မှတ်စုကြမ်း added 13 new photos.
--------------------
၁။ ငါရတဲ့ ဝင်ငွေရဲ့ တစိတ်တပိုင်းသည် ငါ့အတွက် ကိုယ်ပိုင် ဥစ္စာ ဖြစ်စေရမည်။
၂။ အိတ်ကပ်ထဲ ထည့်လိုက်တဲ့ ပိုက်ဆံ ဆယ်ပြားမှာ ကိုးပြားကို ပဲ
သုံးတယ် ဆိုတဲ့ လေ့ကျင့်ခန်းကို အမြဲ မပျက် ဆောင်ရွက်မည်။
၃။ ငွေကြေးကို စနစ်တကျ ခန့်ခွဲ သုံးစွဲမည်။ (လိုအပ်ချက်နှင့် အလိုဆန္ဒ ကို ခွဲခြားရမည်)
၎။ စုဆောင်းမိတဲ့ အသပြာငွေတိုင်းကို ကျွဲနွားများသဖွယ် ထိန်းကျောင်း ခိုင်းစေဖို့၊ သူတို့ရဲ့ အမျိုးအနွယ် တွေ ထပ်ဆင့် ပေါက်ဖွားပေးစေဖို့ စီစဉ်ရမည်။ အဲ့ဒီနည်းအားဖြင့် ကိုယ့်ငွေအိပ်ထဲကို ဓနကြေးငွေ တွေ တသွင်သွင် စီးဝင်စေဖို့ စီမံဖန်တီးရမည်။
၅။ စုထားတဲ့ ငွေရင်းကို စိတ်ချရတဲ့ ဌာနမျိုး၊ အလိုရှိတဲ့အခါ ပြန်လည်ရနိုင်မယ့် နေရာမျိုး၊ သင့်တင့်တဲ့ အကျိုးအမြတ် မုချရရှိနိုင်မယ့် ကဏ္ဍမျိုး မှာသာ မြုပ်နှံဖို့လုပ်မည်။ လုပ်ငန်းအတွေ့အကြုံ ရှိသူများကို တိုင်ပင်နှီးနှောပြီး သူတို့ထံက အကြံကောင်း ဥာဏ်ကောင်းများ ရယူအသုံးချရမည်။
၆။ ကိုယ်ပိုင် အိမ်ယာ ရရှိလာအောင် ဆောင်ရွက်ရေးကို ဦးစားပေးရမည်။
၇။ အိုနာသေဘေး အရေး ကိစ္စ များအတွက် ကြိုကြိုတင်တင် ပြင်ဆင် စီမံထားရမည်။
၈။ မိမိလုပ်ကိုင်နေသော လုပ်ငန်းမှာ ပိုပြီး ကျွမ်းကျင်လာအောင် မပြတ်ဆည်းပူး လေ့လာခြင်းဖြင့် မိမိရဲ့လုပ်ရည်ကိုင်ရည်၊ ငွေရှာမှု စွမ်းရည် တိုးတက်လာအောင် ဆောင်ရွက်ရမည်။ တဘက်ကလည်း မိမိကိုယ်မိမိ လေးစားဖွယ် ပုဂ္ဂိုလ် တစ်ဦးဖြစ်အောင် စောင့်ထိန်းလေ့ကျင့်ရမည်။
၉။ အကျိုးအမြတ်အတွက် သိပ်သေချာနေတဲ့ အရောင်းအဝယ်မျိုးမှာ အမြန်ဆုံးငွေ ချေပြီး သေချာအောင်လုပ်ရမည်။
၁၀။ သူတစ်ပါးကို ကူညီလိုလျှင် မိမိအကျိုးစီးပွား ပျက်နိုင်တဲ့ အခြေအနေ မရောက်အောင် ကြိုတင်စဉ်းစားထား ရမည်။ ထိုမှလွဲသော တခြားနည်းလမ်းတို့နှင့် ကူညီ သင့်သည်။
၁၁။ နောင်ရေး စိတ်အေးလိုသူမှန်သမျှ အနာဂတ်ဘေးရန်များ အတွက် ကြိုတင် ကာကွယ်မှု ပြုရလိမ့်မည်။ ကြိုတင်ကာကွယ်မှု မရှိပဲနှင့် မည်သူမျှ ရေရှည် ရပ်တည်နိုင်မည် မဟုတ်။
၁၂။ ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်ရန် အဓိဌာန် ချရမည်။ ထိုသို့ ချမှတ်လိုက်လျှင် ၎င်းအဓိဌာန်အား အကောင်အထည်ဖော် ရန် နည်းလမ်း မှန်ကို ရှာဖွေတွေ့ရှိမြဲ ဖြစ်သည်။
၁၃။ ကံကောင်းခြင်း ကံကြမ္မာ သည် လောင်းကစားဝိုင်းတွင် မရှိပါ။ အလုပ်အကိုင် အခွင့်အလမ်းကောင်းရဲ့ နောက်ကွယ် မှာ အမြဲကပ်ပါလျက် ရှိသည်။
credit - thet htoo thu
#kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။