Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 17, 2016

ထိရောက်သောအင်တာဗျူးဖြေဆိုနည်းများ

ထိရောက်သောအင်တာဗျူးဖြေဆိုနည်းများ
********************************************

ရေးသူ - ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)

ယခင်လမှအဆက်

မင်းတို့လိုအလုပ်မျိုးကလူတွေက လစာပိုရသင့်တယ်လို့ထင်သလား မိမိအလုပ် က အလုပ်၏အခြေခံလိုအပ်ချက်ကိုမည်ကဲ့ သို့ဖြည့်ဆည်းနိုင်သည်၊ မိမိက အလုပ်အကြောင်းကို မည်မျှသိသည်တို့ကို လစာနှင့်ပတ်သက်သော ညှိနှိုင်းမှု မပြုလုပ်မီသိလို၍မေးသောမေးခွန်းဖြစ်သည်။ ဤအဖြေကိုမဖြေမီ လစာညှိနှိုင်း မှုပြုလုပ်ပါက မေးခွန်းများဖြေဆိုရာတွင် ဟန်ချက်ပျက်မှုများဖြစ်လာနိုင်သည်။ အန္တရာယ်ကင်း၍ စိတ်ချရသောအဖြေမှာ Straddling The Fence ခေါ်ခြံ စည်းရိုးကိုခွ၍ထိုင်ပြီး ဖြေဆိုခြင်းဖြစ်သည်။ မတင်မကျဖြေဆိုဖို့ဖြစ်သည်။ "အလုပ်အများစုမှာ လစာဟာ အလုပ်ရဲ့အရေးကြီးမှု၊ အလုပ်မှာ ပါဝင်နိုင်တဲ့ အတိုင်းအတာတွေကိုပြပါတယ်။ လစာအတိုင်းအတာဟာ အလုပ်ရဲ့စံအနေ အထားကိုပြပါတယ်။ ဒီလိုပြောလိုက်တဲ့အတွက် ထူးထူးခြားခြားတော်တဲ့ လူတွေဟာ သူတို့ရဲ့ထူးခြားတဲ့လုပ်ဆောင်မှုတွေအတွက် အသိအမှတ်ပြုခြင်း မခံရဘူးလို့ ပြောတာမဟုတ်ပါဘူး။ စည်းမျဉ်းသတ်မှတ်ချက်တွေမှာ ခြွင်းချက် ဆိုတာအမြဲရှိပါတယ်။"

ကောင်းသောကမ်းလှမ်းမှု၊ ညံ့ဖျင်းသောကမ်းလှမ်းမှု အင်တာဗျူးမေးသူက အလုပ်နှင့်ပတ်သက်သောမေးခွန်းများကို အတော်ကြာဝေ့၀ိုက်ပြီးသည့်အခါမှ လစာကိန်းဂဏန်း တစ်ခုကိုဖော်ပြလာမည်။ မသေချာပါကထပ်မံ၍မေးပါ။ "လူကြီး မင်းပြောတာကို သေချာအောင် ထပ်မေးတာပါ။ ကျွန်တော့်ကို တစ်နှစ်ပေါင်/ဒေါ်လာ...နဲ့ဒီအလုပ်မှာခန့်မယ်လို့ပြောတာပါလား။"
ဤကဲ့သို့ တရားဝင်ကမ်းလှမ်းရာတွင် အခြေအနေနှစ်မျိုး ဖြစ်နိုင်သည်။

