Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 23, 2016

ပန်းတော်ဝင်စားသောက်ဆိုင်နှင့် စည်သာကော်ဖီတို့ရဲ့ပဲကိုင်ရှင် ဦးမင်းလှိုင်

ပန်းတော်ဝင်စားသောက်ဆိုင်နှင့်
စည်သာကော်ဖီတို့ရဲ့ပဲကိုင်ရှင် ဦးမင်းလှိုင်
........................................ ယခုလို ဆောင်းဦးပေါက်ရာသီ နိုဝင်ဘာလမှာ ကော်ဖီပူပူနွေးနွေးလေးသောက်ပြီး အပန်းဖြေချင် သူတွေအတွက် ကော်ဖီလုပ်ငန်းများနဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ ပြင်ဦးလွင် ပန်းမြို့တော်က ပန်းတော်ဝင် စာသောက်ဆိုင်နဲ့ စည်သာကော်ဖီတို့ရဲ့ပဲ့ကိုင်ရှင် ဦးမင်းလှိုင်ကို တွေ့ဆုံပြီး အခုလို သူ့အတွေ့အကြုံအချို့ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

ဦးမင်းလှိုင်ကိုယ်ရေးအကျဉ်း
...................
ကျွန်တော်က ရခိုင်ပြည်နယ် တောင်ဂုတ်ဇာတိပါ။ ကျွန်တော့်အမျိုးသမီး ဒေါ်နီနီဝင်း (Fuji House) ပိုင်ရှင်နဲ့ အိမ်ထောင်ကျပြီးတော့ ဒီကော်ဖီလောကထဲ ရောက်လာတာပါ။ အဲဒီကနေ့ပြီးတော့ ကော်ဖီစပြီးတော့ စိုက်ဖြစ်ပါတယ်။ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်က Mechanical နဲ့ ဘွဲ့ရတယ်။ နောက် သြစတေးလျ နိုင်ငံကနေပြီးတော့ IT နဲ့ Diploma ရတယ်။ အရင်ကတော့ အင်ဂျင်နီယာလုပ်တယ်။ နောက်ပိုင်းကျတော့ အခု ဒီကော်ဖီလောကထဲမှာ ကော်ဖီနဲ့ပတ်သက်တာတွေကို လုပ်တယ်။ စားသောက်ဆိုင်ပိုင်းကတော့ ကျွန်တော့်အမျိုးသမီးက အဓိကလုပ်တယ်။ ကျွန်တော်က ကော်ဖီစိုက်တယ်။ ကော်ဖီလှော်တယ်။ နောက် ကော်ဖီဆိုင်ဖွင့်ချင်တဲ့လူတွေကိုလည်း ဖွင့်နိုင်အောင် အစ အဆုံး စီစဉ်ပေးတယ်။ အခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံကော်ဖီအသင်းမှာ အတွင်းရေးမှူးပါ။ MCG Mandalay Coffee Group ရဲ့ ဒါရိုက်တာ Sales & Marketing အနေနဲ့လည်း ဆောင်ရွက်နေပါတယ်။

