သူခိုးကြီးည ရာဇ၀င်
.....................
ရှေးမြန်မာလူမျိုးများ ထိုးကွင်းထိုးကြတဲ့ဓလေ့ ရှိတာလူတိုင်းသိပါတယ်။
အဲဒီလိုထိုးကွင်းမှင်ကြောင် ထိုးကြတဲ့အခါ
သီတင်းကျွတ်လပြည့်နေမှာ ထိုးလေ့ရှိကြပါတယ်။ တစ်လအကြာ တန်ဆောင်မုန်းလပြည့်နေ့ ရဲ့ ည အခါ ကာလဟာ
ဆေးပေါင်းစုံညီ ခညောင်းတဲ့အတွက် နက္ခတ်တာရာ စုံတဲ့ညအခါမှထပ်ပြီး ထိုးကွင်း
ဆေးအုပ်မှော်ထပ်ကြပါတယ်။
မြန်မာ့ထိုးကွင်းမှင် ဓလေ့မှာ မှင်မှာ မှော်အစွမ်းတွေရှိပါတယ်
တဲ့၊ တုတ်ပြီး ဓားပြီးဆေး၊ ကိုယ်ပျောက်ဆေး၊ ပီယဆေး၊ အာဠာဝကဆေး
စသည်ပေါ့။ မှင်အစွမ်းရဖို့ ကတိကဝတ်တွေပြုရတယ် ကိုယ့်ကိုယ်ကို
ကာကွယ်ဖို့ ရပ်ရွာကို ကာကွယ် ဖို့ သာမှော်အစွမ်းပြရတယ်လို့  ဆိုတယ်။
မှင်ဆရာက လပြည့်ညမှာ ဆေးအုပ်ပေးပြီး တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့
ညရောက်တော့ ထိုးကွင်းမှင်စွမ်း မစွမ်း အိမ်ရှင်များမသိအောင် လျှောက်ခိုး ခိုင်းပါတယ်။
ရလာတဲ့ပစ္စည်းတွေကို ရွာသူကြီးအိမ်ရှေ့စုပုံထား
ရပါတယ်။ ခိုးလို့မိတဲ့သူတွေလဲ မှတ်ထားကြတယ်။
မနက်ကျ ကိုယ့်ပစ္စည်းကို ရွာသူကြီးအိမ်မှာငွေပေး ပြီးလာရွေးရတယ် ။ ပစ္စည်းတန်ဖိုးအလိုက် ရလာတဲ့ငွေကို အလှူငွေအဖြစ် သတ်မှတ်ပြီး ခိုးလို့ မိတဲ့သူတွေအတွက် သင်္ဃန်းပရိက္ခရာဝယ်ပြီး သာမဏေ ဝတ်ပေးကြတယ်။
ဆေးပေါင်းခတဲ့ည နက္ခတ်ပွဲမှာ ဆေးအုပ်တဲ့ ထိုးကွင်းအစွမ်း စမ်းကြည့်ကြရင်း ကုသိုလ်အဖြစ် လုပ်ကြတာပါ ။
ဒါကို နောက်လူတွေက " အကုသိုလ်" မဖြစ်အောင် မခိုးမိကြဖို့ လိုပါတယ်။
သူခိုးကြီးည ဆိုပြီး အဓိပ္ပာယ်ကောက်မမှားကြဖို့ မူရင်းကို မှီငြမ်းဖြည့်စွက် ရေးပြရပါတယ်။
Credit to original uploader Edo Vader
.....................
ရှေးမြန်မာလူမျိုးများ ထိုးကွင်းထိုးကြတဲ့ဓလေ့ ရှိတာလူတိုင်းသိပါတယ်။
အဲဒီလိုထိုးကွင်းမှင်ကြောင်
သီတင်းကျွတ်လပြည့်နေမှာ ထိုးလေ့ရှိကြပါတယ်။ တစ်လအကြာ တန်ဆောင်မုန်းလပြည့်နေ့ ရဲ့ ည အခါ ကာလဟာ
ဆေးပေါင်းစုံညီ ခညောင်းတဲ့အတွက် နက္ခတ်တာရာ စုံတဲ့ညအခါမှထပ်ပြီး ထိုးကွင်း
ဆေးအုပ်မှော်ထပ်ကြပါတယ်။
မြန်မာ့ထိုးကွင်းမှင် ဓလေ့မှာ မှင်မှာ မှော်အစွမ်းတွေရှိပါတယ်
မှင်ဆရာက လပြည့်ညမှာ ဆေးအုပ်ပေးပြီး တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့
ညရောက်တော့ ထိုးကွင်းမှင်စွမ်း မစွမ်း အိမ်ရှင်များမသိအောင် လျှောက်ခိုး ခိုင်းပါတယ်။
ရလာတဲ့ပစ္စည်းတွေကို ရွာသူကြီးအိမ်ရှေ့စုပုံထား
ရပါတယ်။ ခိုးလို့မိတဲ့သူတွေလဲ မှတ်ထားကြတယ်။
မနက်ကျ ကိုယ့်ပစ္စည်းကို ရွာသူကြီးအိမ်မှာငွေပေး ပြီးလာရွေးရတယ် ။ ပစ္စည်းတန်ဖိုးအလိုက် ရလာတဲ့ငွေကို အလှူငွေအဖြစ် သတ်မှတ်ပြီး ခိုးလို့ မိတဲ့သူတွေအတွက် သင်္ဃန်းပရိက္ခရာဝယ်ပြီး သာမဏေ ဝတ်ပေးကြတယ်။
ဆေးပေါင်းခတဲ့ည နက္ခတ်ပွဲမှာ ဆေးအုပ်တဲ့ ထိုးကွင်းအစွမ်း စမ်းကြည့်ကြရင်း ကုသိုလ်အဖြစ် လုပ်ကြတာပါ ။
ဒါကို နောက်လူတွေက " အကုသိုလ်" မဖြစ်အောင် မခိုးမိကြဖို့ လိုပါတယ်။
