Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 22, 2016

Tom_Cruise ( Hollywoodရုပ်ရှင်သမိုင်း ရဲ့ No.1မင်းသားဖြစ်လာသူ (သို့) စံပြမင်းသား တစ်ဦးဖြစ်လာမယ့်ဟိုတယ်သန့်ရှင်းရေးသမား တစ်ဦးရဲ့အတ္ထုပ္ပတ္တိ )


Htet Wa Na added 28 new photos — with David Khant and 50 others.

#Tom_Cruise ( Hollywoodရုပ်ရှင်သမိုင်း
ရဲ့ No.1မင်းသားဖြစ်လာသူ (သို့) စံပြမင်းသား
တစ်ဦးဖြစ်လာမယ့်ဟိုတယ်သန့်ရှင်းရေးသမား
တစ်ဦးရဲ့အတ္ထုပ္ပတ္တိ )
……………………………………………………………
.
.
.
.
.
.
"ဘဝ ဆိုတာစိန်ခေါ်မူတွေအများကြီးနဲ့
ဒီတော့မင်းဘယ်သူလဲငါဂရုမစိုက်နိုင်
ဘူး"

Tom Cruise
" ကျတော် ဘဝနဲ့ပတ်သတ်ပြီး
အပြင်းအထန်ထိခိုက်ခံစားခဲ့ရတာ
တွေရှိတယ်။ ဒါတွေကပဲ ဘဝရဲ့
အပြင်းအထန်ကြိုးစားရုန်းကန်ရမူ
တွေကို ရင်ဆိုင်ရဲခဲ့တယ်။ "
Tom Cruise

သိလို့တတ်လို့မဟုတ်ပေမယ့်ကိုယ်တိုင်
လမ်းစပျောက်ခဲ့ရတဲ့လူငယ်တယောက်ဖြစ်လို့စာ
ဖတ်ခြင်းကနေလမ်းစတွေရခဲ့တယ်။ဒီအထဲမှာတ
ဆက်တည်းသိလာရတာက ကမ္ဘာပေါ်ကအောင်
မြင်လာတဲ့နယ်ပယ်အသီးသီးကလူတိုင်းကအခု
ထလုပ်အခုအောင်မြင် ငွေအပုံလိုက်မိဘဆီကယူ
ပြီးအောင်မြင် ကံကောင်းလို့အောင်မြင်လာတဲ့သူ
မရှိဘူးဆိုတာပါပဲ။ ကျတော်တို့လူအများစုကကံ
ကောင်းဖို့ ဘုရားတွေဆီမှာဆုတောင်းကြတယ်။
အောင်မြင်ချင်လို့ ဆုတောင်းကြတယ်။ဒါပေမယ့်
တကယ့်အောင်မြင်မူဆိုတာဆုတောင်းရုံ ကံ
ကောင်းလာမယ့်အချိန်ကိုထိုင်စောင့်ရုံနဲ့မရနိုင်ဘူး
အထူးသဖြင့် အအောင်မြင်ဆုံးလူအများစုဟာကံ
အဆိုးဆုံးလူတွေဖြစ်နေတတ်ကြတယ်။ မိမစုံဖမစုံ
စားရမဲ့သောက်ရမဲ့နဲ့ ကျရာအလုပ်ကိုလုပ်ပြီးမှသူ
တို့ရင်ခုန်တဲ့အိမ်မက်တွေကိုတနေ့နည်းနည်းစီ
လုပ်လာပြီးမှယနေ့အအောင်မြင်ဆုံးထင်ပေါ်
ကျော်ကြားသူတွေဖြစ်လာကြတာပါ။ဘာလိုလိုနဲ့
Movie နဲ့ Musicဖက်ရေးလာတာများလာတာ
နဲ့အလျောက်အောင်မြင်တဲ့အနုပညာရှင်ဘယ်တ
ယောက်ကမှသာသာယာယာနဲ့ယနေ့ဖြစ်လာတာ
မဟုတ်တဲ့အချက်ကိုသိလာရတယ်။ ရှာရွခန်း -
King Of Bollywood တင်မကပဲကမ္ဘာ့အထင်
ကရမင်းသားကြီးတယောက် ကမ္ဘာ့No.1ပရဟိ
တလုပ်တဲ့မင်းသားတယောက် ငွေထားစရာမရှိ
အောင်ဝင်နေတဲ့မင်းသားတယောက်ဖြစ်လာ
တယ်။ သူ့ကိုလူငယ်အများကြီးအားကျကြအထင်
ကြီးကြတယ်။ သူ့လိုဖြစ်ချင်ကြတယ်။ဒါပေမယ့်သူ
ကံကောင်းလို့ ရှာရွတ်ခန်းဖြစ်လာတာမဟုတ်ဘူး။
ဆင်းရဲသားမိသားစုကမွေးလာသူ ရုပ်ရှင်လောက
ထဲအောက်ခြေအနှိမ်ခံဘဝကဝင်ခဲ့ရသူ အဆိုးဆုံး
ကံကြမ္မာတွေကိုရင်ဆိုင်ရချိန်မှာတောင်စိတ်ဓာတ်
မကျခဲ့သူ ပြောရရင်ကံအဆိုးဆုံးတွေကိုကြုံခဲ့ရလို့
ယနေ့ ကျတော်တို့သိတဲ့ ကျတော်တို့အဖေအမေ
ကျတော်တို့မြန်မာကသိတဲ့ကုလားကားတွေရဲ့
Heroကြီးတယောက်ဖြစ်လာခဲ့သူပါ။ Eminem
- ထင်ကြလိမ့်မယ် Grammyတွေသိမ်းကြုံးရ
ထား Rap Godကြီးအဖြစ်လူသိများ Rapမ
ကြိုက်တောင်Eminemကိုပျက်ရယ်မပြုရဲတဲ့အ
ထိဖြစ်လာခဲ့သူက ငယ်ဘဝကံကောင်းသူအဖြစ်
ပေါ့။ ကံအဆိုးဆုံးအနုပညာရှင်ထဲကပြောပါဆို
Eminemလဲပါရလိမ့်မယ်။ တံတားအောက်မှာ
အိပ် ဆေးရောင်း ထောင်ကျ ချစ်သူကပစ် အမေ
ကနေမကောင်း ပညာရေးကအာပလာ ငွေကမရှိ
ဒီလူဘဝကနေအအောင်မြင်ဆုံးအနုပညာရှင်တ
ဦးဖြစ်လာဖို့ လူတသန်းမှာတယောက်မရုန်းကန်
နိုင်ပါဘူး။ ဂျက်ကီချမ်း ဂျက်လီ Tom Hanks
Mr.Bean စတီဗင်ချောင် မိုက်ကယ်ဂျက်ဆင်
ဒီလူတွေကိုကမ္ဘာကသိကြပေမယ့် ကံကောင်း
ခြင်းတွေကသူတို့ကိုအရေးမပေးခဲ့ပါဘူး။ကံဆိုး
လွန်းလို့သာ သူတို့ဆိုတာဖြစ်လာကြသူတွေပါ။
မင်းသားလို့ ပြောတာနဲ့ ၅ယောက်လောက်ရွတ်
ရင်သူ့နာမည်ပါလာမယ့် သိကြတဲ့သူတယောက်
ကလဲထိုလူမျိုးတွေထဲရှိနေတယ်။ Hollywood
လို့ပြောတာနဲ့ သူ့နာမည်ကိုတကမ္ဘာလုံးအမှတ်ရ
စေကြတယ်။ ရုပ်ချောတယ် ချမ်းသာတယ် နာ
မည်ကလဲဘာကြီးသလဲမမေးနဲ့ မင်းသမီးတွေ
ကြားတောင်သူကရေပန်းစားလွန်းသူပေါ့။ဒါပေ
မယ့်တချိန်ကဟော်တယ်သန့်ရှင်းရေး တခါး
စောင့်ဖြစ်ခဲ့တဲ့ စားစရာမရှိလို့စတိုးဆိုင်ကလုပြေး
ရင်းအဖမ်းခံရတဲ့ သူတယောက်ကိုတော့ဘယ်သူ
ကသိကြမှာလဲ။ သူကတော့တချိန်ကZeroဘဝ
ကနေ ယနေ့Heroအဖြစ် ရုပ်ရှင်လောကမှာသေ
မှာမကြောက်တတ်တဲ့စတန့်အက်ရှင်မင်းသား
ကြီးလဲဖြစ် Hollywoodရဲ့အထင်ကရမင်းသား
တဦးလဲဖြစ်လာခဲ့တဲ့ Tom Cruise ကြီးပါပဲ။
"အလေးပြုခံရတဲ့လူတယောက်
အစစ်အမှန်ဖြစ်ဖို့ ဒူးမထောက်ခဲ့
တဲ့အတိတ်ရှိရမယ်။ "
Tom Cruise
အချိန်အားဖြင့်…၁၉၆၂ခုနှစ် ဇူလိုင်လ
၃ရက်နေ့ အမေရိကန်နိုင်ငံ နယူးယောက်မှာသူ့
ကိုမွေးဖွားခဲ့ပါတယ်။ မိခင်ဆရာမနဲ့ဖခင်လျှပ်စစ်
အင်ဂျင်နီယာကမွေးခဲ့တဲ့သူဟာ အမ၃ယောက်နဲ့
ငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်စတင်ခဲ့ရပါတယ်။ဒါ
ပေမယ့်ငယ်စဉ်ထဲကဖခင်အလုပ်ကြောင့်ဟိုရွေ့
ဒီရွေ့နေခဲ့ရပြီး မိဘဖြစ်သူတွေဟာဘာသာရေး
တင်းကြပ်မူတွေနဲ့သားသမီးဖြစ်သူတွေကိုဆုံးမ
ခဲ့ပါတယ်။ သူ၉နှစ်သားမှာကနေဒါကိုပြောင်းရွေ့
ခဲ့ရပြီး သူဟာလဲ Robert Hopkins Public
School မှာ၃တန်းကိုပြန်တက်ခဲ့ရပါတယ်။သူက
ဘာမှဝါသနာမပါဘူး ကျောင်းစာညံ့တဲ့အပြင်ထုံ
ထိုင်းတဲ့ကလေးတဦးဖြစ်ခဲ့တယ်။မိဘတွေကလဲ
နောက်ပိုင်းအလုပ်နဲ့အိမ်မှာမရှိတော့ဆုံးမမူဆိုတာ
သူ့အတွက်မရှိလှပါဘူး။ ကျောင်းသွားတယ် စာမ
လုပ်ဘူး အမဖြစ်သူတွေကလဲမိန်းကလေးတွေဖြစ်
တော့သူ့ကိုသိပ်အရေးမစိုက်လှဘူး။ ဒီလိုနဲ့သူအ
လယ်တန်းကျောင်းသားဘဝမှာ ကျောင်းကပွဲတခု
အတွက်ပြဇာတ်တခုမှာလူလိုလို့သူ့ကိုအတန်းပိုင်
ဆရာမကခေါ်ထည့်လိုက်တယ်။ ဒါကသူ့ရဲ့ဝါသနာ
ကသရုပ်ဆောင်တဦးဆိုတာကိုသူကိုယ်တိုင်သိရှိ
သွားစေခဲ့တာပါပဲ။ နောက်ပိုင်းဒီကလေးကဒီသ
ရုပ်ဆောင်ဝါသနာကြီးလာခဲ့တယ်။အပေါင်းအ
သင်းမရှိတဲ့သူ့အဖို့ ရုပ်ပြစာအုပ်တွေကပဲအဖော်
ဖြစ်ခဲ့တယ်။ သူ့မှာထူးခြားချက်တခုကအားကစား
ကိုသူများထက်အတက်မြန်စေတာပါပဲ။ကျောင်း
ဟော်ကီအသင်းကိုသူကအချိန်တိုအတွင်းပါခွင့်
ရခဲ့တဲ့အထိ ထိုကလေးအရည်အချင်းကထူးလှပါ
တယ်။ ၅တန်းကျောင်းသားဘဝကုန်ခါနီးမှာအိမ်
ထပ်ပြောင်းရလို့ Henry Munro Middle
School ကို၅တန်းကနေပြန်တက်ရတယ်။သူ
ကျောင်းတကျောင်းမှာပျော်ပြီဆိုရင်နောက်တ
ကျောင်းကိုပြောင်းခဲ့ရတယ်။ ဒါကြောင့်သူငယ်
ချင်းလဲမရှိခဲ့ဘူး။ သူ၆တန်းကျောင်းသားအရွယ်
မှာတော့ဖခင်နဲ့မိခင်ဟာအိမ်ထောင်ရေးဖောက်
ပြန်မူနဲ့အတူ မိခင်ဖြစ်သူကဘယ်လိုမှဆက်မ
ပေါင်းနိုင်တဲ့အဆုံး သူနဲ့အမ၂ယောက်ကိုခေါ်ပြီး
အမေရိကန်ကိုပြန်လာပြီး မိသားစုဟာစတင်ကွဲ
ခဲ့ပါတော့တယ်။ ဒါကသူ့ကိုလောကကြီးရဲ့အဆိုး
ဆုံးမြင်ကွင်းတွေကိုမြင်ရဖို့စတင်ခဲ့တဲ့အချိန်ပါပဲ။
မိခင်ကကျန်းမာရေးကြောင့်စာလဲမသင်နိုင်တော့
ချိန်သူတို့သားမိစားဝတ်နေရေးဟာချို့တဲ့လာခဲ့ပါ
တော့တယ်။ မိခင်ပိုင်တဲ့အိမ်လေးကိုရောင်းပြီး
သာမာန်ဆင်ခြေဖုံးရပ်ကွက်တခုထဲကိုပြောင်းရွေ့
ခဲ့ရတယ်။ မိခင်ဖြစ်သူကထိုအချိန်မှာယခင်က
ထက်ဘာသာရေးကိုပိုလုပ်လာခဲ့တယ်။သူ့ကိုလဲ
ခရစ်ယာန်ဘုန်းကြီးတယောက်သာလုပ်ဖို့တွန်း
အားပေးခဲ့တယ်။ မိခင်ရဲ့တွန်းအား အိမ်ရဲ့စီးပွား
ရေးအခြေအနေတွေကြောင့်ပဲ သူဟာသူ့အိမ်မက်
သရုပ်ဆောင်ဝါသနာကိုမေ့ထားခဲ့ရပြီးဘုန်းကြီး
တပါးဖြစ်ဖို့မိခင်ကြောင့်တွေဝေလာခဲ့ပါတယ်။ဒါ
ပေမယ့်ကျောင်းပြီးမှဘုန်းကြီးလုပ်ဖို့အရွယ်နဲ့သင့်
တော်မယ်လို့မိခင်ကအခွင့်အရေးပေးမူကြောင့်
သူဟာကျောင်းဆက်တက်ခွင့်ရခဲ့တယ်။သူ့ရဲ့ဗီဇ
အတိုင်းအားကစားမှာထူးချွန်သလို သူတက်ခဲ့တဲ့
ကျောင်းတိုင်းမှာဘောလုံး ဟော်ကီ အပြေးစတဲ့
အားကစားတွေမှာပါဝင်ခဲ့ပါတယ်။ ဒီလိုနဲ့သူ့အ
သက်၁၈နှစ်မှာအထက်တန်းကျောင်းပြီးတော့
သူဘုန်းကြီးတဦးဘဝကိုလုပ်ဖို့စဉ်းစားခဲ့ပါတော့
တယ်။ သူဆုံးဖြတ်လိုက်တယ်။ အိမ်ကနေထွက်
ပြေးပြီးသူလုပ်ချင်တဲ့သရုပ်ဆောင်တဦးဘဝကိုမ
ဖြစ်ဖြစ်အောင်လုပ်မယ်ပေါ့။ ဒီ့အတွက်သူများစွာ
တွေဝေခဲ့ရသလိုမိခင်ကိုအမဖြစ်သူကကျွေးမွေး
ထားနိုင်ဖို့အလုပ်ရမူက သူ့မိခင်ကိုထားပြီးအိမ်က
တယောက်ထဲထွက်လာဖို့တွန်းအားတခုဖြစ်ခဲ့တာ
ပါပဲ။ ဒီလိုအိမ်ပြေးဘဝနဲ့ နယူးယောက်မြို့ပေါ်ကို
သူရောက်ခဲ့ချိန်မှာ စားရေးသောက်ရေးတောင်
ခက်ခဲလှတဲ့မြို့ပြရဲ့အခက်အခဲတွေကသူ့ကိုစီးကြို
ခဲ့ပါတယ်။ သူဟိုတယ်တခုမှာသန့်ရှင်းရေးဝင်
လုပ်ရင်းနေစရာပါတခါထဲရခဲ့တယ်။ ထိုအချိန်က
သူဟာဘာကောင်မှမဟုတ်ပေမယ့် ဖြစ်ကိုဖြစ်ရ
မယ်ဆိုတဲ့စိတ်နဲ့သူ့ကိုယ်သူတခါမှစိတ်မလျော့ခဲ့
ပါဘူး။ ဒီလိုနဲ့တရက်မြို့ထဲစာအုပ်လိုက်ပို့ရတဲ့
ကယ်ရီသမားအလုပ်ကိုလုပ်နေစဉ်ကားအတိုက်ခံ
ခဲ့ရတယ်။ သူ့ကိုကားနဲ့တိုက်သူကတော့ဒါရိုက်
တာတဦးဖြစ်တဲ့ Franco Zeffirelliဆိုသူပါ။
ကားအတိုက်ခံရမူကသူ့ကိုသွားတအုံလုံးကြေခဲ့ရ
သလိုခွဲစိတ်ခဲ့ရပါတယ်။ နောက်ပိုင်းသူ့ကိုသနား
လို့ ရိုက်ကွင်းထဲအကူသမားအနေနဲ့ခေါ်လုပ်ခဲ့မူ
က Franco Zeffirelli ဟာသူ့ဘဝရဲ့ပထမဆုံး
ရုပ်ရှင်လောကကိုလက်တွေ့လေ့လာခွင့်ရဖို့လမ်း
စပေးခဲ့သူဖြစ်ခဲ့ပါတယ်။ Endless Love -
ဒီကားက Francoရိုက်တဲ့ Dramaကားတကား
ပါ။ Brooke Shields လိုနာမည်ကြီးသရုပ်ဆောင်
ကြီးပါဝင်ခဲ့သလို ဒီကားဟာDramaကားကောင်း
တကားပါပဲ။ ဒီကားကိုရိုက်နေစဉ်မထင်မရှား
ဇာတ်ရံBilly နေရာကို သူ့ကိုထည့်ဖို့ထိုမင်းသား
ကြီးကဒါရိုက်တာကိုပြောခဲ့မူနဲ့အတူ သူဟာထို
ကားမှာအရံအဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့တုန်းက