ပြင်ဦးလွင်မြို့က ပန်းတော်ဝင်ဆိုင်လေး စတင်ခဲ့ပုံ
.............................
ပန်းတော်ဝင်ဆိုင်လေးကို ၂ဝ၁၁ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်နေ့မှာ ကျွန်တော်တို့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပထမစစခြင်းကတော့ ပြင်ဦးလွင်ကန်တော်ကြီးသွားမယ့်လမ်းမှာ ပျိုးဥယျာဉ်လေးလုပ်မယ်ဆိုပြီး စဖြစ်တာပါ။ နောက်ပိုင်း ကော်ဖီဆိုင်လေးပါ တွဲဖွင့်မယ်ဆိုပြီး ကော်ဖီဆိုင်လေးပါ တွဲဖွင့်ဖြစ်ခဲ့တာပါ။ အဲဒီကနေမှ အစားအသောက်အစုံပါ တင်ရောင်းရင်းနဲ့ စားသောက်ဆိုင်လို ဖြစ်သွားတာပါ။ နောက်မှ လက်ဆောင်ပစ္စည်း ဆိုင်လေးဖွင့်တယ်။ ဘားကောင်တာလေးကို သေချာဖွင့်ဖြစ်တယ်။ ကျွန်တော်ကလည်း ၂ဝဝ၄ ခုနှစ်လောက်ကတည်းက ကော်ဖီခြံတွေစိုက်ရင်းနဲ့ မေမြို့ကို သဘောကျတယ်။ ပန်းပျိုးပင်တွေ စိုက်ရောင်းမယ်လို့ စိတ်ကူးရင်းနဲ့မှ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်လေး ဖြစ်သွားတာပါ။ ဒီဆိုင်လေး စဖွင့်တုန်းက အချိန်တိုအတွင်းမှာ အဆင်ပြေခဲ့တယ်လို့ ပြောရမယ်။ ကျွန်တော်တို့ ဆိုင်တစ်ခုတည်း လုပ်တာမဟုတ်ဘူး။ အခြားဟာတွေနဲ့ပါ တွဲဖက်ရောင်းချတော့ အဆင်ပြေပါတယ်။
ဒီဆိုင်လေးစစဖွင့်ကတည်း ကော်ဖီတင်မကပါဘူး။ အားလုံးပါပါတယ်။ တဖြည်းဖြည်းနဲ့ Menu က များလာတာပါ။ အခြားအစားသောက်တွေမှာကတော့ အခြားဆိုင်တွေနဲ့ ယှဉ်ချင်မှ ယှဉ်နိုင်ပါမယ်။ ဒါပေမဲ့ ကော်ဖီက နံပါတ် ၁ ပါ။ သူများထက်တော့ သာရမယ်ဆိုပြီးတော့ စတာပါ။ အရင်တုန်းကတော့ Bakery ဆို သေးသေးလေးပေါ့။ အခုတော့ အကြီးကြီး ဖြစ်သွားတယ်။ နောက်တစ်ခုက Menu ဆိုရင်လည်း အရင်တုန်းက တရုတ်နဲ့ ယိုးဒယား လောက်ပဲရှိတာ အခုကျတော့ ဂျပန်၊ ကိုရီးယား၊ ဥရောပ စသဖြင့် ပိုတိုးချဲ့လာတယ်။

ဦးမင်းလှိုင်ရဲ့ ပန်းတော်ဝင်စားသောက်ဆိုင်ရဲ့ လူအကြိုက်များဆုံး အစားအသောက်များ
.......................................
ပန်းတော်ဝင်မှာ လူကြိုက်အများဆုံး အစားစာက ကိုရီးယားထမင်းသုပ်၊ ကိုရီးယား BBQ နောက် ပြည်တွင်းကလူတွေကတော့ မုန့်ဟင်းခါး၊ အုန်းခေါက်ဆွဲ၊ ရှမ်းစာလေးတွေ စားကြတာများပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေကတော့ Steak စားတယ်။ ဂျပန်စာ စားတယ်။ နောက် ကျွန်တော်တို့ကိုယ်တိုင်လုပ်တဲ့ ကင်ချီကိုလည်း အစားများကြပါတယ်။ စားဖိုမှူးတွေကတော့ အရင်လက်တွဲလုပ်ကိုင်ဘူးခဲ့တဲ့ ရန်ကုန်က စားဖိုမှူးတွေပါပဲ။

