``သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးသင့် မပေးသင့်.``
.......................... .....
ခုလို သက်ငယ်မုဒိမ်းမှုကိစ္စတွေ လှုပ်ရှားပျံ့နှံ့မလာခင် အချိန်ကတည်းက သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး
ဒီဝတ္ထုလေး ရေးခဲ့ဖူးပါတယ် ။ ဘယ်သူမဆို သက်ငယ် မုဒိမ်းမှုကို
သေဒဏ်ပေးစေချင်မှာ သေချာပါတယ် ။ ကျမလည်း ဒီသဘောပဲရှိပါတယ် ။
စိတ်ခံစားချက်အားဖြင့်တော့ မှန်ပါတယ် ။ ဒါပေမယ့် ဥပဒေဆိုတာက
စိတ်ခံစားချက်ထက် ပိုပြီး ကျယ်ပြန့်နက်ရှိုင်းပါတယ် ။
အဲ့ဒီ့လိုအမှုအခင်းတွေနဲ့ ပတ်သက်ပြီး ဥပဒေရေးရာကိစ္စတွေပါ ဝတ္ထုထဲမှာ ထည့်သွင်းရေးသားဖို့အတွက် .. စာရေးဆရာ ရှေ့နေကြီးဦးကျော်ဇေယျနဲ့လ ည်း တိုင်ပင်ဆွေးနွေးခဲ့ဖူးပါတယ် ။ ကျမဝတ္ထုတွေမှာ ဥပဒေရေးရာကိစ္စတွေ ပါဝင်လာတဲ့အခါတိုင်း ဥပဒေရေးရာစာအုပ်တွေအများကြီး ဖတ်ခဲ့ရသလို.. ဆရာကြီးနဲ့လည်းတိုင်ပင်ဆွေး နွေးအကြံဥာဏ် ရယူရပါတယ် ။
သက်ငယ် မုဒိမ်းမှုကို သေဒဏ်ပေးသင့်တာမှန်ပါတယ် ။ ဒါပေမယ့် တရားခံအစစ်ဖြစ်ဖို့ရာ အရမ်းအရေးကြီးပါတယ် ။ အကယ်၍များအကြောင်းကြာင်းကြာ င့် အမှုဆင်ခံရရင်.. ထိုးကျွေးခံရရင် ..အထင်မှားခံရရင် မှားယွင်းစီရင်ချက်ချမိတဲ့အ ခါ သေဒဏ်ဟာ ပြန်နှုတ်လို့မရပါဘူး ။ နိုင်ငံတကာမှာလည်း မှားယွင်း စီရင်ချက်ချခဲ့ဖူးတဲ့ဥပမာတွေရှိပါတယ် ။ တရားခံမဟုတ်သော ဓားစာခံလူကို မှားယွင်းပြီး သေဒဏ်ပေးမိတာမျိုးမဖြစ်ရလေေ အာင်
၁၀နှစ်ကနေ သေဒဏ်အထိ ဆိုတဲ့ space တစ်ခု ထားထားရင်
လုံလောက်တယ်လို့ယူဆလို့.. အဲ့ဒီလိုဖြစ်သင့်ကြောင့်ပဲ
ဝတ္ထုထဲမှာထည့်ရေးခဲ့ပါတယ် ။
သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးနိုင်တဲ့တစ်နေ့ဟာ တရားစီရင်ရေးမဏ္ဍိုင်တွေ အထူး ခိုင်မာတဲ့နေ့ပါ ။
ပုညခင် ။
..........................
ခုလို သက်ငယ်မုဒိမ်းမှုကိစ္စတွေ လှုပ်ရှားပျံ့နှံ့မလာခင် အချိန်ကတည်းက သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြ
အဲ့ဒီ့လိုအမှုအခင်းတွေနဲ့ ပတ်သက်ပြီး ဥပဒေရေးရာကိစ္စတွေပါ ဝတ္ထုထဲမှာ ထည့်သွင်းရေးသားဖို့အတွက် .. စာရေးဆရာ ရှေ့နေကြီးဦးကျော်ဇေယျနဲ့လ
သက်ငယ် မုဒိမ်းမှုကို သေဒဏ်ပေးသင့်တာမှန်ပါတယ် ။ ဒါပေမယ့် တရားခံအစစ်ဖြစ်ဖို့ရာ အရမ်းအရေးကြီးပါတယ် ။ အကယ်၍များအကြောင်းကြာင်းကြာ
သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးနိုင်တဲ့တစ်နေ့ဟာ တရားစီရင်ရေးမဏ္ဍိုင်တွေ အထူး ခိုင်မာတဲ့နေ့ပါ ။
ပုညခင် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။