၁။ တရားမျှတပုံရသောကမ်းလှမ်းမှု
၂။ မိမိမျှော်လင့်မထားသောကမ်းလှမ်းမှု တို့ဖြစ်သည်။

တရားမျှတပုံရသောကမ်းလှမ်းမှု
---------------------------------
တရားမျှတစွာကမ်းလှမ်းသည်ဆိုသော်လည်း မိမိအနေဖြင့် အနည်းငယ်ထပ် တိုးတောင်းဆိုမှုပြုချင်လိမ့်မည်။ အင်တာဗျူးမေးသူကလည်း ထိုကဲ့သို့မျှော်လင့် ထားပြီးဖြစ်လိမ့်မည်။ သို့သော်လည်း သူတို့အားစိတ်ပျက်သွားခြင်းမဖြစ်ပါေ စနှင့်။ လစာအတိုင်းအတာတစ်ခုကိုဖော်ပြပါ။ အနည်းဆုံးမှာ အင်တာဗျူးမေး သူကကမ်းလှမ်းသောပမာဏဖြစ်ပြီး အမြင့်ဆုံးပမာဏမှာ ကမ်းလှမ်းသော ပမာဏထက်မြင့်သော ကိန်းဂဏန်းတစ်ခုဖြစ်မည်။ "လူကြီးမင်းဖော်ပြတဲ့ ကိန်း ဂဏန်းက ကျွန်တော်မျှော်လင့်ထားတာနဲ့ အများကြီးနီးစပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကပေါင်...နဲ့ပေါင်... အကြားကိုမျှော်လင့်ထားတာပါ။ ညှိနှိုင်းဖို့ အတွက် အခြေအနေများ ရှိပါသလား။"

မိမိကဖော်ပြသောလစာထက် ပိုရသင့်သည်ဟုပြောသည့်အတွက် မည်သူမှ ကမ်းလှမ်းမှုကိုရုပ်သိမ်းမည်မဟုတ်။ နောက်ဆုံးတွင် မိမိသည်အလုပ်အတွက် အသင့်တော်ဆုံးလူဟုဆုံးဖြတ်နိုင်သည်။ ကမ်းလှမ်းမှုကိုထပ်တိုးနိုင်သည်။ အင်တာဗျူးမေးသူက သင့်လျော်မှန်ကန်သောကိန်းဂဏန်းတစ်ခုထပ်မံဖော်ပြနိုင် သည်။ သူ့အတွက် ညှိနှိုင်းမှုသည် ကျေနပ်ဖွယ်ရာအခြေအနေဖြင့် အဆုံးသတ် မည်ကိုစိတ်ဝင်စားသည်။ ဆိုးဝါးသည့်အခြေအနေဆိုပါက အင်တာဗျူးမေး သူသည် ကနဦးကမ်းလှမ်းထားသည့်လစာပမာဏကိုသာပေးမည် ဟု ပြောလိမ့်မည်။

မိမိမျှော်လင့်မထားသော ကမ်းလှမ်းမှု
--------------------------------------
အင်တာဗျူးမေးသူ၏ကမ်းလှမ်းမှုသည် မိမိမျှော်လင့်ထားသည့်အတိုင်းဖြစ်မလာ ပါက မိမိအတွက် ငြင်းပယ်ခြင်း၊ လက်ခံခြင်းတို့အပြင် တခြားသောရွေးချယ်မှု များရှိနေသေးသည်။ ငွေ ကြေးကိစ္စအတွက် တည်တည်ငြိမ်ငြိမ်ဖြင့် ပညာရှင် ဆန်ဆန်ပြုမူပြောဆိုရမည်။ လစာကိစ္စမဖြစ်ပါက အလုပ်၏တခြားသော အနာ ဂတ်အလားအလာများကိုသုံးသပ်ရမည်။ မိမိအတွက်လိုအပ်ပါကနေရာ တစ်နေရာကျန်ရှိနေသေးရန် ပါးနပ်စွာပြောဆိုပြီးနောက် အဆုံးသတ် တွင် ငွေကြေးကိစ္စကို ပြန်ကောက်ရမည်။

အကယ်၍ ကမ်းလှမ်းသောလစာသည် အနာဂတ်တွင် တိုးမြင့်လာဖွယ်ရာရှိ ပါက "ဒီ အလုပ်ကို ကျွန်တော်သဘောကျပါတယ်။ ဒီအလုပ်မှာ ဘယ် လိုအောင်မြင်မှုတွေရလာနိုင်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်မတ်လ ၁ ရက်ကစပြီးအလုပ်ဝင်ပါ့မယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်း လင်းပြောရရင်လစာကိုတော့ ကျွန်တော့်အနေနဲ့ထိုက်သင့်တယ်လို့မယူ ဆသေးပါဘူး။ အဲဒီအတွက်ဆက်လက်ဆွေးနွေးဖို့အခြေအနေရှိနေဦးမယ် လို့ မျှော်လင့်ပါတယ်" ဟု ပြောထားပါ။