စည်သာကော်ဖီလုပ်ငန်း စတင်ဖြစ်ပုံ
................................
စည်သာကို ကျွန်တော်တို့က ၁၉၉၆ ခုနှစ်လောက်ကတည်းက Coffee shop အနေနဲ့ စတင်ခဲ့တာပါ။ ကျွန်တော်တို့ ၂ဝဝ၉ ခုနှစ်လောက်မှာ စည်သာရယ်၊ High Land ရယ်ကို စတင်ထုတ်ဝေပါတယ်။ စည်သာကိုတော့ ကျွန်တော်တို့က ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်၊ ဟိုတယ်တွေအတွက် အဓိကထားပြီး ဖြန့်ပါတယ်။ High Land ကျတော့ လူတိုင်း ဝယ်သောက်နိုင်အောင်လို့ နည်းနည်းလေး ဈေးလျော့ထားတယ်။ အရည်အသွေးကတော့ အတူတူပါပဲ။ ကော်ဖီနဲ့ပတ်သက်တဲ့ စက်ပစ္စည်းနဲ့ အခြားကော်ဖီနဲ့ဆိုင်တဲ့ပစ္စည်း တွေကို ရောင်းခဲ့ပါတယ်။ ပြင်ဦးလွင်က ပန်းမြို့တော် ၊ ကော်ဖီ၊ ဝိုင် စသဖြင့် အဓိကနာမည်ကြီးတဲ့ မြို့လည်းဖြစ်တယ်။ အရင်ကျွန်တော်တို့စလုပ်တုန်းက Fresh ကော်ဖီသောက်ချင်တယ်ဆိုရင် ကျွန်တော်တို့နဲ့ Feel ပဲရှိတယ်။ အဲဒီမှာ ကော်ဖီဆိုင်ကြီးတွေမှာတင်မက ဆိုင်သေးတွေပါ။ ကော်ဖီကောင်းကောင်း ရောင်းနိုင်အောင် ကျွန်တော်တို့ လိုက်လုပ်ပေးတယ်။

ပြင်ဦးလွင်မှာ ကော်ဖီလုပ်ငန်းစတင်ဖြစ်ခဲ့ပုံ
.....................................
အရင်က ရန်ကုန်မှာ ကျွန်တော်က Fuji House ကော်ဖီဆိုင်လေးဖွင့်ခဲ့တယ်။ အခုတော့ ရောင်းလိုက်ပြီ။ အဲ့ဒီလိုဖွင့်ခဲ့တော့ ကျွန်တော်က ကော်ဖီ ဝါသနာပါခဲ့တဲ့အတွက် ဒီပြင်ဦးလွင်မှာ ကော်ဖီကို ကိုယ်တိုင်စိုက်ချင်လာတယ်။ အရင်ကတော့ နိုင်ငံခြားက သွင်းပြီးတော့ လုပ်ရောင်းလာတာပေါ့။ အခုကျတော့ ကိုယ်ကိုယ်တိုင် ကိုယ့်ကော်ဖီကို အဆင့်အတန်းမြင့်မြင့်နဲ့ ထုတ်ရောင်းချင်လို့ ကော်ဖီပါ စိုက်ဖြစ်သွားတာပါ။