သူ့အသက်ဟာ၁၉နှစ်ပဲရှိပါသေးတယ်။ သူဆိုတာ
ကတော့ တခြားသူမဟုတ်ဘူးကျတော်တို့အား
လုံးနောက်တချိန်မှာ အသေအလဲကြိုက်ကြမယ့်
သူ့ကားဆိုတာနဲ့ စောင့်ပြီးကိုကြည့်ရတဲ့အထိဆွဲ
ဆောင်လာမယ့် Hollywoodရဲ့နာမည်ကြီးမင်း
သားကြီးTom Cruiseဖြစ်လာမယ့်သူပါပဲ။
" နည်းနည်းလေးစီပဲလုပ်ပါ
ကျတော်တို့ထင်ထားတဲ့
ကြီးမားတဲ့အောင်မြင်မူတိုင်းဟာ
ခမ်းခမ်းနားနားကြီးတခါထဲလုပ်ရင်
ဘယ်တော့မှမရနိုင်လို့ပါ။ "
Tom Cruise
Endless Love ဟာဒေါ်လာသန်း
၃၀ကျော်အထိရခဲ့သလို ဆုတွေလဲအများကြီးရ
ခဲ့ပါတယ်။ ဒီကားကTomကိုဇာတ်ရံတဦးအဖြစ်
လုပ်ခွင့်ရဖို့ အခွင့်အရေးရစေခဲ့ပါတယ်။ဒါပေမယ့်
Endless Loveရိုက်ပြီးချိန်ထိ Tomဟာဟို
တယ်ကတံခါးဖွင့်အဖြစ်သာရှိပါသေးတယ်။ဒီလို
နဲ့နောက်တကားကိုချက်ချင်းပါဝင်ခွင့်ရစေခဲ့ပါ
တယ်။ ဒါကလဲတနှစ်ထဲထွက်လာတဲ့ကားကြီး
Taps ပါပဲ။ ဒီကားမှာလဲTomက Captain
David Shawn နေရာကသာအရံအဖြစ်ပါခဲ့တာ
ပါ။ စစ်တက္ကသိုလ်ကားဖြစ်တဲ့ဒီကားမှာထူးခြားမူ
ကမင်းသားထက် Tomကမိန်းကလေးပရိတ်
သတ်တွေသတိထားမိလာတဲ့လူငယ်တဦးဖြစ်လာ
ခဲ့တယ်။ဒါပေမယ့်Hollywoodရဲ့ရုပ်ရှင်နယ်ပယ်
မှာခေါင်းဆောင်မင်းသားတန်းဖြစ်နိုင်ဖို့မိန်းက
လေးတွေကြိုက်ရုံနဲ့မရပါဘူး။၃နှစ်လောက်ဇာတ်ရံ
နေရာကပဲမထင်မရှားပါခွင့်ရခဲ့တယ်။Tomကလဲ
စိတ်ဓာတ်မကျဘူး သူဟာအရည်အချင်းမရှိသေး
သူဆိုတာကိုသိတယ်။ သူရတဲ့ငွေနဲ့အခန်းလေးတ
ခုငှားနေနိုင်ခဲ့ပြီး သူမပါရတဲ့ကားတွေမှာပါလိုက်
လံလေ့လာပြီးဘယ်နေရာကဖြစ်ဖြစ်ဝင်လုပ်ခဲ့
တယ်။ တခါတလေစက်အထမ်းအဖွဲ့နဲ့ဖလော်ရီဒါ
အထိလိုက်တယ်။ မင်းသားကြီးတွေဆီကနေ
အောက်ကျို့ပြီးလေ့လာတယ်။ ဒါတွေကပဲTom
ကို ၁၉၈၃ခုနှစ်မှာပြသလာမယ့်Risky
Businessကားကြီးရဲ့ခေါင်းဆောင်မင်းသားနေ
ရာကသရုပ်ဆောင်ဖို့ ဒါရိုက်တာကြီးBrickman
ကရွေးချယ်ခဲ့ပါတော့တယ်။ ဒီကားကဟာသကား
လို့ပဲပြောရမယ်။Joel Goodsonနေရာက
Tomသရုပ်ဆောင်မူတွေက ၆သန်းရင်းပြီးသန်း
၆၀ကျော်အထိရစေခဲ့ပါတယ်။ ဒီကားကTom
ကိုHollywoodရဲ့လူငယ်မင်းသားထဲပါဝင်ဖို့ဖြစ်
လာခဲ့ပါတော့တယ်။ All the Right Moves
လိုအားကစားကားတွေထွက်လာတယ်။မိန်းက
လေးတွေကြားTomရဲ့ရုပ်ရည်ကသတိထားစရာ
ဖြစ်ခဲ့တယ်။ ဒါပေမယ့် Tomဟာရုပ်ရှင်လောက
ထဲစဝင်ပြီး၇နှစ်လောက်အထိဘာကောင်မှမဖြစ်
သေးသလိုသာမာန်မင်းသားပဲဖြစ်နေပါသေး
တယ်။သူ့ကိုဒါရိုက်တာကြီးတွေကသိပ်အရေးမ
ထားဘူး။ရုပ်ကလေးချောရုံတခုပဲသူ့မှာရှိတယ်လို့
သိကြတဲ့အတွက်ကြောင့်ပေါ့။ ဒီလိုနဲ့တွန်ခရုဆို
ပြီးရုပ်ရှင်သမိုင်းမှာယနေ့ထိအထင်ကရကားတ
ကားဖြစ်လာမယ့် ရုပ်ရှင်ကားတကားမှာသူပါဝင်
ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ဒီကားကတော့Tom
ကိုစသိကြမယ့်လူတိုင်းရဲ့ ကားဆိုလဲမမှားပါဘူး။
အက်ရှင် ရိုမက်တစ် အလွမ်း အဆွေး Drama
စစ်ကားကြီးဖြစ်တဲ့ Top Gun ပါပဲ။
#Top_Gun
…………………

ပထမဆုံးအခက်အခဲကငွေကြေးပြသ
နာပါပဲ။ နာမည်မရှိတဲ့မင်းသားတယောက်ကိုသန်း
ရာချီအကုန်ကျခံဖို့ ထုတ်လုပ်ရေးကစိတ်ကူးမရှိ
ဘူး။ ဒါရိုက်တာ Tony Scottကလဲဒီကားကိုသူ
သေချာပြင်ဆင်ချင်ပေမယ့် ၁၅သန်းထဲနဲ့ရိုက်ခဲ့
ရတယ်။ ဒီကားကိုကြည့်ဖူးချိန်ကိုယ်တွေအသက်
ကအလယ်တန်းအရွယ်ပေါ့။ P1Gameထဲမှာ
Dogfighting တွေကြိုက်တဲ့ကိုယ့်အဖို့ဒီကား
နဲ့ Tomကအံ့အားသင့်စရာကြီးပါပဲ။ထိုအချိန်က
ဒီကားရဲ့ပိုစတာပုံကိုဂျာနယ်ထဲကဖြဲပြီးကိုအိမ်မှာ
သိမ်းခဲ့တဲ့အထိပဲပေါ့။ထိုအချိန်ကDroneနည်းပ
ညာတွေသိပ်မကြွမြောက်သေးတာတောင်ဒီကား
ကိုရှယ်ရိုက်ပြသွားခဲ့တယ်။ ကမ္ဘာ့နောက်ခြမ်းစစ်
အေးတိုက်ပွဲတွေက Russia စစ်လေယာဉ်တွေ
မောင်းပြသွားတာတွေ Tomရဲ့သရုပ်ဆောင်မူ
တွေကကိုယ့်ဦးလေး ကိုယ့်အဖေတွေတောင်အ
သဲစွဲခဲ့တယ်။ ၃၆၅သန်းကျော်အထိရုံတင်ဝင်ငွေ
အဆမတန်ရခဲ့သလို Top Gunဟာစစ်ကားတွေ
ထဲကTom Hanksရဲ့ Forest Gumpလိုပဲ
အထင်ကရကားကြီးတကားဖြစ်ခဲ့ပါတယ်။၂၀၁၅
မှာဒီကားကို Library of Congress ကရွေး
ချယ်တဲ့အထိစံချိန်ဖြစ်ခဲ့တယ်။ ဒီကားဟာသာ
မာန်အလှအပမင်းသားတဦးလို့လူတွေကထင်ကြ
တဲ့Tomကိုအံ့သြစရာမင်းသားတဦးအဖြစ်နာမည်
ကြီးစေခဲ့ပါတယ်။ ဒီကားထဲကစတန့်ပိုက်လော့
ဟာလဲရိုက်ကွင်းမှာလေယာဉ်ပျက်ကျမူနဲ့သေဆုံး
ခဲ့ရသလို စက်သမား၂ဦးလဲမတော်တဆပေါက်
ကွဲမူမှာအသက်ပေးခဲ့ရပါတယ်။ ဒီကားရဲ့ဒါရိုက်
တာကြီး Scottဟာ Top Gun2အတွက်
၂၀၁၅မှာရိုက်ဖို့ပြင်ဆင်နေချိန်မှာတော့ တံတား
ပေါ်ကခုန်ချပြီးသတ်သေသွားခဲ့မူနဲ့အတူTop
Gun2ဟာပျက်သွားခဲ့ပါတော့တယ်။စကော့ဟာ
Ridleyရဲ့ ညီဖြစ်သလို သူ့အကိုရိုက်ခဲ့တဲ့
