အမုန်းစာရင်း
=========
အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ မုန်းတယ်
ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးတံ ကိုက်လာသူ
အဲဒီလူ ငါ မုန်းတယ်
ရေဒီယိုဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ မုန်းတယ်
တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ မုန်းတယ်
မျဉ်းကျားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့ အိမ်ကိုဖုန်းဆက်သူ
အဲဒီလူ ငါ မုန်းတယ်
အိမ်သာထဲ ကွမ်းငုံ ထောင့်စုံအောင် ကွမ်းသွေးထွေး
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ မုန်းတယ်
ဘတ်စ်ကားထဲ ဘေးလူတွေ အားမနာဘဲ
ဆေးပြင်းလိပ်ခဲသူ
အဲဒီလူ ငါ မုန်းတယ်
ယောက်ကျားတန်မဲ့ မှန်ကြိုက် စနိုးပွတ်
တို့ဖတ်ရိုက်သူ
အဲဒီလူ ငါ မုန်းတယ်
မိန်းမတန်မဲ့ သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ မုန်းတယ်
ထမင်းဝိုင်းဘေးနား ခါးထောက်ရင်း နားဖာကလော်
ကလော်ရင်း သွားရည်ကျသူ
အဲဒီလူ ငါ မုန်းတယ်
သူများအိမ်တက်နေ နေတော့လဲမဆင်း
ဆင်းတော့လဲငွေတောင်းသူ
အဲဒီလူ ငါ မုန်းတယ်
ကတိလဲ မပေး ပေးရင်လဲ မတည်သူ
အဲဒီလူ ငါ မုန်းတယ်
အိပ်ရာဝင် အိပ်ရာထ
ဘုရား ဝတ်မချ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ မုန်းတယ်
အာဃာတထား အမုန်းပွား
ဒေါသများသူ မောဟထူ
အဲဒီလူ ငါ မုန်းတယ်
ငါ့ကို ဝေဖန်
ငါ့ရန်သူ
အဲဒီလူ ငါ မုန်းတယ်
အို------ငါ့ကိုယ်ငါလဲ ငါ မုန်းတယ်
မောင်စွမ်းရည်
(စာပေဂျာနယ် ဖေဖော်ဝါရီ ၁၉၉၇)
ဆရာကြီးဗမာပြည်ခဏပြန်ရောက် အလွမ်းပြေ
အမှတ်တရ
=========
အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ မုန်းတယ်
ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးတံ ကိုက်လာသူ
အဲဒီလူ ငါ မုန်းတယ်
ရေဒီယိုဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ မုန်းတယ်
တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ မုန်းတယ်
မျဉ်းကျားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့ အိမ်ကိုဖုန်းဆက်သူ
အဲဒီလူ ငါ မုန်းတယ်
အိမ်သာထဲ ကွမ်းငုံ ထောင့်စုံအောင် ကွမ်းသွေးထွေး
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ မုန်းတယ်
ဘတ်စ်ကားထဲ ဘေးလူတွေ အားမနာဘဲ
ဆေးပြင်းလိပ်ခဲသူ
အဲဒီလူ ငါ မုန်းတယ်
ယောက်ကျားတန်မဲ့ မှန်ကြိုက် စနိုးပွတ်
တို့ဖတ်ရိုက်သူ
အဲဒီလူ ငါ မုန်းတယ်
မိန်းမတန်မဲ့ သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ မုန်းတယ်
ထမင်းဝိုင်းဘေးနား ခါးထောက်ရင်း နားဖာကလော်
ကလော်ရင်း သွားရည်ကျသူ
အဲဒီလူ ငါ မုန်းတယ်
သူများအိမ်တက်နေ နေတော့လဲမဆင်း
ဆင်းတော့လဲငွေတောင်းသူ
အဲဒီလူ ငါ မုန်းတယ်
ကတိလဲ မပေး ပေးရင်လဲ မတည်သူ
အဲဒီလူ ငါ မုန်းတယ်
အိပ်ရာဝင် အိပ်ရာထ
ဘုရား ဝတ်မချ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ မုန်းတယ်
အာဃာတထား အမုန်းပွား
ဒေါသများသူ မောဟထူ
အဲဒီလူ ငါ မုန်းတယ်
ငါ့ကို ဝေဖန်
ငါ့ရန်သူ
အဲဒီလူ ငါ မုန်းတယ်
အို------ငါ့ကိုယ်ငါလဲ ငါ မုန်းတယ်
မောင်စွမ်းရည်
(စာပေဂျာနယ် ဖေဖော်ဝါရီ ၁၉၉၇)
ဆရာကြီးဗမာပြည်ခဏပြန်ရောက် အလွမ်းပြေ
အမှတ်တရ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။