ကော်ဖီစစိုက်စဉ်က အခက်အခဲ
...............................
ကော်ဖီစစိုက်တုန်းက ကျွန်တော်တို့က အစိုးရဆီကနေ မြေ ၁ဝ ဧကလောက်ကို ဈေးသက်သက်သာသာနဲ့ ရတယ်။ နောက်ပိုင်းတော့ ထပ်ဝယ်ရတာပေါ့။ အခုဆိုရင်တော့ ဧက ၄ဝ လောက်ဖြစ်သွားပါပြီ။ စစိုက်တော့ ဘာအခက်ခဲရှိလဲဆိုရင် ကျွန်တော်တို့မှာ နည်းပညာမရှိဘူး။ ကော်ဖီဖျော်တဲ့အပိုင်းသာသိတာ စိုက်ပျိုးရေးအပိုင်းကျတော့ အားနည်းတယ်။ ဒီတော့ ကျွန်တော်တို့က အစိုးရဆီက မျိုးဝယ်ရတယ်။ အစိုးရဆီကဝယ်တဲ့ မျိုးတွေက မျိုးစေ့မျိုးစုံပါပဲ။ နည်းပညာသူတို့ပေးပေမယ့် ကျွန်တော်တို့မှာ ကျွမ်းကျင်လုပ်သား အားနည်းတယ်။ မီးမရဘူး။ ရေမရဘူး။ ဒီတော့ အဝီစိတွင်းတူးပြီး စိုက်ရတယ်။ လမ်းကအစ ကိုယ့်ဘာသာကိုယ်ဖောက်ရတယ်။ အဲ့ဒီအခက်ခဲတော့ရှိတယ်။ ကျွန်တော်တို့က ကိုယ်တိုင်စိုက်ပြီး လှော်ရောင်းတဲ့အတွက် အခက်ခဲသိပ်မရှိပေမယ့် အခြားစိုက်ပျိုးတဲ့ လူတွေကျတော့ ဈေးကွက်မရှိဘူး။ မြန်မာပြည် မေမြို့မှာ ကော်ဖီစီမံကိန်း ဧက ၅ သောင်း မှာ တစ်ကယ်တန်းကျတော့ ဧက ၅ ထောင်လောက်ပဲ ကောင်းကောင်းမွန်မွန် စိုက်ဖြစ်သွားတယ်။ ဒါကလည်း စောစောကပြောသလို ဈေးကွက်မသေချာတဲ့ အနေအထားအရရော၊ နောက် ဌာနဆိုင်ရာက ကန်ထရိုက်ယူပြီး စိုက်ပေးတယ်။ အဲဒါတွေကလည်း မရှင်းဘူး။ နောက်စိုက်တဲ့နည်းစနစ်တွေက မှားတာတို့ စသဖြင့် အကြောင်းကြောင်းကြောင့် ဧက ၂၅ဝဝ လောက်ပဲ အောင်မြင်တယ်ထင်ပါတယ်။