တစ်နည်းအားဖြင့်ပြောနိုင်သည်မှာ "ကျွန်တော်မတ်လ ၁ ရက်မှာ အလုပ်ဝင်ပါ့ မယ်။ ကျွန်တော့်လုပ်အားပါဝင်မှုတွေရှိပြီး အသင်းအဖွဲ့ရဲ့အရေးကြီးတဲ့ အစိတ် အပိုင်းဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အဆင် မပြေတာက အခုကမ်းလှမ်းတဲ့လစာနဲ့ဆိုရင် ၀င်ငွေနဲ့ထွက်ငွေမျှတမှု မရှိပါ ဘူး။ ဆွေးနွေးဖို့အခွင့်အလမ်းရလိမ့်မယ်လို့မျှော်လင့်မိသလို လူကြီးမင်းအနေ နဲ့ ဒီအလုပ်ကို ကျွန် တော့်ကိုကမ်းလှမ်းတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ လစာကိစ္စလေးတစ်ခုသာ ဖြေရှင်းပေးနိုင်မယ်ဆိုရင် အကုန်လုံးအဆင်ပြေ သွားမှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေမယ်လို့ထင်ပါသလဲ" ဟူ၍ဖြစ် သည်။ ထိုအခါတွင် အင်တာဗျူးမေးသူက မိမိ မည်မျှလိုချင်ကြောင်း ထပ်မံမေး လာလိမ့်မည်။ "ဒါဖြင့်ရင် မင်း အနိမ့်ဆုံးလိုချင်တဲ့လစာက ဘယ်လောက်ဖြစ် မလဲ။" "ကျွန်တော်ကတော့ အနည်းဆုံးပေါင်...(မိမိကအလယ်အလတ်တန်း ရည်မှန်းထားသည့်လစာ) လိုချင်ပါတယ်။ ဒီနှုန်းထားနဲ့ဆိုရင် အတားအဆီးများ ရှိနိုင်မလား။" အင်တာဗျူးမေးသူ၏အဖြေပေါ်မူတည်၍ အဖြေကို မတင်မကျမေး ပါ။ သို့သော်လည်း အားတက်သည့်အမူအရာဖြင့် ထိုရာထူးအဆင့်တွင် ရရှိမည့် ခံစားခွင့်များအပိုင်းသို့ ဆက်သွားပါ။ "ဒါဆိုရင်တော့ မဆိုးတော့ပါဘူး။ အကျိုး ခံစားခွင့်အပိုင်းကို ဆက်ပြောချင်ပါတယ်။”

အင်တာဗျူးမေးသူက အခြားနည်းဖြင့်ဖြေနိုင်သည်။ "မင်းပြောတဲ့ပမာဏ ဆိုရင်တော့ ငါတို့ပေးနိုင်တာထက် များသွားပြီ။ ငါတို့ပေးနိုင်တာနဲ့ အံဝင်ခွင် ကျဖြစ်အောင် မင်းဘယ်လောက်လျှော့နိုင်သေးလဲ။" ဤကဲ့သို့မေးပါက လိုလား သည့်သဘောပြပြီး ဆွေးနွေးမှုကို အဆုံးသတ်လိုသည့်သဘောရှိသည်။ သို့သော် အလွယ်တကူဖြင့် အလျှော့မပေးပါနှင့်။ မိမိပြောရမည်က "အခုအခက် အခဲ ဖြစ်နေတာက ရာထူးအမည်နဲ့လစာဖြစ်မယ်ဆိုရင်လည်း ရာထူးအမည်ကို သင့်လျော်သလိုပြောင်းလဲနိုင်ပါတယ်။" ကြိုးစားကြည့်ပါ၊ ဖြစ်နိုင်ပါသည်။ အဆင်မပြေပါက အလုပ်၏တခြားသောအပိုင်း များကိုဆက်သွားနိုင်သည်။ သို့သော်လည်း နောက်ဆုံးအနေဖြင့်ကြိုးစားကြည့်ပါ။ "ဒါလူကြီးမင်းအတတ်နိုင် ဆုံးပေးမယ့်ပမာဏပါလား။" ဤကဲ့သို့ပြောရာတွင် အင်တာဗျူးမေးသူ၏မျက်လုံး များကို တိုက်ရိုက်ကြည့်ပေးပါ။ အံ့သြ စရာကောင်းအောင် အောင်မြင်မှုရသည် ကိုတွေ့ရလိမ့်မည်။ မေးခွန်းမေးရာတွင်လည်း အသံနေအသံထားမှာ အရေး ကြီးသည်။ အခန့်မသင့်ပါက မနှစ်မြို့သောလေသံ ပေါက်သွားတတ်သည်။