Gladiatorကားမှာလဲပါဝင်ကူညီခဲ့သူ De
Jevu / Unstoppabel ကားတွေလိုကား
ကောင်းတွေရဲ့ဒါရိုက်တာကြီး Tomရဲ့ဆရာတဦး
ပါပဲ။ Top Gunကိုရိုက်ခဲ့မူမှာ ပါဝင်တဲ့သူအားလုံး
ဟာကြိုးစားမူပြင်းထန်ခဲ့ကြသလို ၁၅သန်းထဲနဲ့
ယနေ့ထိအထင်ကရဖြစ်စေမယ့်ကားတကားကို
ဘာငွေကြေးအကြောင်းပြချက်မှမပေးပဲရိုက်ခဲ့ကြ
သူတွေပါ။ တရာပေးပြီး ၄ထောင်လောင်အမြတ်ရ
အောင်ရိုက်ကြည့် ရူးတောင်သွားဦးမယ်။ဒီအချက်
ကအနုပညာကိုတကယ်အစစ်ကြီးချပြသွားတဲ့
ဘာနာမည်မှမရှိသေးတဲ့မင်းသားပေါက်စတဦးရဲ့
ကမ္ဘာကျော်ဖို့စတင်ခြင်းပါပဲ။Top Gunအပြီးမှာ
တော့Tom ဟာကမ္ဘာကျော်မင်းသားတဦးအဖြစ်
နာမည်ကြီးကားကြီးတွေမှာမြင်တွေ့ဖို့စတင်ခဲ့ပါ
တော့တယ်။
Top GunအပြီးမှာTom ကိုနှစ်စဉ်အံ့
အားသင့်စရာကားတွေတကားပြီးတကားထွက်
လာစေခဲ့ပါတယ်။ Hollywoodမှာမျက်နှာအမြဲ
ပြုံးပြုံးနဲ့ဖော်ရွေတဲ့ ဒီမင်းသားကနာမည်သာကြီး
လာတာမာနမကြီးလှဘူး။ပရိတ်သတ်ကိုကြီး
ကျယ်တာမျိုးတွေသူမရှိဘူး။ ပရဟိတလဲတော်
တော်လုပ်သူလို့ပြောရမယ်။ ဒါတင်မကဘူးTom
ရဲ့ထူးခြားမူက ဘယ်တန်ဖိုးကြီးBrandအဝတ်အ
စားမှမမက်လှဘူး။ ရိုက်ကွင်းမှာသူရိုက်ခဲ့သမျှ
ကားတိုင်းကိုစိတ်တိုင်းမကျမချင်းရိုက်လေ့ရှိတယ်
ဒါတင်မကဘူးအသက်ကြီးလာလေစတန့်အကြီး
စားတွေလုပ်လာလေပါပဲ။ Tomဟာကားနဲ့ဆိုင်
ကယ်ကိုProတယောက်အထိမောင်းတတ်
အောင်သင်ခဲ့သူဖြစ်ပြီးဒီအချက်ကလက်ရှိစတန့်
မင်းသားတွေကတောင်အံ့သြစေရပါစေ။ကားတင်
မကဘူးဆိုင်ကယ်ကိုစတန့်များစွာလုပ်ပြနိုင်သလို
2013ခုနှစ်ကနေဒါWCCမှာဆိုင်ကယ်မောင်း
ပြသွားတဲ့သူ့Skillကအံ့အားသင့်စရာပါပဲ။ဒါ့အပြင်
တချိန်ကသူတံခါးစောင့်လုပ်ခဲ့တဲ့ဟော်တယ်ကို
၂၀၁၁မှာအပိုင်ဝယ်ခဲ့သူဖြစ်ပြီးTomဟာကမ္ဘာ့
ရုပ်အချောဆုံးအမျိုးသားစာရင်းမှာလဲမကြာခဏ
ပါဝင်ခဲ့သူပါ။ သူ့ကားတကားချင်းစီကိုပြောရင်ပြီး
မယ်တောင်မထင်ဘူး။ဒီတော့ထုံးစံအတိုင်းTom
ရဲ့ဇာတ်ကားတွေထဲကလူအများစုသိကြကြိုက်နှစ်
သက်ကြတဲ့ကား၅ကားကိုပဲရွေးချယ်ပါရစေ။ဒီလို
ပြောလို့ဟိုကားမပါဒီကားမပါဘူးတို့တော့မသုံး
သပ်စေချင်ပါဘူး။Tomရဲ့ကားတိုင်းဟာရသတခု
စီအမြဲထူးခြားစွာပါတတ်သလိုကားတိုင်းကလဲ
အောင်မြင်ခဲ့တဲ့ကားတွေချည်းပါပဲ။ ဒီနှစ်၃၀အ
တွင်းTomရဲ့ကားအားလုံးကိုရေးသားဖို့ကတော့
တာဝန်ကြီးလွန်းပါတယ်။ဒီတော့ပထမဆုံးကား
က အားလုံးလဲသိကြတဲ့
#Mission_Impossible
……………………………………
Series ထဲကဒီကားကနာမည်ကြီး
ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့စတင်တဲ့၁၉၉၅ခု
နှစ်မှာဝေဖန်မူများစွာရှိခဲ့ပါတယ်။ ရှေ့ကSeries
မှာထဲကအောင်မြင်ထားတဲ့ဒီလိုကားကိုပြန်ရိုက်ဖို့
အရည်အချင်းရှိတဲ့မင်းသားတဦးနဲ့မှဖြစ်နိုင်မှာကို
အများစုကထောက်ပြကြတယ်။Tomနဲ့စတင်ပွဲ
ထွက်လာတဲ့ MI1 ကို၁၉၉၆ခုနှစ်မေလမှာရုံတင်
ပြသခဲ့ပါတယ်။၉လကြာရိုက်ကူးခဲ့ရသလို Tom
ဟာလဲတချို့စတန့်တွေအတွက်အသက်နဲ့ပါရင်း
ရတဲ့အထိလုပ်ခဲ့ရပါတယ်။ MI1ဟာ ၁၉၉၆ခုနှစ်
ရဲ့ Highest-grossing film ကားထဲကတ
ကားဖြစ်ခဲ့သလို သန်း၈၀ရင်းပြီး ၄၅၇သန်းအထိ
ပြန်ရခဲ့တဲ့ကားကြီးတကားပါ။MI ကားတွေရဲ့ထူး
ခြားမူတွေကတော့ အများအပြားပါပဲ။တချို့ကား
တွေဟာစစ်တပ်ရဲ့အကူအညီ လေကြောင်း စစ်
ဖက်ရဲ့အကူအညီတွေယူခဲ့ရသလို ဒါရိုက်တာတ
ယောက်တကားနဲ့ထွက်ခဲ့တဲ့ကားတွေပါ။MI2
ကို ၂၀၀၀ပြည့်နှစ်မှာရုံတင်ခဲ့ပြီးEthan Hunt
နေရာက အေးဂျင့်Tom ရဲ့စတန့်တွေကရှေ့က1
ထက်တောင်ပိုကြမ်းခဲ့ပါတယ်။၅၄၆သန်းထိရခဲ့သ
လို MI ကားတိုင်းဟာတကားထက်တကားရှယ်
ကောင်းလာတဲ့ကားseriesကြီးပါပဲ။2/3/4/5
အထိဒီနှစ်၂၀အတွင်းထွက်ခဲ့သလို အောင်မြင်မူ
နဲ့ကြိုးစားမူတွေကလဲ Tomသာအသက်ကြီးသွား
တယ်မကျခဲ့ပါဘူး။ MI ရဲ့ထူးခြားမူတွေကတကား
နဲ့တကားမတူဘူး။ ပြောရရင်လဲအများကြီးပါပဲ။
မကြာခင်ကမှထွက်ထားတဲ့MI5 ကလဲTom
ဟာအသက်၅၀ကျော်လို့တောင်မထင်ရတဲ့အထိ
ပါပဲ။ဒီ5 မှာ BMWကားCompanyကအဓိက
Sponserပေးခဲ့ပါတယ်။ F&Fလိုပါပဲကားတွေ
ကိုသေချာModifiedလုပ်မူတွေပါဝင်ခဲ့သလို
Tomလုပ်ပြသွားတဲ့ကားစတန့်တွေကလဲလူစား
မထိုးခဲ့ပါဘူး။ဒီထဲမှာBMW S1000RRကား
ရဲ့ကြော်ငြာလို့ပဲပြောရမယ်။ကားတွေထဲBMW
ကဘာကြောင့်နာမည်ကြီးလဲဆိုတာဒီMIကြည့်ရုံ
နဲ့သိနိုင်တယ်။Tom ရဲ့ကားမောင်းစွမ်းရည်ကိုပါ
ဒီကားတွေမှာမြင်တွေ့နိုင်တယ်။ BMW model
များစွာဒီကားမှာသုံးခဲ့ပြီးကားအတော်များများကို
လဲရင်းခဲ့ရပါတယ်။
MIကားတိုင်းမှာနည်းပညာနဲ့လူတွေရဲ့လုပ်
နိုင်စွမ်းကိုအချိုးကျထည့်ထားမူတွေများစွာပါဝင်
ခဲ့ပါတယ်။ ဥပမာ-နောက်ဆုံးMI5ထဲကပေ၅၀၀၀
အထက်ကိုTomတွယ်လိုက်သွားတဲ့လေယာဉ်စ
