Melvin Moe with Melvin Moe.
မြန်မာလူမျိုးတွေ အပျော်အပါးမက်တယ်ဗျ။ ဆိုင်းသံကြားရင် ဒွန့်ချင်နေပြီ။ သီချင်းဖွင့်ထားတဲ့ ထီဆိုင် တွန်းလှည်းရှေ့မှာတောင် မူးလာရင် ထကချင်တဲ့ လူမျိုးပေါ့။
ပြီးတော့ လက်အင်မတန်သရမ်းတယ်။ လစ်ရင်လစ်သလို ဖျက်ဆီးချင်တဲ့ စိတ်ရှိတယ်။
ဒါကြောင့် မူးရူးပြီး ဝုန်းဒိုင်းကျဲ လို့ရတဲ့ သင်္ကြန် ဆို
ရုပ်ပျက်ဆင်းပျက်ပျော်တယ်။ အိုးမဲသုတ်တယ်ဆိုပြီး နို့ကိုင် ဖင်ကိုင်
လုပ်တယ်။ ငြိမ်ခံရင် ရောင့်တက်တယ်။ တကယ် ပြန်ဆော်မယ်မှန်းသိရင် ရူးသလိုလို
ကြောင်သလိုလို ဖင်ကုတ်ခေါင်းကုတ် နဲ့ လစ်တယ်။
တောင်ပြုံးရိုးရာနတ်ပွဲမှာဆိုလဲ နတ် အကြောင်းပြပြီး နန့်ကြောဆွဲ ၊ မူးရူးပြီး အခြောက်အစို အကုန်လုံးနဲ့ ကမြင်းကြော ထတယ်။ ရောဂါတွေရတယ်။
အင်မတန် သိမ်မွေ့တဲ့ ကထိန်ပွဲမှာတောင် မူးရူးပြီး သောင်းကျန်းလာတာဟာ တိုင်းပြည် အတွက် အင်မတန် အနှုတ်လက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေပါဘဲ။
အရင်အစိုးရတွေ ဦးနှောက်မသုံးဘဲ သတ်မှတ် သွားတဲ့ သင်္ကြန်ရုံးပိတ်ရက် (၁၀) ရက်ဆိုတာဟာလဲ တိုင်းပြည် ဒုက္ခရောက်အောင် တမင်လုပ်ထားတယ်လို့တောင် ပြောလို့ရတယ်။ ဧပြီလ (၁) လ လုံးနီးပါး အလုပ်မလုပ်တဲ့ တိုင်းပြည်မျိုး နဲ့ ဘယ်တိုင်းပြည်မျိုးကမှ အလုပ်တွဲလုပ်လို့မရပါဘူး။ သံယံဇာတ ခိုးထုတ်မယ့် တိုင်းပြည်တွေက လွဲရင်ပေါ့လေ။
တိုင်းပြည်တည်ဆောက်ရေးအတွက်အတားအဆီးဖြစ်စေတဲ့အတွက် ၊ လက်ရှိအစိုးရ အနေနဲ့လဲ ပညာပေးအစီအစဉ်တွေ ၊ ပြောင်းလဲမှုတွေ စလုပ်သင့်ပါပြီ။
အလုပ်လုပ်ဖို့ မစဉ်းစားဘဲ ကမြင်းကြောထဖို့ လောက်ဘဲ လူအများစု က တွေးနေသရွေ့တော့ အမေစု လဲ ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။
တည်ဆောက်ဖို့ မစဉ်းစားဘဲ ဖျက်ဆီးဖို့ အမြဲတွေးနေတဲ့ အကျင့်ဆိုးတွေကို ဘော်လုံးကွင်းက ထိုင်ခုံချိုးတဲ့ ကောင်တွေတင်မဟုတ်တော့ဘဲ ၊ ဒီနှစ် ကျီးမနိုးပွဲည မှာ စာအုပ်စင်ပါမကျန်ဖျက်ဆီးတတ်တဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်ပိုင်ရှင်တွေကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပြီဘဲ။
နမူနာ အဖြစ် အပြစ်ပေးလိုက်ရင်လဲ အင်မတန်ကြောက်တတ်တဲ့ လူမျိုးပါ။
လွှတ်ထားလို့ကတော့ ..........

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။