အနာဂတ်လစာအား ဆွေးနွေးညှိနှိုင်းခြင်း
-------------------------------------------
ဤအဆင့်တွင် မိမိအနေဖြင့် လက်ရှိလစာနှင့်ပတ်သက်ပြီး အချေ အတင်ဆွေးနွေးပြီးဖြစ်သည့်အလျောက် အနာဂတ်ရပိုင်ခွင့်များနှင့်ပတ် သက်သောအကြောင်းသို့ ကူးပြောင်းရန်ဖြစ်သည်။ "လစာနဲ့ပတ်သက်လို့ ကျွန်တော်မျှော်မှန်းထားတဲ့အတိုင်းမဖြစ်သေး ပေမဲ့ ဒီအလုပ်ကိုတော့ ကျွန်တော်စိတ်ဝင်စားပါတယ်။ အခု အနာ ဂတ်ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ဆက်ပြောလို့ရပါ့မလား။" ထို့နောက်တွင် မိမိကိုယ်ကိုလုပ်ငန်းခွင် တာဝန် ထမ်းဆောင်နေရသည်ဟု သဘောထားလျက် ဆက်လက်ပြောပါ။ အောက်ပါ အချက်များသည် ကုမ္ပဏီအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများက ညှိနှိုင်းလေ့ ရှိသောအချက်များဖြစ်သည်။

တစ်လုံးတစ်ခဲတည်းဆုကြေးငွေ
---------------------------------
ဤဆုကြေးငွေကို Golden Hello ဟုသိကြသည်။ ယနေ့ရပြီး မနက်ဖြန်ကုန် တတ်သည့်ငွေဖြစ်သော်လည်း ရသင့်သည့်ငွေဖြစ်သည်။ ယင်းငွေကြေး ပမာဏကို မိမိ၏အခြေခံလစာတွင် ပေါင်းဖြည့်သည့်အမှားကို မပြုလုပ်မိပါေ စနှင့်။ ဥပမာအားဖြင့် မိမိသည်ပေါင် ၂,၅၀၀ ရသည်ဆိုပါစို့။ နှစ်အကုန်လစာ ဆန်းစစ်သည့်အခါ ယင်းငွေပမာဏမပါဘဲ အခြေခံလစာကိုသာ စဉ်းစားရမည်။

လစာတိုးမြှင့်မှုနှင့် ဆက်စပ်သောလုပ်ဆောင်မှုသုံးသပ်ခြင်း
--------------------------------------------------------------
လစာတိုးမြှင့်မှုကိုဝန်ထမ်း၏လုပ်ဆောင်မှုဖြင့် အကဲဖြတ်လေ့ရှိသည်။ မိမိ၏ အရည်အချင်းကို ယုံကြည်မှုရှိပါက ဤအတွက် အနည်းဆုံးလစာတိုးမြှင့်မှု ရာခိုင်နှုန်းကိုလည်း မကြာခဏဆွေးနွေးနိုင်သည်။

ရာထူးတိုးမြှင့်ခြင်း
------------------
အချိန်အတိုင်းအတာကာလတစ်ခု ပြီးသည့်နောက်တွင် ရာထူးတိုးရန်သုံးသပ်မှု ကိုညှိနှိုင်းနိုင်သည်။