ဦးမင်းလှိုင်ရဲ့ စည်သာကော်ဖီရဲ့ ပရဟိတ
............................
ကျွန်တော်တို့ ပရဟိတအလုပ်ဆိုရင် ပထမဆုံး အနီးစခန်းစာကြည့်တိုက်က သူတို့ စာကြည့်တိုက်အတွက် ရန်ပုံငွေလေးရအောင် ကော်ဖီဆိုင်လေးဖွင့်ချင်တယ်ဆိုပြီး လာပြောတဲ့အခါမှာ ကော်ဖီစက်သေးသေးလေးတစ်ခု လှူလိုက်တယ်။ ပြီးတော့ သူတို့ကို ကော်ဖီဖျော်နည်းရော။ ကော်ဖီစေ့၊ ကော်ဖီမှုန့် စတာတွေကို ကျွန်တော်တို့က အရင်းနှုန်းအတိုင်းနဲ့ ပြန်ရောင်းချပေးတယ်။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် အဲ့ဒီကော်ဖီဆိုင်လေးက နောက်ပိုင်းမှာ အောင်မြင်လာတော့ အဲ့ဒီဝင်ငွေလေးနဲ့ ဝန်ထမ်းတွေကို လစာပေးနိုင်တယ်။ စာကြည့်တိုက်အတွက်လည်း လိုအပ်တဲ့ စာအုပ်တွေလည်း ဝယ်လာနိုင်တယ်။ အရင်တုန်းကဆိုရင် အဲဒီ့စာကြည့်တိုက်ဖွင့်တဲ့လူတွေက လုပ်အားလည်းစိုက်၊ ပိုက်ဆံ လည်းစိုက်နဲ့ ရုန်းကန်ခဲ့ရတာလေ။ အခုတော့ အဆင်ပြေသွားပါပြီ။ အခုနောက်ပိုင်းဆို အဲ့ဒီဆိုင်လေးအတွက် ကျွန်တော်တို့က ထမင်းသုပ်သုပ်နည်းတို့၊ ပလာတာကြော်နည်းတို့ စသဖြင့် သင်ပေးပြီး သူတို့ကပါ တွဲရောင်းလာတာ အခု အောင်မြင်လာပါပြီ။ အဲဒီလိုမျိုးလေး ပရဟိတအလှူလေးကိုကြည့်ပြီးတော့ အခုဆိုရင် ကျွန်တော်တို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ၁ဝ မိုင်အကွာမှာရှိတဲ့ နောင်လန်းလမြန်ဆိုတဲ့ရွာက စစ်ဘေးရှောင် မိဘမဲ့ကလေးတွေက ကော်ဖီဆိုင်လေးဖွင့်ချင်တယ်ဆိုတာနဲ့ ပထမ အနီးစခန်းက စာကြည့်တိုက်ဆိုင်လေးလို ကူညီပေးစေချင်တာနဲ့ အဲ့ဒီမိဘမဲ့စစ်ဘေးရှောင်ဒေသက ကလေးမလေးတွေကို အခု ကျွန်တော်ဆိုင်မှာ ကော်ဖီနဲ့ပတ်သက်တဲ့ သင်တန်းပေးထားပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သူတို့ဒေသကလူငယ်တွေ အလုပ်မရှိတာတို့၊ မူးယစ်ဆေးသုံးတာတွေ လျော့နည်းသွားတာမျိုးအတွက် အထောက်အကူဖြစ်စေမှာပါ။ နောက်ပြီး သူတို့ဆီက လူငယ်တွေအတွက် ကျောက်လုပ်တာလောက် အဆင်မပြေပေမဲ့ ရေရှည်အခြေခိုင်တဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုတော့ ဖြစ်စေမှာပါ။ ပြောရရင်တော့ သူတို့ကို ကော်ဖီပိုးလေးလည်း သွင်းပေးတာပါ။ နောက်ပြီး အခြေအနေကောင်းသွားရင် သူတို့ဒေသတွေကို သွားကြည့်မယ်။ သူတို့ဆီမှာ ဘာတွေစိုက်လို့ဖြစ်ထွန်းမလဲ ဥပမာ ကော်ဖီဆိုရင်လည်း ကော်ဖီ၊ ဝါးဆိုရင်လည်း ဝါးပေါ့ စသဖြင့် သူတို့တွေ စီးပွားဖြစ်စိုက်နိုင်အောင် နည်းပညာတွေကို NGO တွေနဲ့ ပူးပေါင်းပြီး ပံပိုးကူညီမယ်။
ဦးမင်းလှိုင်တက်ရောက်ခဲ့သည့် ကော်ဖီနဲ့ပတ်သက်သည့် သင်တန်းများ
ကျွန်တော်က ကော်ဖီလုပ်ငန်းစလုပ်ပြီဆိုကတည်းက ကော်ဖီသင်တန်းတွေ အများကြီးတက်တယ်။ နောက်ပြီးတော့ ကိုယ့်ဘာသာကိုလည်း စာအုပ်တွေဖတ်ပြီးတော့ လေ့လာတယ်။ နောက် နိုင်ငံခြားမှာ ကော်ဖီပြပွဲတွေကြုံတဲ့အခါတိုင်းလည်း သင်တန်းတွေ ဝင်တက်ဖြစ်တယ်။ ပြောရမယ်ဆိုရင် အခုထိကို သင်တန်းတွေ တက်နေရတုန်းပါ။ အမေရိက က Coffee Quality Institute သင်တန်းဆိုရင် အခုတလောလေးကမှ တက်ထားတာပါ။ ကော်ဖီကတော့ အခုထိကို လေ့လာနေရတာပါပဲ။ ဆုံးခန်းတိုင်တယ်လို့ မရှိပါဘူး။