သူခိုးကြီးည ဆိုပြီး အဓိပ္ပာယ်ကောက်မမှားကြဖို့ မူရင်းကို မှီငြမ်းဖြည့်စွက် ရေးပြရပါတယ်။
Credit to original uploader Edo Vader
အမျိုးသမီးသုံးကွန်ဒုံးတွေဟာ
သုံးစွဲဖို့အတော်ကို လွယ်ကူပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ဆောင်ကြည့်ဖို့နဲ့
အလေ့အကျင့်ရဖို့ အချိန်အနည်းငယ်တော့ လိုအပ်ပါတယ်။ ဒါ့အပြင် သင်ဟာ
အမျိုးသမီးသုံးကွန်ဒုံးတွေကို အဓိကထား သုံးစွဲနေပါက
အတူနေတဲ့အကြိမ်တိုင်းအတွက် တစ်ကြိမ်မှာ တခုသာသုံးရမည်ကို အမှတ်ရပါ။
အမျိုးသမီးသုံးကွန်ဒုံးအသုံးမပြုမီအချိန်မှာ သက်တမ်းကုန်ဆုံးသည့်ရက်အပြင်
အထုပ်ကို ကောင်းမွန်စွာချိပ်ပိတ်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ။
အမျိုးသမီးသုံးကွန်ဒုံးကို ဘယ်လိုထည့်သွင်းရပါမလဲ။
၁။ အပိတ်အစွန်းရဲ့အပြင်ဘက်မှာ ချောဆီတချိ့ သုတ်လိမ်းပါ။
၂။ သက်တောင့်သက်သာရှိရှိနေပြီး သင့်ကြွက်သားတွေကို ဖြေလျှော့ထားပါ။
၃။ အစွန်းမှာအပိတ်ဖြစ်နေတဲ့ဘက်မှကွင်းရဲ့ဘေးဘက်တွေကို အတူတူညှစ်လိုက်ပြီး
ယောနိလမ်းကြောင်းထဲကို လက်ချောင်းနဲ့ ထိုးသွင်းလိုက်ပါ။
၎။ ကွင်းကို (ယောနိနံရံတွေထက် အနည်းငယ်ပိုမာတယ်လို့ခံစားရမယ့်)
သားအိမ်ခေါင်းတစ်လျှောက်ကနေ ယောနိထဲအထိ ဝင်နိုင်သမျှဝင်သွားအောင်
တွန်းထည့်ပါ။
၅။ လက်ချောင်းကိုအပြင်ပြန်ထုတ်လိုက်ပြီး ယောနိအပြင်ဖက်မှာ အပြင်ဖက်ကွင်း
တစ်လက်မလောက်ချိတ်ကျန်နေခဲ့ပါစေ။ (ဟုတ်ကဲ့၊
နည်းနည်းတော့ရယ်စရာဖြစ်နေမှာပါ။)
၁။ အမျိုးသမီးသုံးကွန်ဒုံးကို အမျိုးသားသုံးကွန်ဒုံးနဲ့အတူ သုံးလို့ရပါသလား
နှစ်ခုလုံးကို တစ်ချိန်တည်းအသုံးပြုဖို့တော့ အကြံမပြုလိုပါဘူး။
ပွတ်တိုက်ခြင်းတွေဖြစ်ပြီး ကွန်ဒုံးတွေကွဲထွက်သွားနိုင်တာကြောင့်
အမျိုးသမီးသုံးကွန်ဒုံးကို အမျိုးသားသုံးကွန်ဒုံးနဲ့အတူ
တစ်ချိန်တည်းသုံးတာဟာ လိင်ဆက်ဆံခြင်းကို ပိုမိုမလုံခြုံစေပါဘူး။
၂။ အမျိုးသမီးကွန်ဒုံးတွေက ဘယ်လောက်အထိ ထိရောက်မှုရှိပါသလဲ
ဟာကွက်မရှိစနစ်တကျ အသုံးပြုတယ်ဆိုရင် အမျိုးသမီးသုံးကွန်ဒုံးတွေဟာ (၉၅)
ရာခိုင်နှုန်းထိရောက်မှုရှိပါတယ်။ စနစ်မကျဘူးဆိုရင်တော့ (၇၉) ရာခိုင်နှုန်းပဲ
ထိရောက်မှုရှိပါတယ်။
၃။ အမျိုးသမီးသုံးကွန်ဒုံးကို ဘယ်လိုဖယ်ရှားပါသလဲ
အမျိုးသမီးသုံးကွန်ဒုံးအား ဖယ်ရှားနည်း –
က။ အပြင်ဘက်ကွင်းကိုညှစ်ပြီး အဲ့ဒါကို အိတ်ပုံစံလိမ်လိုက်ပါ။
သုတ်သွေးတွေထွက်မကျမှာ မဟုတ်တော့ပါဘူး။
ခ။ ကွန်ဒုံးကို အပြင်ဘက်သို့ ညင်ညင်သာသာဆွဲထုတ်ပါ။
ဂ။ အမှိုက်ကန်ထဲသို့ လွှင့်ပစ်ပါ။ (ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များနဲ့
ဝေးတဲ့နေရာဖြစ်ပါက ပိုကောင်းပါသည်။) အိမ်သာထဲသို့ ရေဆွဲမချပါနှင့်။
Credit : thiloyarmay
Today Deal $50 Off : https://goo.gl/efW8Ef
Today Deal $50 Off : https://goo.gl/efW8Ef
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။