နှစ်အကုန်ဆုကြေးငွေ
-----------------------
နှစ်အကုန်ဆုကြေးငွေနှင့် ပတ်သက် ၍ ပြောဆိုမှုများကြားရသည့်အခါ "ဒီနှစ် ဘာဖြစ်မယ်" ၊ သို့မဟုတ် "မနှစ်ကဘာ ဖြစ်ခဲ့တယ်" ဆိုသည်များကိုမမှီခိုပါနှင့်။ လက် တွေ့ဆုကြေးငွေသည် ယင်းကိန်းဂဏန်းများနှင့် ဆက်စပ်မှုရှိချင်မှရှိ မည်။ ငါးနှစ်တာ ကာလအတွင်းလုပ်ဆောင်မှုသမိုင်းကို အခြေခံလေ့ရှိသည်။

ငွေသားပြင်ပ အခြားအရာများ
-------------------------------
အခြားငွေသားမဟုတ်သော ထုခွဲနိုင်သောပစ္စည်းများ အနေဖြင့်ရှိနေသည်များ မှာ ကုမ္ပဏီ၏မော်တော်ကား၊ ဓာတ်ဆီ ပြုပြင်ထိန်းသိမ်းမှုနှင့် အာမခံတို့ဖြစ်ကြ သည်။ ယင်းတို့မှာ ငွေသားကိုကိုယ်စားပြုသည်။ မော်တော်ကား၊ သို့မဟုတ် အာမခံနှင့်ပတ် သက်သောခံစားခွင့်များ၊ မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း စရိတ် များ၊ လစဉ်ဓာတ်ဆီခများကို အလုပ်ရှင်များကပေးနေသည်ဟု ထုတ်ဖော်ပြောလေ့မရှိ။ မိမိက မမေးမချင်း အလုပ်ရှင်ပြောမည်မဟုတ်။ ဤကဲ့သို့သော ထူးခြားသည့်ရပိုင်ခွင့်များကို ရေးသားမှတ် တမ်းတင်ထားပါ။

ကမ်းလှမ်းမှုအား လွှမ်းမိုးခြင်းနှင့် သုံးသပ်ခြင်း
------------------------------------------------
ဆွေးနွေးညှိနှိုင်းမှုများသည် တစ်ခုနှင့်တစ်ခု မတူညီနိုင်။ ထို့အတွက် ဆွေးနွေး ညှိနှိုင်းမှုများကို စံပုံစံ (Model) အနေဖြင့် မှတ်ထား၍မရ။ မိမိအနေဖြင့် လက် ရှိနှင့်အနာဂတ်လစာများဆွေး နွေးမည်ဆိုပါက ကုမ္ပဏီအကြောင်း၊ အလုပ် အကြောင်းတို့ကို သိထားရမည့်အချိန်ဖြစ်သည်။ ငွေကြေးအားဖြင့် သဘော တူညီမှုမပြုရသေးလျှင်ပင် မိမိအနေဖြင့် သဘောတူညီမှုကိုအဆုံးသတ်မည်၊ သို့မဟုတ် အဆုံးမသတ်တော့ဟူသော သဘောထားတော့ရှိပြီးဖြစ်နေလိမ့် မည်။ အောက်ပါမေးခွန်းများက သက်ဆိုင်မှုရှိနေပြီး တချို့သောအကြောင်း အရာများမှာ အင်တာဗျူးကာလအတွင်း အခြားအချိန်များ၌ သက်ဆိုင်မှုရှိ လိမ့်မည်။

သက်ဆိုင်ရာအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိထားခြင်းအားဖြင့် လစာနှင့် အခြားအကျိုးခံစား ခွင့်များအား နောက်ဆုံးအဆင့်ဆွေးနွေးရာ တွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ ၎င်းင်း မေးခွန်းများထဲမှ သင့်လျော် သည်များကို ဥာဏ်ရှိသလိုရွေးချယ်နိုင်ပါက အကောင်းဆုံးဆွေးနွေးနိုင်မှုဖြစ် လိမ့်မည်။ မေးခွန်းများမှာ အောက်ပါအမျိုးအစားများဖြင့်ရှိနေသည်။
- မူလီခေါင်းနှင့် ၀က်အူချောင်းတံ (Nuts and Bolts) အလုပ်ရှင်းလင်းချက်
- အလုပ်နှင့်ဌာနဖွံ့ဖြိုးမှု
- ကုမ္ပဏီဆန်သောဓလေ့များ၊ အတွေးများနှင့် ပြုမူလုပ်ဆောင်မှုများ (Corporate Culture)
- ကုမ္ပဏီဖွံ့ဖြိုးမှုနှင့် ဦးတည်ချက်