တန့်ခန်းပေါ့။ဒီအခန်းကိုတခမ်းတနားပဲUtube
မှာရှင်းပြထားခဲ့ပါတယ်။Cameraထောင့်ကျကျ
ယူပြီးTomကိုယ်တိုင်လူစားမလဲပဲလုပ်ပြသွားတဲ့
ဒီအခန်းဟာရုပ်ရှင်မှာသာမိနစ်ပိုင်းဖြစ်ပေမယ့်တ
ကယ်တမ်းအချိန်၇ရက်ထိပြင်ဆင်ခဲ့ကြရပါတယ်။
လေယာဉ်တောင်ပံကလမ်းလျှောက်ရတဲ့အခန်း
ဟာလဲAccelerationတွက်ချက်မူတွေCamer
a Frameပြင်ဆင်မူတွေနဲ့အတူ အခန့်မသင့်ရင်
Tomပါအမှုန့်ဖြစ်သွားမယ့်စတန့်မျိုးတွေပါပဲ။ဒီ
ကားမှာလေပေါ်တင်မကပဲရေထဲပါပါခဲ့သလိုလမ်း
မထက်ကTomလုပ်ပြသွားတဲ့ကား ဆိုင်ကယ်စ
တဲ့စတန့်တွေဟာသူကိုင်တိုင်တကယ်လုပ်သွားခဲ့
မူတွေပါ။အသက်သာ၅၀ကျော်တယ်ဆိုင်ကယ်စီး
ပြသွားတာproအဆင့်ပါပဲ။ဒီMIဟာကားတွေကို
ပါအဓိကချပြသွားမူတွေများခဲ့ပါတယ်။ BMW
Mercedes / AUDI ကားcompanyတွေ
ဟာလဲထောက်ပံ့မူများစွာပေးခဲ့သလိုTomအပါ
အဝင်တခြားသရုပ်ဆောင်တွေကိုယ်တိုင်ရိုက်
ကွင်းမစခင်၈လကြာRehersalတွေပြင်ဆင်မူ
တွေကိုပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိMIဟာလဲ
၆၈၂သန်းကျော်ထိရရှိခဲ့သလို MI ကားတွေဟာ
ရုံတင်ဝင်ငွေသန်း၂၈၀၀နီးပါးရရှိထားခဲ့တဲ့အထိ
အောင်မြင်ခဲ့သလိုဒီပမာဏက James Bond
ကားတွေရဲ့%ထက်များပြားပြီးFilmseriesသ
မိုင်းရဲ့ထိပ်ဆုံးseries၁၀ကားမှာပါဝင်ထားခဲ့ပါ
တယ်။

#Valkyrie
………………
ဒီကားအကြောင်းကိုမပြောခင်ဒီနာမည်
ကဘာအဓိပ္ပာယ်ဆိုတာကိုသိမှအဆင်ပြေလိမ့်
မယ်။Metalဂီတဖက်မှာတော့သိချင်လဲသိမယ်
မသိချင်လဲမသိဘူး Viking Metalသီချင်းတွေ
မှာဒီနာမည်ကိုများစွာရည်ညွှန်းကြသလိုဒီနာမည်
ဟာဂရိနတ်ဘုရားသမိုင်းရဲ့အထင်ကရနာမည်တ
ခုပါပဲ။Vikingစစ်ပွဲတွေရဲ့နတ်သမီးဖြစ်သလို စစ်
တိုက်ရင်းဘာသာရေး နိုင်ငံရေး အကြမ်းမဖက်တဲ့
ကျူးကျော်ညှင်းပန်းခြင်းမဟုတ်တဲ့စစ်ပွဲတွေမှာ
ကျဆုံးသွားတဲ့အာဇာနည်စစ်သည်တွေကိုခေါ်ယူ
သွားပြီးကောင်းရာသုဂတိကိုပို့ဆောင်ပေးတဲ့နတ်
သမီးရဲ့နာမည်ပါ။Valkyrie ကားမှာTomကိုထူး
ခြားမူများစွာနဲ့ထပ်မံတွေ့ခဲ့ရပါတယ်။စစ်သမိုင်း
ကားတကားဖြစ်သလို ဟစ်တလာကြီးရဲ့တပည့်
ဂျာမနီအရာရှိ Claus Schenk Graf von
Stauffenberg ကဟစ်တလာကိုတိုင်ဂုဏ်ပြု
ထားတဲ့အရာရှိတဦးဖြစ်သလို နာဇီစစ်ပွဲတွေမှာအ
ဓိကစွမ်းဆောင်ခဲ့တဲ့ အရာရှိ၇၀စာရင်းဝင်ခဲ့သူပါ။
နောက်ပိုင်း ဟစ်တလာရဲ့လုပ်ဆောင်မူတွေက
ကမ္ဘာစစ်ကိုကြီးလေးစေပြီးဂျာမနီနိုင်ငံကဒီတိုင်း
ဆိုင်၉လအတွင်းပျက်တော့မယ်ဆိုတာကိုသိရှိ
လာတဲ့Stauffenbergဟာသူ့လိုပဲဟစ်တလာ
အပေါ်မြင်နေတဲ့အရာရှိတစုနဲ့ ဟစ်တလာ နာဇီ
အစိုးရကိုတွန်းလှန်ဖို့ကြိုးစားကြတဲ့တပ်စုမှာပါဝင်
သွားသူထဲကတဦးအဖြစ်Tomကသရုပ်ဆောင်ခဲ့
ပါတယ်။ဟစ်တလာရဲ့ Reserve Army အ
ကြောင်းမှာဒီ Stauffenbergဟာလဲပါဝင်ခဲ့တာ
ကိုစာပေများစွာမှာသိကြမှာပါ။ ဒါပေမယ့်ဟစ်တ
လာလိုBrainကိုသူတို့မယှဉ်နိုင်ခဲ့တာအားလုံးအ
သိပေါ့။ ကမ္ဘာ့သြဇာကြီးမားခဲ့တဲ့အာဏာရှင်တွေ
ထဲဟစ်တလာကတော့မသေတဲ့လူသားလို့တောင်
ထင်မိတယ်။အသေအချာလုပ်ကြံမူ၁၅ကြိမ်လုပ်ခံ
ရတာတောင်ဒင်းကမသေခဲ့သူပါ။Heroတွေစစ်
ကားတွေ ရာဇဝင်သမိုင်းတွေကိုကိုယ်တိုင်သေ
ချာစီစဉ်ရိုက်ပြတတ်တဲ့ဒါရိုက်တာ Bryan
Singerကဒီကားကိုရိုက်ခဲ့ပြီး၂၀၀၈ခုနှစ်မှာပြသ
ခဲ့ပါတယ်။ သန်း၂၀၀ကျော်ရုံတင်ဝင်ငွေရခဲ့သလို
ဒီကားဟာသမိုင်းတခုကိုအထင်အရှားပြသခဲ့မူပါ
ပဲ။ ဒီလိုHistoryပိုင်းရုပ်ရှင်မှာကျတော့်စိတ်ကို
ဖမ်းစားနိုင်တဲ့မင်းသား၃ဆက်ရှိတယ်။သူတို့က
တော့ Tom Hanks / Tom Cruise နဲ့
လီယိုနာဒိုပါပဲ။ လီယိုနာဒိုကိုအစကသိပ်မကြိုက်
ဘူး ဒါပေမယ့်နောက်ပိုင်း ဒီဘဲကမကြောက်မလန့်
နဲ့သူများမလုပ်ရဲတဲ့ အာဖရိကကလေးစစ်သား
တွေ ပါကစ္စတန်အကြမ်းဖက်မူတွေ နိုင်ငံရေးဖုံးဖိ
ထားမူတွေကိုဒဲ့ရိုက်ပြလာတယ်။Bollywood
ဖက်ကရှာရွတ်ခန်း AamirKhanဆိုအနောက်
ကမ္ဘာဖက်မှာဒီအဘ၃ယောက်ကိုရွေးချယ်ကြိုက်
နှစ်သက်မိလေရဲ့။ တကယ်လဲရုပ်ရှင်တကားကို
အပျင်းပြေကြည့်ဖို့ပြသတာထက် သူတို့ကားတွေ
ကလေးနက်မူများစွာထည့်သွင်းထားတတ်ကြ
တယ်။ ဒီကားမှာTomရဲ့ဂျာမနီဘာသာစကားအ
ပြင်သူလုပ်ပြသွားမူက အရှိန်အဝါကြီးမင်းသားတ
ဦးဖြစ်နေတာမဆန်းကြယ်တော့ပါဘူး။
#War_of_the_Worlds
……………………………………
၂၀၀၅ခုနှစ် ဒီကားကိုစရုံတင်ချိန်မှာလူ
သိပ်ထင်ကြေးပေးမခံရဘူး။ပြသပြီး၂ပတ်အကြာ
မှာရုံတင်ဝင်ငွေသန်း၂၀၀အထိတက်လာမူနဲ့အတူ
ဒီကားဟာကမ္ဘာကြီးပေါ်ကလူသားတွေကိုအသိ
တရားတခုကိုကျကျနနချပြထားမူနဲ့အတူနာမည်
ကြီးလာခဲ့ပါတယ်။ဒီကားဟာဒါရိုက်တာထက်ရှေ့
ကအရင် ဓာတ်ပုံဆရာတွေရဲ့ကမ္ဘာကြီးနေမ
ကောင်းမူကိုပြသကြတဲ့ဓာတ်ပုံတွေကြောင့်ရုပ်ရှင်