ဦးမင်းလှိုင်ပြောတဲ့ စားသောက်ဆိုင်တစ်ခုအောင်မြင်ဖို့ လျှို့ဝှက်ချက်
..........................
စားသောက်ဆိုင်တစ်ခု အောင်မြင်ဖို့အတွက်ကတော့ နံပါတ် ၁ ကတော့ အစားအသောက် ကောင်းရမယ်။ နောက် နံပါတ်၂ ကတော့ ဝန်ဆောင်မှုပါ။ နောက်တစ်ခုကတော့ Menu ကို အမြဲတမ်း Up Date လုပ်နေရပါမယ်။ ကျွန်တော့်အမြင်အရတော့ ဝန်ဆောင်မှုသည်သာ နံပါတ် ၁ ၊ နံပါတ်၂၊ နံပါတ် ၃၊ အရေးကြီးဆုံးပါပဲ။ အဲ့ဒီနောက်မှ ထုတ်လုပ်မှုက အဓိကကျပါတယ်။ အရသာဘယ်လောက်ကောင်းကောင်း ဝန်ဆောင်မှု ညံ့ဖျင်းရင် အဆင်မပြေဘူး။

ဦးမင်းလှိုင်ပြောတဲ့ ကော်ဖီကောင်းတစ်ခွက်ဖြစ်ဖို့အတွက် လိုအပ်ချက်များ
................................
ကော်ဖီကောင်းတစ်ခွက်ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့က 4 M လို့ခေါ်တယ်။ MIX, MILL, MACHIN & MAN ပါ။
နံပါတ် ၁-MIX - MIX ဆိုရင် ကော်ဖီမှာ စက်ဖျော်နဲ့ လက်ဖျော်ဆိုပြီး ၂ မျိုးရှိတယ်။ စက်ဖျော်မှာကျတော့ အာရေဗီကားနဲ့ ရိုဘက်စတာအချိုးစားကို စနစ်တကျ ရွေးချယ်ရောနှောဖို့ လိုအပ်ပါတယ်။
နံပါတ်၂-MILL - ကြိတ်စက်ပါ။ ကြိတ်စက်ကောင်းဖို့လိုပါတယ်။ ကြိတ်စက်ကောင်းမှလည်း ကော်ဖီက အမှုန့်ဆိုဒ်ညီပါမယ်။ ကြိတ်စက်မှာလည်း ကိုယ်လိုချင်တဲ့ဆိုဒ် အမြဲချိန်ညှိနေရပါမယ်။ အထူးသဖြင့် အမှုန့်အရွယ်အစား မှန်ကန်အောင် ကြိတ်ပေးနိုင်တဲ့ ကော်ဖီကြိတ်စက်နဲ့ကြိတ်မှ ကော်ဖီကောင်းကို ရစေပါတယ်။ ကြိတ်စက်ကိုလည်း ကော်ဖီမဖျော်မီ အချိန်ပေးရပါမယ်။
နံပါတ်၃-MACHIN - စက်ပါ။ သန့်ရှင်းပြီး တိကျစွာ ချိန်ညှိထားသောစက်လိုပါတယ်။ ရေအပူချိန် 86-92 C နဲ့ ဖိအား 8-9 C Bar ချိန်ညှိထားကာ အမြဲသန့်ရှင်းသောစက်ကသာ အကောင်းဆုံးအရသာနဲ့ လှပသော Crema ကို ပြုလုပ်ပေးနိုင်ပါတယ်။
နံပါတ်၎-MAN - လူပေါ့။ လူက ဖျော်တဲ့အချိန်မှာ လောင်းတာလည်း ညီရမယ်။ သတ်မှတ်တဲ့ ပမဏအတိုင်း ပိုလည်းမဖျော်သင့်ဘူး။ လိုလည်း မဖျော်ရပါဘူး။ ကော်ဖီစေ့က တစ်ရက်ကို ၁ ရာခိုင်နှုန်း၊ ကော်ဖီမှုန့်က ၁ ရက်ကို ၄၅ ရာခိုင်နှုန်း အနံ့ဆုံးရှုံးတတ်လို့ မလိုအပ်ဘဲ ကော်ဖီကိုကြိတ်မထားတာ အကောင်းဆုံးပါပဲ။

ကော်ဖီဆိုင်ဖွင့်ချင်တဲ့လူတွေအတွက် ဦးမင်းလှိုင်ရဲ့ အကြံပြုချက်
..........................
ကော်ဖီဆိုင်ဖွင့်မယ့်ဆိုရင် ရန်ကုန်မှာဆိုရင်တော့ ကျွန်တော်တို့က စက်ဝယ်ရင် One Stop Service အနေနဲ့ သင်တန်းအလကားပေးပါတယ်။ Menu က ထုတ်လို့ရတဲ့အထိ လုပ်ပေးပါတယ်။ ကော်ဖီဆိုင်ဖွင့်မယ့် လူတစ်ယောက်က ကော်ဖီကို ချစ်ဖို့လိုအပ်ပါတယ်။ စိတ်ဝင်စားဖို့လိုပါတယ်။ ဒါမှလည်း အောင်မြင်နိုင်မှာပါ။ ဆိုင်ခန်းခက ဈေးကြီးတဲ့အတွက် အရင်းအနှီးများများလည်းလိုသလို ၁ နှစ်၊၂ နှစ်လောက်နဲ့ အောင်မြင်ဖို့မလွယ်တဲ့အတွက် ရေရှည်ရပ်တည်နိုင်ဖို့လည်း လိုပါတယ်။ နောက်တစ်ခုက သေချာဖွင့်မယ်ဆိုရင် ဈေးပေါတဲ့ပစ္စည်းတွေ အသုံးမပြုသင့်ပါဘူး။ အရည်သွေးကောင်းတဲ့ပစ္စည်းတွေ၊ ကုန်စည်တွေသုံးပြီးမှ တကယ်ကို ကောင်းကောင်းလေးလုပ်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

Original Food Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။