အောက်ပါအပိုင်းသည်လည်း ပထမအင်တာဗျူးနှင့်ဒုတိယအင်တာဗျူးများကြား ဖတ်သင့်သောအပိုင်းဖြစ်သည်။

မူလီခေါင်းများနှင့် ၀က်အူချောင်းတံများ
----------------------------------------
မိမိတွင် အလုပ်နှင့်ပတ်သက်သောရည်မှန်းချက်များရှိပါက အလုပ်တစ်ခု အတွင်းသို့ရောက်ပြီး တဖြည်းဖြည်း ဖွံ့ဖြိုးလာမည့်အခြေအနေကို လိုချင်လိမ့် မည်။ အောက်ပါမေးခွန်းများကို မေးကြည့်ပါ။ "အလုပ်လစ်လပ်နေတာ ဘယ်လောက်ကြာပြီလဲ။" "ဘာကြောင့်လစ်လပ်တာလဲ"၊ "အရင်က အဲဒီရာထူး မှာ ဘယ်သူထမ်းဆောင်သွားခဲ့တာလဲ။" "အဲဒီလူကအလုပ်မှာဘယ်လောက် ကြာကြာလုပ်သွားခဲ့လဲ။" "အခုအဲဒီလူ ဘာလုပ်နေသလဲ။" "အဲဒီရာထူးနေရာ မှာ သုံးနှစ်တာကာလအတွင်း လူဘယ်နှယောက် တာဝန်ထမ်းဆောင်ခဲ့လဲ။" "အဲဒီလူတွေ အခုဘာလုပ်နေလဲ။'' နောက်ထပ်မေးနိုင်သည်မှာ "အဲဒီရာထူး မှာ နောက်ထပ်လူခန့်ဖို့အချိန်ဇယားကဘယ်လိုလဲ။" အလုပ်လစ်လပ်နေသည် မှာကြာလေလေ၊ အလုပ်ခန့်ဖို့အချိန်ကကျပ်လေလေ မိမိအတွက်အင်အားယူဖို့ ကောင်းလေလေဖြစ်သည်။ ထိုအချက်ကို ဖော်ထုတ်နိုင်ရန်အတွက် "ကျွန်တော့် ကိုဘယ်တော့စလုပ်စေချင်ပါလဲ။ အဲဒီအချိန်မှာ ဘာကြောင့် ထူးထူးခြားခြား ၀င်စေချင်တာလဲ" ဟုမေးနိုင်သည်။