အဖြစ်ပြသဖို့ideaရခဲ့တာလို့သိရပါတယ်။ဒီကား
မှာရုပ်ရှင်ဖက်အပြင် ဓာတ်ပုံပညာရှင်၁၀၀ကျော်
ရဲ့၇လတိတိကြိုးစားမူတွေပါအရေးပါခဲ့ပါတယ်။
ဂြိုလ်သားတွေကမ္ဘာကိုသိမ်းပိုက်တာနဲ့ဒီကားကို
အခြေတည်ခဲ့ပေမယ့်တကယ်တမ်းဒီကားမှာသူ
တို့ပေးချင်တဲ့masgကိုတကူးတကရုပ်ရှင်ပြပွဲ
မှာရှင်းပြခဲ့ကြပါတယ်။ဒီကားဟာဒေါ်လာသန်း
၇၀၀ကျော်အထိရခဲ့သလို ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ
၆၆ကားမြောက်ဝင်ငွေအမြင့်ဆုံးကားပါ။Tomဟာ
ဒီကားမှာ Ray Ferrierအဖြစ်ပါဝင်ခဲ့ပြီးတကယ်
တမ်း Ray Ferrierဆိုတာနာမည်တခုမဟုတ်ပဲ
သြစတေးလျကကယ်ဆယ်ရေးလူတစုရဲ့နာမည်
ကိုဂုဏ်ပြုထားခဲ့တာဖြစ်ပါတယ်။
#Jack_Reacher
…………………………
Tom ရဲ့အသက်ကြီးလာလေချပြလာမူ
အားကြီးလာလေကားတွေထဲကကားကောင်းတ
ကားပါ။ အက်ရှင်စတန့်တွေကပြာသွားလောက်
တဲ့အထိပါခဲ့သလို စာအုပ်ထဲကLee Childက
တကယ့်စံချိန်သစ်တွေနဲ့အတူချပြသွားတဲ့ဇာတ်
လမ်းကြီးတခုပါပဲ။Tomကအမှန်အကန်ဝေဖန်
ပုတ်ခတ်တဲ့ဝေဖန်ရေးသမားတွေကိုယ်တိုင်ဒီ
ကားကိုချီးကျူးခဲ့ကြပြီး Tomဟာကိုယ်ခံပညာ
ဖက်အားနည်းပေမယ့်စတန့်ပိုင်းမှာတော့လေးစား
စရာလူငယ်မျိုးဆက်သစ်တွေအတွက်စံပြဆိုတာ
ကိုပြသွားတဲ့ကားပါပဲ။ ၂၁၈သန်းကျော်ထိရခဲ့သ
လိုမင်းသမီးPikeကိုယ်တိုင်ဆေးရုံ၃လတက်
လိုက်ရတဲ့အထိCrime Actionကားတကားပါ
ပဲ။ ၂၀၁၂က 1ထွက်ခဲ့ပြီးမကြာခင်ကမှ2ထွက်
လာခဲ့ပါတယ်။ 2ဟာလဲ1လိုပဲအားရစရာပါပဲ။
" မင်းတို့တွေရဲဝတ်စုံနဲ့ မကြာခင်ထောင်ထဲသွား
ရမယ် " ဒီကားထဲက Tomရဲ့ဒီစကားကသာမာန်
လို့ထင်ရပေမယ့် နောက်ပိုင်းဒီစကားကရဲတဦး
ရဲ့ဖြစ်တည်မူ စိတ်ထားကိုသိရှိစေဖို့ပြသသွားမူက
တလှေကြီးပါပဲ။ ဒီကားမှာTomဟာအနားယူခဲ့ရ
တဲ့ရဲတဦးဖြစ်ပါတယ်။Lee Childရေးတဲ့၁၈
အုပ်မြောက်စာအုပ်ဖြစ်သလို မကြာခင်မှာ3ကို
Lee Childရဲ့၁၉အုပ်မြောက်စာအုပ်ကိုအခြေခံ
ပြီးပြသလာဦးမှာလဲဖြစ်ပါတယ်။
" ကျွန်တော်တို့ဘဝမှာ
အောင်မြင်ဖို့ 
ကျတော်တို့သူများကိုအသုံးချ
ဖို့မလိုဘူး။ ကိုယ်ကိုယ်တိုင်
အသုံးချမှ အောင်မြင်နိုင်မှာပါ။ "
Tom Cruise

MI 5အပြီ6းကိုပြသနာများစွာကြောင့်
ဖျက်လိုက်ရာကနေ Tomနဲ့ထုတ်လုပ်ရေးရဲ့သ
ဘောတူညီမူရသွားပြီ6းကိုမကြာခင်ရိုက်ဖို့စီစဉ်
ထားပါပြီ။ထုတ်လုပ်ရေးကTomကိုအသက်အ
ရွယ်ကြီးလာလို့စတန့်တွေမရမှာကိုစိတ်ပူပုံပါပဲ။
ဒါပေမယ့်ဒီအဘကလက်ရှိသူလက်ခံထားတဲ့၆
ကားမှာ၎ကားဟာသူ့ဘဝရဲ့အကြီးဆုံးအစွန့်စားရ
ဆုံးစတန့်ကားတွေဖြစ်နေတာကိုinterviewမှာ
ဖြေသွားခဲ့ပါတယ်။ အသက်ကြီးလေပိုကြမ်းလာ
လေလို့ပဲပြောရမယ်။ တကယ်တမ်းသူ့အသက်အ
ရွယ်နဲ့မြန်မာမှာဆိုအဖေနဲ့သမီးအရွယ် ဦးနဲ့က
လေးကားတွေပဲရိုက်နေမှာပေါ့။ လေယာဉ် ဆိုင်
ကယ် ကား တိုက်ပေါ်မှာအသက်စွန့်ဖို့ဘယ်ရွေး
ပေါ့မလဲ။အသက်၅၄နှစ်ရှိပြီ အသက်အန္တရယ်ကြုံ
ရလို့ထိခိုက်သွားတာကအကြိမ်၉၀ကျော်ပြီဒီ၉၀
ထဲက၂၃ကြိမ်ကအလောင်းတောင်အမှုန့်ဖြစ်မယ့်
လေယာဉ် ကား ဆိုင်ကယ် စတန့်တွေ။ ၂၀၁၄က
ဆိုအာမခံcompanyကပါTomကိုလက်မခံတဲ့
အထိဖြစ်ခဲ့တယ်။ ဒါကရုပ်ရှင်လောကမှာဂျက်ကီ
ချမ်းMatrix ကြီး Keanu Reeves နဲ့ Tom
ပဲရှိသေးတယ်။ ၂၀၁၆အတွက် No.4ဝင်ငွေအ
မြင့်ဆုံးဖြစ်သလို Hollywoodမင်းသားတွေထဲ
လဲ သန်း၄၈၀ကျော်နဲ့ No.1 မင်းသား သူ့သူငယ်
ချင်း ဂျက်စပဲရိုးကြီးက သန်း၄၅၀နဲ့ဒုတိယအဖြစ်
Hollywood မင်းသားတွေထဲ No.1အချမ်း
သာဆုံးမင်းသားအဖြစ်သမိုင်းဝင်ထားခဲ့ပါပြီ။
အော်စကာတွေအကြိမ်ကြိမ်ဇကာတင်ခံရပေမယ့်
သူအော်စကာမရသေးဘူး။ ဒါပေမယ့်စိတ်မပျက်
နဲ့ Oscarမရတဲ့မင်းသားတွေအများကြီးကမ္ဘာ့
ရုပ်ရှင်သမိုင်းမှာသမိုင်းတွင်လူသားတွေဖြစ်နေ
ကြပါတယ်။
" ဆုတွေရတာကပျော်ရွှင်စရာပါ။
ကျတော်လဲဆုတွေအကြိမ်များများ
ရခဲ့ဖူးတယ်။ ရှိတယ်။ ဒါပေမယ့်
ကျတော့်ပျော်ရွှင်မူက ဆုတွေပေါ်မှာ
မရှိဘူး။ "
Tom Cruise

မကြာခင်မှာပြသလာမယ့်The Mummy
ကားမှာTomပါမယ်ဆိုတော့အံ့သြသွားတယ်။
Mummyကားများစွာရှိတယ်။ Tomအနေနဲ့
တော့ဒါမျိုးကားကပထမဆုံးပါပဲ။ ဒါတင်မကဘူး
သူ့လိုပဲ အက်ရှင်မင်းသားထဲအကြမ်းပတမ်းဘဲ
ကြီး လက်ရှိHollywoodကရောမကားတွေမှာ
ဓားအက်ရှင်းခန်းတွေသင်ပေးနေတဲ့တချိန်က
ကျတော်တို့အသေအလဲကြိုက်ခဲ့ရတဲ့Gladiator
ကြီး Russell Croweလဲဒီကားမှာပါဝင်လာဦး
မှာပါ။၁၉၉၉ခုနှစ်ကထွက်ခဲ့တဲ့ဒီကားကိုပြန်ရိုက်
ကြမှာဆိုတော့အခုခေတ်နည်းပညာနဲ့အသေချာ
စောင့်ကြည့်ရမယ့်ကားတကားပါပဲ။Universal
ကဒီကားကို သူတို့ချပြမယ့်2017ကားတွေမှာ
အကောင်းဆုံးကားအဖြစ်ညွှန်းထားပါတယ်။
Tom လက်ရှိအထိပါဝင်ထားတဲ့ကားတွေက
တော့
Taps (1981)
