစ်ပါးကို မနာလိုစိတ်နဲ့
ဒုက္ခပေးဖူးသူတိုင်းမှာလဲ ဒီကိစ္စမှာ တာဝန်မကင်းဘူး။

Credit : ကိုမင်းထက်နေနိုင်
၁၇ - ၁၁ - ၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။