အောက်တွင်မေးခွန်းကောင်းများကို ဖော်ပြထားသည်။
- ပထမဆုံးကိုင်တွယ်ရမယ့်ပရောဂျက်တွေကဘာတွေပါလဲ၊ ဒါမှမဟုတ် အဓိကဖြေရှင်းကျော်လွှားရမယ့်ပြဿနာ တွေက ဘာတွေပါလဲ။
- ဒီအလုပ်ရဲ့ နေ့စဉ်ထမ်းဆောင်ရမယ့်တာဝန်တွေထဲမှာ အရေးကြီးဆုံး တာဝန်ငါးခုက ဘာတွေပါလဲ။ ဘာကြောင့် အရေးကြီးပါသလဲ။
- ဒီအလုပ်မှာအောင်မြင်ဖို့အတွက် ဘယ်လိုထူးခြားတဲ့အရည်အချင်း မျိုးတွေရှိဖို့လိုပါသလဲ။
- လက်ရှိအင်အားစုတွေက ကျွန်တော်ပါဝင်လာတာကို ဘယ်လိုမြင်ပါ သလဲ။
- ကျွန်တော်အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရမှာလား၊ ဒါမှမဟုတ် တစ်ဦးတည်း လုပ်ရမှာလား။ အသင်းအဖွဲ့ဝင်ဆိုရင် ကျွန်တော့်ဝတ္တရားတွေကဘာတွေလဲ။ ကျွန်တော့်ရဲ့ဦးဆောင်မှုတာဝန်ဝတ္တရားတွေက ဘာတွေပါလဲ။
- အချိန်ပိုလုပ်တာတွေကော ပါပါသလား။
- ခရီးဘယ်လောက်သွားရပါလဲ။ ညအိပ်ညနေသွားရတာရှိပါသလား။
ထိုမေးခွန်းကိုမေးသည့်အခါ တစ်လတွင် ဘယ်နှရက်၊ တစ်ပတ်တွင် ဘယ်နှ ရက်သွားရသည်ကိုမေးပါ။ စနေ၊ တနင်္ဂနွေအတွက် လုပ်အားခ ပေးမပေး၊ လုပ်အားခမပေးလျှင် အားလပ်ရက်အဖြစ်သတ်မှတ်မှုရှိမရှိ။ အချို့သောကုမ္ပဏီ များတွင် နယ်မှ ညဘက် (နံနက် ၁ နာရီ) ပြန်ရောက်ပြီး နောက်တစ်နေ့နံနက် ၈ နာရီ ခွဲ အလုပ်ဆင်းခိုင်းသည်များရှိတတ်သည်။
- လစာတိုးမြှင့်ဖို့အတွက် ၀န်ထမ်းလုပ်ဆောင်မှုကို ဘယ်ကာလအပိုင်း အခြားမှာဘယ်နှကြိမ်လုပ်ပါသလဲ။ လစာတိုးမြှင့်ဖို့အတွက် စံအချက်တွေ ထားရှိပါသလား။ ဘာကိုအခြေခံပြီး လစာတိုးတာပါသလဲ။
- လုပ်ဆောင်မှုသုံးသပ်တာပေါ်မူတည်ပြီး ဆုပေးတာအောင်မြင်ပါ သလား။ ထူးချွန်တဲ့ဝန်ထမ်းတွေကို ဘယ်လိုအကဲဖြတ်အသိအမှတ်ပြု၊ ဆု ချီးမြှင့်ပါသလဲ။
- ကျွန်တော့်အဆင့်လူတစ်ယောက်အတွက်ဆိုရင် ငွေကြေးတန်ဖိုးအားဖြင့် စုစုပေါင်း ဘယ်လောက်သတ်မှတ်ပါသလဲ။