The Outsiders (1983)
Risky Business (1983)
All the Right Moves (1983)
Legend (1985)
Top Gun (1986)
The Color of Money (1986)
Cocktail (1988)
Rain Man (1988)
Born on the Fourth of July (1989)
Days of Thunder (1990)
Far and Away (1992)
A Few Good Men (1992)
The Firm (1993)
Interview with the Vampire (1994)
Mission: Impossible (1996)
Jerry Maguire (1996)
Eyes Wide Shut (1999)
Magnolia (1999)
Mission: Impossible II (2000)
Vanilla Sky (2001)
Minority Report (2002)
The Last Samurai (2003)
Collateral (2004)
War of the Worlds (2005)
Mission: Impossible III (2006)
Lions for Lambs (2007)
Valkyrie (2008)
Tropic Thunder (2008)
Knight and Day (2010)
Mission: Impossible – Ghost Protocol (2011)
Rock of Ages (2012)
Jack Reacher (2012)
Oblivion (2013)
Edge of Tomorrow (2014)
Mission: Impossible – Rogue Nation (2015)
Jack Reacher: Never Go Back
ကားတွေပဲဖြစ်ပါတယ်။ Academy ၃ဆု
Golden Globe Awards ၃ဆုနဲ့ ဆုကြီး
ပေါင်း၂၉ဆုနဲ့ AFI ကပေးတဲ့ဆု ကမ္ဘာ့စတန့်စက်
သမားအဖွဲ့ကပေးတဲ့စတန့်မင်းသားအဖြစ်ပါရရှိ
ထားသူပါ။ Tom ဟာHollywoodရုပ်ရှင်သ
မိုင်းရဲ့ highest-paid actorအဖြစ်လဲသမိုင်း
ဝင်ထားသူပါ။ တချိန်ကဘယ်လိုပဲအောက်ကျခဲ့
ခဲ့ လက်ရှိမှာ Tom ဟာသန်း၅၀၀နီးပါးပိုင်ဆိုင်
ထားတဲ့ Hollywoodရဲ့အနုပညာကြေးအချမ်း
သာဆုံးမင်းသားပါ။အနုပညာကမဟုတ်ပဲသူရတဲ့
ဝင်ငွေတင် သန်း၁၀၀ကျော်ရှိထားသလိုသူ့ထုတ်
လုပ်ရေးကလဲဝင်ငွေသန်းချီရရှိနေပါပြီ။

" အချိန်တွေကိုနောက်ပြန်လှည့်လို့
မရပေမယ့် ကျတော်တို့လက်ရှိအချိန်
တွေကိုအရိုးသားဆုံးကြိုးစားလို့တော့
ရသေးတယ်။ အရင်ကကျတော်ဟော်
တယ်ဧည့်ကြို အခုတော့ဟော်တယ်
ပိုင်ရှင်။ အချိန်ဆိုတာကျတော်တို့စိတ်
အားငယ်ဖို့ကုန်ဆုံးခိုင်းထားတဲ့အရာ
တခုလို့မထင်နဲ့။ အချိန်တွေကိုအနိုင်
ယူခြင်းက ဘဝပါ။ "
Tom Cruise
ကျတော်၅တန်းအရွယ်ကစလင်းဒီယွန်ကြီး
ရဲ့ My Heart will go onကိုဗီဒီယိုရုံမှာဇာတ်
ကားမလာခင်အရင်ကြည့်ရတယ်။ ရမ္ဘို ဂ်က္ကီ
ချမ်း ဗန်ဒိန်းပဲသိသေးတဲ့အရွယ်မှာ တွန်ခရုဆိုတဲ့
ဒီအဘက တသက်စာအကြိုက်ဆုံးမင်းသားတွေ
ထဲကတယောက်ဖြစ်ဖို့ သူ့ရဲ့Top gunကားနဲ့စ
ဆွဲဆောင်ခဲ့တယ်။Ray binကြီးနဲ့ဒီမင်းသားပုံက
ယောကျာ်းပီသရုံတင်မကဘူး သရုပ်ဆောင်ချက်
ကတည်ငြိမ်လွန်းတယ်။သမိုင်းကြောင်းတွေကို
အခြေခံရိုက်တဲ့မင်းသားတွေထဲTom ဟာလဲ
လေးစားစရာမင်းသားတဦးပါပဲ။ Valkyrieမှာ
ဆို Valkyrieစစ်ဆင်ရေးထဲကတကယ့်အရာရှိ
တဦးကိုသူချပြသွားနိုင်ခဲ့တယ်။ဒါတင်မကဘူး
နိုင်ငံတနိုင်ငံရဲ့ အမွေအနှစ် ရိုးရာသမိုင်းတွေကို
ထိန်းသိမ်းရမယ်ဆိုတဲ့အချက်ကိုလဲTomကချ
ပြဖူးခဲ့တယ်။ The Last Samurai ကားပေါ့။
ကျတော်တို့ဆီမှာကိုရီးယားရာဇဝင်ကား အခုဆို
ထိုင်းကားကိုပါမြန်မာအသံနဲ့သရုပ်ဆောင်ပြီးပြ
နေပြီ။ဒါပေမယ့်ကိုယ်နိုင်ငံသမိုင်းကိုတော့ဒီလို
တရက်နာရီပေါင်းများစွာပြသဖို့မရင်းနိုင်ကြသေး
ပါဘူး။ The Last Samurai ကားမှာဂျပန်နိုင်
ငံသမိုင်း ဆာမူရိုင်းဘုရင်သမိုင်းတွေကိုချပြသွား
တယ်။ဒီနေရာမှာကျတော့်အမြင်တခုကိုပြောချင်
မိတယ်။ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်ပဲ
ပြောပြော ကိုယ့်နိုင်ငံရုပ်ရှင်လောကကိုစော်ကား
တယ်ပဲပြောပြောလူငယ်တယောက်အမြင်နဲ့ဝေ
ဖန်ပါရစေ။မြန်မာကားတွေပေါလွန်းတယ်လို့တော့
မပြောချင်ဘူး။အရေမရအဖတ်မရ လူငယ်တွေအ
တွက်ဘာmassageမှအများအပြားမပါတာများ
တယ်လို့ပဲပြောပါရစေ။ပေါတယ်ဆိုတာတကယ်
တော့တန်ဖိုးကြီးပါသေးတယ်။Mr.Bean
ချာလီချက်ပလင် ဒဲ့ပြောရရင်ငပေါတွေပဲဗျာ။တုံး
အတဲ့လူရိုးလူပေါဇာတ်ကောင်တွေပါ။ဒါပေမယ့်
ကမ္ဘာကျော်ဇာတ်ကောင်ကြီးတွေပါ။ မြန်မာကား
ပေါတယ်ဆို ဘာလို့ကမ္ဘာမကျော်ရသလဲပေါ့။
Tomaကိုရိုက်တော့မြန်မာတွေပြောသလိုဒေါ်လာ
သန်းရာချီလဲမကုန်ခဲ့ပါဘူး။ ဒါပေမယ့်အာဖရိက
မော့စ်ကားတွေကယနေ့အထိကြိုက်သလိုကြည့်
ရသသုတရနေဆဲပါ။လွန်ခဲ့တဲ့ခေတ်ကမြန်မာ
ကားတွေကရောဘာလို့အာရှမှာနာမည်ကြီးလဲ
ဘာလို့ကောင်းနေဆဲလဲ။ ရှင်းပါတယ် အနုပညာ
အရမ်းစစ်တယ်။အရင်ကဟာသကားတကားကို
၅နှစ်နေလို့တခါရုံမတက်လာပေမယ့်ယနေ့ခေတ်
ရုံတင်ကား80%လောက်ကဟာသကားတွေဖြစ်
နေတယ်။"ဒါကပရိတ်သတ်အကြိုက်ဈေးကွက်ကို
ရိုက်ရတာပါ"လို့ပြောတယ်။ဈေးကွက်ကြိုက်ရင်
ဈေးရောင်းသင့်တယ်လို့မြင်တယ်။ဟာသကား
တွေချည်းတူတာတောင် ဘာလို့ကျတော်တို့မြန်
မာဟာသကားတွေကနိုင်ငံတွေကိုမဖောက်နိုင်