အလုပ်နှင့် ဌာနဖွံ့ဖြိုးမှု
-------------------------
အလုပ်တွင် ပညာရှင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာခြင်းသည် အချို့သော ကုမ္ပဏီများတွင် အလွန်အရေး ကြီးသည်။ အချို့သောကုမ္ပဏီများတွင် အလေး ထားခြင်းမရှိ။ မိမိအနေဖြင့် နောင်နှစ်အနည်းငယ်အတွင်း ကုမ္ပဏီတစ်ခုလုံးကို ဦးဆောင်ဖို့ရည်မှန်းမထားလျှင်ပင် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ၊ ကုမ္ပဏီဖွံ့ဖြိုးမှု ပိုင်းဆိုင်ရာများကို သိချင်ကောင်းသိချင်လိမ့်မည်
- ဒီဌာနရဲ့လုပ်ဆောင်မှုတွေကို ဘယ်အတိုင်းအတာအထိအရေးကြီး တယ်လို့ အထက်စီမံခန့်ခွဲမှုအပိုင်းက အသိအမှတ်ပြုပါသလဲ။ သုံးသပ်ပါသလဲ။ မိမိ၏ဌာနသည် အထက်စီမံခန့်ခွဲမှုအဆင့်များက အာရုံစူးစိုက်သည့်အနေ အထားတွင်ရှိပါက မိမိအားအသိအမှတ်ပြုခြင်း၊ ဆုပေးခြင်းများတို့သည် မြင် သာသောအခြေအနေတွင်ရှိနေသည်။
- ကျွန်တော်တို့ဌာနက ဒီကုမ္ပဏီရဲ့ဖွဲ့စည်းမှုအဆင့်ဆင့်မှာ ဘယ်အဆင့်လောက်မှာရှိနေပါသလဲ
- နောင်နှစ်နှစ်၊ သုံးနှစ်ကာလမှာကျွန်တော်တို့ဌာနဟာ ဘယ်လိုအောင်မြင် မှုမျိုးကို ရဖို့မျှော်လင့်ပါသလဲ။ ဒီအောင်မြင်မှုက ကုမ္ပဏီကိုဘယ်လိုအထောက် အကူပြု မှာလဲ။ ကုမ္ပဏီက ဘယ်လိုအသိအမှတ်ပြုမှာလဲ။
- ဒီဌာနရဲ့အားသာချက်တွေက ဘာတွေလို့မြင်ပါသလဲ။ အားသာချက်တွေ အဖြစ်ပြောင်းလဲရမယ့် အားနည်းချက်တွေက ဘာတွေရှိပါသလဲ။
- ကျွန်တော့်ရဲ့ထိရောက်မှု၊ ပါဝင်မှုကိုဘယ်လိုစံတွေနဲ့တိုင်းတာမှာလဲ။
- ကျွန်တော့်ရဲ့ထိရောက်မှုကိုအခြေခံပြီးတော့ ဒီရာထူးမှာ ဘယ်လောက် ကြာကြာထမ်းဆောင်ရလိမ့်မယ်လို့မြင်ပါသလဲ။ ကျွန်တော့်ရဲ့ရာထူးအဆင့်နဲ့ တာဝန်ဝတ္တရားတွေပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော့်ရဲ့နောက်ထပ်မြင့် တက်လာမယ့်ရာထူးအဆင့်နဲ့တာဝန်တွေက ဘာတွေဖြစ်လိမ့်မလဲ။
- နိုင်ငံတကာအဆင့်အနေနဲ့ရာထူးတိုးမြှင့်ဖို့အတွက် တရားဝင်ကုမ္ပဏီ မူဝါဒကဘာပါလဲ။ ကုမ္ပဏီကို စ၀င်ကတည်းက ဒီဌာနကနေ ဘယ်နှယောက်လောက်ရာထူးတိုးပြီးပါပြီလဲ။
- လူတစ်ယောက်ဟာ ရာထူးတိုးမြှင့်ခံရဖို့အဆင်သင့်ဖြစ်နေပြီဆိုတာကို ဘယ်လိုဆုံးဖြတ်ပါသလဲ။
- ကျွန်တော့်အနေနဲ့ ပညာရပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာဖို့အတွက် ဘယ်လိုလေ့ ကျင့်သင်တန်းတွေပေးပါသလဲ။ ဘယ်လိုပညာရပ်ပိုင်းဆိုင်ရာအထောက်အကူတွေပေးပါသလဲ။
- ဒီကုမ္ပဏီအနေနဲ့ ပြင်ပလေ့ကျင့်သင်တန်းတွေကိုအားပေးပါသလား။ ကုန်ကျစရိတ်ကို ကုမ္ပဏီက ဘယ်လိုခံပါသလဲ။ အစိတ်အပိုင်းကျခံသလား။ ကုန်ကျစရိတ်အကုန် ကျခံပါသလား။
- ဒီကုမ္ပဏီအတွင်းမှာ ကျွန်တော့်ရဲ့အလားအလာရှိတဲ့လုပ်ငန်းအကြောင်း (Potential Career Path) က ဘယ်လိုရှိပါသလဲ။
- ဒီကုမ္ပဏီအတွင်းမှာ ကျွန်တော့်လိုရာထူးအဆင့်ရှိတဲ့လူတွေဟာ ဘယ်လို အလုပ်မျိုးတွေကိုမြင့်တက်သွားကြသလဲ။
- ဒီကုမ္ပဏီမှာ ကျွန်တော့်လိုရာထူးအဆင့်နဲ့ ထမ်းဆောင်ခဲ့တဲ့လူတွေထဲမှာ ဘယ်သူကအချိန်အတို ဆုံးထမ်းဆောင်ခဲ့လဲ။ ဘာကြောင့်လဲ။ ဘယ်သူက အချိန်အကြာမြင့်ဆုံးထမ်းဆောင်ခဲ့လဲ။ ဘာကြောင့်လဲ။

ဆက်လက်ဖော်ပြပါမည်။
Ref: Great Answers to Tough Interview Questions
By Martin John Yate

#MyanmarB2BManagementMagazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။