သလဲ?သေချာတွေးကြည့်ရင်ဒါကလူငယ်တွေ
စော်ကားလိုစိတ်ကြောင့်မဟုတ်ဘူး။ယနေ့ခေတ်
လူငယ်တွေရုပ်ရှင်အမြင်ကျယ်လာကြပြီ ယှဉ်ပြီး
ကြည့်တတ်လာကြပြီ အချိန်အတူတူပေးကြည့်ရ
တာချင်းတူတာတောင် ဘာလို့ပြည်ပကားတွေကို
ကြိုက်နှစ်သက်ကြလဲဆိုတဲ့အချက်ကိုသေချာလေ့
လာသင့်နေပါပြီ။ဒါပေမယ့် ဝေဖန်မူကိုမခံနိုင်ပဲ
ဆင်ခြေများစွာရှိနေဆဲပါ။ မင်းသားတွေအခြောက်
လုပ်ရိုက်ပြရင်ရယ်မယ် တခါ၂ခါတော်ပြီပေါ့။တ
နိုင်ငံလုံးကမခြောက်ဖူးတဲ့မင်းသားရှားသွားတဲ့အ
ထိရိုက်ပြတယ်။၂နာရီစာအချိန်ကိုဘာmassag
မှမကျန်ပဲပြီးသွားတယ် အခွေချောင်ထိုးပြီးထပ်မ
ကြည့်တော့တဲ့ကားတွေများလာတယ်။ကျတော်
တို့ကြည့်ခဲ့ရတဲ့မြန်မာကားခေတ်တခုလုံးယနေ့
ခေတ်မှာပျောက်သွားတယ်။ တကယ်တမ်းရုပ်
ရှင်ဆိုတာလူငယ်တွေအဖို့စာပေလိုပဲအတွေးအ
မြင်ကြီးကြီးမားမားပေးရမယ့်နယ်ပယ်တခုပါ။
မျော်လင့်မိတာပါ ငါတို့မြန်မာကားကွဆိုပြီးကမ္ဘာ့
ရုပ်ရှင်ဆုပေးပွဲတွေမှာဆုတက်ယူနေတဲ့အချိန်
က မြန်မာဘောလုံးအသင်းကမ္ဘာ့ဖလားရတဲ့အ
ချိန်ထက်တောင်မြန်မာလူမျိုးတွေပျော်ကြလိမ့်
မယ်ထင်တယ်။ မျိုးချစ်စိတ်မရှိကြတာမဟုတ်ပဲ
မျိုးချစ်စိတ်အရှိလွန်နေကြလို့အားမလိုအားမရ ဖြစ်နေကြတာမြန်မာတွေပါ။ဒါကျတော့်အမြင်
သက်သက်ပါ။
အသက်သာ၅၀ကျော်သွားပြီ အခုထိလေ
ယာဉ်ပေါ်တက်ကောင်းတုန်း ဆိုင်ကယ်တွေ
အကြမ်းပတမ်းမောင်းပြနေတုန်းပါ။အချစ်ရေးကံ
မကောင်းဘူး သူကအရမ်းအချစ်ကြီးတော့ချစ်သူ
တွေကိုချုပ်ချယ်တယ် ဒီတော့ကွာကြပြဲကြနဲ့
သမီးဖြစ်သူကိုပါဇနီးထံပေးလိုက်ရလို့ တခါတခါ
တွေ့ရရင်အရမ်းပျော်နေရသူပါ။ ကမ္ဘာ့အချောဆုံး
လူသားအဖြစ်၃ခါတောင်သတ်မှတ်ခံခဲ့ရသလို
ကမ္ဘာ့အမျိုးသမီးထုအကြိုက်ဆုံးယောကျာ်းအ
ဖြစ်လဲသတ်မှတ်ခြင်းခံခဲ့ရတယ်။၂၀၀၃ခုနှစ်မှာ
ကမ္ဘာ့သြဇာအရှိဆုံးလူ၂၀မှာလဲပါဝင်ခဲ့တယ်။
Tom ဟာကမ္ဘာ့HIV AIDSတိုက်ဖျက်ရေးကို
၁၂သန်းထိလှူခဲ့သလို ကမ္ဘာ့ကျန်းမာရေး က
လေးသူငယ်ပညာသင်ရေး လူသားချင်းစာနာမူ
ပရဟိတတွေမှာလဲ ဒီတောက်လျှောက်သန်း၆၀
အထိလှူဒါန်းထားခဲ့သူပါ။ဒါတင်မကဘူး ဂျက်ကီ
ချမ်းထောင်ထားတဲ့Chartiable Foundation
ကိုလဲနှစ်စဉ်လှူဒါန်းပေးနေတဲ့ ပင်တိုင်အလှူရှင်
ပါ။တချိန်ကဟိုတယ်စောင့် သန့်ရှင်းရေးသမား
က လက်ရှိမှာ ထုတ်လုပ်သူ မင်းသား ပရဟိတသ
မားကြီးဖြစ်နေတဲ့ Hollywood ရဲ့ No.1မင်း
သားကြီး Tom Cruise ဖြစ်လာခဲ့ပါတော့
တယ်။
" ချစ်ခြင်းမေတ္တာနဲ့သာနေပါ
ကမ္ဘာကြီးကအေးချမ်းလာပါလိမ့်မယ်"
Tom Cruise

" မင်းမှာကလေးတွေရှိရင်
နောင်တချိန်မှာ ကမ္ဘာကြီးရဲ့
ပျော်စရာတွေဖြစ်အောင်
ပျိုးထောင်ပါ။ ကျတော့်လိုငယ်ဘဝ
ကိုမပေးလိုက်ပါနဲ့။ "
Tom Cruise
*စာရေးသူသုံးသပ်ချက်
………………………………
*Tom ဟာသာမာန်မိဘကမွေးဖွားခဲ့သူပါ။
*Tomဟာအနုပညာမျိုးရိုးမရှိပဲ Hollywood
ရဲ့No.1 မင်းသားဖြစ်သူပါ။
*Tomဟာလူမှန်းသိတတ်စမှာပဲမိတကွဲဖတကွဲ
ဖြစ်သွားသူပါ။
*Tomဟာအားကစားမှာလဲထူးချွန်သူပါ။
*Tomဟာကား ဆိုင်ကယ် လေယာဉ် သင်္ဘော
ကိုယ်တိုင်မောင်းတတ်သူပါ။
*Tomဟာ ဟိုတယ်တံခါးစောင့်ဘဝမှ ရုပ်
ရှင်လောကထဲအထမ်းသမား အရံ ဇာတ်ပို့ တ
ဆင့်ချင်းတက်လာခဲ့သူပါ။
*Tom ဟာ IM ၅ကားနဲ့တင်သန်း၂၈၀၀ရှာနိုင်
ခဲ့သလို သူဟာHollywoodမှာသူရိုက်တဲ့ကား
တွေကရတဲ့သန်း၅၀၀၀ကျော်သောဝင်ငွေကိုရှာ
ပေးခဲ့သူပါ။
*Tom ဟာ Highest ၃ခုလုံးကိုရရှိဖူးသူပါ။
*Tom ဟာTimes ရဲ့၂နှစ်ဆက်တိုက်ရုပ်အ
ချောဆုံးလူသားပါ။
*Tomဟာမွေးရာပါသွားမညီသူ ရုပ်ဆိုးသူပါ
ကားaccident ကြောင့်တခါသွားခွဲစိတ်ခဲ့ရသ
လို မေးရိုးကျိုးမူကြောင့်တခါခွဲစိတ်ခံခဲ့ရသူပါ။
*Tomဟာသန်း၂၀၀ကျော်ရုံတင်ဝင်ငွေအရဆုံး
ကား၂၂ကားကိုရိုက်ကူးပြီးရုပ်ရှင်သမိုင်းရဲ့ဝင်ငွေ
အမြင့်ဆုံးကားတွေရဲ့မင်းသားပါ။
*Tom ဟာ သန်း၄၈၀ကျော်နဲ့ Hollywoodရဲ့
No.1အနပညာကြေးမြင့်မင်းသားပါ။
*Tom ဟာ ဟိုတယ်စောင့်ဘဝကနေ
ရုပ်ရှင်သမိုင်းရဲ့အထင်ကရမင်းသားဖြစ်လာသူအ
ဖြစ် ဟောပြောပွဲတွေမှာစတားလုံးလိုပဲလူငယ်
တွေအတွက် အညွှန်းခံရတဲ့စံပြအနုပညာရှင်တ
ယောက်ဖြစ်လာသူပါ။
*Ref : Tom Cruise and Scientology
( Los Angeles Times )
About Tom - Time
Ancestry of Tom Cruise
[ Music ဖက်ပဲရေးမူများတဲ့သူဖြစ်လို့ဒီလိုလူ
တိုင်းသိတဲ့မင်းသားကြီးTomအကြောင်းရေးရာ
မှာလိုအပ်ချက်များစွာ ရှိမှာပါ။Tomရဲ့အမာခံ
Tomအကြောင်းကျတော့်ထက်ပိုလေ့လာတဲ့သူ
တွေလောက်မသိပါဘူး။ဒါကြောင့်လိုအပ်ချက်များ
ပါရင်နားလည်ပေးပါလို့မေတ္တာရပ်ခံပါတယ်။]
ထက်ဝန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။